နောက်ဆုံးသတင်း/ဆောင်းပါးများ




MYARF
RB News
15.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် အတွင်း ရခိုင် အစွန်းရောက် အုပ်စုများက ကျေးရွာ အသီးသီးသို့ ဖြန့်ကျက် ၀င်ရောက်၍ အကြမ်းဖက်ရန် ကြိုးပမ်းလျက် ရှိကြောင်း သတင်း ရရှိပါသည်။

ယနေ့ ဧပြီလ ၁၅ ရက်နေ့ နေ့လည် ၃း၃၀ နာရီတွင် မောင်တောမြို့နယ် ဇီးပင်ချောင်း ကျေးရွာ အုပ်စုသို့ ရခိုင် အစွန်းရောက် တစ်ဦးက အရူးဟန်ဆောင်၍ ၀င်ရောက်ခဲ့သည်။ ရိုဟင်ဂျာ ရွာသားများက ၀ိုင်းဝန်း ဖမ်းဆီး၍ ကျေးရွာ အုပ်ချုပ်ရေးမှူးထံ အပ်နှံသည့် အခါတွင် လူကောင်း တစ်ဦး ဖြစ်ကြောင်း သိရှိရပြီး၊ ကြိမ်ချောင်းမှ တဆင့် ရောက်ရှိလာကြောင်း သိရှိရသည်။ ထိုသူ၏ အမည်မှာ မူတူး (ဘ) ဦးမောင်မောင်လွင် ဖြစ်ပြီး၊ ဇီးပင်ချောင်း ရဲကင်းမှ တဆင့် ကြိမ်ချောင်း ရဲစခန်းသို့ ပို့ဆောင် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဧပြီလ ၁၂ ရက်နေ့ ညသန်းခေါင်ယံ အချိန်တွင် ရခိုင် အစွန်းရောက် ၃၀ ဦးခန့်သည် သေနတ်များ၊ ဓါတ်ဆီပုံးများ၊ ဓါးများ ကိုင်ဆောင်လျက် မောင်တောမြို့နယ် မြောက်ပိုင်း၊ အမှတ် (၂) နယ်မြေ ခမောင်းဆိပ် ကျေးရွာအုပ်စု၊ တန်းဘင်္ဂရွာသို့ ၀င်ရောက်၍ အကြမ်းဖက်ရန် ကြိုးစားခဲ့ရာ ကင်းစောင့်နေသည့် ရွာသားများ၏ ဟန့်တားမှုကြောင့် ရွာထဲသို့ ၀င်ခွင့် မရဘဲ ထွက်ပြေးသွားခဲ့သည်။ အလားတူ ဧပြီလ ၁၄ ရက်နေ့ နံနက် ၁း၃၀ နာရီ အချိန်တွင်လည်း တစ်ဖန် ကြိုးစားခဲ့သော်လည်း ကင်းသမားများက ဟန့်တား နိုင်ခဲ့သည်။ အဆိုပါ ရခိုင် အစွန်းရောက် အဖွဲ့သည် တန်းဘင်္ဂရွာ၏ အရှေ့ဘက်ရှိ တောင်ပေါ်တွင် အခြေစိုက်၍ လှုပ်ရှားနေကြပြီး၊ ဒေသခံ ရိုဟင်ဂျာများက ၎င်းတို့၏ ရွာထဲသို့ ၀င်ရောက်၍ မီးရှို့မှုများ ပြုလုပ်မည်ကို စိုးရိမ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။

ဧပြီလ ၁၁ ရက်နေ့ နေ့လည်ပိုင်းတွင် စစ်တွေမြို့မှ မောင်တောမြို့နယ်၊ ခရေမြိုင် န.တ.လ ရွာသို့ အကြမ်းဖက် လုပ်ငန်းများ လုပ်ကိုင်ရန် ရောက်ရှိနေသည့် ရခိုင် အစွန်းရောက် ၃ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါ ရခိုင် အစွန်းရောက် ၃ ဦးသည် စစ်တွေမြို့တွင် နိုင်ငံတကာ အန်ဂျီအိုရုံးများကို အကြမ်းဖက်ပြီးနောက် မောင်တောမြို့နယ် ခရေမြိုင် ကျေးရွာတွင် လာရောက် ခိုလှုံ၍ မောင်တောမြို့တွင် အကြမ်းဖက်မှုများ ဆက်လက် ပြုလုပ်ရန် ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

RB News
15.4.2014

ရန်ကုန်မြို့ အခြေစိုက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပါတီ (DHRP) မှ ရိုဟင်ဂျာ လူမျိုးဟု ပြောဆိုသူများကို သန်းခေါင်စာရင်း မကောက်ယူခြင်းနှင့် ပတ်သက်၍ သဘောထား ထုတ်ပြန် လိုက်ပါသည်။

အပြည့်အစုံကို အောက်တွင် ဖတ်ရှုနိုင်ပါသည်။ 









RB News
15.4.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ ကျောက်ဖြူသား ကေသံ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးက ဒေသခံ ရိုဟင်ဂျာ ၁၀ ဦးကို မဟုတ်မမှန် စွပ်စွဲချက် များဖြင့် ခြိမ်းခြောက်၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မတ်လ (၂၇) ရက်နေ့က ဘူးသီးတောင် မြို့နယ်၊ ကျောက်ဖြူသား သေကံ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်သာလှသည် ဂူနာရွာမှ ဒေသခံ ရိုဟင်ဂျာ အချို့ကို ခရီးလွန်နေသည်မှ ပြန်လာသည်၊ တစ်ဖက်နိုင်ငံနှင့် အဆက်အသွယ် ရှိသူများဟု မဟုတ်မမှန် စွပ်စွဲ၍ စေတီတောင် ရဲစခန်းမှ ရဲများနှင့် အတူ ဖမ်းဆီးရန် ကြိုးစားသဖြင့် တစ်ရွာလုံး နီးပါး တိမ်းရှောင်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

တစ်ဖန် မတ်လ (၂၈) ရက်နေ့တွင် အုပ်ချုပ်ရေးမှူး ဦးမောင်သာလှက ငွေညှစ်ရန် ပစ်မှတ်ထားသည့် ဒေသခံ ရိုဟင်ဂျာ (၁၀) ဦးကို ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးသို့ ဆင့်ခေါ်ပြီး အမျိုးမျိုး ခြိမ်းခြောက်၍ ငွေကျပ် နှစ်သိန်း ကိုးသောင်း ညှစ်ယူခဲ့ကြောင်း သိရှိရပါသည်။ ငွေညှစ်ခံရသူ (၁၀) ဦးမှာ --

(၁) ဦးအဘူဆီဒိတ် (ဘ) ဦးအီဆာခ် (အသက် ၃၅ နှစ်) – (ညှစ်ခံရသည့်ငွေ နှစ်သောင်း)
(၂) ဦးဇာဖောရ်ဟူစိန်း (ဘ) ဦးဘေဆာလီ (အသက် ၃၅ နှစ်) – (ညှစ်ခံရသည့်ငွေ နှစ်သောင်း)
(၃) ဦးမာမတ်အာမီးန် (ဘ) ဦးမာဆီဒိတ် (အသက် ၃၈ နှစ်) – (ညှစ်ခံရသည့်ငွေ သုံးသောင်း)
(၄) ဆွေယာဒ်အာမီးန် (ဘ) ဦးအိန်နာမီးန် (အသက် ၁၈ နှစ်) – (ညှစ်ခံရသည့်ငွေ နှစ်သောင်း)
(၅) ဆာဒဲက်ဟူစိန်း (ဘ) ဦးဟူစိန်းအလီ (အသက် ၂၁ နှစ်) – (ညှစ်ခံရသည့်ငွေ သုံးသောင်း)
(၆) အာနီစ်အုလ္လာ (ဘ) ဦးဟူစိန်းအလီ (အသက် ၁၈ နှစ်) – (ညှစ်ခံရသည့်ငွေ နှစ်သောင်း)
(၇) မာမတ်ရှော်ဖိတ် (ဘ) ဦးဂူလာမီးန် (အသက် ၁၈ နှစ်) – (ညှစ်ခံရသည့်ငွေ သုံးသောင်း)
(၈) မာမတ်အာယာစ် (ဘ) ဦးအလီအာမတ် (အသက် ၂၁ နှစ်) – (ညှစ်ခံရသည့်ငွေ သုံးသောင်း)
(၉) ဦးမာမတ်အာလမ် (ဘ) ဦးအလီအာမတ် (အသက် ၄၅ နှစ်) – (ညှစ်ခံရသည့်ငွေ နှစ်သောင်း)
(၁၀) ဦးအီဆုပ် (ဘ) ဦးမာမတ်ဆုလ်တာန် -- (ညှစ်ခံရသည့်ငွေ ခုနစ်သောင်း) -- တို့ဖြစ်သည်။

ဆွိဒင်၊ ဗြိတိန် နဲ့ ဒိန်းမတ် နိုင်ငံခြားရေး ဝန်ကြီး များအား EU နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှာ တွေ့ရစဉ်။ (ဝဲမှယာ)


15.4.2014



မြန်မာနိုင်ငံကို လက်နက်တင်ပို့မှုတွေ တားမြစ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုအစီအစဉ်ကို ဥရောပသမဂ္ဂ (EU) က နောက်ထပ်တနှစ် သက်တမ်းတိုးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

မြန်မာနိုင်ငံအပေါ် ကန့်သတ်တားမြစ်ချက်တွေကို ၂၀၁၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ ထပ်မံ သက်တမ်း တိုးလိုက်တဲ့အကြောင်း Luxembourg မှာ ကျင်းပနေတဲ့ EU နိုင်ငံခြားရေးရာနဲ့ လုံခြုံရေးဆိုင်ရာ အစည်းအဝေးက အင်္ဂါနေ့မှာပဲ ဆုံးဖြတ်ခဲ့တာပါ။ သက်တမ်းတိုးလိုက်တဲ့ အရေးယူဒဏ်ခတ်မှု အစီအစဉ်မှာတော့ ပြည်တွင်းက ဖိနှိပ်တဲ့လုပ်ရပ်တွေမှာ အသုံးချနိုင်မယ့် လက်နက်နဲ့ စစ်ပစ္စည်းတင်ပို့မှုတွေ မလုပ်ဖို့ တားမြစ်ချက်တွေ ပါဝင်တယ်လို့လည်း ကြေညာချက်က ဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဆယ်စုနှစ်တွေနဲ့ချီပြီး စစ်တပ်က အုပ်ချုပ်နေတာတွေ အဆုံးသတ်ခဲ့ပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ ကတိကဝတ်တွေနဲ့ သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့အစိုးရ တက်လာပြီးနောက်မှာတော့ EU နဲ့ အမေရိကန် ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံတွေက ဒဏ်ခတ်မှုအများစုကို ဖယ်ရှားပေးခဲ့တာပါ။

ဒါပေမဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုအခြေအနေတွေအပေါ် စိုးရိမ်မကင်းမှုတွေနဲ့အတူ မြန်မာနိုင်ငံကို စစ်လက်နက် တင်ပို့တာ၊ စစ်ဖက်ဆိုင်ရာ ဆက်ဆံရေးတွေမှာတော့ အနောက်နိုင်ငံတွေက သတိထားနေကြဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို အားပေးတဲ့ အနေနဲ့ ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ တိုင်းပြည်တွေကို ပေးအပ်နေတဲ့ ကုန်သွယ်ရေး အထူးခံစားခွင့်ရ နိုင်ငံတခုအဖြစ်နဲ့ EU နဲ့ အမေရိကန် ပြည်ထောင်စုတို့က မြန်မာနိုင်ငံကို ပြန်လည် လက်ခံထားပါတယ်။

ရခိုင် ပဋိပက္ခ အကြောင်း သတင်းရေးသူ Jason Szep နဲ့ Andrew Marshall တို့နှစ်ယောက်ရဲ့ ပူလစ်ဇာဆု ရရှိတဲ့ ထုတ်ပြန်ချက်။


15.4.2014

၂၀၁၄ ခုနှစ်အတွက် နိုင်ငံတကာ သတင်းဆိုင်ရာ ပူလစ်ဇာဆု (Pulitzer Prize) ကို မြန်မာနိုင်ငံက ရိုဟင်ဂျာ မူစလင်တွေ အကြမ်းဘက်ခံရတဲ့ သတင်းရေးသားတဲ့ ရိုက်တာ သတင်းဌာနက သတင်းထောက် ၂ ဦးကို ချီးမြှင့်လိုက်ပါတယ်။

Jason Szep နဲ့ Andrew Marshall တို့ ၂ ဦးရေးသားတဲ့ သတင်းတွေဟာ ပြတ်သားရဲရင့်တယ်လို့ ဆုရွေးချယ်ရေး အဖွဲ့က ပြောပါတယ်။ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံကနေ ထွက်ပြေးနေကြပြီး တခါတလေမှာတော့ လူကုန်ကူးသူတွေရဲ့ သားကောင်အဖြစ်ကိုပါ ရောက်ခဲ့ရတဲ့သတင်းတွေကို သူတို့က ရေးသား ခဲ့ကြတာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်အတွက် အထူးဆုဖြစ်တဲ့ လူထုဝန်ဆောင်မှု ပူလစ်ဇာဆုကိုတော့ အမေရိကန်က Washington Post နဲ့ ဗြိတိန်က Guardian သတင်းစာ ၂ စောင်က ပူးတွဲ ဆွတ်ခူးခဲ့ပါတယ်။ ဒီသတင်းစာကြီး ၂ စောင်က အမေရိကန်အစိုးရရဲ့ လျှို့ဝှက်ထောက်လှမ်းမှုတွေနဲ့ ပတ်သက်ပြီး ပြည်ပကို ထွက်ပြေးခိုလှုံခဲ့တဲ့ အမျိုးသား ထောက်လှမ်းရေး အေဂျင်စီ NSA က ဝန်ထမ်းဟောင်း Edward Snowden ရဲ့ ထုတ်ဖေါ်မှုပေါ် အခြေခံတဲ့ သတင်းတွေ ရေးသားခဲ့တာမို့ အမေရိကန်သမ္မတက သူ့နိုင်ငံရဲ့ ထောက်လှန်းမှုတွေကို ကန့်သတ်ခဲ့ရတဲ့အထိ ကိုယ်ရေးလွတ်လပ်ခွင့်ဆိုင်ရာ အခြေအတင် ငြင်းခုံမှုတွေ ဖြစ်ပွါးခဲ့တာပါ။

အထူးသတင်းအတွက် ဆုကိုတော့ ဘောစ်စတွန်မာရသွန်ဗုံးဖေါက်ခွဲမှုနဲ့ ဗုံးဖေါက်ခွဲသူကို လိုက်ရှာတဲ့ အကြောင်း ရေးသားတဲ့ Boston Globe က ရခဲ့ပါတယ်။ ကင်ညာနိုင်ငံ Westgate mall မှာ အကြမ်းဖက် အတိုက်ခိုက်ခံရတဲ့ အထူးသတင်းမှတ်တမ်းနဲ့ ဓါတ်ပုံအတွက် ဆု ၂ ခု ဆွတ်ခူးခဲ့တဲ့ သတင်းဌာနကတော့ The New York Times ပါ။

ပူလစ်ဇာဆုဟာ အမေရိကန်နိုင်ငံအတွက် သတင်းနဲ့အနုပညာဆိုင်ရာ ထိပ်တန်းဆုအဖြစ် သတ်မှတ်ကြပါတယ်။ ဒီဆုတွေကို နယူးရောက် Columbia တက္ကသိုလ်ကကြီးမှုးပြီး ထုတ်ဝေသူ Joseph Pulitzer အထိမ်းအမှတ်နဲ့ ၁၉၁၇ ခုနှစ်မှာ စတင်ပေးအပ်ခဲ့တာပါ။ ဆုအမျိုးအစား ၂၀ ခွဲထားပြီး ဆုတခုအတွက် ငွေသား ဒေါ်လာ တသောင်း ချီးမြှင့်ပါတယ်။ လူထုဝန်ဆောင်မှု ပူလစ်ဇာဆုအတွက်တော့ ရွှေတံဆိပ်ဆု ချီးမြှင့်တာဖြစ်ပါတယ်။



Rohingya Eye
RB News
14.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် စည်ပင်သာယာမှ သားသတ်လိုင်စင် များကို လေလံတင် ရောင်းချ ခဲ့ပြီး၊ စည်ပင်သာယာ ဦးစီးမှူးကို သားသတ် လိုင်စင် အတွက် ငွေကျပ် သိန်းတစ်ရာ ပေးရသည့် အပြင် လစဉ်ကြေး ပေးရန်လည်း ပြောဆို ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနမှ သားသတ်လိုင်စင်၊ သားငါး လိုင်စင်များကို ဧပြီလ (၁) ရက်နေ့က လေလံတင် ရောင်းချ ခဲ့သည်။ မောင်တောမြို့နယ် စည်ပင်သာယာရေး ဦးစီးမှူး ဦးမောင်တင်ဦးသည် ရခိုင် လူမျိုး တစ်ဦး ဖြစ်ပြီး၊ သားငါး လိုင်စင်ကို ဦးစံရွှေကို ချပေးခဲ့၍၊ သားသတ်လိုင်စင်ကို ဦးမူတူဗီစ် (ခ) ဦးမောင်မောင်စိန်ကို ချပေးခဲ့သည်။ သားသတ် လိုင်စင် ရရှိရေး အတွက် ဦးမူတူဗီစ်က စည်/ပင် ဦးစီးမှူး ဦးမောင်တင်ဦးကို ငွေကျပ် သိန်းတစ်ရာ လာဘ်ငွေ အဖြစ် ပေးခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထို့အပြင် စည်/ပင် ဦးစီးမှူး ဦးမောင်တင်ဦးက ၎င်းကို လစဉ် ငွေကျပ် နှစ်သိန်း တစ်သောင်း ပေးရမည်ဟု ပြောဆို ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ လစဉ်ကြေး နှစ်သိန်း တစ်သောင်းကို လိုင်စင်စီခွဲ (၈) ဦးမှ လစဉ် ခွဲဝေ ပေးရမည် ဖြစ်ပြီး၊ (၄) ဦးမှာ ရိုဟင်ဂျာ လူမျိုးဖြစ်ပြီး၊ ကျန် (၄) ဦးမှာ ရခိုင်လူမျိုး ဖြစ်သည်။ ရိုဟင်ဂျာ (၄) ဦးမှ လစဉ် တစ်သိန်း နှစ်သောင်း ငါးထောင် ပေးရမည် ဖြစ်သည်။ အဆိုပါ (၄) ဦးမှာ --

(၁) ဦးကာဆိမ်း (မြို့မ ကညင်တန်း ဈေးမှ) -- လစဉ် ငွေကျပ် လေးသောင်း
(၂) ဦးဂျမာလ် (ရပ်ကွက် ၅ ငါးဈေးမှ) -- လစဉ် ငွေကျပ် သုံးသောင်း ငါးထောင်
(၃) ဦးရော်ရှိတ်ဒုလ္လာ (ရပ်ကွက် ၅ ငါးဈေးမှ) -- လစဉ် ငွေကျပ် သုံးသောင်း
(၄) ဦးမာမတ်ခါန် (ရပ်ကွက် ၂ ကြက်ဈေးမှ) -- လစဉ် ငွေကျပ် နှစ်သောင်း -- တို့ဖြစ်သည်။

ယခုကဲ့သို့ ယခင် စစ်အစိုးရ လက်ထက်က မ.ယ.က ဥက္ကဌနှင့် စ.ရ.ဖ တပ်ဖွဲ့ရုံး များသို့ ပေးခဲ့ရသော်လည်း ယခု အစိုးရ တက်လာပြီး နောက်ပိုင်းတွင် ရပ်တန့် သွားခဲ့သည်။ ယခု တစ်ဖန် အာဏာရှင် စနစ်ဟောင်း၏ လမ်းစဉ်ဟောင်း အတိုင်း ပြန်လည် အသက်သွင်း လာခြင်း ဖြစ်သည်။ နိုင်ငံတော် အစိုးရက သန့်ရှင်းသည့် အစိုးရဟု ပြောဆိုလျက် ရှိသော်လည်း အောက်ခြေ အရာရှိများက ၎င်းတို့၏ အလိုကျ ပြုလုပ်လျက် ရှိသည်။

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် အတွက် နယ်ပိုင်းမှ ရွာသားများ မြို့ပေါ်သို့ လာရောက်၍ ဈေးဝယ်ခြင်း နည်းပါးသောကြောင့် စီးပွားရေး သမားများမှာ ယခင်ကဲ့သို့ စီးပွားရေး အဆင် မပြေခြင်းနှင့် ရင်ဆိုင် နေရသည်။ လိုင်စင်စီ သမားများက လစဉ် ပုံမှန် ပေးရမည် ဖြစ်သောကြောင့် စီးပွား ပိုမို ထိခိုက်မည်ကို စိုးရိမ်လျက် ရှိကြသည်။




Sindi Khan
RB News
14.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း အောင်သပြေ ကျေးရွာ အခြေစိုက် G.E တပ်တွင် အလုပ်လုပ်ကိုင် နေသော ရိုဟင်ဂျာ လူငယ်တစ်ဦးသည် ဧပြီလ (၅) ရက်နေ့မှ စ၍ ပျောက်ဆုံးလျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း တမန်းသား ကျေးရွာနှင့် ခမောက်ဆိပ် ကျေးရွာ ကြားတွင် န.တ.လ ကျေးရွာ ဖြစ်သည့် မီးခမောက်ရွာ ရှိသည်။ ဧပြီလ ၅ ရက်နေ့ ည ၁၀း၃၀ နာရီ အချိန်တွင် အောင်သပြေ ကျေးရွာရှိ G.E တပ် ခြံစည်းရိုး စီမံကိန်းတွင် အလုပ်လုပ် ကိုင်နေသော လူငယ် တစ်ဦးသည် ဆိုင်ကယ်တစ်စီးဖြင့် ခမောက်ဆိပ် ကျေးရွာကို ဖြတ်ကျော် သွားသည့် အချိန်တွင် ဒေသခံ ရိုဟင်ဂျာများက ရှေ့ဆက် သွားပါက ရခိုင်ရွာ ရှိသဖြင့် အန္တရာယ် ရှိနိုင်မည်ဟု သတိ ပေးခဲ့သည်။ သို့သော်လည်း ထိုလူငယ်က ၎င်းအနေဖြင့် အန္တရာယ် ရှိမည် မဟုတ်ကြောင်း ပြောဆို၍ ဆက်လက် ထွက်ခွာ သွားခဲ့သည်။

အဆိုပါ လူငယ်နှင့် ပတ်သက်၍ ဒေသခံ ရိုဟင်ဂျာများက စုံစမ်းခဲ့ရာ မီးခမောက်ရွာ အကျော်တွင် ရှိသော ရိုဟင်ဂျာရွာသို့ ရောက်ရှိခဲ့ခြင်း မရှိကြောင်း သိရှိရသည်။ ဒေသခံများက ထိုကိစ္စနှင့် ပတ်သက်၍ G.E တပ်ကို အကြောင်းကြား သော်လည်း G.E တပ်က အလုပ်ချိန်ပြီး၍ အိမ်ပြန်သွားသည့် အတွက် ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ပြောပြီး၊ ဒေသခံများက လူငယ်၏ အမည်ကို မေးမြန်းသော်လည်း G.E တပ်က ဖြေကြားခြင်း မရှိဟု ဒေသခံ များက RB News သို့ပြောပါသည်။

အဆိုပါ လူငယ် ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ဧပြီလ (၇) ရက်နေ့က ရခိုင်ရွာသို့ စုံစမ်းရေး အဖွဲ့တစ်ဖွဲ့ သွားရောက်၍ စုံစမ်းခဲ့သည်ကို ဒေသခံ ရိုဟင်ဂျာများက တွေ့မြင်ခဲ့သည်။ မီးခမောက်ရွာသည် ရခိုင် အစွန်းရောက် အများစု နေထိုင်သည့် ရွာတစ်ရွာ ဖြစ်ပြီး၊ အဆိုးရွားဆုံး ရွာတစ်ရွာ ဖြစ်သည်။ ဒေသခံ ရိုဟင်ဂျာများက အဆိုပါ လူငယ် အသတ်ခံရသည်ဟု ယုံကြည်လျက် ရှိသော်လည်း ယခု အချိန်ထိ စုံစမ်း လေ့လာ နေဆဲ ဖြစ်ကြောင်း သိရှိရပါသည်။

“အဲဒီ G.E တပ်မှာ ရွာတွေကနေ အလုပ်လာလုပ်တဲ့ လူငယ်တွေ အများကြီး ရှိတော့ စုံစမ်းရတာ တော်တော်ခက်တယ်။ တချို့လည်း မိသားစုနဲ့ အဆက်အသွယ် ပြတ်နေကြတယ်။ ဒါပေမယ့် အဲဒီနေ့ ညက ဆိုင်ကယ်နဲ့ သွားတဲ့ လူငယ်ကို အန္တရာယ်ကြိုမြင်လို့ ကျွန်တော်တို့ တားခဲ့သေးတယ်။ G.E တပ် အနေနဲ့တော့ ဘယ်သူ ပျောက်နေလဲ ဆိုတာ သူတို့ အတိအကျ သိတယ်။ အဲဒါကြောင့် စုံစမ်းဖို့ အဖွဲ့လွှတ်တာပါ။ သူတို့ဟာ သူတို့ စုံစမ်းနေသလို ကျွန်တော်တို့လည်း စုံစမ်းနေတယ်။ ညပိုင်းမှာ ကင်းသမားတွေ ရှိတော့ မီးခမောက်ရွာကို ဖြတ်ပြီး ဟိုဘက်မှာ ရှိတဲ့ ရိုဟင်ဂျာ ရွာကို ရောက်တာနဲ့ ဟိုဘက်ရွာက ကင်းသမားတွေ သိမယ်။ အဲဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ပျောက်ဆုံး နေတာကို အတိအကျ အခိုင်အမာ ပြောနိုင်တာ။ ပြီးတော့ မီးခမောက်ရွာရဲ့ အခြေအနေကိုလည်း သိနေတော့ အသတ်ခံရတယ်လို့ ယူဆနေတာပါ” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။






Rohingya Eye
RB News
14.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အခြေစိုက် ခရိုင် ဒုစရိုက် နှိမ်နင်းရေး အဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များက ဒေသခံ ရိုဟင်ဂျာများထံမှ အကြောင်းမဲ့ ငွေညှစ်၍ ဒေသခံများကို ဒုက္ခ ပေးလျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောခရိုင် ဒုစရိုက် နှိမ်နင်းရေး အဖွဲ့မှ တာဝန်ခံ ရဲအုပ် သောင်းထွန်း၊ တပ်ကြပ်ကြီး လှမြင့်နှင့် တပ်ကြပ် မောင်ချေ (ခ) သန်းထွန်းတို့သည် မောင်တော ရဲစခန်းတွင် သက်တမ်း အရှည်ဆုံး တာဝန် ထမ်းဆောင် နေသူများ ဖြစ်ကြသည်။ ဒေသခံ ရိုဟင်ဂျာ များထံမှ မတရား သဖြင့် ငွေညှစ်၍ အချမ်းသာဆုံး ဖြစ်နေသူများ ဖြစ်သည်။ ၎င်းတို့က အာဏာ အလွှဲသုံးစားလုပ်၍ ဒေသခံများထံမှ မတရားသဖြင့် ငွေညှစ် နေသည်ကို မီဒီယာတွင် အကြိမ်များစွာ ဖော်ပြခဲ့သော်လည်း အာဏာပိုင်များက အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသည်မှာ အထက် အာဏာပိုင်များကို လာဘ်ထိုး ထားသည့် အတွက် ဖြစ်ကြောင်းကို လေ့လာ သိရှိရပါသည်။

အဆိုပါ ရဲသုံးဦးသည် ယခင်လကလည်း ဒေသခံ ရိုဟင်ဂျာများကို မဟုတ်မမှန်များ ပြော၍ ငွေညှစ်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

“မင်းတို့ အတွက် တိုင်ချက်ဖွင့်ထားတာ ရှိတယ်။ မင်းတို့ တရားမ၀င် အလုပ်လုပ်နေတယ်။ မင်းတို့မှာ စီးပွားရေး အဆင်ပြေ နေတဲ့ အတွက် ငါတို့ကို ပေးရမယ်။ -- အဲဒီလို ပြောပြီး ငွေညှစ်တယ်။ မပေးနိုင်ဘူး ငြင်းတဲ့လူတွေကို ငါတို့ကို အစိုးရက တရားဝင် ခွင့်ပြုထားတဲ့ ဒမြတွေ ပေးကိုပေးရမယ်လို့ အတင်း အဓမ္မလုပ်ပြီး ငွေညှစ်တယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ယခုရက်ပိုင်း အတွင်း ငွေညှစ်ခံရသူ များမှာ --

(၁) ဦးအာယာစ် (ဘ) ဦးဟာဘီ (အသက် ၃၅ နှစ်) – (ညှစ်ခံရသည့်ငွေ ၇ သောင်း) -- အမှတ် (၂) ရပ်ကွက်မှ
(၂) ဦးအီလီယာစ် (အသက် ၃၅ နှစ်) – (ညှစ်ခံရသည့်ငွေ ၃ သောင်း) -- ရွှေဇားမှ
(၃) ဦးမောင်နီ (ဘ) ဦးဂေါ်ဖော်ရ် (အသက် ၅၀ နှစ်) – (ညှစ်ခံရသည့် ငွေ ၁ သောင်း၊ စားကုန်ဆိုင်မှ ပစ္စည်းမျိုးစုံကို ရဲများယူသွား) -- အမှတ် (၂) ရပ်ကွက်မှ
(၄) ဦးဇော်ဟိရ်အာမတ် (ဘ) ဦးရော်ရှိတ် (အသက် ၄၅ နှစ်) – (ပုံမှန် လစဉ် တစ်သောင်းကျပ်စီ ပေးနေရ) -- တို့ဖြစ်သည်။

အထက်ပါ ရဲများသည် ၎င်းတို့ မတရားသဖြင့် ညှစ်ယူသည့် ငွေများထဲမှ ခရိုင်ရဲမှူးကြီး ဦးရွှေသိန်းကို သုံးပုံ တစ်ပုံ ခွဲတမ်း ပေးသည့် အတွက် အရေးယူ ဆောင်ရွက်ခြင်း မရှိဟု ဒေသခံများက ပြောပါသည်။

တောင်ပြိုလက်ဝဲ ရဲစခန်း


RB News
14.4.2014

တောင်ပြိုလက်ဝဲ ။ ။ ယနေ့ နေ့လည်ပိုင်းက တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ ရဲစခန်းဝင်း အတွင်းရှိ MRCS နှင့် UNHCR ရုံးကို ရဲများက မီးရှို့ခဲ့ပြီးနောက် အပြစ်မဲ့ ရိုဟင်ဂျာ (၄) ဦးကို ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်လျက် ရှိရာ တစ်ဦး သေဆုံး သွားသည်ဟု ယူဆရကြောင်း သတင်း ရရှိပါသည်။

MRCS နှင့် UNHCR ရုံးကို ယနေ့ နေ့လည်ပိုင်းက ရဲများက မီးရှို့ခဲ့ရာ၊ နေ့လည် ၂ နာရီတွင် မီးငြိမ်းသတ် သွားပြီးနောက် မြို့နယ်ခွဲ ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ တာဝန်ခံများ လာရောက် ကြည့်ရှုခဲ့ကြသည်။ စစ်တပ်၊ ရဲနှင့် အခြား ဌာနဆိုင်ရာများက (၁) - အမှတ် (၁) ရပ်ကွက် တာဝန်ခံ ဦးနူရ်ဟူးဆောင်၊ (၂) - အမှတ် (၂) ရပ်ကွက် တာဝန်ခံ ဦးအဗ်ဒူလာ၊ (၃) - အမှတ် (၅) ရပ်ကွက် တာဝန်ခံ ဦးဒိလ်ဒါရ်အာမတ် နှင့် (၄) - အမှတ် (၂) ရပ်ကွက်မှ ဆယ်အိမ်မှူး ဦးအဒူကရီးမ် တို့ကို ရိုဟင်ဂျာ ရွာသားများက မီးရှို့ခြင်းဖြစ်သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ မြို့နယ် စိုက်ပျိုးရေး ရုံးသို့ ခေါ်ဆောင် သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ထို့နောက် စိုက်ပျိုးရေးရုံးတွင် အထက်ပါ လေးဦးကို လူမဆန်စွာ ရိုက်နှက်၍ ထိုမှတဆင့် ရဲစခန်းရှိ အချုပ်ခန်းသို့ ခေါ်ဆောင် သွားပြီး ထပ်မံ၍ လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်မှုကြောင့် (၃) ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရပါသည်။ အမှတ် (၁) ရပ်ကွက် တာဝန်ခံမှာ သေလုမျောပါး ဖြစ်နေပြီး သေဆုံး သွားနိုင်သည်ဟုပင် ယူဆကြောင်း ညနေပိုင်းတွင် ပြန်လည် လွတ်မြောက်လာသည့် အမှတ် (၂) ရပ်ကွက် ဆယ်အိမ်မှူး ဦးအဒူကရီးမ်က ပြောသည်။

ယခုအခါ ကျန်ရှိနေသည့် (၃) ဦးကို မည်သည့် နေရာတွင် ထားရှိသည်ကို မသိရှိရတော့ဘဲ၊ မိသားစု ဆွေမျိုးများက အချုပ် ဆေးရုံတွင် စုံစမ်းခဲ့သော်လည်း မတွေ့ရှိခဲ့ကြောင်း သတင်း ရရှိပါသည်။




Sindi Khan
RB News
14.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အမှတ် (၆) နယ်မြေမှ ရဲတပ်ဖွဲ့ဝင် များသည် ဒေသခံ ရိုဟင်ဂျာများ၏ ဆိတ်များကို မတရား ဖမ်းဆီး၍ စားသုံးနေပြီး၊ နယ်မြေမှူးကို တိုင်ကြားသော်လည်း အရေးမယူသည့် အပြင် ခြိမ်းခြောက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ကျောက်လှေကား ကျေးရွာ အုပ်စု အခြေစိုက် အမှတ် (၆) နယ်မြေရုံးမှ ရဲတပ်ဖွဲ့ဝင်များက ဒေသခံရိုဟင်ဂျာများ ပိုင်ဆိုင်သော ဆိတ်၊ ကြက်များကို မကြာခဏ ဆိုသလို ဖမ်းဆီး၍ စားသုံးလျက် ရှိကြောင်း ဒေသခံ များက ပြောပါသည်။

ဧပြီလ ၁၂ ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် ကျောက်လှေကား ကျေးရွာ အုပ်စု၊ သဲချောင်းရွာမှ ဦးမိုဂျီဘူရာမန် (ဘ) ဦးအီဆာခ် (အသက် ၃၃ နှစ်) ၏ ဆိတ် ၃ ကောင် အစာစားနေစဉ် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ဆိတ်များကို ဖမ်းဆီးရန် ကြိုးစားခဲ့ရာ ဆိတ်များ ထွက်ပြေး သွားခဲ့သော်လည်း တစ်ကောင်ကို ဖမ်းဆီး ရမိပြီး ထိုနေရာတွင်ပင် ရိုက်နှက် သတ်ဖြတ်၍ နယ်မြေစခန်းသို့ သယ်ဆောင် သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ အဆိုပါ ဆိတ်၏ ကာလတန်ဖိုးမှာ ငွေကျပ် ၃ သောင်း ၅ ထောင် ရှိသည်ဟု သိရှိရပါသည်။

ဧပြီလ ၉ ရက်နေ့ကလည်း ဦးရော်ဖိတ် (ဘ) ဦးဘူးဂါ၏ ဆိတ်တစ်ကောင်သည် လမ်းမှား၍ နယ်မြေစခန်းရုံးဝင်း ထဲသို့ ၀င်သွားခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီး၍ သတ်ဖြတ် စားသောက် ခဲ့သည်။ အဆိုပါ ဆိတ်၏ ကာလ တန်ဖိုးမှာ ကျပ် ၄ သောင်း ၅ ထောင်ခန့် ရှိကြောင်း ဒေသခံများက ဆိုသည်။

ဧပြီလ ၁၂ ရက်နေ့က ဖမ်းဆီး သတ်ဖြတ် ခံခဲ့ရသည့် ဆိတ်နှင့် ပတ်သက်၍ ပိုင်ရှင်ဖြစ်သူ ဦးမိုဂျီဘူရာမန်က နယ်မြေ စခန်းမှူး ဒုရဲမှူး စိုးမြင့် အိမ်သို့ ညနေ ၆ နာရီ အချိန်တွင် သွားရောက် တိုင်ကြားခဲ့ရာ နယ်မြေမှူးက သေနတ်ဖြင့် ပစ်သတ်မည်ဟု ခြိမ်းခြောက် ပြောဆို၍ မောင်းထုတ် ခဲ့ကြောင်း သိရှိရပါသည်။

တောင်ပြိုလက်ဝဲ ရဲစခန်း


RB News
14.4.2014

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ အမှတ် (၁) ရပ်ကွက် တောင်ပြိုလက်ဝဲ ရဲစခန်း ခြံဝင်း အတွင်းရှိ MRCS နှင့် UNHCR ရုံး အဆောက်အအုံကို ယနေ့ နေ့လည်ပိုင်းတွင် ရဲများက မီးရှို့လိုက်ကြောင်း သတင်း ရရှိပါသည်။

ယနေ့ နေ့လည် ၁၂း၃၀ နာရီ အချိန်တွင် မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ အမှတ် (၁) ရပ်ကွက် တောင်ပြိုလက်ဝဲ ရဲစခန်းခြံဝင်း အတွင်းရှိ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း (MRCS) နှင့် ကုလသမဂ္ဂ ဒုက္ခသည် ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အဆောက်အအုံကို ရဲတပ်ဖွဲ့ဝင် များက မီးရှို့လိုက်ပြီး နေ့လည် ၂ နာရီ အချိန်တွင် မီးငြိမ်း သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အဆိုပါ MRCS နှင့် UNHCR ရုံးကို ၁၉၉၆ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး အဆောက်အအုံသည် အလျား ပေ ၆၀၊ အနံ ပေ ၃၀ အကျယ် အ၀န်း ရှိသည်။ ၂၀၀၄ ခုနှစ်တွင် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲကို ဖွဲ့စည်းခဲ့ပြီး၊ ရဲစခန်း ဆောက်လုပ်စဉ် အချိန်ကစပြီး လွန်ခဲ့သော တစ်လ အထိ အဆိုပါ MRCS နှင့် UNHCR ရုံး အဆောက်အအုံတွင် ရဲမိသားစုများ နေထိုင်ခဲ့ကြသည်။ လွန်ခဲ့သည့် တစ်လက ရဲမိသားစုများကို ရဲစခန်းသို့ ပြောင်းရွှေ့ခိုင်း ခဲ့သည်ဟု သိရှိရပါသည်။

ထိုသို့ ပြောင်းရွှေ့ နေထိုင်ခိုင်းခြင်းကို မကျေနပ်မှု၊ သင်္ကြန်ရက်အတွင်း လက်နက်ကိုင် အဖွဲ့အစည်း များကို ရေကစားခွင့် ပိတ်ပင်ထားခြင်း တို့ကြောင့် ယခုကဲ့သို့ MRCS နှင့် UNHCR ရုံးကို မီးရှို့၍ ဒေသခံများနှင့် အာဏာပိုင်များ အကြား အထင်လွှဲမှားမှုများ ဖြစ်အောင် ပြုလုပ်သည်ဟု ဒေသခံများက ဆိုသည်။




MYARF
RB News
14.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လောင်းဒုံး ကျေးရွာ အုပ်စု၊ ဆင်သေပြင်ရွာနှင့် ငါးစားကြူး ကျေးရွာ အုပ်စု၊ ဖန်မြောင်းရွာ တို့ရှိ ဒေသခံ ရိုဟင်ဂျာများ၏ နေအိမ်များကို မတ်လ ၁၀ ရက်နေ့ တစ်ကြိမ်၊ မတ်လ ၁၅ ရက်နေ့တွင် တစ်ကြိမ် ရခိုင် အစွန်းရောက်များက ဓာတုပစ္စည်းများနှင့် အဝေးထိန်း ကိရိယာများ သုံး၍ မီးရှို့ခဲ့သည်။

အဆိုပါ မီးရှို့မှုနှင့် ပတ်သက်၍ အပြစ်မဲ့ ရိုဟင်ဂျာ အမျိုးသမီး လေးဦးကို အာဏာပိုင်များက ထိုနေ့တွင်ပင် ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ဖမ်းဆီးခံရသူများမှာ ဆင်သေပြင်ရွာမှ (၁) ဒေါ်ရှာအာနု (ဘ) ဦးဟာမိတ်ဟူစိန်း (အသက် ၂၉ နှစ်)၊ (၂) ဒေါ်နူးရ်အန်ကီးစ် (ဘ) ဦးဂျမာလ်ဟူစိန်း (အသက် ၄၆ နှစ်)၊ (၃) ဒေါ်ဟာဆီနာဇူဟာရ် (ဘ) ဦးအီမာန်ဟူစိန်းနှင့် ဖန်မြောင်းရွာမှ (၄) ဒေါ်ဂူလ်ဇာရ် (ဘ) ဦးအဒူရာမန် တို့ဖြစ်သည်။ ၎င်းတို့ကို ဖမ်းဆီးပြီးနောက် အာဏာပိုင်များက ၎င်းတို့၏ နေအိမ်များ ရှေ့တွင် ရပ်ခိုင်း၍ ဓါတ်ပုံ ရိုက်ယူပြီးနောက် ကြိမ်ချောင်း ရဲစခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။

အဆိုပါ အမျိုးသား (၄) ဦးနှင့် မတ်လ (၁၀) ရက်နေ့တွင် ဖမ်းဆီးခံရသည့် အမျိုးသမီး တစ်ဦးကို ကြိမ်ချောင်း ရဲစခန်းတွင် လူမဆန်စွာ ညှင်းပန်း နှိပ်စက်၍ ရွာနှစ်ရွာမှ အိမ်များကို မီးရှို့သည်ဟု အတင်း အဓမ္မ ၀န်ခံခိုင်းခဲ့သည်။ သာမာန် ညှင်းပန်း နှိပ်စက်ရုံသာမက အမျိုးသမီးများ၏ လိင်အင်္ဂါများကို ဖယောင်းတိုင်မီးများဖြင့် ရှို့ခဲ့သည့် အတွက် မတ်လ ၁၆ ရက်နေ့က ကြိမ်ချောင်း ဆေးရုံသို့ ဆေးကုသရန် ပို့ဆောင် ခဲ့ရပြီး၊ ဆေးရုံမှ ဆရာဝန် ဖြစ်သူ ဒေါက်တာ နုကေသီဇံက လူမဆန်စွာ လိင်အင်္ဂါများကို မီးရှို့ နှိပ်စက်မှုအတွက် ပြစ်တင် ဝေဖန်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

အဆိုပါ အမျိုးသမီးများကို မတ်လ ၁၇ ရက်နေ့ တစ်ကြိမ်၊ ဧပြီလ ၁၁ ရက်နေ့တွင် တစ်ကြိမ် မောင်တော တရားရုံးသို့ ခေါ်ဆောင်လာ ခဲ့ပြီး စစ်ဆေး ခဲ့ကြောင်း သိရှိရသည်။ ဧပြီလ ၁၁ ရက်နေ့က မောင်တော တရားရုံးသို့ ခေါ်ဆောင် လာသည့် အခါတွင် အမျိုးသမီး များ၏ ဆွေမျိုးများနှင့် ၃ မိနစ်ခန့် စကားပြောခွင့် ပေးခဲ့ပြီး၊ အမျိုးသမီးများက ၎င်းတို့ကို လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်ခြင်း အကြောင်းနှင့် ဖမ်းဆီး ထားသည့် အချိန်မှ စ၍ အချုပ်ခန်းထဲတွင် အ၀တ်မပါဘဲ ထားရှိသည့် အကြောင်းများကို ပြောပြခဲ့ကြောင်း သိရှိရပါသည်။

ဒေသခံများ၏ ပြောပြချက် အရ အပြစ်မဲ့ ရိုဟင်ဂျာ အမျိုးသမီးများကို ထောင်ဒဏ် (၇) နှစ်ချမှတ်မည်ဟု သိရှိရသည်။ မီးရှို့မှုကို ရခိုင်အစွန်းရောက် များက ဓာတု ပစ္စည်းများ၊ အဝေးထိန်း ကိရိယာများ သုံး၍ ပြုလုပ် ခဲ့သော်လည်း အာဏာပိုင်များက အမှန်တကယ် အပြစ်ရှိသူများကို မဖော်ထုတ်ဘဲ၊ အပြစ်မဲ့များကို ညှဉ်းပန်း နှိပ်စက်၍ အာဏာ အလွှဲသုံးစား ပြုလုပ်ပြီး ထောင်ဒဏ်ချမှတ်ရန် ပြုလုပ်နေခြင်း ဖြစ်သည်။




RB News
14.4.2014

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန် ထားသော်လည်း အဆိုပါ အမိန့်သည် ဒေသခံ အစ္စလာမ် ဘာသာဝင်များ အတွက်သာ သီးသန့် ထုတ်ပြန်သလို ဖြစ်နေပြီး ရခိုင်လူမျိုးများ အတွက် အကျိုးသက်ရောက်ရှိ မရှိဟု ဒေသခံများက ပြောပါသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ည ၉ နာရီမှ မနက် ၅ နာရီ အတွင်း အပြင်မထွက်ရ၊ လူ ၅ ဦးထက် ပို၍ မစုရဟု အမိန့် ထုတ်ပြန်ထားသည်မှာ ၂၀၁၂ ခုနှစ် ဇွန်လမှ စ၍ ဖြစ်သည်။ သို့သော်လည်း အဆိုပါ အမိန့်သည် ဒေသခံ အစ္စလာမ် ဘာသာဝင် များအတွက်သာ သက်ရောက်မှု ရှိနေပြီး ရခိုင် ဗုဒ္ဓဘာသာဝင် များအတွက် အကျုံးမ၀င်ဟု ဒေသခံများက RB News သို့ပြောသည်။

“အခုဆိုရင် ည ၁၂ နာရီ ကျော်နေပြီ၊ တစ်မြို့လုံး ဆူညံ နေတယ်။ သီချင်းသံတွေရော၊ အခြား ဆူညံသံတွေပါ။ ပုဒ်မ ၁၄၄ အရ ဆိုရင် ည ၉ နာရီကျော်ရင် ဘယ်သူ့မှ အပြင်ထွက်လို့ မရဘူး။ ဒါပေမယ့် အခုတော့ တစ်မြို့လုံးမှာ ကားတွေနဲ့ သွားလာပြီး ဆူညံနေတာ အာဏာပိုင်တွေက မသိချင်ယောင်ဆောင် နေတယ်။ အဲဒီတော့ အဲဒီ ပုဒ်မ ၁၄၄ က ရခိုင်တွေ အတွက် အကျုံးမ၀င်ဘူးလို့ ပြောရမှာပါ။ ဒီနေ့ တစ်ရက်ထဲ မဟုတ်ဘူး။ အမြဲတမ်း လိုလို ဆူညံ လျှောက်သွား နေတာ အာဏာပိုင်တွေက ဘယ်တုန်းကမှ အရေးမယူဘူး။” ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

“တကယ်လို့ မွတ်စလင် တစ်ယောက်က ည ၉ နာရီကျော်မှာ အပြင်ထွက်တယ် ဆိုရင် ဖမ်းမသွားရင်တော့ အနည်းဆုံး ခြေလက်ကျိုးတဲ့ အထိ ရိုက်တယ်။ ပြဌာန်းထားတဲ့ ဥပဒေက လူမျိုးနဲ့ ဘာသာပေါ် မူတည်ပြီး ခွဲခြားတာ အခုဖြစ်ပျက် နေတာတွေက သက်သေပါဘဲ” ဟု ၎င်းက ဆက်လက် ပြောပါသည်။




MYARF
RB News
12.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ငါးခူရ ကျေးရွာ အုပ်စု၊ အောက်ပြူးမရွာမှ ရိုဟင်ဂျာ လူငယ် တစ်ဦးကို ရခိုင် အစွန်းရောက် နှစ်ဦးက သေလုမျောပါး ရိုက်နှက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယမန်နေ့ ဧပြီလ ၁၁ ရက်နေ့ ည ၉း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ်၊ ငါးခူရ ကျေးရွာ အုပ်စု၊ အောက်ပြူးမရွာမှ ရိုဟင်ဂျာ လူငယ်တစ်ဦး ဖြစ်သည့် ကိုလေဒါယာ (ဘ) ဦးဖကီရ်အဟမတ် (အသက် ၃၃ နှစ်) ကို အဆိုပါရွာမှ ရခိုင် အစွန်းရောက် နှစ်ဦး ဖြစ်သည့် ဇော်မိုးထွန်း (ဘ) ဦးသာထွန်းကျော်နှင့် မောင်မောင်စိန် (ဘ) ဦးဖြိုးအောင် တို့က သေလုမျောပါး ရိုက်နှက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ကိုလေဒါယာကို ရခိုင်အစွန်းရောက် နှစ်ဦးက ရခိုင်ရွာ အနီးတွင် လူမဆန်စွာ ရိုက်နှက်၍ လည်ပင်းညှစ်ပြီး သတ်ခဲ့သော်လည်း သတိလစ်သွားခဲ့ပြီး၊ ရခိုင်အစွန်းရောက် များက ၎င်းကို သေပြီဟု ယူဆ၍ ထိုနေရာတွင် ထား၍ ထွက်ပြေးသွားခဲ့သည်။ သတိလစ်နေသည့် ကိုလေဒါယာကို ရွာသား တစ်ဦးက တွေ့ရှိခဲ့ပြီး ဆွေမျိုးများကို အကြောင်းကြားပြီး အိမ်သို့ ခေါ်ဆောင် လာခဲ့သည်။

ကိုလေဒါယာသည် ရွာတွင် နာမည်ကြီး ရခိုင်အစွန်းရောက် တစ်ဦးဖြစ်သည့် ဦးအောင်ဆန်း၏ ပုဇွန်ကန်တွင် အလုပ်လုပ်ကိုင် နေသူ တစ်ဦး ဖြစ်ပြီး၊ ညပိုင်းတွင် ပုဇွန်ကန် စောင့်ရန် အသွားတွင် တိုက်ခိုက်ခံရခြင်း ဖြစ်သည်။ ၎င်း၏ အလုပ်ရှင် ဖြစ်သူက ဦးအောင်ဆန်းက ရခိုင်အစွန်းရောက်များ တိုက်ခိုက်ခြင်း မဟုတ်ဘဲ၊ သရဲခြောက်ခံရခြင်းသာ ဖြစ်သည်ဟု ရွာတွင် သတင်းလွှင့်၍ ရခိုင်အစွန်းရောက် နှစ်ဦး အရေးယူခြင်း မခံရအောင် ကာကွယ် ပေးနေသည်ဟု ဒေသခံများက ပြောပါသည်။




RB News
12.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျီးကန်းပြင် ကျေးရွာ အုပ်စု၊ ၀ပိတ်ရွာမှ ရိုဟင်ဂျာ လူငယ်တစ်ဦးကို ဘင်္ဂလီ-ရခိုင် တစ်ဦးက မြားဖြင့် ပစ်ရာ မျက်လုံးထွက်သည့် အထိ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိပါသည်။

ဧပြီလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် မောင်တောမြို့နယ် ကျီးကန်းပြင် ကျေးရွာ အုပ်စု၊ ၀ပိတ်ရွာမှ မိုဟာမတ် အေကာရာမ် (ဘ) ဦးဒိလ်မာမတ် (အသက် ၂၂ နှစ်) သည် ပျောက်ဆုံးနေသည့် နွားတစ်ကောင်ကို ရှာဖွေရန် ရွာ၏ အရှေ့ဘက်တွင် ရှိသော န.တ.လ ရွာအနီးရှိ တောင်ပေါ်သို့ သွားနေစဉ် န.တ.လ ရွာမှ ဘင်္ဂလီ-ရခိုင် တစ်ဦး ဖြစ်သူ ဦးလှထွန်းက မြားဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ မျက်လုံးကို ထိမှန်ပြီး မျက်လုံးထွက်သည့် အထိ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

မိုဟာမတ် အေကာရာမ်သည် ဦးဘော်ဒေါလီဆလာမ် (ခ) ဦးမောင်မောင်တင် ထံတွင် အလုပ်လုပ်ကိုင် နေသူ တစ်ဦး ဖြစ်သည်။ မျက်လုံး ထွက်သည့် အထိ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သော်လည်း မောင်တော ပြည်သူ့ ဆေးရုံသို့ သွားရောက်၍ ဆေးကုသနိုင်ခြင်း မရှိသလို၊ ပြင်ပ ဆေးခန်းတွင်လည်း ကောင်းမွန်စွာ ဆေးကုသမှု ခံယူနိုင်ခြင်း မရှိသဖြင့် ပြင်းထန်စွာ ဝေဒနာ ခံစားနေရကြောင်း သိရှိရပါသည်။

မြားဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည့် ဘင်္ဂလီ-ရခိုင် ဦးလှထွန်းသည် ဒေသခံ တစ်ဦး မဟုတ်ဘဲ၊ လွန်ခဲ့သည့် စစ်အစိုးရ လက်ထက် န.တ.လ စီမံကိန်းတွင် တစ်ဖက်နိုင်ငံမှ လာရောက်၍ အခြေချ နေထိုင်သူ တစ်ဦး ဖြစ်သည်။




RB News
12.4.2014

မင်းပြား ။ ။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရွှေတမာ ကျေးရွာအုပ်စု၊ လက်မရွာ (ရခိုင်ရွာ) အခြေစိုက် ခလရ (၃၈၀) တပ်ရင်းမှ စစ်သားများက ဒေသခံ ရိုဟင်ဂျာ နှစ်ဦးထံမှ အကြောင်းမဲ့ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဧပြီလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် စိုက်ခင်းထဲတွင် လယ်စိုက်ရန် သွားနေသော မင်းပြားမြို့နယ်၊ ရွှေတမာ ကျေးရွာ အုပ်စု၊ လက်မ ရိုဟင်ဂျာရွာမှ ဦးအဒူမိုတာလတ် (ဘ) ဦးဟာဘီအုလ္လာကို လက်မ (ရခိုင်ရွာ) အခြေစိုက် ခလရ (၃၈၀) မှ စစ်သားများက အကြောင်းမဲ့ ငွေညှစ်ခဲ့သည်။ ဦးအဒူမိုတာလတ်သည် လယ်စိုက်ရန် သွားနေခြင်း ဖြစ်ပြီး၊ ငွေမပေးပါက ရိုက်နှက်၍ ဖမ်းဆီးမည်ဟု ခြိမ်းခြောက် ခဲ့သောကြောင့် စစ်သားများကို ငွေကျပ် တစ်သောင်း ပေးခဲ့ရသည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထို့အပြင် ဧပြီလ ၁၁ ရက် နေ့တွင်ပင် အဆိုပါ စစ်သားများကပင် လက်မ ရိုဟင်ဂျာရှိ ယောက္ခမ အိမ်သို့ အလည်လာနေသည့် ဦးနူရ်ဟာဆန် (ဘ) ဦးအဒူဇော်ဘော်ရ် ထံမှလည်း အကြောင်းမဲ့ ခြိမ်းခြောက်၍ ငွေကျပ် တစ်သောင်း ငါးထောင် ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။

ခလရ (၃၈၀) တပ်ရင်းမှ စစ်သားများ၏ တာဝန်မှာ ကျေးရွာများ၏ လုံခြုံရေး တာဝန် ဖြစ်သော်လည်း ရိုဟင်ဂျာ ရွာများထဲသို့ မကြာခဏ ဆိုသလို ၀င်ရောက်၍ အကြောင်းမဲ့ ရိုက်နှက်ခြင်း၊ ငွေညှစ်ခြင်းများ မကြာခဏ ပြုလုပ်လေ့ ရှိသည်ဟု ဒေသခံများက ပြောပါသည်။




RB News
12.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အလယ်သံကျော်တွင် ရခိုင်အစွန်းရောက် တစ်ဦး ဖြစ်သူ ဦးဇော်ထူးက ယာဉ်မောင်း တစ်ဦးကို လူမဆန်စွာ ရိုက်နှက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ ဧပြီလ ၁၂ ရက်နေ့ ည ၇း၃၀ နာရီတွင် မောင်တောမြို့မှ အလယ်သံကျော် ကျေးရွာသို့ ခရီးသည်နှင့် ပစ္စည်းများ တင်ဆောင် လာခဲ့သည့်ကားကို မောင်းနှင်သူ မြို့မကညင်တန်းမှ ဦးအဒူလာမီးန် (ဘ) ဦးနူရ်မာမတ် (အသက် ၄၅) နှစ်ကို ရခိုင်အစွန်းရောက် ဦးဇော်ထူး (ယခင် ကျေးရွာ ဥက္ကဌဟောင်း) က ကားမှ တာယာ တစ်လုံး ပေးရန် တောင်းရာ၊ ယာဉ်မောင်း ဖြစ်သူ ဦးအဒူလာမီးန်က ၎င်းတွင် တာယာ အပိုမရှိကြောင်း ဖြေကြား ခဲ့သည်။ ထို့နောက် ဦးဇော်ထူးက ကားတွင် တပ်ဆင်ထားသော တာယာကို ဖြုတ်ပေးရန် အတင်းအဓမ္မ တောင်းရာ၊ ယာဉ်မောင်းက ကိုယ်တိုင် ဖြုတ်ယူရန် ပြောဆိုခဲ့သည်။

ဦးဇော်ထူးက ကိုယ်တိုင် ဖြုတ်မယူနိုင်ဟု ဆိုကာ ယာဉ်မောင်း ဖြစ်သူ ဦးအဒူလာမီးန်ကို ထိုနေရာတွင်ပင် လူမဆန်စွာ လဲကျသည့် အထိ ရိုက်နှက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထိုသို့ ရိုက်နှက်နေစဉ် ဦးဇော်ထူးနှင့် အတူ အမှတ် (၄) နယ်မြေ နယ်ခြားစောင့် တပ်ဖွဲ့မှ ဒုရဲအုပ်လည်း အတူ ရှိနေပြီး၊ လူမဆန်စွာ ရိုက်နှက် နေသည်ကို မတားဆီးသည့် အပြင် လူမျိုးနှင့် ပတ်သက်ပြီး ရိုင်းစိုင်း ညစ်ညမ်းစွာ စော်ကား၍ ဆဲဆိုနေခဲ့သည်ဟု သိရှိရပါသည်။



ဦးကျော်မင်း
RB News
12.4.2014

ယာယီ သက်သေခံကဒ်ပြား အဖြူကဒ်ဖြင့် မဲထည့်ခွင့် မပြုပါရန်နှင့် နိုင်ငံရေးပါတီ တည်ထောင်ခွင့် မပြုရန် လွှတ်တော်မှာ အဆို တင်သွင်း ထားသည်ကို တွေ့ရ၏။ ယခုတလော နိုင်ငံရေး သမားတချို့က စာနယ်ဇင်း များမှာ အဖြူကဒ်ဖြင့် မဲထည့်ခွင့် မပြုရန် ဆော်သြ ရေးသားနေသည်ကို တွေ့ရ၏၊ အပတ်စဉ် ဂျာနယ် တချို့ကလည်း ထိုသတင်းကို အသားပေး မီးမောင်းထိုးပြ ပြန်သည်။

အဖြူကဒ်သည် အရပ် စကားဖြစ်သည်။ ယင်းသည် ဥပဒေမှာ ယာယီ သက်သေခံ ကဒ်ပြား (လက်မှတ်) ဖြစ်သည်။ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၄ (က) အရ ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင် ထားသူသည် နိုင်ငံရေး ပါတီ တည်ထောင်ခွင့် ရှိသည်။ ထိုဥပဒေ ပုဒ်မ ၁၀ (က) ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်သူသည် ပါတီဝင် ဖြစ်ခွင့် ရှိသည်။ ထို့အပြင် ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၆ အရ မဲထည့်ခွင့်လည်း ရှိသည်။

ထိုဥပဒေအ သီးသီးကို ပြင်ဆင်ပြီး နိုင်ငံသား များသာ နိုင်ငံရေး ပါတီ တည်ထောင်ခွင့်၊ မဲထည့်ခွင့်ရ ရမည်ဟု ပြဌာန်း ရမည် ဆိုလျှင် နိုင်ငံတွင် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်သူ သန်းချီ၍ ရှိနေသည်ကို သတိထားရန် လိုပေသည်။ ထိုသူများ နိုင်ငံရေး အခွင့်အရေး ဆုံးရှုံး သွားမည် ဖြစ်သည်။ နိုင်ငံရေးမှာ ပါဝင်ခွင့်မရ ဖြစ်သွားမည်။ ၎င်းသည်ပင် နိုင်ငံတော်၏ တိုးတက် ဖွံ့ဖြိုးရေးမှာ အဟန့်အတား ဖြစ်သွားမည်။ အထူးသဖြင့် နယ်စပ် ဒေသများတွင် မြို့လုံးကျွတ် ယာယီ သက်သေခံ လက်မှတ် ထုတ်ပေး ထားသည်ကို တွေ့ရသည်။

ရခိုင်ပြည် မြောက်ပိုင်းတွင် ၁၉၉၀ ခုနစ်လောက်က ၁၉၈၂ ခုနစ် နိုင်ငံသား ဖြစ်မှု ဥပဒေအရ နိုင်ငံသား စီစစ်ရေး ကဒ်ပြား ထုတ် ပေးနိုင်ရန် အသက်ပြည့်သူ အားလုံးကို ပုံစံ (၂) ဖြင့် လျှောက်လွှာ တင်သွင်း စေခဲ့သည်။ ၎င်းပုံစံ (၂) သည် ဧည့်နိုင်ငံသား လက်မှတ်၊ နိုင်ငံသားပြုခွင့် လက်မှတ် အတွက် လျှောက်ထား ရသော ပုံစံမဟုတ်ပါ။

နိုင်ငံသား ပြုခွင့် လက်မှတ် ရရှိရန် လျှောက်ထား ရသော ပုံစံသည် သီးသန့် ဖြစ်ပါသည်။ ထိုစဉ်က ရခိုင် မြောက်ပိုင်းတွင် ယနေ့ ဘင်္ဂါလီဟု အစိုးရမှ ခေါ်ဝေါ် နေသူ များသည် နိုင်ငံသား ဖြစ်နေ၍ ပုံစံ (၂) ဖြင့် လျှောက်ထား စေခြင်း ဖြစ်သည်။ ထိုပုံစံ (၂) ဖြင့် လျှောက်ထားစေခြင်းမှာ ထိုစဉ်က ထိုသူ များကို နိုင်ငံသား အဖြစ် အသိအမှတ် ပြုထား ခဲ့ခြင်းကြောင့် ဖြစ်သည်။

လက်တွေ့မှာ နိုင်ငံသား စီစစ်ရေးကဒ်များ ထုတ်ပေးခြင်း မရှိသည့် အပြင် ထိုသူတို့၏ လက်ထဲမှာ ရှိသော အမျိုးသား မှတ်ပုံတင်ကဒ် (NRC) ခေါ် သက်သေခံ ကဒ်ပြား များကို န.စ.က (အဖွဲ့) မှ သိမ်းယူပြီး ယာယီ သက်သေခံ လက်မှတ် (အဖြူကဒ်) များ ထုတ်ပေးခဲ့သည်။ အစိုးရ ထုတ်ပြန်ချက် အရ ထိုယာယီ သက်သေခံ လက်မှတ် (အဖြူ / White Card) ကိုင်ဆောင်သူ (၆) သိန်းခန့် ရှိပါသည်။ နိုင်ငံသား အရေး စဉ်းစားရာမှာ ဤသို့ ပြောင်းပြန်လှန် ထားသည့် အဖြစ်မှန်ကို မျက်ကွယ်ပြု၍ မရနိုင်ပါ။ အမျိုးသား မှတ်ပုံတင် ရရှိထားသူများ၊ ယာယီ သက်သေခံ ကဒ်ပြား (အဖြူကဒ်) ကိုင်ဆောင်ရသော အကြောင်းအရင်းကို သိရှိရန်လို ပါသည်။

ယခု အဖြူကဒ် ကိုင်ဆောင်သူ များကို မဲပေးခွင့် မပြုရ။ ပါတီ တည်ထောင်ခွင့် မပြုရဟု လွှတ်တော် အတွင်း/အပြင်မှာ နိုင်ငံရေး သမား အချို့က လှုပ်ရှားနေခြင်းသည် အဖြူကဒ် ကိုင်ဆောင်သူ များကို နိုင်ငံရေး အခွင့်အရေး ဆုံးရှုံးရန် ထိုးနှက်ခြင်း တစ်ရပ်သာ ဖြစ်သည်။ အဖြူကဒ်ဖြင့် နိုင်ငံရေးပါတီ တည်ထောင်ခွင့် မရှိကြောင်း ဥပဒေကြမ်းကို လွှတ်တော်မှာ အတည်ပြု ပြီးကြောင်းလည်း သိရသည်။ အရေးကြီး ဥပဒေ၊ နိုင်ငံသားများနှင့် ပတ်သက်သော ဥပဒေ ဆိုလျှင် ပြည်သူ အများစုနှင့် ဆွေးနွေး ညှိနှိုင်းပြီး အချိန်ယူ၍ ပြဌာန်းသင့် ပါသည်။ အထက်ပါ ယာယီ သက်သေခံ လက်မှတ် (အဖြူကဒ်) ကို နိုင်ငံတကာ လုပ်ထုံးနှင့် နှိုင်းယှဉ် ရှင်းပြသည် ကိုလည်း တွေ့ရသည်။ နိုင်ငံတကာမှာ အဖြူကဒ် မဆိုပါနှင့်၊ တစ်ဆင့် အဆင့်မြင့်သော အစိမ်းကဒ် / Green Card ရထားသူပင် မဲထည့် ပိုင်ခွင့် မရှိဟု မီးမောင်းထိုး ရှင်းပြ နေသည်။ ဖြစ်ရပ်မှန်မှာ နိုင်ငံတကာတွင် အဖြူကဒ် ဟူ၍ မရှိပါ။ နိုင်ငံတကာတွင် တရားဝင် ဗီဇာဖြင့် ၀င်ရောက်သူများ၊ ဒုက္ခသည်များ အဖြစ် နိုင်ငံအတွင်းသို့ ၀င်ရောက် နေထိုင်ခွင့် ရသူ များသည် နှစ်ရှည်လများ ဆက်လက် နေထိုင်လိုပါက (သို့) ထိုနိုင်ငံတွင် အမြဲတမ်း နေထိုင်လိုပါက တရားဝင် လျှောက်လွှာ တင်ရသည်။ ထိုလျှောက်ထားသူ များကို စီစစ်ပြီး အစိမ်းကဒ် / Green Card ထုတ်ပေးသည်။ ထို Green Card ဖြင့် သက်ဆိုင်ရာ နိုင်ငံ ဥပဒေများ အရ ငါးနှစ်မှ ဆယ်နှစ် အထိ ဆက်လက် ဥပဒေနဲ့ အညီ ကောင်းမွန်စွာ နေထိုင်သူ များသည် ထိုနိုင်ငံ များ၏ နိုင်ငံသား အဖြစ်ပင် ရရှိသည်။

ယနေ့ မြန်မာပြည်မှ (အဖြူကဒ်) ယာယီ သက်သေခံ လက်မှတ်သည် နိုင်ငံခြားက အဖြူကဒ်၊ အစိမ်းကဒ် များနှင့် မတူဘဲ အဆင့်မြင့်သည်။ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ မပေါ်ခင်က နိုင်ငံသား အထောက် အထားအဖြစ် အသုံးပြု ခဲ့သော အထောက် အထား စာရွက် ဖြစ်ပါသည်။

ယာယီ သက်သေခံ လက်မှတ်၏ မူရင်း ဇစ်မြစ်မှာ ၁၉၄၉ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ ဖြစ်သည်။

ထိုဥပဒေ ပုဒ်မ(၄) အပိုဒ်ခွဲ (၂) မှာ မှတ်ပုံတင် အရာရှိ (သို့) လက်ထောက် မှတ်ပုံတင် အရာရှိသည် မှတ်ပုံတင် ထားသူတိုင်းနှင့် စပ်လျဉ်း၍ ပြဌာန်း ထားသည့် အကြောင်း အရာများ ပါရှိသော မည်သူ ဖြစ်ကြောင်း သက်သေခံသည့် ကဒ်ပြား တစ်ချပ်ကို ဤဥပဒေ အရ ပြုလုပ်သည့် နည်းပညာ များနှင့် အညီ ထုတ်ပေး ရမည်။ ထိုကဒ်ပြားကို ဤမှနောင်တွင် သက်သေခံ ကဒ်ပြားဟု ရည်ညွှန်းသည်ဟု ပါရှိသည်။

နောင်တွင် ဤကဒ်ပြားကို အမျိုးသား မှတ်ပုံတင်ကဒ် (NRC) ဟုခေါ်သည်။ မြန်မာနိုင်ငံရှိ အိမ်ထောင်စု စာရင်းတိုင်းမှာ ပါရှိသော နိုင်ငံသား / နိုင်ငံခြားသား ကော်လံ ဇယားများ ဖြည့်ရာတွင် အထက်ပါ သက်သေခံ ကဒ်ပြား နံပါတ်ကို နိုင်ငံသား ဇယားမှာ ဖြည့်ထားကြောင်း တွေ့ရသည်။ ဌာနဆိုင်ရာ ၀န်ထမ်းဖိုင် များတွင်လည်း နိုင်ငံသား ဇယားမှာ ထိုနံပါတ်ကို ဖြည့်ရသည်။ ၁၉၈၂ ခုနှစ်ထိ နိုင်ငံသား အထောက် အထားဟု ပြရပါက ထိုလက်မှတ်ကိုသာ ပြခဲ့ရပါသည်။ ထိုလက်မှတ်ဖြင့် မြန်မာနိုင်ငံသား နိုင်ငံကူး လက်မှ (Passport) ထုတ်ယူ ရသည်။ မြန်မာနိုင်ငံတွင် တော်လှန်ရေး ကောင်စီခေတ်မှ စ၍ နိုင်ငံသား များကိုသာ အလုပ်အကိုင် ခန့်ရာ ထိုသက်သေခံ ကဒ်ပြား (NRC) ရှိသူသာ လျှောက်ထားခွင့် ရှိသည်။ အသက် မွေးဝမ်းကျောင်း တက္ကသိုလ် ၀င်ခွင့် အတွက် (3NRC) မိမိ (NRC) နှင့် မိဘနှစ်ပါး (NRC) များကို နိုင်ငံသား ဖြစ်ကြောင်း အထောက် အထား အဖြစ် တင်ပြ ရသည်။ နိုင်ငံခြားသား များက အသက် မွေးဝမ်းကျောင်း၊ သိပ္ပံ၊ တက္ကသိုလ် များမှာ ပညာ သင်ယူခွင့် မရှိချေ။

ရခိုင်မြောက်ပိုင်း ယခု ယာယီ သက်သေခံကဒ် ကိုင်ဆောင်သူ များ၏ မိဘ၊ ညီအစ်ကို မောင်နှမ များသည် (NRC) သက်သေခံကဒ် ကိုင်ဆောင် ခဲ့သဖြင့် အထက်ပါ နိုင်ငံသား အခွင့်အရေး များကို အပြည့် အ၀ ရရှိခဲ့သည်။ ထိုသက်သေခံကဒ်ဖြင့် မြန်မာနိုင်ငံ လွှတ်တော် ရွေးကောက်ပွဲ အသီးသီးတွင် ၁၉၅၀ ကျော်နှစ်များမှ စ၍ ၂၀၁၀ ခုနှစ် အထိ မဲထည့်ပေးခွင့်၊ အရွေးခံခွင့်များ ရရှိခဲ့သည်။

ဤတွင် ယာယီ သက်သေခံ ကဒ်ပြား (White Card / အဖြူကဒ်) သည် သာမာန်ရုံးက ထုတ်ပေးသော အထောက် အထား တစ်ခုလား (သို့) ပယ်ဖျက်ခြင်း မရှိသေးသော တည်ဆဲ ဥပဒေအရ ထုတ်ပေးသော သက်သေခံ လက်မှတ်ကို အစားထိုးသော ယာယီ လက်မှတ်လားဆိုတာ စဉ်းစားရန် ရှိပါသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော် အတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေများ ပုဒ်မ (၁၂)၊ အပိုဒ် (၁) တွင် လက်ထောက် မှတ်ပုံတင် အရာရှိသည် မှတ်ပုံတင် စာရင်းများ ရရှိသောအခါ ထိုစာရင်း များတွင် နည်းလမ်း တကျ ထည့်သွင်း ထားသူ အသီးသီးကို (၁၀) နှစ်ပြည့်ပြီး ဖြစ်လျှင် သက်သေခံ ကဒ်ပြား တစ်ခုစီ ထုတ်ပေးရန်။

တဖန် ပုဒ်မ (၁၃) (၁) တွင် အောက်ပါ အကြောင်းတစ်ခုခု ရှိလျှင် စာရင်းထိန်းက ယာယီ သက်သေခံ လက်မှတ် များကို ထုတ်ပေး နိုင်သည်ဟု ပါရှိသည်။ ပုဒ်မ (၁၃) (၁) (ခ) မှာ ပျောက်ဆုံးသော (သို့) ပျက်စီးသော (သို့) မထင်မရှား ဖြစ်သော သက်သေခံ ကဒ်ပြား အစား အခြား ကဒ်ပြားတစ်ခု ထုတ်ပေးရန် လျှောက်ထား နိုင်သည်ဟု ပါရှိ ပြန်သည်။

ယာယီ သက်သေခံ ကဒ်ပြားကို ပုံစံ (၃) ဟု ခေါ်တွင်ပြီးသော ကန့်သတ်သော ကာလ တစ်ခု အတွက်သာ ဖြစ်သည်။ ယာယီ သက်သေခံ ကဒ်ပြား အစား သက်သေခံကဒ် (NRC) ရရှိသောအခါ ယာယီကဒ်ကို စာရင်းထိန်း ထံတွင် ပြန်အပ်ရမည်ဟု အထက် နည်းဥပဒေများ ပါရှိပါသည်။

အထက် ဥပဒေများ အရ ပုဒ်မ (၃၃)၊ သက်သေခံ ကဒ်ပြား (၀ါ) ယာယီ သက်သေခံ ကဒ်ပြားကို နိုင်ငံသား များအားသာ ထုတ်ပေးရသည်။ နိုင်ငံခြားသားများ ဤဥပဒေနှင့် မသက်ဆိုင် စေရပါ။ ပုဒ်မ (၃၃) (၁က/ခ) တို့အရ နိုင်ငံခြားသား များကို ၁၉၄၀ ပြည့်နှစ် နိုင်ငံခြားသား မှတ်ပုံတင် ဥပဒေနှင့် နည်းဥပဒေများ အရ မှတ်ပုံတင် ရမည်။ ထိုသို့ မှတ်ပုံတင်၍ ထုတ်ပေးသည့် သက်သေခံ လက်မှတ်သည် မြန်မာနိုင်ငံတွင် နေထိုင်သူများ မှတ်ပုံတင်ရေး၊ နည်းပညာ အရ ထုတ်ပေးသည့် သက်သေခံ ကဒ်ပြား ဖြစ်သည်ဟု မှတ်ယူ ရမည်ဟု ပါရှိသည်။ ဤတွင် မြန်မာနိုင်ငံတွင် နေထိုင်သူ များတွင် အမျိုးသား မှတ်ပုံတင် ကဒ်ပြားတွင် (NRC) နှင့် နိုင်ငံခြားသား မှတ်ပုံတင် ကဒ် (FRC) ဟူ၍ နှစ်မျိုးရှိနေသည်။ မှတ်ပုံတင် ပုံစံ များလည်း မတူပါ။

ခြုံငုံ ပြောရလျှင် ယာယီ သက်သေခံ ကဒ်ပြားသည် နိုင်ငံသား များအား ဥပဒေအရ ထုတ်ပေးခဲ့သော အထောက် အထား ဖြစ်သည်။ နိုင်ငံခြားသား များကို ထုတ်ပေးခဲ့သော လက်မှတ် မဟုတ်ပါ။

သို့ဖြစ်ပါ၍ ယာယီ သက်သေခံ ကဒ်ပြားကို သက်သေခံ လက်မှတ် (အမျိုးသား မှတ်ပုံတင်ကဒ်) (သို့) နိုင်ငံသား စီစစ်ရေးကဒ် ထုတ်မပေးရသည့် ကြားကာလတွင် မဲထည့်ခွင့်၊ နိုင်ငံရေး ပါတီ တည်ထောင်ခွင့်၊ ရွေးကောက်ပွဲ များတွင် ၀င်ရောက် ယှဉ်ပြိုင်ခွင့် များကို ခွင့်ပြုရမည် ဖြစ်သည်။

အထက်ပါ အခွင့်အရေး များကို ပိတ်ပင်လိုခြင်းသည် နိုင်ငံသား တစ်စု၏ နိုင်ငံသားဖြစ်ခွင့် ရရှိပြီး ဖြစ်နေခြင်းကို ချိုးဖောက် ဖျက်ဆီးရာ ကျပါမည်။ ဥပဒေ နောက်ကြောင်းပြန် အကျိုး သက်ရောက်စေခြင်း၊ လူအခွင့်အရေး ချိုးဖောက်ခြင်း၊ ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာ စာတမ်း အပိုဒ် (၁၅) ပါ ပြဌာန်းချက်ကို ပစ်ပယ်ပြီး မိမိတို့ မလိုလား၊ မကြိုက် မနှစ်သက်သော လူတစ်စုကို နိုင်ငံမဲ့ ဖြစ်အောင် ကြံစည်ခြင်းသာ ဖြစ်ပေသည်။

ကုလသမဂ္ဂ၏ နိုင်ငံမဲ့ ပပျောက်ရေး ကွနါဗန်းရှင်း များအရ ယနေ့ ကမ္ဘာမှာ နိုင်ငံမဲ့ ဖြစ်နေသူ ဟူ၍ မရှိစေရပါ။

ဤဆောင်းပါးဖြင့် အဖြူကဒ် (White Card) အကြောင်း ပြည်သူ များနှင့် ဗဟုသုတ ဖလှယ်ခြင်း ဖြစ်သည်။ ဥပဒေ ပညာရှင် များကလည်း ဆွေးနွေး ရေးသားမှုများ ရှိသည်။ အဖြူကဒ် အကြောင်း ယနေ့ ရှေ့တန်း တင်လာခြင်းသည် လူတစ်စု၏ နိုင်ငံရေး အမြတ်ထုတ်ရန် ကြံစည်မှု ဖြစ်ကြောင်း နိဂုံးချုပ် ရှင်းပြအပ် ပါသည်။



MYARF
RB News
11.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်စိန်သည် ဒေသခံ ရိုဟင်ဂျာများ ထံမှ သစ်များ သိမ်းယူခြင်း၊ အကြောင်းမဲ့ ငွေညှစ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဧပြီလ (၇) ရက်နေ့ နေ့လည် ၁၂ နာရီ အချိန်တွင် ကျောက်ပန္ဒူ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်စိန်သည် ကျောက်ပန္ဒူ စေတီရွာမှ ရာအိမ်မှူးများ ဖြစ်သည့် ဦးအဒူလ်ဟာကီးမ် (ဘ) ဦးဟာဘီအုလ္လာ၊ ဦးဟာရှီးမ် (ဘ) ဦးအဒူရှကူရ်၊ ဦးအဘုလ်ဟာရှီးမ် (ဘ) ဦးဟာဆောင်နှင့် ဆယ်အိမ်မှူးများ ဖြစ်သည့် ကျောက်ပန္ဒူ စေတီရွာမှ ဦးအိုမာရ်ဟာကီးမ် (ဘ) ဦးဟူစိန်းအလီ၊ ကျောက်ပန္ဒူ ရွာကြီးမှ ဦးဂျိုနိုက်အလီ၊ ဦးဟာမိတ် (ဘ) ဦးမာမတ်ဟူစိန်း တို့ကို ကျောက်ပန္ဒူ စေတီရွာစုသို့ စေလွှတ်၍ ဦးရော်ဟီမုလ္လာ (ဘ) ဦးအဒူဆာလမ် (အသက် ၄၂ နှစ်) က ကွမ်းခြံတွင် ရောင်းရန် စုဆောင်း ထားသည့် သစ်များကို သိမ်းယူ ခိုင်းခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ သိမ်းယူခံ ရသည့် သစ်များ၏ တန်ဖိုးမှာ ငွေကျပ် ၄၀၀၀၀ ကျော်ဖိုး ရှိကြောင်း သိရှိရပါသည်။

ဧပြီလ (၂) ရက်နေ့ကလည်း အုပ်ချုပ်ရေးမှူး ဦးကျော်စိန်သည် ရာအိမ်မှူး ဦးအဒူလ်ဟာကီးမ် (ဘ) ဦးဟာဘီအုလ္လာကို ကျောက်ပန္ဒူ စေတီရွာသို့ စေလွှတ်၍ မော်လ၀ီ ဦးဟာရှီမ်အုလ္လာ (ဘ) ဦးလာလ်မျာ ထံမှ အကြောင်းမဲ့ ငွေ ငါးသောင်း ညှစ်ရန် စေလွှတ်ခဲ့သည်။ မော်လ၀ီ ဦးဟာရှီမ်အုလ္လာက မပေးနိုင်ဟု ငြင်းဆိုလိုက်သဖြင့် အုပ်ချုပ်ရေးမှူး ဦးကျော်စိန်က ရဲများကို တိုင်တန်းခဲ့သည်။ ရဲများက မော်လ၀ီ ဦးဟာရှီမ်အုလ္လာကို နေ့စဉ် သုံးကြိမ်ခန့် အကြောင်းမဲ့ ဖမ်းဆီးရန် လိုက်လံ ရှာဖွေ သောကြောင့် စိတ်အနှောက် အယှက် အဖြစ်မခံနိုင်တော့ သဖြင့် နောက်ဆုံးတွင် အုပ်ချုပ်ရေးမှူး ဦးကျော်စိန်ကို ငွေကျပ် ငါးသောင်း ပေးခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။



Rohingya Eye
RB News
11.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သ၀န်ချောင်း ကျေးရွာ အခြေစိုက် ရဲကင်းစခန်းမှ လုံထိန်း (၆) ဦးက အသက် ၁၄ နှစ် အရွယ် ရိုဟင်ဂျာ ကလေး တစ်ဦးကို ပြင်းထန်စွာ ရိုက်နှက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း အစွန်ဆုံး ကျေးရွာ ဖြစ်သော သ၀န်ချောင်း ကျေးရွာတွင် လုံထိန်း ရဲကင်း စခန်း တစ်ခု ရှိပြီး အဆိုပါ စခန်းသည် အင်းဒင် အခြေစိုက် စခန်း အမှတ် (၁၈) လက်အောက်ခံ ဖြစ်ရာ မြင်းလွှတ် အခြေစိုက် အမှတ် (၈) နယ်မြေမှ နယ်မြေမှူးက ကွပ်ကဲကြောင်း သိရှိရသည်။ လုံထိန်း စခန်းတွင် လုံထိန်း တပ်ဖွဲ့ဝင် ၆ ဦးရှိပြီး ဒုရဲအုပ် မောင်တိုးသည် ကင်းစခန်း တာဝန်ခံ ဖြစ်သည်။ လုံထိန်း တပ်ဖွဲ့ဝင်များ အားလုံးသည် ရခိုင် လူမျိုးများ ဖြစ်ကြသည်။

၎င်းတို့ကို ချက်ပြုတ် ကျွေးမွေးရန်၊ သန့်ရှင်း ပြုလုပ်ပေးရန်နှင့် ခန္ဓာကိုယ်ကို နှိပ်ပေးရန် နေ့စဉ် နေ့တိုင်း ဒေသခံ ရိုဟင်ဂျာ တစ်ဦးစီ အလှည့်ကျ နံနက် ၆ နာရီမှ ညနေ ၆ နာရီခွဲ အထိ ခေါ်ယူ၍ အတင်းအဓမ္မ ခိုင်းစေလျက် ရှိသည်။ ဧပြီလ (၈) နေ့တွင် အလှည့်ကျသည့် ကာဆိမ်းအလီ (ဘ) ဦးနာရှုမျာ (အသက် ၁၄ နှစ်) ကို နောက်ကျမှ ရောက်သည်ဟု ဆိုကာ အဆိုပါ လုံထိန်း တပ်ဖွဲ့ဝင် (၆) ဦးက ၀ိုင်းဝန်း ထိုးကြိတ် ခဲ့ရာ လမ်းမလျှောက် နိုင်တော့သည့် အထိ ပြင်းထန်စွာ ဒဏ်ရာ ရခဲ့ပြီး စခန်း အပြင်ဘက်တွင် လဲကျနေခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

လဲကျနေသည့် ၁၄ နှစ်အရွယ် ကာဆိမ်းအလီကို ရွာသားများက တွေ့၍ ဖခင် ဖြစ်သူကို သတင်းပို့သည့် အခါမှ ဖခင်က သားဖြစ်သူကို အိမ်သို့ ထမ်း၍ ခေါ်သွားခဲ့ရသည်။ ရိုက်နှက်ခံရသည့် ကလေးသည် လမ်းပင် မလျှောက် နိုင်တော့သည့် အပြင် အစား အသောက်လည်း မစားနိုင်တော့ဘဲ ပြင်းထန်စွာ ဝေဒနာ ခံစား နေရကြောင်း ဒေသခံများက ပြောပါသည်။

လုံထိန်းများက အတင်းအဓမ္မ စေခိုင်းခြင်းမှာ ဥပဒေကို ချိုးဖောက်၍ ခိုင်းစေခြင်း ဖြစ်သော်လည်း၊ ဒေသခံ ရိုဟင်ဂျာများက ပြဿနာ မဖြစ်ပွားလို၍ ခိုင်းစေသည့် အတိုင်း အလှည့်ကျ နေ့စဉ် ဆောင်ရွက် ပေးနေသည်ကို ယခုကဲ့သို့ ရက်စက်စွာ ရိုက်နှက်သည့် အတွက် အထက် အာဏာပိုင်များက အရေးယူပေးရန် တောင်းဆိုကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဗလီပိုင်မြေ ပေါ်တွင် ဒေါ်သန်းသန်းက ကျူးကျော်ဆောက်လုပ် နေသည့်အိမ်

MYARF
RB News
11.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်း ကျေးရွာရှိ ဗလီမြေကို ရဲအရာရှိ၏ ဇနီးက ကျူးကျော်၍ အိမ်ဆောက်လုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

၂၀၁၁ ခုနှစ်မှစ၍ မောင်တောမြို့နယ် ကြိမ်ချောင်း အလယ်ရွာရှိ ကြိမ်ချောင်း ရဲစခန်း ရှေ့တွင် ရှိသော ဇာဟေဒီယာ ဗလီမြေပေါ်တွင် ရဲအရာရှိ ဦးစိုးချေ၏ ဇနီးဖြစ်သူ ဒေါ်သန်းသန်းက လစဉ် လစာ ပေးမည်ဟု ဆိုကာ ဆိုင်ဆောက်လုပ် ခဲ့သည်။ သို့သော်လည်း မြေငှားရမ်းခ အတွက် လစဉ် လစာ မပေးခဲ့သည့် အပြင် ယခုအခါ ဗလီမြေကို ကျူးကျော်၍ အိမ်ဆောက်လုပ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ထိုသို့ ကျူးကျော်ခြင်းနှင့် ပတ်သက်၍ ကျေးရွာ အုပ်ချုပ်ရေးမှူး ထံသို့ ဗလီ ဂေါပက အဖွဲ့က တိုင်ကြားရန် သွားခဲ့ရာ အုပ်ချုပ်ရေးရုံး စာရေးကြီး ဦးထွန်းဝင်းက တိုင်ကြားစာကို လက်မခံဘဲ မြေပေါ်သို့ ရိုင်းပျစွာ ပစ်ချ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

“ရဲအရာရှိ ဦးစိုးချေရဲ့ ဇနီး ဒေါ်သန်းသန်း ဆောက်လုပ် နေတဲ့ အိမ်နဲ့ ဗလီနဲ့ ဆိုရင် ပေ ၅၀ လောက် ဝေးပါတယ်။ ဒေါ်သန်းသန်း ဆောက်လုပ်နေတဲ့ အိမ်မြေနေရာက ဗလီပိုင်မြေ ဖြစ်ပါတယ်။ အခု ဆောက်နေတဲ့ အိမ်ရဲ့နောက်မှာ ဗလီက အိမ်သာရှိပါတယ်။ အဲဒီ အိမ်သာကိုပါ ဖျက်ပြီး ဆောက်ဖို့ စီစဉ်နေတယ်။ အစပိုင်းက လစဉ် လစာ ပေးမယ်ဆိုပြီး ဆိုင်ဆောက်တယ်။ ပြီးတော့ လစာလည်း မပေးတဲ့ အပြင် အခု အိမ်ဆောက်ပြီး ကျူးကျော်တယ်။ ရဲစခန်းကို တိုင်တော့လည်း အရေးမယူဘူး။ ကျေးရွာ အုပ်ချုပ်ရေးကို တိုင်တော့လည်း တိုင်စာကိုပါ မြေပေါ်ကို ပစ်ချပြီး ရိုင်းရိုင်း စိုင်းစိုင်းတွေ ပြောတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။



RB News
11.4.2014

ပုဏ္ဏားကျွန်း ။ ။ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်း မြို့နယ်၊ ကာဒီရွာမှ ဒေသခံ ရိုဟင်ဂျာ ၃၅ ဦးကို ဗိုလ်ကြီး မြတ်မင်းဟိန်းက အကြောင်းမဲ့ ရိုက်နှက်ခဲ့ရာ ၄ ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိပါသည်။

ဧပြီလ (၈) ရက်နေ့ ညသန်းခေါင်ယံ အချိန်တွင် ကျောက်တော်မြို့နယ် အခြေစိုက် တပ်ရင်း တစ်ခုမှ ဗိုလ်ကြီး မြတ်မင်းဟိန်းနှင့် အဖွဲ့သည် ပုဏ္ဏားကျွန်းမြို့နယ် ကာဒီရွာသို့ ရောက်ရှိလာပြီး ဒေသခံ ရိုဟင်ဂျာ ၃၅ ဦးကို အကြောင်းမဲ့ ရိုက်နှက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ အရိုက်ခံရသူ ၃၅ ဦးတွင် အမျိုးသမီး ၃ ဦးလည်း ပါဝင်ပြီး၊ ရိုက်နှက်မှုကြောင့် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

ဗိုလ်ကြီး မြတ်မင်းဟိန်းက ကျေးရွာ အုပ်ချုပ်ရေးမှူးကို ရွာသား ၃၅ ဦးကို ရိုက်နှက်ခြင်းနှင့် ပတ်သက်၍ အထက် အာဏာပိုင်များကို အကြောင်းကြားပါက သေနတ်ဖြင့် ပစ်သတ်မည် ဖြစ်ကြောင်း ခြိမ်းခြောက် ပြောဆို၍ ငွေကျပ် ငါးသောင်း ညှစ်ယူခဲ့သည်။ ကာဒီရွာသည် ပုဏ္ဏားကျွန်း မြို့နယ်တွင် တစ်ခုတည်းသော ရိုဟင်ဂျာရွာဖြစ်ပြီး၊ အိမ်ခြေ ၃၆၀ ခန့်ရှိသည်။ သွားလာခွင့် ကန့်သတ် ထားခြင်းကြောင့် စားဝတ် နေရေး ဒုက္ခရောက် နေသူများ ဖြစ်ပြီး၊ ယခု အခါ အန်ဂျီအိုများ မရှိသောကြောင့် ပိုမို ဒုက္ခရောက်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူးထံတွင် ပုဏ္ဏားကျွန်း မြို့နယ် အခြေစိုက် တပ်ရင်းမှ တပ်ရင်းမှူး၏ ဖုန်းနံပါတ် ရှိသော်လည်း ဖုန်းဆက်လျှင် မကိုင်သောကြောင့် ယခုကဲ့သို့ ညှဉ်းပန်း နှိပ်စက်မှုများကို တင်ပြနိုင်ခြင်း မရှိဘဲ၊ ဗိုလ်ကြီး မြတ်မင်းဟိန်းမှ ဒေသခံများကို ဆက်လက် ညှဉ်းပန်း ရိုက်နှက် နှိပ်စက်မည်ကို စိုးရိမ်လျက် ရှိကြောင်း သိရှိရပါသည်။




RB News
11.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွှေဇား တံတားပေါ်ရှိ လုံခြုံရေး ရဲကင်းတွင် တာဝန်ထမ်းဆောင် နေသည့် လ.၀.က ၀န်ထမ်းများသည် ခရီးသွား ပြည်သူများထံမှ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် ရွှေဇား တံတားပေါ်ရှိ လုံခြုံရေး ရဲကင်းတွင် ယခင်က လုံထိန်းများက ငွေညှစ်ခဲ့သော်လည်း၊ ယခု အခါ လုံထိန်းများက မစစ်ဆေးတော့ဘဲ လ.၀.က ၀န်ထမ်းများက ယာယီကဒ်ပြားများ၊ ခရီးသွားလာခွင့် လက်မှတ်များကို စစ်ဆေးလျက် ရှိသည်။ ထိုသို့ စစ်ဆေးရာတွင် ငွေညှစ်ရုံသာမက ရိုင်းပျစွာ ဆက်ဆံမှုများပင် ပြုလုပ်နေကြောင်း ဒေသခံ တစ်ဦးက ယခုကဲ့သို့ ပြောပါသည်။

“အရင်ရက်တွေက လုံထိန်းတွေက စစ်တယ်။ ငွေညှစ်တယ်။ အခု လုံထိန်းတွေက ကားအနားကိုတောင် မလာတော့ ပေမယ့် လ.၀.က တွေက အင်မတန် ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတယ်။ အမျိုးသမီးတွေကိုလည်း အရှက်ရစေတဲ့ အထိ ထိပါး ရိသဲ့ပြီး ပြောဆိုတယ်။ ကားပေါ်မှာ ပါတဲ့ ခရီးသည်တွေကို ခရီးသွားလာခွင့် လက်မှတ်၊ ယာယီလက်မှတ် ပါသည် ဖြစ်စေ၊ မပါသည် ဖြစ်စေ၊ တစ်ခေါက် ဖြတ်ရင် တစ်ယောက်ကို ၅၀၀ ကျပ် ပေးနေရတယ်။ အသွားမှာ တစ်ကြိမ်၊ အပြန်မှာ တစ်ကြိမ်၊ တက္ကစီကားတွေလည်း အဲဒီအတိုင်းပါဘဲ၊ တစ်ခါ ဖြတ်ရင် ၅၀၀ ကျပ် ပေးရတယ်။ အဲဒီတော့ ရွာတွေကနေ မောင်တောမြို့ပေါ်သွားရင် အသွားအပြန် တံတား ဖြတ်ခ ငွေ ၁၀၀၀ ပေးနေရတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ကျေးရွာများတွင် နေထိုင်ကြသည့် ဒေသခံ ရိုဟင်ဂျာ အများစုမှာ ဆင်းရဲ နွမ်းပါးသူများ ဖြစ်ကြပြီး၊ မောင်တောမြို့ပေါ်သို့ လာရာတွင် တံတားဖြတ်သန်းခ အဖြစ် ငွေကျပ် ၁၀၀၀ ပေးနေရသည့် အတွက် ၀န်ထုပ် ၀န်ပိုး ဖြစ်လာသလို၊ လ.၀.က မှ ငွေညှစ်ခြင်းမှာလည်း ဥပဒေကို ချိုးဖောက်ခြင်းသာ ဖြစ်သဖြင့် နိုင်ငံတော် အစိုးရမှ အမြန်ဆုံး အရေးယူ ဆောင်ရွက် ပေးရန် လိုအပ်ကြောင်း ဒေသခံများက ပြောပါသည်။




MYARF
RB News
11.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အခြေစိုက် ခလရ ၂၃၄ မှ တပ်ရင်းမှူးနှင့် နယ်ခြားစောင့် တပ်ဖွဲ့ဝင် ၆ ဦးတို့က ဒေသခံ ရိုဟင်ဂျာများထံမှ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဧပြီလ ၂ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာ အခြေစိုက် ခလရ ၂၃၄ မှ တပ်ရင်းမှူးက သပြေတော ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ (၃) ဦးကို တစ်ဖက်နိုင်ငံသို့ ဆိတ်နှင့် နွားများ တရားမ၀င် တင်ပို့နေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ငွေကျပ် တစ်သိန်းစီ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ငွေကျပ် တစ်သိန်းစီ ညှစ်ခံရသူ (၄) ဦးမှာ --

(၁) မော်လ၀ီ ဦးအဒူလ်ဟာဘဲစ် (ဘ) ဦးဒိလ်မာမတ်
(၂) ဦးအီလီယာစ် (ဘ) ဦးအဒူဆလာမ်
(၃) မော်လ၀ီ ဦးနူရ်ဟူစိန်း (ဘ) ဦးတာဇောမူလုခ် -- တို့ ဖြစ်သည်။

မောင်တောမြို့နယ်၊ တောင်ပိုင်း မြင်းလွတ် ကျေးရွာ အုပ်စု၊ ဂျင်တောရွာမှ အာရှော၊ ဟာမိတ် (ဘ) ဦးနာဂူ၊ မောင်တာစ်အုလ္လာ (ဘ) ဦးမာမတ်ရှော်ဘိ၊ အေဘာဒူ (ဘ) ဦးရှုနာမျာနှင့် ရှောမ်ရှုအာလမ် (ဘ) မော်လ၀ီ ဟူစိန်း တို့သည် ထင်းခုတ်၍ အသက်မွေးဝမ်းကျောင်း ပြုနေသူများ ဖြစ်သည်။ ၎င်းတို့ (၅) ဦးက ထင်းခုတ်၍ ရရှိလာသည့် ထင်းများကို လမ်းဘေးတွင် ပုံထားသည့် အချိန်တွင် ဂျင်တောရွာ အခြေစိုက် လုံခြုံရေး စခန်း (အမှတ် ၈ နယ်မြေ စခန်းခွဲ) မှ နယ်ခြားစောင့် တပ်ဖွဲ့ဝင် ၆ ဦး ရောက်ရှိလာပြီး ထင်းခုတ်သည့် အတွက် တရားစွဲမည်ဟု ဆိုကာ ခြိမ်းခြောက်၍ တစ်ဦးထံမှ ငွေကျပ် ၃ သောင်းစီနှင့် ထင်းအချို့ကို ဓါးပြသဖွယ် ယူဆောင် သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။




MYARF
RB News
11.4.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် အမှတ် (၇) ရပ်ကွက်သို့ မီးရှို့ရန် ၀င်ရောက်လာသည့် ရခိုင် အစွန်းရောက်များကို မောင်းထုတ်ခဲ့သည့် ဒေသခံ ရိုဟင်ဂျာ (၄) ဦးကို ရဲက ဖမ်းဆီး၍ ထောင်ချလိုက်ကြောင်း သတင်း ရရှိပါသည်။

ဧပြီလ (၇) ရက်နေ့ ည ၉ နာရီကျော် အချိန်တွင် ဘူးသီးတောင်မြို့နယ်၊ အမှတ် (၇) ရပ်ကွက် အတွင်းသို့ ရခိုင် အစွန်းရောက် အုပ်စု တစ်စုက ဓါတ်ဆီပုံးများ ကိုင်ဆောင်၍ မီးရှို့ရန် ၀င်ရောက် လာရာ၊ ရပ်ကွက်အတွင်းမှ ရိုဟင်ဂျာ (၄) ဦး မြင်တွေ့ သွားသဖြင့် မောင်းထုတ်ခဲ့ သဖြင့် မီးရှို့ရန် ၀င်လာသူများ ထွက်ပြေး သွားခဲ့ရသည်။ ထို့နောက် ရဲတစ်ဦး ချက်ချင်းဆိုသလို ရောက်ရှိလာပြီး မောင်းထုတ်ခဲ့သည့် ရိုဟင်ဂျာ (၄) ဦးကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ဧပြီလ (၈) ရက်နေ့တွင် ၎င်းရိုဟင်ဂျာ (၄) ဦးကို ထောင်ဒဏ် (၁၅) ရက်စီ အမိန့်ချခဲ့သည်။ ၎င်းတို့ (၄) ဦးကို ဖမ်းဆီးစဉ် အချိန်က ည ၉း၄၅ နာရီသာ ရှိခဲ့သော်လည်း ၎င်းတို့ကို ည ၁၁း၃၀ နာရီတွင် တွေ့ရှိသည်ဟု လိမ်လည်၍ ထောင်ချခဲ့ခြင်း ဖြစ်သည်။ မီးရှို့ရန် လာသည့် အုပ်စုနှင့် ရဲတို့ ချိတ်ဆက်၍ ယခုကဲ့သို့ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဧပြီလ (၅) ရက်နေ့ ည ၈း၃၀ နာရီ အချိန်တွင် ဘူးသီးတောင် မြို့နယ် ဖရုံချောင်း ကျေးရွာ အုပ်စု၊ ပြင်တောင်ရွာ အနောက်ဘက်မှ မောင်လှမြ (ဘ) ဦးထွန်းအောင် (ဖရုံချောင်း ရခိုင်ရွာမှ) အပါအ၀င် ရခိုင် အစွန်းရောက် ၁၀ ဦးခန့်က လက်နက်များ၊ ဓါတ်ဆီပုံးများ ကိုင်ဆောင်၍ ၀င်ရောက် လာသည်ကို ဒေသခံ ရိုဟင်ဂျာများ တွေ့သဖြင့် ပြန်လည် ထွက်သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောသည်။

ရခိုင် အစွန်းရောက် များသည် ဘင်္ဂလားဒေ့ရှ်မှာ ဘင်္ဂလီ-ရခိုင်များနှင့် ပူးပေါင်း၍ အကြမ်းဖက်ရန် နည်းမျိုးဖြင့် ကြိုးပမ်းလျက်ရှိရာ ဧပြီလ (၆) ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် ဘူးသီးတောင် မြို့နယ် ဂူတာပြင် ကျေးရွာ အုပ်စု ငှက်ပျောချောင်း ကျေးရွာမှ အောင်နိုင် (ဘ) ဦးအောင်ကျော်လှ၊ မောင်ဖြူ၊ အောင်လှဖြူ တို့အပါအ၀င် ရခိုင် ၂၀ ဦးခန့်တို့သည် လက်နက် သေတ္တာ ၁၀ လုံးကို ငှက်ပျောချောင်းရှိ တောင်ထဲတွင် ၀ှက်ထားခဲ့သည်ကို ဒေသခံများက တွေ့မြင်ခဲ့ပြီး၊ ဧပြီလ (၇) ရက်နေ့တွင်လည်း ဒေါလ္လာဇီရိဟု ခေါ်သည့် တောင်ကြားတွင် ထပ်မံ တွေ့ရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဘူးသီးတောင်မြို့နယ် ဖရုံချောင်း၊ ဘုရားပြင်အောင်ပ၊ သိမ်တောင်ပြင်၊ ဒုအိုးသည်မ စသော ကျေးရွာများ အတွင်းသို့ ရခိုင်များက ဖားရှာရန် အကြောင်းပြ၍ ဓါးများ၊ ဓါတ်ဆီပုံးများ ကိုင်၍ မကြာခဏ ၀င်ရောက် နေသည့် အတွက် မောင်တောမြို့နယ် မြောက်ပိုင်း လောင်းဒုံး ကျေးရွာနှင့် ငါးစားကြူး ကျေးရွာများကဲ့သို့ မီးရှို့ခံရမည်ကို စိုးရိမ်လျက် ရှိနေကြသည်။



MYARF
RB News
11.4.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် ကကျက်ဘက် ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ ၉ ဦးက ၎င်းတို့၏ အိမ်တွင် ရိုဟင်ဂျာ ဖြည့်ခွင့် ရမှသာ သန်းခေါင် စာရင်းတွင် ပါဝင်မည်ဟု ပိုစတာ ရေးသား ချိတ်ဆွဲ ခဲ့သည့် အတွက် ငွေညှစ်ခံ ခဲ့ရကြောင်း သတင်း ရရှိပါသည်။

ဧပြီလ (၄) ရက်နေ့က ဘူးသီးတောင်မြို့နယ် ကကျက်ဘက် ကျေးရွာသို့ သန်းခေါင်စာရင်း ကောက်ယူရေး အဖွဲ့ ရောက်သည့် အချိန်တွင် ဒေသခံ ရိုဟင်ဂျာ (၉) ဦးက ၎င်းတို့၏ အိမ်ရှေ့တွင် ရိုဟင်ဂျာ ဖြည့်ခွင့် ရမှသာ သန်းခေါင်စာရင်းတွင် ပါဝင်မည်ဟု ရေးသား၍ ပိုစတာများ ချိတ်ဆွဲခဲ့သည်။ ထိုသို့ ရေးသားခဲ့ခြင်းနှင့် ပတ်သက်၍ ဧပြီလ (၁၀) ရက်နေ့ ညနေ ၄း၃၀ နာရီ အချိန်တွင် ဘူးသီးတောင် မြို့နယ် ရဲစခန်းမှ ရဲအုပ် မြတ်ထွေး ရောက်ရှိလာပြီး၊ တစ်ဦးလျှင် ငွေကျပ် ၅ သောင်းစီ မပေးပါက တရားစွဲ ခံရမည်ဟု ခြိမ်းခြောက်၍ ငွေကျပ် ၄ သိန်း ၅ သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ငွေညှစ်ခံရသူ (၉) ဦးမှာ --

(၁) ဦးမိုဟာမတ်ရှော်ဖီ (ဘ) ဦးဖောယာစ်
(၂) ဦးရော်ဖိတ် (ဘ) ဦးဖောယာစ်
(၃) ဦးဖော်ဇော်လ်အာမတ် (ဘ) ဦးဟားဆူ
(၄) ဦးမိုဟာမတ်ကော်ရိမ် (ဘ) ဦးဆယာဒ်ဒူရာမန်
(၅) ဦးဆယာဒ်ကရီးမ် (ဘ) ဦးဆယာဒ်ဒူရာမန်
(၆) မော်လ၀ီ ဦးမာမတ်ဒူဟောက် (ဘ) ဦးအဒူစောမောတ်
(၇) ဦးဝါဒုလ်ဟောက် (ဘ) ဦးအဒူစောမောတ်
(၈) ဒေါ်ဟာဇာရာခါတူ (ဘ) ဦးဂျာနီအာလမ်
(၉) အမည်မသိ -- တို့ဖြစ်သည်။

မဟာဆီနာဘေဂမ်


RB News
10.4.2014

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စစ်တွေ ဆေးရုံတွင် သူနာပြုများက အသက် ၂၀ နှစ်အရွယ် အမျိုးသမီး ကိုယ်ဝန်ဆောင် လူနာ တစ်ဦးကို ဆေးထိုးသတ်ပြီးနောက်၊ အလောင်းကို လူမဆန်စွာ ရိုက်နှက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

ကိုယ်ဝန် နှစ်လဖြင့် ၀မ်းလျှောရောဂါနှင့် ဆီးဝေဒနာ ခံစားနေရသည့် မဟာဆီနာဘေဂမ် (ဘ) ဦးဘော်ဒီအာလမ် (အသက် ၂၀ နှစ်) ကို ဧပြီလ (၇) ရက်နေ့က ဒါးပိုင် ဆေးခန်းတွင် ဆေးကုသရန် ခင်ပွန်းဖြစ်သူ ကိုရှမ်ရှုအာလမ် (ဘ) ဦးမိုဟာမတ်အာမီးန် (အသက် ၂၅ နှစ်) က ခေါ်သွားခဲ့ရာ၊ ဆရာဝန်က စစ်တွေ ဆေးရုံသို့ ပို့၍ ဆေးကုသမှသာ ရောဂါသက်သာမည် ဖြစ်ကြောင်း ပြောသဖြင့် ယင်းနေ့တွင်ပင် စစ်တွေ ဆေးရုံကြီးသို့ ဆရာဝန်၏ ထောက်ခံချက်ဖြင့် မဟာဆီနာဘေဂမ်၏ အစ်မ ဖြစ်သူ မဂျမီလာဘေဂမ် (အသက် ၃၀ နှစ်) နှင့်အတူ ဆရာဝန်၏ အစီအစဉ်ဖြင့် ပို့ဆောင်ခဲ့သည်။ ယမန်နေ့ ဧပြီလ ၉ ရက်နေ့ မွန်းတည့် ၁၂ နာရီ အချိန်တွင် မဟာဆီနာဘေဂမ်၏ အလောင်းကို ရဲများက အစ်မဖြစ်သူ မဂျမီလာဘေဂမ်နှင့် အတူ လာရောက်ပို့ သွားခဲ့ကြောင်း သိရှိရပါသည်။

မဟာဆီနာဘေဂမ်သည် သာမာန်သေဆုံးခဲ့ခြင်း မဟုတ်ဘဲ သူနာပြုများက ဆေးထိုး၍ သတ်ခဲ့ခြင်း ဖြစ်သည်။ မဟာဆီနာဘေဂမ်၏ ခင်ပွန်းဖြစ်သူက ယခုကဲ့သို့ ပြောပါသည်။

“လွန်ခဲ့တဲ့ အပတ်က စပြီး ကျွန်တော့်ရဲ့ ဇနီးက ၀မ်းလျှောရောဂါနဲ့ ဆီးဝေဒနာ ခံစားနေရလို့ (၇) ရက်နေ့က ဒါးပိုင်ဆေးခန်းမှာ သွားပြပါတယ်။ အဲဒီက ဆရာဝန်က စစ်တွေ ဆေးရုံပို့မှ ဖြစ်မယ်လို့ ပြောတော့ ကျွန်တော်တို့က စိတ်ပူကြတယ်။ အဲဒီမှာ ဆရာဝန်က ဘာမှ မဖြစ်စေရဘူးလို့ အာမခံတယ်။ ဆေးရုံတက်မှ ကောင်းမယ်လို့ ပြောတော့ နောက်ဆုံးမှာ အစ်မဖြစ်သူနဲ့ ဆေးရုံကို ဒါးပိုင်ဆေးခန်းက ဆရာဝန်ရဲ့ အစီအစဉ်နဲ့ ပို့လိုက်ပါတယ်။ နောက်နေ့မှာ ဖုန်းနံပါတ် ၀၄၃ ၂၂၇၈၆ ကို ဖုန်းဆက်မေးတော့ သက်သာနေပြီ၊ နောက်နေ့ ဆေးရုံက ပြန်ဆင်းလာ လိမ့်မယ်၊ စိတ်မပူပါနဲ့လို့ ပြောတယ်။ အဲဒါနဲ့ ဆေးရုံက ပြန်ဆင်းလာမယ်လို့ မျှော်နေပေမယ့် နောက်ဆုံး နေ့လည် ၁၂ နာရီလောက်မှာ အလောင်းဘဲ ရတယ်။ သေဆုံးသွားသူကို ရိုက်နှက် ထားတာ ရစရာ မရှိဘူး။ နားရွက်ကို ပလာယာနဲ့ ဆွဲဖြတ်ထားတယ်။ ပြီးတော့ ခန္ဓာကိုယ် တစ်ခုလုံး ရစရာမရှိဘူး။ ၀ါယာကြိုးနဲ့ ရိုက်ထားတဲ့ ဒဏ်ရာတွေ အများကြီးပါ။ အဲဒါတွေက အသတ်ခံရပြီးတဲ့နောက်မှာ ရက်စက် ခံခဲ့ရတာပါ” ဟု မဟာဆီနာဘေဂမ်၏ ခင်ပွန်းက ပြောပါသည်။

မဟာဆီနာကို ဆေးရုံတင်ပြီးနောက် ဧပြီလ (၈) ရက်နေ့တွင် အခြေအနေ တိုးတက်လာခဲ့ပြီး၊ လမ်းပင် လျှောက်၍ ရခဲ့သည်။ သို့သော်လည်း ဧပြီလ (၉) ရက်နေ့ နံနက် ၃ နာရီ အချိန်တွင် သူနာပြုတစ်ဦးက သေဆေးထိုး ပေးခဲ့ခြင်း ဖြစ်ပြီး၊ လူနာစောင့် ဖြစ်သူ မဂျမီလာက ညီမဖြစ်သူကို ကာကွယ်ရန် ကြိုးစားခဲ့သော်လည်း အခြားသော သူနာပြုများက ၀ိုင်းဝန်း၍ ချုပ်ထားခဲ့သဖြင့် ညီမကို မကာကွယ်နိုင်ခဲ့ဟု ယခုကဲ့သို့ ပြောပါသည်။

“ကျွန်မရဲ့ ညီမဖြစ်သူနဲ့ ဆေးရုံကို လူနာစောင့် အဖြစ်နဲ့ လိုက်သွားပါတယ်။ ရောက်ကတည်းက ဆရာဝန်၊ သူနာပြု တွေရဲ့ ဆဲဆိုကြိမ်းမောင်းမှု ပေါင်းစုံကို ခံရပါတယ်။ ကျွန်မတို့ကို ဒါရိုဟင်ဂျာ ဆေးရုံ မဟုတ်ဘူး။ ရိုဟင်ဂျာ ဆေးရုံမှာ သွားကု ဘာညာနဲ့ အမျိုးမျိုး ဆဲဆိုတယ်။ ဆေးရုံတက်ပြီး နောက်နေ့မှာတော့ ကျွန်မ ညီမရဲ့ အခြေအနေ တော်တော်လေး ကောင်းလာခဲ့ပါတယ်။ လမ်းတောင် လျှောက်လို့ ရနေပြီ။ ဒါပေမယ့် ၈ ရက်နေ့ ညသန်းခေါင်ယံ၊ ၉ ရက်နေ့ မနက် ၃ နာရီမှာ ကျွန်မ ညီမကို သူနာပြုတွေ အုပ်စုလိုက် လာပြီး အစိမ်းရောက် ဆေးတစ်မျိုးထိုးတယ်။ ရောဂါ သက်သာနေတဲ့ သူကို ဆေးထိုးဖို့ မလိုတော့ဘူး ထင်လို့ ကျွန်မတားတယ်။ ၀င်ဆွဲတယ်။ အဲဒီမှာ ကျွန်မကို သူနာတွေ အားလုံးက ၀ိုင်းချုပ်တယ်။ ရိုက်တယ်။ ပါးရိုက်တယ်။ ရိုက်တာကြောင့် သွေးတောင် ထွက်တယ်။ ဆေးထိုးပြီး ခဏအကြာမှာ ကျွန်မ ညီမ သေဆုံး သွားပါတယ်။ အဲဒီ အချိန်မှာ ရဲအစောင့်က သူနာပြုတွေကို လှမ်းဆူလိုက်တယ်။ သေသွားတဲ့ သူကို ကုတင်ကနေ ပြောင်းမယ်ပြောတော့ ဟိန္ဒူ အလုပ်သမားတွေကို ကျွန်မ ငွေ ၁၀၅၀၀ ပေးလိုက်ပါတယ်။ အလောင်းကို ကောင်းကောင်းမွန်မွန် ထားဖို့ အတွက်ပါ။ ဒါပေမယ့် အလောင်းကို အောက်မှာ ပစ်ချလိုက်တဲ့ အသံကို ကျွန်မ ကြားလိုက်ရတယ်။ ရိုက်နေတဲ့ အသံတွေလည်း အချိန် အတော်ကြာ ကြားလိုက်ရတယ်။ အဲဒီလို ကြားလို့ ကျွန်မ အော်တော့ ဆရာဝန်တွေနဲ့ သူနာပြုတွေ ၀ိုင်းလာတယ်။ ကျွန်မကိုလည်း သတ်ပစ်မယ့် အနေအထားမှာ ရှိခဲ့တယ်။ ဒါပေမယ့် အဲဒီအချိန် ကျွန်မနဲ့ အတူ ရဲအစောင့် ရှိနေလို့ ကျွန်မကို သတ်လို့ မရခဲ့ဘူး။ ဒီလိုနဲ့ နေ့လည် ၁၂ နာရီမှာ အိမ်ကို ပြန်ရောက်ခဲ့တယ်” ဟု လူနာစောင့်ရန် လိုက်ပါသွားခဲ့သူ မဂျမီလာဘေဂမ်က ပြောပါသည်။

(ဓါတ်ပုံ - ရိုက်တာ) 


O'Laie Manzu
RB News
10.4.2014

လူ့အခွင့်အရေး အပြည့်အဝ အာမခံချက် ရရှိစေရေးနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ စနစ် ထွန်းကား စေရေး အတွက် မြန်မာပြည်သားတွေ ကြိုးပမ်း နေကြတာကို စိတ်ဝင်စား နေခဲ့တာ ကြာခဲ့ပြီ ဖြစ်တဲ့ ကျနော့် အဖို့ကတော့ ပြုပြင် ပြောင်းလဲရေး ကတိကဝတ်တွေကို ကမ္ဘာတဝှမ်းက အခြားသူများ နည်းတူ စောင့်မျှော် နေခဲ့ပါတယ်။ US Campaign for Burma ကို စတင် ဖွဲ့စည်းခဲ့သူ တစ်ဦးလည်းဖြစ်၊ လူမျိုးစုတိုင်းရဲ့အရေးကိုလည်း အကျိုးတော်ဆောင် ပေးနေတဲ့ လူတစ်ယောက်လည်း ဖြစ်တဲ့ ကျနော့် အနေနဲ့ကတော့ မြန်မာနိုင်ငံဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခေါင်းဆောင်မှု အောက်မှ အာဏာရှင် ဖိနှိပ်မှုတွေကနေ လွတ်မြောက်ပြီး ပြောင်မြှောက်တဲ့ အနာဂါတ်ကြီး အသွင်ကူးပြောင်း လာလိမ့်မလား ဆိုတဲ့ မျှော်လင့်ချက် တွေနဲ့အတူ ပျော့ပျောင်း လာပြီလို့ ဆိုတဲ့ မြန်မာ နိုင်ငံရေးကို အသက် မရှုတမ်း စောင့်ကြည့် နေခဲ့ပါတယ်။ ရွေးကောက်ပွဲလည်း ကျင်းပ ခဲ့ပြီးပြီ၊ ပိတ်ပင်တဲ့ လူတွေစာရင်း ကိုလည်း ပယ်ဖျက်ပြီးပြီ၊ ရှေ့ပြေးနိုင်ငံတွေနဲ့ ရင်ဘောင်တန်းလို့ အမှီလိုက် ကြမယ့် ဆိုတဲ့ စိတ်ကူး တွေလည်း ပုံဖော် လာကြပြီ ဆိုတော့ အကျဉ်းတန် လှတဲ့ အချိန်တွေကို ကျော်လွှားပြီး အချိန်အခါ ကောင်းလေးများ ရောက်လေ မလားလို့ ကျနော်မျှော်လင့် မိတယ်။

တောင်အာဖရိက ကတော့ နိုင်ငံသားတွေကို အားမြှင့် ပေးဖို့အတွက် အပြောင်းအလဲ ကာလမှာ အခက်အခဲ တွေကို ရင်ဆိုင်ခဲ့ ရတယ်။ ဂွတာမာလာ၊ ချီလီ၊ အာဂျင်တီးနား၊ အင်ဒိုနီးရှား နဲ့ အခြား နိုင်ငံတွေရဲ့ ရုန်းကန် ခဲ့ရမှုတွေ ကလည်း ဒီလို ခရီးလမ်းတွေ ပေါ်က အခက် အခဲတွေကို သတိမှုဖို့ လိုကြောင်း အချက်ပြ ပေးခဲ့သလို ပိုမို သာယာတဲ့ မနက်ဖြန် နေ့သစ်တွေကို လျင်မြန်စွာ ရောက်ရှိနိုင်မယ့် အလားအလာ တွေကိုလည်း ဖော်ကျူးပြသခဲ့ ပါတယ်။ ဖယ်ကျဉ် ထားမယ် ဆိုတဲ့ မူဝါဒတွေက ဒီနေ့ အထိတော့ ရလဒ်ကောင်းတွေ သိပ်မတွေ့ရတဲ့ အတွက် အနည်းဆုံးတော့ ပူးတွဲ လုပ်ကိုင် ကြည့်မယ် ဆိုတဲ့ အတွေးက မဆိုးလောက် ပါဘူး။ တစ်ကမ္ဘာလုံး နည်းတူဘဲ ကျနော်တို့လည်း စောင့်ကြည့် ခဲ့တယ်၊ မျှော်နေ ခဲ့တယ်။ ကျနော်တို့ အများစုကလည်း ဆုလည်း တောင်းပေး ခဲ့ကြပါတယ်။

အခုတော့ အနာဂါတ် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လူအခွင့်အရေး အခြေအနေတွေ ကလည်း ထပ်တဖန် ယိုယွင်း နေတဲ့ အနေ အထားကို ရောက်ရှိ နေသလို ပါဘဲ။ အသစ်ပေါ် လာခဲ့တဲ့ နေပြည်တော် အစိုးရဲ့ လမ်းကြောင်း ကလည်း ပြဿနာတွေ တစီတတန်းနဲ့။ ဒါတွေဟာ ယိုယွင်းနေမှု တွေကို အချက်ပြ နေတာ ပါဘဲ။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကိုပါ ဖွဲ့စည်းပုံ အရ စနစ်တကျ ချည်နှောင် ပိတ်ပင် ထားတာတွေ၊ လူမျိုးစုတွေ အပေါ် တပ်မတော်က ပြစ်မှတ်ထား အဓမ္မကျင့်မှု တွေကို ထိန်းချုပ်ဖို့ ပျက်ကွက် နေတာတွေ၊ ပြောင်သလင်း ချစားမှုတွေ၊ နိုင်ငံရေး မျှော်ကိုး အမြတ်ထုတ်တဲ့ မြေယာ သိမ်းယူမှုတွေနဲ့ စီရင်ထုံး လုပ်နည်း လုပ်ဟန်တွေ၊ သယံဇတ ပေါကြွယ်ဝတဲ့ အရပ် ဒေသမှာ နိုင်ငံသား အများစုကို ဆင်းရဲတွင်းနက်အောင် လုပ်နေတာတွေ ဟာ အနာဂါတ် လှပလာပါတော့မယ့်လို့ မကြာသေး မီကမှ ကတိ ပေးထားတဲ့ နိုင်ငံရဲ့ စိတ်ပျက်စရာ အခြေအနေ တွေဖြစ် ပါတယ်။

ရိုဟင်ဂျာ အရေး ကိစ္စကို လေ့လာ ကြည့်မယ် ဆိုရင် မြန်မာနိုင်ငံရဲ့ ယိုယွင်း ပျက်ပြား နေတဲ့ အခြားသော အခြေအနေထက် ရိုဟင်ဂျာ အရေး ကိစ္စပိုပြီး ပေါ်လွင် နေတာကို တွေ့ရပါလိမ့်မယ်။ ရိုဟင်ဂျာ ဆိုတာက အစ္စလာမ် ဘာသာကို လက်ခံ ကျင့်သုံးနေပြီး ဗြိတိသျှ အုပ်ချုပ်ရေး မတိုင်မှီ ကတည်းက ရခိုင်ပြည် (အာရကန်) မှာ ရောက်ရှိ နေထိုင်ကြတဲ့ လူမျိုးစုဖြစ်ပါတယ်။ လူဦးရေအားဖြင့်တော့ ၀.၈ ရာခိုင်နှုန်း ရှိတယ်လို့ ခန့်မှန်းပါတယ်။ သူတို့တွေဟာ ဘက်လိုက်မှု တွေအောက်မှ အလူးအလှဲ ခံနေရသူ တွေဖြစ်ပြီး အစိုးရ ကိုယ်တိုင် တိုက်ရိုက် စီမံတဲ့ အကြမ်းဖက်မှု ကြီးတွေ ကိုခံနေရတာ များလားလို့တောင် ထင်ရပါတယ်။ ဒါမှမဟုတ် ရန်ကုန်နဲ့ နေပြည်တော်က သတင်း မီဒီယာတွေရဲ့ ဗျူဟာကျကျ ဥပက္ခာ ပြုထားတဲ့ အကြမ်းဖက်မှု ကြီးကြောင့် လည်းဖြစ်ပါ လိမ့်မယ်။

၁၉၈၂ ခုနှစ်မှာ အာဏာရှင် ဟောင်းကြီး ဦးနေဝင်းရဲ့ တရားဝင် အာဏာ အမိန့်တွေ အရ နယ်ပျောက် နေသူတွေအဖြစ် ဖယ်ကြဉ်ခြင်း ဆက်တိုက် ခံနေရသူတွေ ဖြစ်ပါတယ်။ ရိုဟင်ဂျာ တွေဟာ အခွင့်မရှိဘဲ အိမ်ထောင်လည်း ပြုလို့မရသလို ကလေးလည်း ယူလို့မရအောင် တားမြစ်ခြင်း ခံနေကြ ရပါတယ်။ မှန်းဆမရ နိုင်လောက်အောင် အမြဲ ပြောင်းလဲ နေတက်တဲ့ ယာယီ ဒုက္ခသည် စခန်းတွေ နဲ့ ကျေးရွာတွေရဲ့အပြင်ဖက်တွေ ကိုတောင် အခွင့်မရှိဘဲ သွားလာလို့ မရပါဘူး။

လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်း ကစပြီး ဗုဒ္ဓ သံယာတော်တွေ ကိုယ်တိုင် ဦးဆောင်တဲ့ အမှန်းပွား လှုပ်ရှားမှုကြီး ပေါ်ပေါက် လာတာကို တွေ့ရပါတယ်။ ကလေးတွေကို မီးရှို့တာတွေ၊ ဆေးဝါးနဲ့ ကယ်ဆယ်ရေး တွေကို ပိတ်ပင်တာ တွေလည်း တွေ့ရပါတယ်။ Medicins Sans Frontieres (MSF) အဖွဲ့ရဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို နေပြည်တော် အစိုးရ ကိုယ်နှိုက် ရပ်ဆိုင်း ပိတ်ပင်လိုက်တာ တွေလည်း တွေ့ပြီးကြပါပြီ။

United Nation၊ Fortify Rights International၊ Human Rights Watch၊ Initiative for Asia၊ နဲ့ Amnesty International တွေအပါ အဝင် အပြည်ပြည် ဆိုင်ရာ အသိုင်း အဝိုင်းကြီးက ပြင်းပြင်း ထန်ထန် တောင်းဆို နေတဲ့ကြားက ဆယ်စုနှစ်ပေါင်း များစွာ အတွင်း ပထမဆုံး ကောက်ခံတဲ့ (ရာစုနှစ် ထက်ဝက်ကျော် အတွင်း စနစ်အကျဆုံးလို့ ဆိုနိုင် လောက်တဲ့) သန်းခေါင် စာရင်းမှာပါ ရိုဟင်ဂျာ တွေကို ထည့်သွင်း ရေတွက် ခွင့်မပြုဘူးလို့ အစိုးရက ငြင်းဆိုလိုက် ပါသေးတယ်။ ဒါကတော့ ဘယ်လိုမှ လက်ခံနိုင် စရာ မရှိပါဘူး။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ်ကို ထောက်ခံပါတယ်လို့ ဟစ်ကြွေး နေသူတွေ ကိုယ်နှိုက် နှုတ်ဆိတ် နေတာတွေဟာ လက်ခံနိုင် စရာ မရှိသလို အမုန်း မီးလောင်ကျွမ်း နေတာကို လေပင့် ပေးနေတဲ့ ကိစ္စရပ်ကြီးကို ထောက်ခံ နေကြတာတွေ ကိုလည်း လက်ခံ နိုင်စရာ မရှိပါဘူး။ ဘယ်နိုင်ငံမှ ဒီလို ကိစ္စမျိုးမှာ နှုတ်ဆိတ် မနေသင့်ပါဘူး။ စဉ်းစားတတ်တဲ့ ဒါမှမဟုတ် ခံစားချက်ရှိတဲ့ လူသားတွေ ဒီကိစ္စရပ်မှာ နှုတ်ဆိတ် နေတယ် ဆိုရင်လည်း လက်ခံနိုင် စရာ မရှိပါဘူး။

ဒွိဟဖြစ် မနေဘဲ ခင်ဗျားတို့ရဲ့ လွတ်တော် ကိုယ်စားလှယ် တွေကို ချက်ချင်း ဆက်သွယ်ပြီး မြန်မာပြည်က ရိုဟင်ဂျာတိုင်း၊ မွတ်စလင်တိုင်း၊ ဘာသာ အသီးသီးက ပြည်သူတိုင်း၊ နိုင်ငံသားတိုင်း လူ့အခွင့် အရေး ကြေညာ စာတမ်းနဲ့ အညီ လူ့အခွင့်အရေး အာမခံချက် ရရှိဖို့အတွက် ဘာတွေများ လုပ်နေ သလဲလို့ မေးပါ။ လွတ်တော် ကိုယ်စားလှယ် တွေကို ဒီ အင်တာနက် စာမျက်နှာ ပေါ်မှာ ရှာဖွေ နိုင်ပါတယ်။ www.contactingthecongress.org

မြန်မာ နိုင်ငံဟာ ခြောက်ကမ်းပါးမှာ လျောက်လှမ်း နေခဲ့ ပေမယ့် အခုတော့ အခြေခံလူ့အခွင့် အရေး တွေကို ထိန်ချန် နေတာရယ်… ဒီကိစ္စ အပေါ်မှာ နှုတ်ဆိတ် နေကြတာ တွေရယ်ကြောင့် မြန်မာ နိုင်ငံဟာ အောက်ဆုံးကို ပြိုင်ဆင်း နေသလိုဘဲ။ ခင်ဗျားတို့ရဲ့ အသံကို မှတ်တမ်း တင်ပါ။ ကိုယ်စားလှယ် တွေကို ဒီနေ့ဘဲ စာရေးပါ။ အီးမေး ပို့တာတွေ - ဖုန်းခေါ်တာ တွေထက် စာရေးပြီး စာတိုက်က ပို့တာက အကောင်းဆုံးပါ။ ဒီအရေး ကိစ္စကို အထူး တလည် အာရုဏ်ပြု ကြဖို့ ဟစ်ကြွေး တောင်းဆိုနေသူ တွေနဲ့ ကျွန်ုပ်တို့ရဲ့ HRAC နဲ့အတူ ရပ်တည် ပေးကြဖို့ [အမေရိကန် လွတ်တော် ကိုယ်စားလှယ် တွေကို] တိုက်တွန်းကြပါ။ [အမေရိကန် နိုင်ငံရဲ့] နိုင်ငံရေး ပါတီ နှစ်ခုလုံးက ဒီလို အရေးကြီး ကိစ္စမှာ ရှင်းရှင်း လင်းလင်း ပြတ်ပြတ် သားသား ရပ်တည် ပေးဖို့ တာဝန် ရှိပါတယ်။ လူ့အခွင့်အရေး ဆိုတာဟာ တဖက်ကမ်းခတ် နိုင်ငံရေးထက် ပိုပါတယ်။ ရိုဟင်ဂျာတွေရဲ့ အခက်အခဲ တွေကို ဆက်ပြီး ဥပက္ခာပြု နေတာကိုတော့ ဘယ်အရပ် ဘယ်ဒေသက ဘယ်ပါတီ - ဘယ်လူကိုမှ လက်မခံ နိုင်ပါဘူး။

Human Rights Action Center ကိုဖွဲ့စည်း တည်ထောင်ခဲ့တဲ့ Jack Healey ရေးသားပြီး Huffington Post မှာဖော်ပြခဲ့တဲ့ Counting Down: Burma's Race to the Bottom for Human Rights ဆောင်းပါးကို O’Laie Manzu မှ ဆီလျော်အာင် ဘာသာပြန်သည်။



Rohingya Eye
RB News
9.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လောင်းဒုံးကျေးရွာ အုပ်စု၊ ကြာကန်းရွာမှ အသက် (၁၂) နှစ်အရွယ် ကလေးငယ် တစ်ဦးကို ရခိုင်အစွန်းရောက် တစ်ဦးက လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဧပြီလ (၇) ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် မောင်တောမြို့နယ်၊ လောင်းဒုံး ကျေးရွာ အုပ်စု၊ ကြာကန်းရွာမှ အသက် (၁၂) နှစ်အရွယ် ကလေးငယ် တစ်ဦးသည် ထင်းများကို တွန်းလှည်းပေါ်တွင် တင်၍ ဒုတန်းရွာသို့ သွားရောက်ပြီး ရောင်းချခဲ့ရာ အပြန်လမ်းတွင် ဆင်သေပြင်ရွာ၏ အနောက်ဘက် န.တ.လ ရွာအနီးရှိ ရေကန် တစ်ကန် ရှေ့တွင် ရခိုင်အစွန်းရောက် တစ်ဦး မောင်းနှင် လာသည့် ဟိုင်းလပ်ကားနှင့် အနည်းငယ် ပွတ်မိခဲ့သည်။ ဟိုင်းလပ် မောင်းသူက ကားပေါ်မှ ဆင်းလာပြီး အဆိုပါ ကလေးငယ်ကို လူမဆန်စွာ ရိုက်နှက်ပြီးနောက် ကားပေါ်တင်၍ မောင်တောမြို့သို့ ခေါ်ဆောင် သွားခဲ့သည်။

ကလေးငယ် ပြန်ရောက်မည့် အချိန်တွင် ရောက်မလာ သဖြင့် ရွာမှ လူကြီး တစ်ဦးက ကြိမ်ချောင်း ရဲစခန်းသို့ အကြောင်းကြားခဲ့သည်။ ရဲစခန်းသို့ အကြောင်းကြားပြီး နောက် ညနေ ၄ နာရီခန့်တွင် အဆိုပါကလေးကို ကားသမားက လာရောက် အပ်နှံခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ကလေးငယ်ကို ရိုက်နှက် ထားသည့် အတွက် ခန္ဓာကိုယ် အတွင်း၊ အတွင်း ဒဏ်ရာ ပြင်းထန်စွာ ရရှိသည်ဟု ယူဆရပြီး၊ စကားပြောရာတွင်လည်း ယခင်ကဲ့သို့ ကြည်လင် ပြတ်သားစွာ ပြောဆိုနိုင်ခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။ ကလေးငယ်ကို ရိုက်နှက်ခဲ့သည့် ရခိုင် အစွန်းရောက်က ငွေကြေး ပေးလျော်ခြင်းလည်း မရှိသလို တောင်းပန်ခြင်းလည်း မရှိကြောင်း၊ အာဏာပိုင်များကလည်း အရေးယူခြင်း၊ သတိပေးခြင်း မပြုလုပ် ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

ထိုကဲ့သို့ ဖြစ်စဉ်မျိုးကို ရိုဟင်ဂျာ တစ်ဦးက ကျူးလွန်ပါက အမြင့်ဆုံး ပြစ်ဒဏ်ကိုပင် ကျော်လွန်၍ အပြစ်ပေးမည်မှာ ဧကန်မလွဲဟု ဒေသခံများက ဆိုသည်။



ကိုသားညွန့်ဦး
9.4.2014

မတ်လ ၂၆ နဲ့ ၂၇ ရက်နေ့တွေတုန်းက စစ်တွေမြို့မှာရှိတဲ့ ကုလသမဂ္ဂနဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းရုံးခန်းတွေ၊ နေအိမ်တွေ၊ အကြမ်းဖက် တိုက်ခိုက်ခံရမှုကိစ္စမှာ၊ အဖွဲ့တဖွဲ့ကနေ မမှန်သတင်းဖြန့်ပြီး လှုံ့ဆော်ဆောင်ရွက်မှုတွေ ရှိခဲ့တယ်လို့ စုံစမ်းရေးကော်မရှင် တာဝန်ရှိသူတွေက ပြောပါတယ်။

စုံစမ်းရေးကော်မရှင် တာဝန်ရှိသူတွေဟာ သူတို့တွေ့ရှိချက် အစီရင်ခံစာနဲ့ ပတ်သက်လို့ ရန်ကုန်အခြေစိုက် သံတမန်တွေနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို ခေါ်ယူရှင်းလင်းမှု လုပ်ခဲ့ပါတယ်။ အပြည့်အစုံကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ကိုသားညွန့်ဦးက သတင်းပေးပို့ထားပါတယ်။

နယ်စပ်ရေးရာ ဒုဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း ဥက္ကဌအဖြစ်ဆောင်ရွက်တဲ့ ၅ ဦးပါ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်ကို တင်ပြခဲ့ပြီးနောက်၊ ဒီကနေ့မှာတော့ ရန်ကုန်အခြေစိုက် သံတမန်တွေနဲ့ ကုလသမဂ္ဂရုံး တာဝန်ရှိသူတွေကို ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး ရန်ကုန်ငြိမ်းချမ်းရေးစင်တာမှာ ရှင်းလင်းပြောဆိုတာပါ။ အခုဖြစ်ရပ်မှာတော့ NGO ၀န်ထမ်းတဦးကနေ သံဿနာ့အလံကို မဖွယ်မရာပြုလုပ်တယ်ဆိုတဲ့ အရင်သတင်းတွေအစား၊ သဘောရိုးနဲ့ အလံဖြုတ်ချခဲ့တာကို အခွင့်ကောင်းယူပြီး ဆူပူအောင်လှုံ့ဆော်တဲ့ အဖွဲ့တဖွဲ့ရှိတယ်လို့ ဗိုလ်ချုပ် မောင်မောင်အုန်းက သတင်းထောက်တွေကို ပြောသွားပါတယ်။

“အမေရိကန်နိုင်ငံသူပေါ့နော် သူက အလံကို ဖြုတ်တဲ့အခါမှာ သဘောရိုးနဲ့ဖြုတ်တယ်လို့ ကျနော်တို့ စစ်ဆေးတဲ့အခါမှာ တွေ့ရပါတယ်။ သို့သော်ငြားလည်း ဒီသဘောရိုးနဲ့ ဖြုတ်တာကိုပဲ ဒီအချိန်မှာ တိုက်ဆိုင်မှုတွေကတော့ သန်းခေါင်စာရင်းကို ကန့်ကွက်တဲ့ ရခိုင်လူမျိုးတွေရဲ့ သတ်မှတ်ချက်ဖြစ်တဲ့ ဒီသာသနာ့အလံကို ဖြုတ်တဲ့အချိန်နဲ့ တိုက်ဆိုင်မှုတွေရောပေါ့နော် အရင်တုန်းက ဒါ ဒီ UN အဖွဲ့အစည်းတွေအပေါ်မှာ ကျနော်တို့ တိုင်းရင်းသားများရဲ့ အမြင်မကြည်လင်မှုတွေရော၊ နောက်ပြီးတော့ ဒီ သာသနာ့အလံဟာ ကျနော်တို့ရဲ့ အထွတ်အမြတ်ဆိုပြီးတော့မှ ဒီလိုမျိုးတွေ ခံစားမှု ဒါ အရှိန်အမြင့်ဆုံးအချိန်မှာ အဖွဲ့တဖွဲ့ကနေ ဒါကို လှုံ့ဆော်ပြီးတော့မှ ဒေသခံ ကျနော်တို့ ဒီရခိုင်တိုင်းရင်းသားများပါ ပါဝင်လာအောင် စည်းရုံးခဲ့တဲ့အနေအထား ရှိပါတယ်။”

ရခိုင်တိုင်းရင်းသားတွေဘက်ကတော့ ရိုးသားမှုရှိပြီး ကုလသမဂ္ဂ အဖွဲ့အစည်းတွေကို ထိခိုက်စော်ကားလိုတဲ့ သဘောတော့မဟုတ်ဘဲ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ဒေသခံဝန်ထမ်းတွေရဲ့ အပြုအမူ လုပ်ကိုင်ပုံတွေကို အရင်ကတည်းက မကျေနပ်ချက် အခြေခံရှိခဲ့တယ်လို့ ဗိုလ်ချုပ် မောင်မောင်အုန်းက ရှင်းပြပါတယ်။ ဒါကြောင့်လည်း အခု ကုလသမဂ္ဂနဲ့ INGO တာဝန်ရှိသူတွေကို ခေါ်ယူတွေ့ဆုံရှင်းလင်းရာမှာ၊ နောက်ပိုင်းမှာ ဘယ်လို ပူးပေါင်း ဆောင်ရွက်သင့်သလဲဆိုတဲ့ အခြေခံကို ညှိနှိုင်းဖို့လည်း ဖြစ်တယ်လို့ သတင်းထောက်တွေကို ရှင်းပြပါတယ်။

“ခုနက UN နဲ့ INGO အဖွဲ့အစည်းတွေမှာလည်း တချို့တွေ အားနည်းချက်တွေ ရှိပါတယ်။ local staff တွေရဲ့ အားနည်းချက်တွေ၊ နောက် ကျနော်တို့ ရခိုင်တိုင်းရင်းသားများရဲ့ ခံစားမှုမှာလည်း ထောက်ပံ့မှုတွေက မမျှတဘူးလို့၊ နောက်ပြီးတော့ တဘက်အဖွဲ့အစည်းကိုပဲ အလေးသာတယ်လို့လည်း ထင်ချင်ပါတယ်။ ဒါကြောင့် ဒီနေ့ ဒါ ကျနော်တို့ ဒီအဖွဲ့အစည်းနဲ့ ပြောတဲ့အခါမှာလည်း ရခိုင်တိုင်းရင်းသားများရဲ့ အရေးအရာကို ဆောင်ရွက်တဲ့အခါမှာ မျှတစွာ ဆောင်ရွက်ပေးဖို့၊ ပြီးရင် ပွင့်လင်းမြင်သာစွာရှိဖို့ ယနေ့ ဒါ ကျနော် UN နဲ့ INGO အဖွဲ့အစည်းများကို ဆွေးနွေးပြီးတော့မှ အနာဂတ်မှာ ပူးပေါင်းဆောင်ရွက်မယ့် Plan တွေကို ဒါ ကျနော်တို့ ပေါင်းစပ်ညှိနှိုင်းမှာဖြစ်ပါတယ်။”

စုံစမ်းရေးကော်မရှင် အနေနဲ့ကတော့ ဌာနဆိုင်ရာ ၀န်ထမ်းတွေ၊ လုံခြုံရေး တာဝန်ရှိသူတွေ၊ မြို့မိမြို့ဖတွေ၊ UN နဲ့ INGO ၀န်ထမ်းတွေ စသဖြင့် အလွှာစုံ၊ လူစုံ မေးမြန်းစုံစမ်းမှု လုပ်ခဲ့တယ်လို့ ပြောပါတယ်။ ရခိုင်တိုင်းရင်းသားတွေဘက်ကလည်း မကျေနပ်ချက် ခံစားမှုတွေ ရှိတယ်ဆိုတာ နားလည်ပေမဲ့၊ ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ဖို့တော့ လိုတယ်လို့ ထောက်ပြ ပြောဆိုခဲ့ပါတယ်။

အခုဖြစ်ရပ်မျိုးတွေဟာ ရခိုင်တိုင်းရင်းသားတွေ တင်မဟုတ်ဘဲ မြန်မာတိုင်းရင်းသား အားလုံးအတွက်လည်း မျက်နှာပျက်စရာ ဖြစ်ရပ်လို့ ဗိုလ်ချုပ် မောင်မောင်အုန်း က ပြောပါတယ်။ အဖြစ်အပျက် ဖြစ်သွားတဲ့ကိစ္စမှာ ဒေသအာဏာပိုင်တွေဘက်က ထိရောက်တဲ့ ကာကွယ်ဆောင်ရွက်မှုတွေ မရှိခဲ့ဘူးလို့ ဝေဖန်သလိုပဲ၊ ဒါကြောင့် နောက်ပိုင်း ဒါမျိုးတွေ မဖြစ်အောင် ကာကွယ်ဖို့အတွက် အရေးပေါ် အထောက်အကူအဖွဲ့ ဖွဲ့စည်းပြီး ဒေသတည်ငြိမ်အောင် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

“ကျနော်တို့ ပြည်နယ်အစိုးရနဲ့ အုပ်ချုပ်ရေးပိုင်းနဲ့ လုံခြုံရေးပိုင်းကလည်း အားနည်းတဲ့အတွက် အချိန်မှီ မတားဆီးနိုင်လို့ ဖြစ်တယ်ဆိုတဲ့အတွက် အားနည်းချက်ရှိတယ်ဆိုတာလည်း ပါပြီးဖြစ်ပါတယ်။ ဒါကလည်း ကျနော်တို့က ယနေ့ ထုတ်ပြန်ချက်ထဲမှာ ပါတဲ့အတိုင်းပဲ အားမြှင့်အောင် ဆက်လက်ဆောင်ရွက်သွားမယ်။ နောက် ဒီ အရေးပေါ် အထောက်အကူအဖွဲ့ပေါ့နော် ဒီအဖွဲ့ကိုလည်း ကျနော်တို့ သွားရောက်ပြီးတော့ ဒေသတည်ငြိမ်ပြီးတော့မှ ပုံမှန်အနေအထားဖြစ်အောင် ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

မကြာခင်မှာပဲ ကုလသမဂ္ဂနဲ့ INGO အဖွဲ့တွေ ရခိုင်ပြည်နယ်အတွင်း ပုံမှန် ပြန်လည် အလုပ်လုပ်ကိုင်နိုင်အောင်လို့ စီစဉ်နေတယ်လို့လည်း ပြောပါတယ်။ ဒီအတွက်လည်း ဒီအဖွဲ့အစည်းတွေကို လုံခြုံရေး အပြည့်အ၀ အကာအကွယ်ပေးနိုင်အောင် ညှိနှိုင်းဆောင်ရွက်သွားမယ်လို့လည်း ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခု အကြမ်းဖက် ဖြစ်ရပ်တွေမှာ ပါဝင်ကျူးလွန်သူတွေနဲ့ မမှန်မကန် သတင်းဖြန့် လှုံ့ဆော်သူတွေကို ဖော်ထုတ်ပြီး ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပေမဲ့လို့၊ နောက်ကွယ်မှာ လှုံ့ဆော်ပါဝင်တယ်လို့ ယူဆတဲ့အဖွဲ့ ဘယ်အဖွဲ့လဲဆိုတာကိုတော့ ဗိုလ်ချုပ် မောင်မောင်အုန်းက အတိအကျ ပြောဆိုနိုင်ခြင်း မရှိပါဘူး။ လက်ရှိအားဖြင့် စုံစမ်းဖော်ထုတ်ပြီး ဖမ်းဆီးထားသူကတော့ ၁၂ ဦးထက်မနည်းရှိပြီး၊ သူတို့ဟာ အဲဒီအဖွဲ့နဲ့ ပတ်သက်ဆက်နွယ်မှု ရှိ မရှိ ဆိုတာကိုတော့ မသိရပါဘူး။
Rohingya Exodus