နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာဘယ်သူလဲ? | အဘူအာနင်

ကုလားဟုဆိုလျှင် အိန္ဒိယ ဘင်္ဂလားတို့ကလာသူများဟုတွေ့မြင်သူများ များပါသည်။ ပထ၀ီနယ်မြေအနေအထားအရ အိန္ဒိယ (ဘင်္ဂလား)နှင့်ဆက်စပ်နေသဖြင့် အိန္ဒိယနွယ်သောလူမျိုးများ၊ ရခိုင်ပြည်သို့ရှေးပ၀ီသဏီကပင်အခြေစိုက်နေထိုင် ကြောင်းကိုသိရှိသူအလွန်နည်းပါးသည်။ နားလည်သည်၊ တော်သည်ဟုမာန်တက်နေသူများပင်မသိကြပါ။ 

သို့နှင့်ရခိုင်မှကုလားများ၏သမိုင်းကြောင်းနှင့်ဥပဒေကြောင်းများ၊ မြန်မာပြည်နှင့်ဆက်စပ်နေမှု (Nexus) များကိုသိရှိသူမှသာ သူတို့အပေါ်လက်ရှိဖြစ်ပေါ်နေသည့်အမြင်နှင့် အဂတိတရားများကိုဖယ်ရှားနိုင်မည်။ အမှန်ကိုမြင်နိုင်မည်။ ရခိုင်ပြည်နယ်မှာ ရှိနေသော မူဆလင်များ ကုလားလား၊ ရခိုင်လား၊ ရိုဟင်ဂျာလား ခွဲခြားမြင်လာနိုင်အောင် သူတို့၏သမိုင်းကြောင်းမှအဓိက ကျသောအကြောင်းအချက်တို့ကို ၀ါကျတိုတိုဖြင့်တင်ပြလိုပါသည်။ သူတို့၏ဘ၀သည် မြန်မာနိုင်ငံ၏သမိုင်းကြောင်းနှင့် ပတ်သက်နေသည့်အပြင်ဥပဒေကြောင်းအရဆက်စပ်နေကြောင်းများလည်း ပါဝင်လာမည်ဖြစ်သည်။ စိတ်ဝင်စားသော ပုဂ္ဂိုလ်များကသမိုင်းမှန်ကိုသိရှိပြီး သံသယကင်းရှင်းစွာလက်ခံနိုင်ရန် ရခိုင်နှင့်မြန်မာသမိုင်းဆရာများကို ဦးစားပေးရည်ညွန်း ဖေါ်ပြလိုပါသည်။ နိုင်ငံခြားသားများ၏ရေးသားချက်များကိုတတ်နိုင်သမျှချန်လှပ်ထားသည်။



DOWNLOAD FULL ARTICLE  HERE

Comment ရေးရန်

Rohingya Exodus