နောက်ဆုံးသတင်း/ဆောင်းပါးများ

ခမောင်းဆိပ်မြို့ အုပ်ချုပ်ရေးမှူးက ဒေသခံ (၄) ဦးထံမှ ငွေညှစ်

MYARF
RB News
16.8.2016

ခမောင်းဆိပ် ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ခမောင်းဆိပ်မြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်သည် ဒေသခံ ရိုဟင်ဂျာ (၄) ဦးထံမှ ငွေကျပ် ၄ သောင်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။


သြဂုတ်လ (၁၃) ရက်နေ့တွင် ခမောင်းဆိပ်မြို့ အပိုင် အမှတ် (၄) ရပ်ကွက်မှ ဒေသခံ ရိုဟင်ဂျာ (၄) ဦးကို ခမောင်းဆိပ်မြို့ အုပ်ချုပ်ရေးမှူးက ရပ်ကွက် အုပ်ချုပ်ရေးမှူးမှ တဆင့် ဆင့်ခေါ်ခဲ့ပြီး၊ အဆိုပါ ရိုဟင်ဂျာ (၄) ဦးကို ၎င်းတို့ပိုင် လယ်ယာမြေများပေါ်တွင် ကွမ်းခြံများ စိုက်ထားသည့် အကြောင်း မေးမြန်းစုံစမ်းပြီး၊ လယ်ယာမြေ အက်ဥပေဒ ချိုးဖောက်ရာ ရောက်သည်ဟု စွပ်စွဲပြောဆိုကာ ချုပ်နှောင်မည်၊ ထောင်ချမည် စသည်ဖြင့် အမျိုးမျိုး ခြိမ်းခြောက် ပြောဆို၍ ငွေကျပ် တစ်သောင်းစီ ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

ငွေကျပ် တစ်သောင်းစီ ညှစ်ခံရသူများမှာ -- 

(၁) ဦးမိုဟာမတ်အာမီးန် (ဘ) ဦးဖော်ယာစ်အာမတ်
(၂) ဦးရှုနာမျာ (ဘ) ဦးမိုဟာမတ်ဟူစိန်း
(၃) ဦးကာဒေရ်ဟူစိန်း (ဘ) ဦးခေါ်ဘိရ်အာမတ်
(၄) ဦးရှော်ဖိတ်အာလောမ် (ဘ) ဦးအာမတ်ဟူစိန်း -- တို့ဖြစ်သည်။ 

အလားတူ ယနေ့ သြဂုတ်လ (၁၆) ရက်နေ့တွင်လည်း ကြက်ဟင်းခါးသီး စိုက်ခင်းပိုင်ရှင် ဒေသခံ ရိုဟင်ဂျာ လယ်သမားများကိုလည်း ခမောင်းဆိပ်မြို့ ထွေအုပ်ရုံးမှ ဆင့်ခေါ်ခဲ့ကြောင်း သိရှိရသည်။


Comment ရေးရန်

Rohingya Exodus