နောက်ဆုံးသတင်း/ဆောင်းပါးများ

ပါကစ္စတန်သမ္မတမှ မြန်မာသမ္မတသို့ ရိုဟင်ဂျာအရေး စာရေးသား

President Zardari meeting with Myanmar President Thein Sein on Jan 2012 

RB News
7.8.2012

ပါကစ္စတန်နိုင်ငံသမ္မတ Mr Asif Ali Zadari သည်မြန်မာနိုင်ငံ၏ရိုဟင်ဂျာမွတ်စလင်များနှင့်ပတ်သက်၍ အထူးလေးနက်စွာ စိုးရိမ်ပူပန်နေကြောင်း မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်ထံသို့စာရေးသားပေးပို့လိုက်သည်။

ထိုစာတွင်ဦးသိန်းစိန်ကို Mr. Zadari မှရိုဟင်ဂျာမွတ်စလင်များ၏ဆုံးရှုံးမှုများကို အမြန်ဆုံးပြန် လည်တည်ထောင်နိုင် ရန်လို ကြောင်း၊ မိမိတို့၏နေရပ်များသို့ လုံခြုံစွာပြန်သွားနိုင်ရန် လိုကြောင်း တို့ပါဝင် သည်။

Mr. Zadari မှ ပါကစ္စတန်နိုင်ငံ အစိုးရနှင့်ပြည်သူလူထုများက မြန်မာနိုင်ငံတွင် မွတ်စလင်များ ၏ ဆုံးရှုံးမှုများ ကိုကြားသိရပြီး လွန်စွာဝမ်းနည်းကြေကွဲရသည့်အပြင် ထိုသူများ ခံစားနေရသော ဒုက္ခများ အတွက် လေးနက်စွာစိုးရိမ်နေမိကြောင်း ပြော ကြားသည်။

မြန်မာနိုင်ငံတွင် လူမျိုးစုပေါင်းစုံ တွဲ၍ငြိမ်းချမ်းစွာ အတူယှဉ်တွဲ၍ ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးမှာ လွန်စွာအရေးကြီးသော အခန်းကဏ္ဍဖြစ်သည်။ Mr Zadari မှပြောဆိုရာတွင် လူမျိုးစုများ စုပေါင်း၍ငြိမ်း ချမ်းစွာ အတူယှဉ်တွဲနေထိုင်မှသာ ဒီမိုကရေ စီအသွင်ကူးပြောင်းရေး ကာလကိုဖြတ်ကျော်နိုင် မည်ဖြစ် သည် ဟုပြောဆိုသည်။

Mr. Zadari သည်ပါကစ္စတန်နိုင်ငံ အ၀န်းပါကစ္စတန်နိုင်ငံမှ ဘာသာရေး တယူသန်ခေါင်းဆောင်များ၊ အ စွန်းရောက် အုပ်စုများ၊ သာမာန်ပြည်သူများ၏ဆန္ဒပြပွဲများကျယ်ကျယ်ပြန့်ပြန့်ကျင်း ပအပြီးတွင်ရေး သားခြင်းဖြစ်သည်။

Comment ရေးရန်

Rohingya Exodus