နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်တွေတက္ကသိုလ်စာမေးပွဲသုံးရက်မြောက်ပြီးစီး၊ ကျောင်းသားအချို့ဖြေဆိုခွင့်မရ


အောင်မင်းဦး
RB News 
ဒီဇင်ဘာ (၈) ၂၀၁၂

စစ်တွေ။ ။ရခိုင်ပြည်နယ်စစ်တွေမြို့တွင် ဇွန်လဆန်း တွင်ဖြစ်ပွားခဲ့သော အကြမ်း ဖက်မှုကြီးကြောင့်  စစ်တွေ တက္က သိုလ် ကျောင်း သားကျောင်း သူ များပ ညာ သင်ကြား ခွင့် ကိုရပ် ဆိုင်း ထားခဲ့ သည်။ အိုးမဲ့ အိမ် မဲ့ဖြစ် သွားသောကျောင်း သားကျောင်းသူ အများ စု မှာ သဲချောင်းနှင့် သက္ကယ်ပြင် ဒုက္ခသည်စခန်း တွင်နေထိုင်နေ ကြ သည်။ ရခိုင် လူ မျိုးကျောင်း သား များ မှာ တက္ကသိုလ်တွင် ဆက်လက်ပညာ သင်ကြား ခွင့်ရပြီး၊ ကျောင်း သား များကျောင်း တက်ကျောင်း ဆင်းအချိန်တွင်ကျောင်း အနီးပတ်ဝန်း ကျင်မှလူမျိုးခြား၊ဘာသာခြားများဖြတ် သန်းခွင့်ကိုပင် ပိတ်ပင် ထား သည်။ ယခုအခါအတန်း တင်စာမေး ပွဲအချိန်ရောက်ပြီဖြစ်၍ အစ္စလာမ် ဘာသာ ၀င်ကျောင်း သားကျောင်းသူများကို အမက(၈၀) တပ် နယ်မြေ တွင်ဖြေဆိုရမည့်ဟုကြိုတင်အကြောင်းမကြားဘဲတစ်ရက်ကြို ၍ အသိပေးခဲ့ရာဒုက္ခ သည်စခန်းများ တွင်နေ ထိုင်နေသောကျောင်းသား/သူအချို့မှာအသိနောက် ကျ၍ စာမေး ပွဲဖြေဆိုခွင့်မရခဲ့ပေ။

အမက(၈၀)တပ်နယ်မြေသည်သဲချောင်းနှင့်သက္ကယ်ပြင်ဒုက္ခသည်စခန်းနှင့်မနီးမဝေးတွင်တည်ရှိသည်။ အောင် မင်္ဂလာ နှင့်အခြားသောရပ်ကွက်များမှကျောင်းသား/သူများစာမေးပွဲဖြေဆိုရန်သွားရေးလာရေးအတွက်လက် ရှိစာမေးပွဲဖြေဆိုနေ သောကျောင်းသူမလှလှမေမှ“ကျွန်မတို့ကိုစုရပ်မှာလာခေါ်တယ်။နယ်ထိန်းတွေကိုလုံခြုံရေး အနေနဲ့ပေးထားတယ်။ ဒါပေမယ့်လက်နက်မပါတဲ့နယ်ထိန်းတွေဖြစ်တဲ့ အတွက် တစ် စုံ တစ်ခုဖြစ် လာ ရင်တော့ လုံခြုံရေးအားနည်းတယ်လို့ပြောရမှာပါ။အခုထိချော့ချော့မွှေ့မွှေ့ပါဘဲ။အပြန်လည်း သူတို့လိုက်ပို့ တယ်။ သဲချောင်းနှင့်သက္ကယ်ပြင်ကကျောင်းသားတွေကတော့နီးလို့ တော်သေး တယ်” ဟု RB News သို့ပြောသည်။

ယနေ့စာမေးပွဲဖြေဆိုအပြီး၌ကျောင်းသား/သူများကားပေါ်တွင်ထိုင်နေသည့်အချိန်လူစိမ်းသုံးဦးရောက်လာ ပြီးဓါတ်ပုံရိုက်၍ မှတ်တမ်းတင်သွားကြောင်းကို မလှလှမေမှ “ကျွန်မတို့စာမေးပွဲဖြေပြီးအိမ်ပြန်ဖို့ ကားပေါ် ထိုင်နေတဲ့အချိန်လူစိမ်းသုံးယောက် ဆိုင်ကယ်နဲ့ရောက်လာတယ်။တစ်ယောက်ကဆိုင်ကယ်ပေါ်ကဆင်းပြီး ကားပေါ်မှာထိုင်နေတဲ့ကျွန်မတို့အားလုံးဓါတ်ပုံရိုက်တယ်။ တပ်နယ်မြေထဲမှာဓါတ်ပုံရိုက်လို့မရဘူး၊ မီဒီယာ ၀င်ခွင့်မရှိဘူးဆိုပြီး တပ်ထဲဗိုလ်ကြီးကလာတားတယ်။ ဒါပေမယ့် အဲဒီလူကနားမထောင်ဘူး။ အ တင်း ဇွတ် ရိုက်တယ်။ ပြီးတော့ဗိုလ်ကြီးကိုအချင်းချင်းတွေဘဲဗျာဆိုပြီးပြောသွားတယ်။”

ယခုဖြေဆိုရသည့်ကျောင်း၏အခြေအနေနှင့်ပတ်သက်၍ “ရခိုင်လူမျိုးကျောင်းသားနည်းနည်းပါးပါးတော့ပါ တယ်။ ဘာမှ တော့ပြဿနာမရှိဘူး။ ဆရာ/ဆရာမတွေလည်းအရင်လိုတော့ ရင်းရင်းနှီးနှီးပုံစံမျိုးမရှိတော့ ဘူး။”ဟုမလှလှမေမှဆက်လက်ပြောသည်။ကျောင်းမတက်ခဲ့ရဘဲစာမေးပွဲဖြေဆိုရသည်မှာလွန်စွာခက် ခဲကြောင်းကို “ကျွန်မတို့ပထမနှစ်ဝက်စာကို သင် ခဲ့ရ တာ။ ဒုတိယ နှစ်ဝက်စာကလုံးဝမသင်ခဲ့ရဘူး။ ကြို တင် လည်းအကြောင်းမကြားတော့ အရမ်း ကို ဒုက္ခ ရောက်တယ်။ နောက်နှစ်ရက်ကျန် သေးတယ်။” ဟု RB News သို့ပြောသည်။

ကြိုတင်အကြောင်းမကြားဘဲရုတ်တရက်အသိပေးသည့်အတွက်မသိ၍မဖြေဆိုရသည့်ကျောင်းသားများ၏ နစ်နာမှုနှင့်ပတ်သက်၍ အစိုးရမှတစ်စုံတစ်ရာဖြေရှင်းပေးခြင်းမရှိဘဲ ထိုကျောင်းသားများမှာစာမေးပွဲတစ်နှစ် ကျရှူံးမည်သာဖြစ်သည်။

မှတ်ချက်။ ။ အမည်ရင်းကို ကျောင်းသူ၏လုံခြုံရေးအတွက်ကြောင့်ပြောင်းလဲထားသည်။

Comment ရေးရန်

Rohingya Exodus