နောက်ဆုံးသတင်း/ဆောင်းပါးများ

မင်းပြား နာဂရာ ကျေးရွာမှ ရေဘေး ဒုက္ခသည်များ အကူအညီများ လိုအပ်နေ



Rohingya Eye
RB News
20.7.2016

မင်းပြား ။ ။ ရခိုင်ပြည်နယ် အနှံ့ မိုးကြီး၍ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည့် မြို့နယ်များတွင် မင်းပြားမြို့နယ်လည်း ပါဝင်သည်။ မင်းပြားမြို့နယ်၏ တောင်ပိုင်း နာဂရာ ကျေးရွာအုပ်စု၊ ပေါက်စီးရွာတွင် ရိုဟင်ဂျာအိမ်ခြေ ၇၀၀ ကျော် ရှိသည့်အနက် အိမ်ခြေ ၈၀ ရေဘေး အန္တရာယ် ကြုံတွေ့ခဲ့ရပြီး ပြိုကျ ပျက်စီး သွားခဲ့သည်။

ဇူလိုင်လ (၁၅) ရက်နေ့တွင် နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့တစ်ဖွဲ့ လာရောက်၍ မိသားစုတစ်စုလျှင် အိုး (၅) လုံး၊ ပန်းကန် (၅) ချပ်၊ ဇွန်းတစ်ဒါဇင်နှင့် အထည် (၄) ထည် စသည်တို့ကို ထောင်ပံ့ပေးခဲ့သည်။ အကူအညီ လိုအပ်နေသူများ အားလုံးကို ကူညီပေးနိုင်ခြင်း မရှိဘဲ ရွာ၏ တောင်ဘက်ရှိ အိမ်ခြေ ၃၀၀ ခန့်ကို ထောက်ပံ့၍ ပြန်သွားခဲ့သည်။

အဆိုပါရွာရှိ ရွာသားများသည် ရေဘေး အန္တရာယ်နှင့် ကြုံတွေ့ခဲ့သဖြင့် သောက်သုံးရေ အခက်အခဲ ဖြစ်လျက် ရှိနေသည့် အပြင် အခြားသော အခက်အခဲမျိုးစုံ ကြုံတွေ့နေရသဖြင့် အလှူရှင်များထံမှ အကူအညီများ လိုအပ်လျက် ရှိကြောင်း RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus