နောက်ဆုံးသတင်း/ဆောင်းပါးများ

တစ်ရွာမှ တစ်ရွာသို့ ခိုင်းနွား သယ်ဆောင်သူများ ထံမှ နယ်ခြားစောင့်ရဲ များက ငွေညှစ်



MYARF
RB News
28.11.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း စံကားပင်ရင်း ကျေးရွာမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ တပည့် ဖြစ်သူ ဦးအာဘူတော်ယုဖ် (ဘ) ဦးရှောမ်ရှုသည် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ဒေသခံ ရွာသားများထံမှ မတရားသဖြင့် ငွေညှစ်လျက် ရှိသည်။ 

နိုဝင်ဘာလ (၁၄) ရက်နေ့တွင် မောင်တော မြို့နယ် မြောက်ပိုင်း၊ မျောချောင်း ကျေးရွာမှ ဦးရှောရ်အလီ (ဘ) ဦးဖော်ဇော်လ်ကော်ရီးမ် (အသက် ၃၅ နှစ်) သည် စံကားပင်ရင်း ကျေးရွာမှ ခိုင်းနွား တစ်ကောင် ၀ယ်ယူပြီး ၎င်း၏ နေအိမ်သို့ ယူဆောင် သွားစဉ် စံကားပင်ရင်း ကျေးရွာမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ တပည့် ဖြစ်သူ ဦးအာဘူတော်ယုဖ်က စံကားပင်ရင်း ကျေးရွာ တံတား အနောက်ဖက်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ သတင်းပို့ခဲ့သဖြင့် နယ်ခြားစောင့်ရဲ များက ဦးရှောရ်အလီကို ဖမ်းဆီးပြီး နွားသယ်ယူရန် ပါမစ်ရှိလား မေးမြန်းကြရာ ၎င်းက နယ်ကျော်ပြီး ယူလာတာ မဟုတ်တာကြောင့် ပါမစ်မလိုဟု ဖြေကြားသဖြင့် နယ်ခြားစောင့်ရဲများက ၎င်းကို ၀ိုင်းဝန်း ရိုက်နှက်ကာ ငွေကျပ် ၇ သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

နိုဝင်ဘာလ (၁) ရက်နေ့ကလည်း မြို့မိချောင်း ကျေးရွာမှ ဦးဟူစိန်းအာမတ် (ဘ) ဦးစိုင်ဘုလ်ဟောက်က စံကားပင်ရင်း ကျေးရွာမှ ခိုင်းနွား တစ်ကောင် ၀ယ်ယူပြီး နေအိမ်သို့ ယူဆောင် သွားနေစဉ် တပည့် ဦးအာဘူတော်ယုဖ်က အဆိုပါ နယ်ခြားစောင့်ရဲ များကို သတင်း ပေးပို့ခဲ့သည်။ နယ်ခြားစောင့်ရဲ များက ဦးဟူစိန်းအာမတ်ကို ဖမ်းဆီး ရိုက်နှက်ကာ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။ 

အဆိုပါ နယ်ခြားစောင့်ရဲ များနှင့် တပည့် ဦးအာဘူတော်ယုဖ် တို့ပူးပေါင်း၍ မကြာခဏ ဆိုသလို ရွာသားများကို အင်အားပြ အနိုင်ကျင့် ဖမ်းဆီးကာ ငွေညှစ်လေ့ ရှိသည်။ ယခုလည်း နွားအရောင်းအ၀ယ် ကိစ္စတွင် နယ်ခြားစောင့်ရဲ များနှင့် လုံးဝ သက်ဆိုင်ခြင်း မရှိသော်လည်း လက်နက်အားဖြင့် အတင်း အဓမ္မ ငွေညှစ်ယူခြင်း ဖြစ်သည်။ 

နွားများကို မြို့နယ်ကျော်ယူမှသာ ပါမစ်လိုအပ်ပြီး၊ တစ်ရွာမှ တစ်ရွာသို့ သယ်ဆောင်လျှင် ပါမစ်မလိုသော်လည်း ဥပဒေမဲ့ ငွေညှစ်ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus