March 15, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ဘူးသီးတောင်မှရိုဟင်ဂျာတစ်ဦးကိုဖမ်းဆီးပြီး ငွေကျပ်သိန်း ၁၀၀ ယူ


Qutub Shah
RB News
15.1.2013

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ် အ၀န်းတွင်နယ် စပ်ဒေသနှင့်လူဝင်မှုကွပ်ကဲရေးအဖွဲ့ကို ၁၉၉၃ ခုနှစ် ဖွဲ့စည်းခဲ့ပြီး ရိုဟင်ဂျာ များ ပိုင်ဆိုင်သောငွေကြေးများကို နည်းလမ်းမျိုးစုံဖြင့် ရယူသိမ်းပိုက်နေသည်။ ထို့ အပြင် နယ်မြေအတွင်းရှိ ရဲတပ်ဖွဲ့ဝင်များမှ လည်းအကြောင်း အမျိုးမျိုးပြ၍ ဖမ်းဆီးပြီး ငွေညှစ်လျက် ရှိခြင်း ကြောင့် ရိုဟင်ဂျာများနေ့စဉ်နှင့် အမျှဒုက္ခပေါင်းစုံခံစားနေရသည်။ 

ဘူးသီးတောင်မြို့ရှိ ရဲတပ်ဖွဲ့ဝင်များသည် မကြာခဏ အပြစ်မရှိ သူများကိုဖမ်းဆီးပြီး ငွေညှစ်လျက်ရှိရာ၊ ယမန်နေ့က အမှတ် (၇) ရပ်ကွက် (ဂျာဘ်ဘာဖာရာ) မှ ဦးဂျာနီအာလမ် (ဘ) ဦးရှာဘီရူလ်ရာမန်အား ရဲတပ်ဖွဲ့ ၀င်များမှဖမ်းဆီးရန် အပူတပြင်း လိုက်ရှာခဲ့သည်။ ဦးဂျာနီအာလမ်မှာ ဈေးဆိုင်ရောင်း၍အသက်မွေး ၀မ်းကျောင်းပြုနေ သူတစ်ဦးဖြစ်ပြီး၊ ငွေကြေးအသင့်အတင့်ရှိသူဖြစ်သည်။ နောက်ဆုံးတွင် ၎င်းအားရဲတပ်ဖွဲ့ ၀င်များမှရှာတွေ့ပြီး တရားမ၀င်ဆေးဝါးရောင်း ၀ယ်နေသည် ဟုစွပ်စွဲ၍ ဖမ်းဆီးသွားခဲ့သည်။ ထို့နောက် ဦးဂျာနီအာလမ်ထံမှ ငွေကျပ်သိန်း ၁၀၀ ယူ၍ ပြန်လည်လွှတ်ပေးလိုက်ကြောင်း ဒေသခံ တစ်ဦးမှ RB News သို့ပြောပါသည်။ 

ဘူးသီးတောင်မြို့နယ်၊ စင်ဒီဖရန်ကျေးရွာတွင်နေထိုင်ကြသော ဦးမိုဟာမတ်တဘရက်ဟူစိန်းနှင့် ဦးနူးရ် အာလမ် (ဘ) ဦးအဒူဆဗူရ်တို့ အချင်းချင်း စကားများ ရန်ဖြစ်ခဲ့ကြသည်။ သို့သော်လည်း နှစ်ဦးနှစ်ဖက် မှကျေးရွာ အုပ်ချုပ်ရေးနှင့် ရဲတပ်ဖွဲ့သို့ တိုင်ကြားခြင်းမရှိခဲ့ပေ။ ထိုသို့ အချင်းချင်း စကားများ ရန်ဖြစ် ခဲ့သည့် သတင်းကို နယ်မြေခံတပ်ရင်း (၅၆၅) မှ သတင်းရ၍ ဖမ်းဆီးမည် ဟုခြိမ်းခြောက်ပြီး တစ်ဦးထံမှ ငွေကျပ် ၂ သိန်းစီယူ သွားကြောင်းသိရသည်။ ထို့အပြင် ဇန်န၀ါရီလ (၁၃) ရက် နေ့တွင်ထိုသတင်းကို တောင်းမစား ရလျှင်လက်တုန်သည့် ရဲတပ်ဖွဲ့ဝင်များမှ ရသည့်အခါ စစ်တပ်မှ ခြိမ်းခြောက်သကဲ့သို့ ခြိမ်း ခြောက် ပြီး ငွေ ကျပ် ၁ သိန်း ၅ သောင်း စီယူသွားကြောင်းသတင်းရရှိပါသည်။ 

မြောက်ဦး ။ ။ လွန်ခဲ့သည့်လတွင် နယ်မြေခံတပ်ရင်းမှ တပ်သားများ ၀ိုင်းဝန်းရိုက်နှက်ခြင်းကြောင့်ပြင်းထန် စွာဒဏ်ရာရခဲ့သည့် မြောက်ဦးမြို့နယ် ရီဒါရာဘ်ရမ်းကျေးရွာအုပ်စု (နဂါးဂွေး) မှ ဦးအဒူဂဖာရ် (ဘ) ဦးအဒူ ဂျဘာရ်သည် ထိုဒဏ်ရာများ ဖြင့်လုံလောက်စွာဆေးကုသ ခံမှုမရသဖြင့် ယမန်နေ့က ကွယ်လွန် သွားကြောင်း ဒေ သခံ ရိုဟင်ဂျာတစ်ဦးမှ RB News သို့ ပြောပါသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus