နောက်ဆုံးသတင်း/ဆောင်းပါးများ

မလေးရှားဝန်ကြီးချုပ်ဟောင်းရိုဟင်ဂျာကိစ္စဒေါ်အောင်ဆန်းစုကြည်ထံစာရေး


မလေးရှားနိုင်ငံ ၀န်ကြီးချုပ်ဟောင်းဒေါက်တာ မဟာသီမိုဟာမတ်သည် အစ္စလာမ်နိုင်ငံများအားလုံးကို ပူးတွဲ၍ မြန်မာနိုင်ငံ၏ ရိုဟင်ဂျာမွတ်စလင်များကြုံတွေ့နေရသောပြဿနာများအဆုံးသတ် သွားရန်ကူညီ သင့်ကြောင်း ယနေ့ သြဂုတ်လ (၁၀) ရက် နေ့တွင်ပြောဆိုသည်။ 

မလေးရှားနိုင်ငံ တစ်ခုတည်းမှပြဿနာကိုဖြေရှင်းရန် မလွယ်ကူကြောင်းဒေါက်တာမဟာသီကပြောသည်။ “တကယ်လို့ မွတ်စလင်၊ အစ္စလာမ်နိုင်ငံတွေအားလုံးနဲ့အခြားနိုင်ငံတွေက၀ိုင်းဝန်းပြီးရိုဟင်ဂျာအရေးပြေ လည်ရေး အတွက်လုပ်မယ်ဆိုရင်၊ ကုလသမဂ္ဂလည်းပါဝင်လာပြီးဖြေရှင်းလိမ့်မယ်လို့ ကျွန်တော် ယုံကြည် တယ်” ဟု ၀န်ကြီးချုပ်ဟောင်းကသတင်းထောက်များ ကိုပြောသည်။ 

သတင်းထောက်များကဆော်ဒီအာရေဗျနိုင်ငံအစိုးရမှ ဗုဒ္ဓဘာသာအများစုနေထိုင်သောမြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးများ ကိုလူမျိုးတုန်းသတ်ဖြတ်သည့်ကိစ္စနှင့်ပတ်သက်၍ပြောဆိုမှုကို ဒေါက်တာမဟာသီအား မှတ်ချက်ပေးရန်မေးမြန်းခဲ့သည်။ 

ယခုအခါမြန်မာနိုင်ငံတွင်ဒီမိုကရေစီစနစ်အတွက်တံခါးဖွင့်လိုက်ပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် ရိုဟင်ဂျာ မွတ်စလင်များအပေါ်ကျရောက်နေသော အတိဒုက္ခများအတွက်စဉ်းစားလိမ့်မည် ဟုမျှော် လင့်ကြောင်း ဒေါက်တာမဟာသီ ကပြောသည်။ 

ယခုဖြစ်ပေါ်နေသောအခြေအနေနှင့်ပတ်သက်၍ ဒေါက်တာမဟာသီမှ မြန်မာနိုင်ငံ၏ဒီမိုကရေစီခေါင်းဆော င်ဒေါ်အောင် ဆန်းစုကြည်ထံသို့ လွန်ခဲ့သည့်ငါးရက်ကစာရေးသား၍ ၀င်ရောက်ကူညီဖြေ ရှင်းရန်တောင်း ဆိုခဲ့ကြောင်း သိရသည်။ “သူမမှာ အရှိန်အ၀ါရှိတယ်။ သူမအနေနဲ့ပြဿနာပြေ လည်ဖြေရှင်းဖို့အတွက် တစုံတခု ၀င်ပြောလိမ့်မယ်လို့မျှော်လင့်တယ်” ဟုဒေါက်တာမဟာသီမှပြောသည်။ 

George Town ရှိအရှေ့တောင်အာရှ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့မှ လည်း မြန်မာနိုင်ငံ တွင် ရိုဟင်ဂျာမွတ်စလင်များကို သတ်ဖြတ်နေသည့်အတွက် အာဆီယံမှမြန်မာနိုင်ငံ အစိုးရကို ဖိအားပေးရန်နှင့် ဥပဒေအရအရေးယူရန်တောင်းဆိုခဲ့သည်။ ထိုအဖွဲ့၏ဥက္ကဌ Datuk Mujahid Yusof Rawa မှရိုဟင်ဂျာ မွတ်စလင်များကို သတ်ဖြတ်ခြင်းသည် လူမဆန်သည့်လုပ်ရပ် ဖြစ်ကြောင်း၊ ဘာသာရေး အရ လည်း ခွင့် မပြုထားသည့်ပြစ်မှုကြီးဖြစ်ကြောင်း၊ ရိုဟင်ဂျာမွတ်စလင်များကို နိုင်ငံသားငြင်း ပယ် ထားရုံ သာမက၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့်ဘာသာရေးများကိုလည်း တားမြစ် ကန့်သတ် ထားကြောင်း ယနေ့ကျင်းပသောသတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။ 

၎င်းမှ ဆက်လက်ပြောကြားရာတွင် မြန်မာနိုင်ငံအစိုးရ အနေဖြင့် ရိုဟင်ဂျာမွတ်စလင်များ၏နိုင်ငံသားဖြစ် ခွင့်ပြဿ နာများကို ပြေလည်အောင်ဖြေရှင်းသင့်ကြောင်းနှင့်ရိုဟင် ဂျာမွတ်စလင်များ ကိုကောင်း မွန်စွာ ဆက်ဆံ၍ လူ့အခွင့်အရေးရပိုင်ခွင့်များကို ပေးသင့်ကြောင်းပြော ဆိုခဲ့သည်။ 

အစိုးရမဟုတ်သည့် အဖွဲ့အစည်းများမှ ရိုဟင်ဂျာမွတ်စလင်များကို ကူညီထောက်ပံ့နိုင်ရန်အတွက်မြန် မာနိုင်ငံအစိုးရမှခွင့်ပြု ရန်ကြိုးစားလျက်ရှိကြောင်းကိုလည်း ထိုအဖွဲ့ဥက္ကဌမှပြောဆို ခဲ့ကြောင်းသ တင်းရရှိ ပါသည်။ 


RB News Desk 

Comment ရေးရန်

Rohingya Exodus