နောက်ဆုံးသတင်း/ဆောင်းပါးများ

ထုတ်ပြန်ကြေညာချက် ။ ။ ရိုဟင်ဂျာ အတိုင်ပင်ခံအဖွဲ့ ဖွဲ့စည်းခြင်း

(ဓါတ်ပုံ - Refugees International)


ထုတ်ပြန်ကြေညာချက်

ရိုဟင်ဂျာ အတိုင်ပင်ခံအဖွဲ့ ဖွဲ့စည်းခြင်း

ရက်စွဲ ။ ။ ၂၀၁၇ ခုနှစ် သြဂုတ်လ (၃) ရက်

မတူကွဲပြားသည့် ရိုဟင်ဂျာအရေးလှုပ်ရှားသူများနှင့် အသိုင်းအဝိုင်းခေါင်းဆောင်များသည် နေရာဒေသ ဖော်ပြထားခြင်း မရှိသည့်နေရာတွင် တွေ့ဆုံ၍ ညီလာခံတစ်ရပ်ကျင်းပခဲ့သည်။ ထိုကဲ့သို့တွေ့ဆုံရခြင်းမှာ ပြည်တွင်းနှင့် နိုင်ငံတကာတွင် ရိုဟင်ဂျာများအတွက် စိန်ခေါ်မှုများ ဖြစ်နေသည့်ကိစ္စများကို အတူတကွ ပူးပေါင်းလုပ်ကိုင်၍ ဖြေရှင်းရန်ဖြစ်သည်။

ညီလာခံတက်ရောက်သူများက ရိုဟင်ဂျာများ၏ ဆန္ဒသည် ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်၍ အခြားသောလူမျိုးစုများကဲ့သို့ လေးစားမှုနှင့် တူညီသောအခွင့်အရေးများ ရရှိရန် ဖြစ်ကြောင်း ထပ်မံအတည်ပြုပြောကြားခဲ့သည်။

ညီလာခံတက်ရောက်သူများက ရခိုင်ဒေသ၏ မူလဘူတ ဌာနေလူမျိုးဖြစ်သည့် ရိုဟင်ဂျာများက ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် ပြည့်ဝသော နိုင်ငံသားအခွင့်အရေးနှင့် အခြေခံအခွင့်အရေးများ ရရှိရန် ဆက်လက်ဆောင်ရွက်ကြမည်ဟု သဘောတူခဲ့ကြသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ကမ္ဘာအဝှမ်းမှ ကိုယ်စားလှယ်များပါဝင်သော ရိုဟင်ဂျာအတိုင်ပင်ခံအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး၊ အဖွဲ့၏ လက်အောက်ခံ လုပ်ငန်းဖော်ဆောင်ရေးကော်မတီများ ဖွဲ့စည်းခဲ့သည်။

ညီလာခံတွင် ဆုံးဖြတ်ချက်များကို အတည်ပြုခဲ့ပြီး အတိုင်ပင်ခံအဖွဲ့က မြန်မာအစိုးရအား အောက်ပါ အချက်များ တောင်းဆိုပါသည်။

(၁) မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေးချိုးဖောက်နေမှုများနှင့် ညှဉ်းပန်းနှိပ်စက်မှုများအား ချက်ချင်းရပ်တန့်ပေးရန်။
(၂) ဒေသတွင်းဒုက္ခသည်များနှင့် လူသားဖြစ်တည်မှုဆိုင်ရာ ကပ်ဆိုက်နေသည့် နေရာများရှိ အခြားသော ဖိနှိပ်ခံနေရသူများထံ ကန့်သတ်မှုမရှိသည့် လူသားချင်းစာနာသည့် အထောက်အကူ ပစ္စည်းများ ရောက်ရှိရေး အတွက် ခွင့်ပြုပေးရန်။

(၃) ကုလသမဂ္ဂ၏ အချက်အလက်ရှာဖွေရေးအဖွဲ့အား ရခိုင်ပြည်နယ်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှု များနှင့် ညှဉ်းပန်းနှိပ်စက်မှုများအား စုံစမ်းစစ်ဆေးခွင့်ပြုရန်။

(၄) ရိုဟင်ဂျာဒုက္ခသည်များနှင့် ဒေသတွင်းရှိ ဒုက္ခသည်များ ၎င်းတို့၏ မူရင်းနေရပ်၊ နေအိမ်များသို့ လုံခြုံစွာပြန်နိုင်ရေးအတွက် အမြန်ဆုံးဆောင်ရွက်ပေးရန်။

(၅) မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းမှုတွင် အခြားသောလူထုနှင့်အတူ ရိုဟင်ဂျာများ ပါဝင်ခွင့်ရရေးအတွက် အခွင့်အရေးများ ပြန်လည်ပေးအပ်ရန်။
(၆) မြန်မာနိုင်ငံရှိ ရိုဟင်ဂျာပြည်သူများ၏ နိုင်ငံသားအခွင့်အရေးနှင့် တိုင်းရင်းသားအခွင့်အရေးများ ပြန်လည် ပေးအပ်ရန်။

အတိုင်ပင်ခံအဖွဲ့က နိုင်ငံတကာအသိုင်းအ၀ိုင်းများ ဖြစ်ကြသည့် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်၊ အစ္စလာမစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ အာဆီယံနှင့် နိုင်ငံတကာမှ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများအား အောက်ပါအချက်များ တောင်းဆိုပါသည်။

(၁) ဘင်္ဂလားဒေ့ရှ်နှင့် အခြားနိုင်ငံများရှိ ရိုဟင်ဂျာဒုက္ခသည်များ အကာအကွယ်ရရှိရေး၊ စာရွက်စာတမ်းများ ရရှိရေးနှင့် လူသားချင်းစာနာသည့် အထောက်အကူများ ရရှိရေးတို့အတွက် ပိုမိုထိရောက်သည့် လုပ်ထုံး လုပ်နည်းများ ချမှတ်ပေးပါရန်။

(၂) ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့မှ လတ်တလောထုတ်ပြန်ထားသည့် အစီရင်ခံစာအရ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာကလေးငယ် ရှစ်သောင်းကျော် အာဟာရချို့တဲ့ခြင်း ရင်ဆိုင်နေရသည်ကို ချက်ချင်းကြားဝင် ဆောင်ရွက်ပေးနိုင်ရန်အတွက် လိုအပ်သည်များကို အမြန်ဆုံးပြုလုပ်ပါရန်။
အတိုင်ပင်ခံအဖွဲ့က မြန်မာနိုင်ငံ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ရခိုင်ပြည်နယ်သို့ အမြန်ဆုံးသွားရောက်၍ ရိုဟင်ဂျာများ၏ အခြေအနေအမှန်ကို လေ့လာရန်လည်း တိုက်တွန်းအပ်ပါသည်။

သတင်းအချက်အလက်များ ပိုမိုသိရှိလိုပါက ဆက်သွယ်ရန် —

(၁) ထွန်းခင် - +44 7888714866
(၂) နေဆန်းလွင် - +49 69 26022349

Comment ရေးရန်

Rohingya Exodus