နောက်ဆုံးသတင်း/ဆောင်းပါးများ

ခမောင်းဆိပ်မှ နေအိမ် မီးထဲပါသွားသူကို နယ်ခြားစောင့်ရဲက ငွေညှစ်

MYARF
RB News
16.8.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း အောင်ဇူ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ရဲမှူးသည် ဒေသခံ ရိုဟင်ဂျာ တစ်ဦး ထံမှ ငွေကျပ် (၈) သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။


သြဂုတ်လ (၁၃) ရက်နေ့တွင် အောင်ဇူ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း (ယခင် န.စ.က နယ်မြေ ၂) မှ ရဲမှူးသည် ခမောင်းဆိပ်မြို့၊ အမှတ် (၄) ရပ်ကွက် မကျီးချောင်းရွာမှ ဦးအိဗြာဟိမ်းဟောလိလ် (ဘ) ဦးဒူဒူမျာ ကို ဆင့်ခေါ်၍ လွန်ခဲ့သည့် နှစ်လခန့်အကြာက ၎င်း၏ နေအိမ် မီးလောင်ခံခဲ့ရမှုကို စခန်းသို့ တိုင်ကြားရန် ပျက်ကွက်ခဲ့သည်ဟု အပြစ်မရှိ အပြစ်ရှာ၍ ခြိမ်းခြောက်ပြီး ငွေကျပ် ၈ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

ဦးအီဗြာဟိမ်းဟောလိလ်သည် လွန်ခဲ့သည့် နှစ်လခန့်က ၎င်း၏ နေအိမ် မီးလောင်ခံရမှုတွင် ရှိသမျှ ဥစ္စာပစ္စည်းများ မီးထဲပါသွားခဲ့ပြီး အိုးမဲ့အိမ်မဲ့ ရောက်နေရသည့် အချိန်တွင် နေအိမ် မီးလောင်ခံခဲ့ရမှုနှင့် ပတ်သက်၍ ဒေသဆိုင်ရာ အာဏာပိုင် များကို ငွေကြေး အမြောက်အမြား ပေးခဲ့ရသည်။

မြန်မာနိုင်ငံတွင် အဆောက်အဦများ မီးလောင်ခံရလျှင် ပိုင်ရှင်ဖြစ်သူကို အရေးယူသည်မှာ ယခင် အင်္ဂလိပ် နယ်ချဲ့ အစိုးရ လက်ထက်ကတည်းက ရှိခဲ့သည့် အစဉ်အလာတစ်ခု ဖြစ်နေရာ ယင်းအမွေဆိုးကို ယခု ဒီမိုကရေစီ အစိုးရ လက်ထက်တွင် ပြင်ဆင် ပြောင်းလဲပေးရန် အချိန်တန်ပြီဟု ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။ 


Comment ရေးရန်

Rohingya Exodus