နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင်မှ ကျောင်းအုပ်ကြီး ၃ ဦးနှင့် စာရေးကြီးတစ်ဦးတို့ကို ခရိုင်ပညာရေးမှူးက မုတ်ဆိတ်ရိတ်ပါမည်ဟု ခံဝန်ချက်လက်မှတ်ထိုးခိုင်း

RB News
25.5.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှ ကျောင်းအုပ်ကြီး (၃) ဦးနှင့် စာရေးကြီးတစ်ဦးတို့ကို ခရိုင်ပညာရေးမှူးက မုတ်ဆိတ်ရိတ်ပါမည်ဟု ခံဝန်ချက် လက်မှတ်ရေးထိုးခိုင်းခဲ့ကြောင်း သတင်းရရှိပါသည်။

မေလ (၂၄) ရက်နေ့ နေ့လည် ၁ နာရီအချိန်တွင် ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ပညာရေးမှူး ဦးအုန်းမြင့်က ဘူးသီးတောင်မြို့နယ်တွင် တာဝန်ထမ်းဆောင်နေသည့် ပညာရေးဌာန၏ ကျောင်းအုပ်ဆရာကြီး (၃) ဦးနှင့် စာရေးကြီး တစ်ဦးတို့ကို မေလ (၂၅) ရက်နေ့ နောက်ဆုံးထား၍ မုတ်ဆိတ်ရိတ်ပါမည်ဟု ခံဝန်ချက်လက်မှတ် ရေးထိုးခိုင်းခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

ခံဝန်ချက် လက်မှတ်ရေးထိုးပေးခဲ့ရသည့် ကျောင်းအုပ်ဆရာကြီး (၃) ဦးမှာ -- အောင်လံပြင်ကျေးရွာ မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ကြီး ဦးအာရှောက်၊ ဂူတာပြင်ကျေးရွာ မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ကြီး ဦးဒိလ်မာမတ်နှင့် မောင်ကြီးတောင်ကျေးရွာ မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ကြီး ဦးမာမတ်အာမီးန် တို့ဖြစ်ပြီး၊ ဘူးသီးတောင်မြို့နယ် အထက်တန်းကျောင်းမှ စာရေးကြီး ဦးကာလာမျာ ကိုလည်း ခံဝန်လက်မှတ် ရေးထိုးခိုင်းခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ခံဝန်လက်မှတ်ရေးထိုးပေးခဲ့ရသည့် ပညာရေးဝန်ထမ်းများ အားလုံး၏ အမှုထမ်း လုပ်သက်များမှာ အနှစ် ၂၀ အထက် ရှိသည်ဟု သိရှိရသည်။

ယခုကဲ့သို့ မုတ်ဆိတ်ရိတ်ရမည်ဟု ခံဝန်ချက်လက်မှတ် ရေးထိုးခိုင်းခြင်းသည် ဘာသာရေးလွတ်လပ်ခွင့်နှင့် အခြေခံလူ့အခွင့်အရေးကို အကြီးအကျယ် ချိုးဖောက်လိုက်ခြင်း ဖြစ်သည်။




Comment ရေးရန်

Rohingya Exodus