နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် နယ်ထိန်း ဒုရဲအုပ်အောင်ထူးက ဒေသခံ တစ်ဦးထံမှ ငွေ ၆ သိန်းညှစ်

RB News
16.8.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် မြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်ထူးသည် ဒေသခံ ရိုဟင်ဂျာ ကုန်သည်တစ်ဦးကို မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် ၆ သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

သြဂုတ်လ (၇) ရက်နေ့တွင် ဘူးသီးတောင် မြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အောင်ထူးသည် ဦးလှဖေရွာမှ ပညာတတ် ကုန်သည်တစ်ဦးဖြစ်သူ၊ ယခင် ရ.ယ.က အဖွဲ့ဝင်ဟောင်း ဦးအာရောဖ်အုလ္လာ (ဘ) ဦးအဒူလ်ဟာဒီ ကို ဆင့်ခေါ်ခဲ့သည်။ ဆင့်ခေါ်ခံရသူ ဦးအာရော်ဖ်အုလ္လာ က သွားမတွေ့သဖြင့် နောက်နေ့တွင် အစ်ကိုဖြစ်သူ ဘူးသီးတောင်တွင် RSO သင်တန်းပို့ချနေသည်၊ RSO မှ ငွေများယူနေသည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ အဆမတန် ငွေတောင်းခံခဲ့သည်။


ဦးအာရော်ဖ်အုလ္လာက ငွေပေးရန် ငြင်းဆန်သောအခါ စခန်းတွင် စစ်ဆေးရမည်ဟု ဆိုသဖြင့် စခန်းသို့ ရောက်လျှင် လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်ခံရမည်ကို စိုးရိမ်၍ နောက်ဆုံးတွင် ငွေကျပ် ၆ သိန်း ပေးခဲ့ရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

ဦးအာရော်ဖ်အုလ္လာသည် မြို့မ စည်ပင်ဈေးမှ ကုန်သည်တစ်ဦး ဖြစ်ပြီး၊ မြို့မရဲစခန်းမှ ရဲများက မြို့မ စည်ပင်ဈေးမှ ကုန်သည်များ၊ အခြား ချမ်းသာကြွယ်ဝသူ များကို ပစ်မှတ်ထား၍ မကြာခဏ လုပ်ကြံစွပ်စွဲမှုများ ပြုလုပ်ကာ ငွေညှစ်နေသဖြင့် နိုင်ငံတော် အစိုးရမှ အရေးယူဆောင်ရွက် ပေးပါရန် ပန်ကြားကြောင်း ဒေသခံများက ပြောပါသည်။


Comment ရေးရန်

Rohingya Exodus