နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာဆန့်ကျင်ရေးဝါဒဖြန့်ချီမှုများနှင့်လူ့အခွင့်အရေးချိုးဖောက်မှုများ (အပိုင်း - ၂)



ရိုဟင်ဂျာဟူသောစကားလုံး 

ဦးသိန်းစိန်အစိုးရသည်စစ်အာဏာရှင်အစိုးရဟောင်းကဲ့သို့ရိုဟင်ဂျာဟူသောစကားလုံးကိုအသိအမှတ်မပြုဘဲတားမြစ်ထားသည်။ ဤသို့လုပ်ရ ခြင်းသည်ကားလည်း “Divide and Rule” ပေါ်လစီအရရခိုင် အစွန်းရောက်များကိုငြိမ်သက်နေအောင်ပြုလုပ်ထားခြင်းဖြစ်ပေမည်။ လူမျိုးရေး မုန်းတီးစိတ်ရှိသော ရခိုင်နိုင်ငံရေးသမားများ၏လွှမ်းမိုးမှုအောက်ရောက်ပြီးလုပ်ခြင်းလည်းဖြစ်နိုင်သည်။ သို့သော် အချို့လေ့လာဆန်းစစ်သူများ ၏သုံးသပ်ချက်များအရရိုဟင်ဂျာများကိုနိုင်ငံရေးသားကောင် ဓါးစာ ခံဖြစ်အောင် လုပ်ရခြင်းသည် စစ်အာဏာရှင်စနစ်သက်ဆိုးရှည်တည်မြဲရေး အတွက်အလွန့်အလွန် လိုအပ်သော အချက်တစ် ချက်ဖြစ်သည်။ ထိုသူတို့သည်ရိုဟင်ဂျာဟူသောစကားလုံးမရှိခဲ့၊ မကြားဖူးခဲ့ဘဲ၊ ၁၉၅၁ ခုနှစ် မူဂျာဟစ် (သို့မဟုတ်) ရိုဟင်ဂျာခေါင်းဆောင်များ၏တီထွင်မှုတစ်ခုသာဖြစ်သည်ဟု လိမ်ညာခဲ့လေသည်။ ရိုဟင်ဂျာဟူသောအမည်ရှိကြောင်း ကိုသမိုင်းအထောက်အထား များနှင့် သက်သေပြသောအခါ ဦးခင်မောင်စော (ဘာလင်)ကဲ့သို့လိမ်လည် လှည့်ဖျားသူအချို့က “ရိုဟင်ဂျာ” သည် အာရ်ကာန်၏ဘင်္ဂါလီ အခေါ် အဝေါ်ဖြစ်သော Rohang မှဆင်းသက်လာသောရခိုင် ၏နောက်နာမည် တစ်ခုဖြစ်သည်ဟု အထောက် အထားမဲ့ အရှက်တရားကင်းမဲ့စွာလိမ်ညာခဲ့လေသည်။ (၁) သို့ရာတွင် Dr. Michael W. Charney, School of Oriental and African Studies (SOAS), University of London ကရေးသား သည်မှာ ရိုဟင်ဂျာကိုတိုင်းရင်းသားအမည်တစ်ခုအဖြစ်မြင်လျှင် အစောဆုံး မှတ်တမ်းတင်ထား သောအသုံးအနှုန်းကို Francis Buchanan ၏တွေ့ရှိချက်ဖြစ်သည်။ ၎င်း၏ရှင်းပြချက် အရရှေးနှစ်ပေါင်းများစွာကတည်းကမျိုးရိုးစဉ်ဆက်နေ ထိုင်လာခဲ့၍မိမိကိုယ်မိမိရိုဟင်ဂျာဟုခေါ်ဆိုကြသော မဟာမေဒင်ဘာသာဝင်တို့ပြောဆိုကြသောစကားမှာ Hindi ဘာသာမှဆင်းသက်လာ သော dialect ဒေသသုံးစကားတစ်ခုဖြစ်သည်။ သူဆက်လက်ပြောကြားခဲ့သည်မှာရိုဟင်ဂျာဆိုသောစကားလုံးသည် ကိုလိုနီခေတ်တီထွင်မှု တစ်ခုဟုပြောဆိုသောရခိုင်သမိုင်းကြောင်းပညာဗုဒ္ဓဘာသာကျောင်းတစ်ခု၏ အဆိုသည်လက်တွေ့ရှိမှုနှင့်ဆန့်ကျင်လျက်ရှိနေသည်။ (၂) 

ထို့ကြောင့် Rohingya ဟူသောစကားလုံးသည်လုပ်ကြံထားသောစကားလုံးမဟုတ်ဘဲ အာရ်ကာန်ရှိ မွတ်စလင်တို့၏သမိုင်းနာမည်တစ်ခုသာ ဖြစ်သည်။ 

“အာရ်ကာန်”သည်၎င်းပြည်သူတို့၏နောက်နာမည်တစ်ခုဖြစ်ခဲ့သည်ဟုဆိုခြင်းမှာအမှန်တရားမဟုတ်ပါ အာရ်ကာန်ဟူသော အမည်သည်တိုင်းပြည်တစ်ခု၏အမည်သာဖြစ်ခဲ့ပြီး၊ တိုင်းသူပြည်သားတို့ ကိုခေါ်ဝေါ်ခဲ့သောအမည် တစ်ခုမဟုတ်ခဲ့ပါ။ ဆက် လက်ပြောရလျှင် အာရ်ကာန်ဟူသော စကားလုံး ကိုပြည်သူတို့၏အမည်တစ်ခုအဖြစ်ဘယ်အတိတ်ကာလမှာမှသုံးနှုန်းခဲ့ခြင်းမရှိခဲ့ပါ။ သို့သော် ယခုအခါ ရခိုင် တို့သည် သူတို့ကိုယ်သူတို့အာရ်ကာန်ဟုခေါ်ဆိုနေကြသည်မှာ ယခင်ကလုံးဝသုံးနှုန်းခဲ့ခြင်း မရှိခဲ့သော စကားလုံး တစ်လုံးကို ပုံပျက်ပန်းပျက် လိုရာဆွဲပြီးလိမ်လည် လှည့်ဖြားနေခြင်းဖြစ်သည်။ အာရ်ကာန် သည်နေရာဒေသတစ် ခု၏အမည်သာဖြစ်ပြီး ၎င်းဒေသတွင်နေထိုင် ကြသောပြည်သူများအား လုံးပိုင်ဆိုင်သောနေရာဒေသဖြစ်သည်အာရ်ကာန်၏အဓိကလူအဖွဲ့အစည်းလူမျိုးစုနှစ်ခုဖြစ်သောရိုဟင်ဂျာနှင့်ရခိုင် တို့ကို Rohingya Arakanes နှင့် Rakhine Arakanese ဟူ၍သာအသီးသီးခေါ်ဆိုကြလေသည်။ 

အာရ်ကာန်၌မွတ်စလင်တို့အုပ်ချုပ်ခဲ့မှု 

အာရ်ကာန်တွင်မွတ်စလင်တို့သည်အလွန်အရေးပါသောမင်းကြီးမင်းများရွေးမြှောက်သောကဏ္ဍတွင်တာဝန်ထမ်းဆောင်ခဲ့သည်။ အစ္စလာမ် ယဉ်ကျေးမှုထွန်းကားသည်နှင့်အညီအာရ်ကာန်တွင် မွတ်စလင် တို့ ၏အောင်မြင်ကြွယ်ဝချိန်သည်လည်းစတင်လာခဲ့သည်။ အေဒီ ၈ ရာစုနှစ် ကတည်းကအာရ်ကာန်တွင် အစ္စလာမ်ပြန့်နှံ့၍ဒေသတစ်လျှောက်လုံးတွင်အခိုင်အမာစွဲလာခဲ့ပြီး၊ ၎င်းမှတဆင့်မြန်မာအတွင်းပိုင်းသို့ တစ်စတစ်စ ပျံ့နှံ့သွားခဲ့သည်။ (၃) တကယ်အားဖြင့်အေဒီ ၁၄၃၀ ခုနှစ်မှ အေဒီ ၁၅၃၁ ခုနှစ်ထိမွတ်စလင်တို့ အာရ်ကာန်၏ဘုရင်မင်းကြီးများဆုလ်တာန်ဘွဲ့ ရခဲ့သည့်အထိအာဏာရအုပ်ချုပ်လုနီးပါးဖြစ်ခဲ့သည်။ (၄) 

The Times Complete History of the World မြေပုံတွင်အာရ်ကာန်ကိုအစ္စလာမ်နိုင်ငံတစ်ခု အဖြစ်ဖော်ပြ ထားပြီး သက္ကရာဇ် ၁၅၀၀ တွင် အရှေ့တောင်အာရှ၏ယဉ်ကျေးမှုအစိတ်အပိုင်း (အဓိကဘာသာ ကြီးများပြန့်နှံ့ရောက်ရှိမှုအစိတ်အပိုင်း) အဖြစ်လည်းဖော်ပြထားသည်။ ဤ သက်သေ အထောက်အထားတို့သည်မွတ်စလင် (သို့) ရိုဟင်ဂျာတို့အာရ်ကာန်ဒေသ၏ တိုင်းရင်း သားဖြစ်ကြောင်း ကိုပြနေသည်။ 

ရိုဟင်ဂျာကိုတိုင်းရင်းသားလူနည်းစုအဖြစ်လက်ခံခဲ့ခြင်း 

သမိုင်းသက်သေအထောက်အထားများနှင့်အညီ ရိုဟင်ဂျာတို့ကိုတိုင်းရင်းသားလူနည်းစုအဖြစ်လွတ်လပ်ရေး ရသောအချိန်ကစပြီး ၁၉၅၈ နှင့် ၁၉၆၀ ခုနှစ်မှ ၁၉၆၂ ခုနှစ်ထိမြန်မာပြည်ကိုအုပ်ချုပ်ခဲ့သော ပါလီမန်အစိုးရ အသိအမှတ်ပြုခဲ့သည့်အပြင် ၎င်းတို့ကိုကချင်၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်နှင့်ရှမ်းတို့နှင့် အတူတန်းတူရည် တူအဆင့်အတန်းကိုလည်းပေးခဲ့သည်။ သို့ဖြစ်ပါ၍အခြားတိုင်းရင်းသားလူနည်းစုများကဲ့သို့ရိုဟင်ဂျာကိုယ် စားလှယ်များသည်လည်းနိုင်ငံတော်ဧည့်သည်အဖြစ်နှစ်စဉ်ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင်ရန်ကုန် ၌ ကျင်းပသောပြည်ထောင်စုနေ့အခမ်း အနားများတွင်ဝင်ရောက်ပါဝင်ခဲ့ကြသည်။ 

မြန်မာ့အသံလွှင့်ဌာနတွင် ရိုဟင်ဂျာဘာသာစကားကို ရခိုင်ဘာသာစကားမထုတ်လွှင့်ခင်အရင်ကပင် ၁၉၆၁ ခုနှစ်မေလ (၁၅) ရက်နေ့မှစ၍ နေ၀င်းအစိုးရအာဏာရပြီးနောက်ပိုင်း ၁၉၆၅ ခုနှစ်အောက်တိုဘာလ (၃၀) ရက်နေ့ထိ တပတ်လျှင်သုံးကြိမ်တိုင်းရင်းသားဘာသာစကားများ အစီအစဉ်တွင်ထုတ်လွှင့်တင်ဆက်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်ရိုဟင်ဂျာကျောင်းသားများအသင်းကို ၁၉၅၉ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ မှတ်ပုံ တင်အမှတ် ၁၁၃/၅၉ ဒီဇင်ဘာ ၁၉၅၉ နှင့် ၇/၆၀ စက်တင်ဘာ ၁၉၆၀ တို့ဖြင့်အခြားသော လူနည်းစုတိုင်းရင်းသားကျောင်းသားအသင်းများ ကဲ့သို့မှတ်ပုံတင်ခွင့်ပြုခဲ့သည်။ မြန်မာ့စွယ်စုံကျမ်းအတွဲ (၉) ၁၉၆၄၊ စာမျက်နှာ ၈၉ နှင့် ၉၀ တွင်မေယုခရိုင်ဒေသတွင်နေထိုင်သောလူဦးရေ ၇၅ ရာခိုင်နှုန်းသည် ရိုဟင်ဂျာများဖြစ်ကြောင်းနှင့်၎င်းတို့၏ သမိုင်းဆိုင်ရာအချက် အလက်များ ကို ပါဖော်ပြခဲ့သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ် အထက်တန်းကျောင်း ပထ၀ီဝင်စာအုပ်တွင် တိုင်းရင်းသားလူနည်းစုများပြန့်နှံ့နေထိုင် ရာဒေသများကိုပြရာတွင်အာရ်ကာန်မြောက် ပိုင်းကို ရိုဟင်ဂျာများနေ ထိုင်ရာဒေသ ဟုဖော်ပြခဲ့သည်။ ထို့အပြင်အခြားသော သမိုင်းအထောက်အထား အများအပြားလည်းရှိသည်။ ခြုံငုံ၍ ပြောရလျှင်မေယုနယ်ခြား ခရိုင်ကိုရိုဟင်ဂျာလူမျိုးများတိုးတက်ရေး အတွက်သာဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ 

ကိုးကားစာရင်း။ 

(၁) “Islamization of Burma Through Chittagonian Bengalis as Rohingya Refugees”, U Khin Maung Saw. 

(၂) Dr. Michael W. Charney, “Buddhism in Arakan: Theory and Historiography of the Religious Basis of the Ethnonym”, Forgotten Kingdom of Arakan Workshop, 23-24 November 2005, Bangkok, P.15 


In Buchanan, “A comparative Vocabulary,” p.55 

(၃) “Sasana Ronwas Htunzepho” a book published by SLORC in 1989. 

(၄) Ba Shin, “Coming of Islam to Burma 1700 AD”, A research paper presented at Azad Bhavan, New Delhi in 1961, p.4. 

Mr. Nurul Islam (U.K.) ရေးသားသော ANTI-ROHINGYA CAMPAIGNS, VIOLATIONS OF HUMAN RIGHTS ကိုဆီလျော်အောင် ဘာသာပြန်သည်။ အဓိပ္ပာယ်လွဲမှားမှုရှိပါက ဘာသာပြန်သူ၏ အားနည်းချက်သာဖြစ်ပြီး RB နှင့်မသက်ဆိုင်ပါ။ 

နေမျိုးဝင်း 


ရိုဟင်ဂျာဆန့်ကျင်ရေးဝါဒဖြန့်ချီမှုများနှင့်လူ့အခွင့်အရေးချိုးဖောက်မှုများ (အပိုင်း -၁ )ကို
ဤနေရာတွင်နှိပ်၍ ဖတ်ပါ 

Comment ရေးရန်

Rohingya Exodus