နောက်ဆုံးသတင်း/ဆောင်းပါးများ

နိုင်ငံခြားရေးဝန်ကြီးဌာနသို့ပြန်လည်ချေပခြင်း

လေးသည်တော်
ဒီဇင်ဘာ (၇) ၂၀၁၂

ပည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒီဇင်ဘာလ(၆)ရက်နေ့တွင် အယ်လ်ဂျဇီးရား သတင်းဌာနမှပြသ မည့် ဖုံး ကွယ်ထားသည့် လူမျိုးတုန်းသတ်ဖြတ် မှုမှတ်တမ်းရုပ်ရှင် အား ပြင်း ထန် စွာ ကန့်ကွက်သည့် ထုတ်ပြန်ချက် အပေါ် အမှတ် စဉ် အ လိုက်ပြန် လည်ချေပချက်များ

အမှတ်စဉ် (၁) တွင် "၎င်းတို့အခေါ် ရိုဟင်ဂျာ" ဟုသုံးထားသည်။ သို့ဖြစ်ပါကဗိုလ်ချုပ်နေဝင်းလက်ထက်တွင် တိုင်းရင်းသား လူမျိုးစု စာ ရင်း ၌ ရိုဟင်ဂျာဟု ပါဝင်ခဲ့ခြင်း။တိုင်းရင်း သားအသံလွှင့် အစီအ စဉ်တွင် ရိုဟင်ဂျာတိုင်းရင်းသား အစီအစဉ်ဟုပါဝင် ခဲ့ခြင်း ။ မြန်မာ့ စွယ်စုံကျမ်းတွင် ရကောက်အက္ခရာ ကဏ္ဍ တွင် မေ ယုတောင် တန်းနေ တိုင်းရင်းသားလူမျိုးစု ဟု ပါဝင် ခဲ့ခြင်း။ ဂျပန်တော် လှန်ရေးတွင် ထူး ချွန်စွာ ပါဝင် ခဲ့ သဖြင့် ဗိုလ် ချုပ် မှ ချီးမွန်းစကားပြော ခဲ့ခြင်းတို့ မှာ မြန်မာနိုင် ငံ၏ တရားဝင်လိမ် ညာ ခဲ့သော သမိုင်း များပါလား?

အမှတ်စဉ် (၂) တွင် "ပွင့်လင်း မြင်သာမှုရှိစွာကိုင်တွယ်ဖြေရှင်းဆောင် ရွက်ခဲ့ပါသည်"ဟုရေး သားထား သည်။ ထိုသို့ဆိုလျှင်မြန် မာနိုင်ငံအတွင်းနေ ထိုင်ကြသော မြန်မာနိုင်ငံသား အပေါင်းသည် ဘယ် သို့ကြောင့် ထိုဖြစ် စဉ် များ ၏ အသေးစိပ်ဖြစ်စဉ်ကိုသိရှိခြင်း မရှိရသနည်း။ ပင်လယ် ထဲမျောနေသော ရိုဟင်ဂျာများ ၏ အကြောင်း ကိုပင် သက်ဆိုင်ရာ ဘာသာရေး Website များမှတဆင့် သိရှိခဲ့ ရ သည်။ အခြား မည်သည့် Media များတွင်မှ ပါဝင်ခဲ့ခြင်းမရှိပါ။ ရိုဟင်ဂျာများအစာရေ စာပြတ် လပ်၍ ဆန္ဒပြကြ သည်ကိုပြင် လျှင် Media များ၌ဖော်ပြခဲ့ခြင်းမရှိပါ။ နိင်ငံတော်မှလည်းတရားဝင် သတင်းထုတ်ပြန် ခဲ့ခြင်း မရှိပါ။သို့ဖြစ်ပါ၍ မည်သည့် အရာကို "ပွင့်လင်းမြင် သာသည်"ဟုအဓိပ္ပာယ် ဖွင့်ဆိုပါသနည်း?

အမှတ်စဉ် (၃) တွင် "လူမှုအုပ်စု နှစ်ခုအကြား ဖြစ်ပွားသည့် အကြမ်းဖက်မှုများဖြစ်ပွားရာနေရာများသို့. . . .သွားရောက် ခွင့်ပြုခဲ့သည်"ဟုဖော်ပြချက်မှာမူ မှန်ကန်ပေသည်။ အုပ်စုနှစ်ခုဖြစ်ပွားရာနေရာများသို့သာ သွားရောက် ခွင့်ပြုခဲ့သည်။ အုပ်စုတစ်ခုတည်းက လူမဆန်စွာမီးရှို့၊သတ်ဖြတ်ခဲ့သောနေရာများကိုမူကား. . . . .။ ထို့ပြင်အကြမ်းဖက်မှုများကိုစောင့်ကြည့်ဖြေရှင်းရန်ဟု ကမ္ဘာကိုကြေငြာ၍ လာရောက်သည့် OIC ကို လည်း ပြည်တွင်းဘာသာရေးအဖွဲ့အစည်းတစ်ခုကိုအခြေခံကာ ပြည်သူ့ဆန္ဒဟုဆို၍လက်မခံခဲ့ပေ။သို့ဖြစ် ၍ ဤ သည်ကိုလွတ်လပ်စွာ လေ့လာခွင့်ဟုခေါ်ပါသလား?(ထိုပြည်တွင်းဘာသာရေး အဖွဲ့အစည်း သည် လက် ပံတောင်းတောင်အရေးတွင်လည်းဆန္ဒဖော်ထုတ်ခဲ့သည်ကိုမူ ပြည်သူ့ဆန္ဒဟုမမှတ်ယူသည့် အပြင်. . . .)

အမှတ်စဉ် (၄) တွင် "အုပ်စုနှစ်ခုလုံး အတွက်မျှတစွာ ထောက်ပံ့ကူညီပေးအပ်ခဲ့သည်"ဟုရေးသားထား သည်။ထိုသို့ဆိုလျင် ယခင်အပတ်က အဘယ်ကြောင့် ရိုဟင်ဂျာများ ဆန္ဒပြခဲ့ပါသနည်း။ အစာရေစာပေါ များနေ၍လော. .? နှစ်ဖက်တူညီလျင် အဘယ်ကြောင့် အခြားတစ်ဖွဲ့မှ အစာပြတ် လတ်၍ဆန္ဒ မပြသ နည်း။ အောက်တိုဘာလ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ပင်လယ်ထဲမျောနေသော ရိုဟင်ဂျာများကိုလဲ အ ဘယ်ကြောင့် ကမ်းကပ်ခွင့်မပေးခဲ့သနည်း။ ယခုထိပင် အဘယ်ကြောင့် ယခင်နေအိမ်နေရာ ၌ ပြန်လည်နေ ထိုင်ခွင့် မရှိသ နည်း။ နှစ်ဖက်တူညီစွာဆက်ဆံနေပါသလော?

အမှတ်စဉ် (၅) တွင် "လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ကို လည်းဖွဲ့စည်းပေးခဲ့" ဟုရေး သားထားသည်။ထိုသို့ဆိုလျင် အဘယ်ကြောင့် ထိုကော်မရှင်ကို သမ္မတရုံးလက်အောက်တွင် ထားရ သနည်း။လွတ်လပ်စွာဖွဲ့စည်းထားသည်ဆိုလျင်အဘယ်ကြောင့်လွတ်လပ်စွာဝေဖန်ခြင်းကြောင့် ကော် မရှင် အဖွဲ့ဝင်များကိုထုတ်ပယ်ရသနည်း။ ဂျပန်ခေတ်ကဗမာနိုင်ငံကို လွတ် လပ်ရေးပေး ခဲ့ သည်ကို မှတ်မိပါ သ လား? (စာကြွင်း- ထိုကော်မရှင်သည် မည်သည်များကိုဆောင် ရွက်နေပါ သနည်း။ ထုတ်ပြန် ချက်အ မှတ် (၂)နှင့်ကိုက်ညီပါသလား?)

အမှတ်စဉ် (၆) တွင် "အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အာဏာပိုင်တို့က ပူးပေါင်းပါဝင်ပတ်သက်ခြင်း. . . . လုံးဝမရှိကြောင်း" ဟုဖော်ပြထားသည်။ ထိုသို့ဆိုလျင်အကြမ်းဖက်မီးရှို့သတ်ဖြတ်နေသူများသည် အ ဘယ်ကြောင့် မီးတုတ်များ၊ဓားများနှင့်ရဲတပ်ဖွဲ့ဝင်များကြားရောက်နေရသနည်း။ မီးဝင်လှုံနေခြင်းလော? (အထောက်အထားများ-http://ww/medi//?set=a.176324995847192.61160.100004090784050&type=1)

အမှတ်စဉ် (၇) တွင် "ရခိုင်ပြည်နယ် ပဋိပက္ခကိုမဟုတ်မမှန်လုပ်ကြံ၍. . . . . မြန်မာနိုင်ငံတော် အစိုးရ အနေဖြင့် ပြင်းထန်စွာဆန့်ကျင်ကန့်ကွက်လိုက်သည်" ဟုငြင်းဆန်တုန့်ပြန်ထားသည်ကိုတွေ့ရသည်။ ထို နည်း တူ ကြေငြာချက်တစ်ခုခြင်းစီတွင်လိမ်ညာမှုများ၊မသမာမှုများ၊မတရားမှုများပါဝင်နေသောဤထုတ်ပြန် ချက် ကိုလဲကျွန်ုပ်ကန့်ကွက်ပါသည်။

Comment ရေးရန်

Rohingya Exodus