နောက်ဆုံးသတင်း/ဆောင်းပါးများ

ခမောင်းဆိပ် ရပ်ကွက်သစ်မှ ခေတ္တ အုပ်ချုပ်ရေးမှူး ဦးထွန်းအေးက လာဘ်ငွေယူ၍ ဆယ်အိမ်မှူးများခန့်

MYARF
RB News
16.8.2016

ခမောင်းဆိပ် ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ခမောင်းဆိပ် ကျေးရွာကို မြို့နယ်ခွဲ အသစ်အဖြစ် သတ်မှတ်ပေးလိုက်ပြီ ဖြစ်ရာ ခမောင်းဆိပ် ကျေးရွာ အပါအ၀င် နီးစပ်ရာ ကျေးရွာအချို့ကို မြူနီစီပယ် နယ်မြေအဖြစ် ရပ်ကွက် (၅) ခုခွဲ၍ ပိုင်းခြားထားကြောင်း၊ ရပ်ကွက် တစ်ခုစီအတွက် ခေတ္တ အုပ်ချုပ်ရေးမှူး တစ်ဦးစီ ခန့်အပ် ထားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။


ထိုကဲ့သို့ ပိုင်းခြားထားသည့် ရပ်ကွက် (၅) ခုထဲတွင် မကျီးချောင်းရွာကို မင်းခမောင်း န.တ.လ ရွာနှင့် ပေါင်းစည်း၍ တစ်ရပ်ကွက်တည်း အဖြစ် သတ်မှတ်ပေးကာ န.တ.လ ရွာမှ ဦးထွန်းအေးကို ခေတ္တ အုပ်ချုပ်ရေးမှူး အဖြစ် တာဝန်ပေး ခန့်အပ်ထားသည်။ ယခုအခါ ခေတ္တ အုပ်ချုပ်ရေးမှူး ဦးထွန်းအေးသည် ရပ်ကွက် အုပ်ချုပ်ရေးမှူး တာဝန် ရရှိရေး အတွက် မြို့နယ် အုပ်ချုပ်ရေးမှူးကို ကန်တော့ခဲ့ရသည်ဟု အကြောင်းပြကာ ရွာသူရွာသားများ၏ ဆန္ဒရယူခြင်း မရှိဘဲ ဆယ်အိမ်မှူး အသစ်များ ခန့်ထားခဲ့ပြီး၊ ဆယ်အိမ်မှူး အသစ်များထံမှ ငွေကျပ် ငါးသောင်းစီ လာဘ်ငွေယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။


Comment ရေးရန်

Rohingya Exodus