နောက်ဆုံးသတင်း/ဆောင်းပါးများ

ပိတ်ဆို့ခံနေရသည့် မြောက်ဦး ပေါင်းတုတ် ရွာသားများ အရေးပေါ် အကူအညီ လိုအပ်နေ

Rohingya Eye
RB News
5.8.2016

မြောက်ဦး
။ ။ ရခိုင်ပြည်နယ်၊ မြောက်ဦး မြို့နယ် ပေါင်းတုတ် ကျေးရွာရှိ ရိုဟင်ဂျာများသည် ၂၀၁၂ ခုနှစ် ပဋိပက္ခ ဖြစ်ပွားပြီး နောက်ပိုင်းတွင် တစ်ရွာမှ တစ်ရွာသို့ သွားလျှင် ရွာထွက် လက်မှတ်ဖြင့် သွားလာခွင့် ရခဲ့သည်။ ရွာထွက် လက်မှတ် တစ်စောင် အတွက် ကျေးရွာ အုပ်ချုပ်ရေးမှူးကို ငွေကျပ် ၂၀၀ စီ ပေးရသည်။

အုပ်ချုပ်ရေးမှူး ထံမှ ရွာထွက် လက်မှတ် ရယူပြီး ရွာအပြင် ထွက်လျှင် ကျေးရွာ အခြေစိုက် လုံထိန်းစခန်း၌ ရွာထွက် လက်မှတ် ပြမှသာ ရွာပြင်သို့ ထွက်ခွင့်ပြုသည်။

ယခုအခါ ဇူလိုင်လ (၂၅) ရက်နေ့မှစ၍ ကျေးရွာ အပြင်ထွက်ခွင့်ကို လုံထိန်းစခန်းမှ ပိတ်ပင်လိုက်ရာ အလုပ်လက်မဲ့ ပိုမိုများပြားလာပြီး ရွာသားများ စားဝတ်နေရေး ကျပ်တည်းလျက် ရှိသည်။ မည်သည့် နိုင်ငံတကာ အဖွဲ့အစည်းကမှ ထောက်ပံ့နေခြင်း မရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ တပိုင်တနိုင် အလုပ်လုပ်နေသူများ လုပ်ငန်းများ လည်ပတ်နိုင်အောင် NGO တစ်ခုမှ ထောက်ပံ့ပေးမည်ဟု ဆိုကာ ရာအိမ်မှူး ဖြစ်သူ ဦးရှော်ဘိရ်က ရွာသား တစ်ရာကျော် ထံမှ ငွေကျပ် ၂၀၀၀ စီ ကောက်ခံခဲ့ကြောင်း အဆိုပါ ဒေသခံများက ပြောပါသည်။

ငွေကြေး ကောက်ခံပြီးနောက် မည်သည့် NGO မှ လာရောက် ထောက်ပံ့ခြင်း မရှိကြောင်း၊ ကျေးရွာ အပြင်သို့ ထွက်၍ မရသဖြင့် စားဝတ်နေရေး အလွန် ခက်ခဲလာသဖြင့် အရေးပေါ် အကူအညီ လိုအပ်ကြောင်း၊ အခြားရွာများမှ ရိုဟင်ဂျာ ရွာသားများလည်း ယခုကဲ့သို့ ပိတ်ဆို့ ခံနေရသည်ဟု ပေါင်းတုတ်မှ ဒေသခံများက ပြောပါသည်။



Comment ရေးရန်

Rohingya Exodus