နောက်ဆုံးသတင်း/ဆောင်းပါးများ

ညောင်ချောင်း စ.ရ.ဖ ဦးညီညီက ဒေသခံတစ်ဦးကို လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်



MYARF
RB News
16.11.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ညောင်ချောင်း ကျေးရွာတွင် တာဝန်ကျနေသည့် စ.ရ.ဖ တပ်ဆွယ်မှူး ဦးညီညီက ၎င်း၏ တပည့်များ ဖြစ်သော ဖုရားပြင်အောင်ပ ကျေးရွာအုပ်စု အကွက် (၅) မှ ဦးဟာလာမျာနှင့် အကွက် (၆) မှ ဦးရှိချာ ဆိုသူတို့နှင့် အတူ နိုဝင်ဘာလ (၁၀) ရက်နေ့ ည ၈ နာရီ အချိန်တွင် သိမ်တောင်ပြင် ကျေးရွာသို့ သွားရောက်ပြီး လမ်းလျှောက် သွားနေသည့် ဦးဟာဘဲစ် အာမတ် (ဘ) ဦးအီမာန်ရှော်ရိဖ်ကို ခေါ်ယူ စစ်ဆေး၍ ၎င်း၏ MPT ဖုန်းထဲတွင် ဘင်္ဂလား ဆင်းမ်ကဒ် ထည့်သွင်း ပေးကာ ဘင်္ဂလား ဆင်းမ်ကဒ် မိသည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးပြီး ရိုက်နှက်ကာ ငွေကျပ် တစ်သိန်းငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

စ.ရ.ဖ တပ်ဆွယ်မှူး ဦးညီညီသည် ၎င်း၏ တပည့်များနှင့် အတူ ညောင်ချောင်း ကျေးရွာ အနီးတ၀ိုက်ရှိ ကျေးရွာများသို့ မကြာခဏ သွားရောက်ပြီး ဒေသခံ ရိုဟင်ဂျာများကို လုပ်ကြံ ဖမ်းဆီး ရိုက်နှက်၍ ငွေညှစ်လေ့ ရှိသည်။ ညောင်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူး ရဲအုပ်တင်ထွန်းဦးက ယူနီဖောင်း မပါဘဲ အရပ်ဝတ်ဖြင့် ညောင်ချောင်း အနီးတ၀ိုက်ရှိ ရိုဟင်ဂျာ ရွာများသို့ အချိန်မတော် သွားရောက်၍ ရွာသားများကို စစ်ဆေးမှုများ ပြုလုပ်၍ လုပ်ကြံ ငွေညှစ်ခြင်း၊ ရိုက်နှက်ခြင်း၊ ငွေ ပစ္စည်းများ လုယက်ခြင်း စသည်များ မကြာခဏ ပြုလုပ်လျက် ရှိသည်။

Comment ရေးရန်

Rohingya Exodus