နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာနှင့်ရခိုင်ဆွေးနွေးမှု မအောင်မြင်


အောင်အောင်
RB News
ဒီဇင်ဘာ (၃)၊ ၂၀၁၂

ရန်ကုန်မြို့။ ။ ရိုဟင်ဂျာလူမျိုးများနှင့်ရခိုင်လူမျိုးကြားပြေလည်မှုရရှိရန်အတွက် ရန်ကုန်မြို့ရှိ ဗိုလ်မှူး  ဟောင်းထွန်းကျော်ဦး၏နေအိမ်တွင် ဒီဇင်ဘာ (၂) ရက်နေ့က ရိုဟင်ဂျာနှင့် ရခိုင်လူမျိုးများမှ ကိုယ်စားလှယ် များတွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုဆွေးနွေးမှုတွင် ဗိုလ်မှူးဟောင်းထွန်းကျော်ဦး၏သမီး၊ လက်ရှိ NGO တွင်အလုပ်လုပ်ကိုင်နေသူမှ ရိုဟင်ဂျာ လူမျိုးများ၏လက်ရှိအခြေအနေမှာအလွန်ဆိုးရွားနေကြောင်း၊ လူသားချင်းစာနာသည့်အမြင်ဖြင့် ကြည့်ရှူရန်လိုအပ်ကြောင်း၊ မိမိအနေဖြင့်ဆရာဝန်များနှင့်အတူသွားရောက်ကြည့်ရှူခဲ့ကြောင်း၊ အစာအာ ဟာရ ချို့တဲ့မှုများနှင့်အငတ်ဘေးကြုံတွေ့နေရကြောင်း၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့မှ ဆန်နှင့်ပဲ များ ထောက် ပံ့နေသော်လည်းလုံလောက်မှုမရှိကြောင်းတို့ကို အကျယ်တ၀န့် ရှင်း လင်းပြောကြား ခဲ့သည်။

ရခိုင်လူမျိုးကိုယ်စားလှယ်တစ်ဦးမှ ရိုဟင်ဂျာဟူသောအသုံးအနှုန်းမသုံးစွဲရန်ကန့်ကွက်ရာ၊ ရိုဟင်ဂျာလူမျိုး ကိုယ်စားလှယ်မှ ငြိမ်းချမ်းစွာပြေလည်မှုရရန်အဖြေရှာနေသည့်စပ်ကြားတွင် ရခိုင်မွတ်စလင်များဟု သုံးစွဲရန် တိုက်တွန်းသော်လည်း အခြားရခိုင်ကိုယ်စားလှယ်တစ်ဦးမှကန့်ကွက်ခဲ့သည်။

ထိုသို့အပြန်အလှန်ကန့်ကွက်မှုများပြီးနောက် ရိုဟင်ဂျာလူမျိုးကိုယ်စားလှယ်များမှ တတ်ကျွမ်းနားလည် သည့် သမိုင်းပညာရှင်များဖြင့် ဆွေးနွေးပွဲတစ်ခုကျင်းပလျှင်ပို၍သင့်တော်မည်ဟုပြောကြားခဲ့သည်။

ဆွေးနွေးပွဲကို လေးနာရီကြာကျင်းပခဲ့သော်လည်းတစ်စုံတစ်ရာရလာဒ်မရရှိခဲ့ကြောင်းသတင်းရရှိပါသည်။ 

ဗိုလ်မှူးဟောင်းထွန်းကျော်ဦးသည် ၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသားပါတီ ကိုဦးဆောင်တည်ထောင်ခဲ့ သူ ဖြစ်ပြီး ရိုဟင်ဂျာလူမျိုးများကို ဘင်္ဂါလီဟုသုံးစွဲခြင်းကိုကန့်ကွက်ခဲ့သူဖြစ်သည်။ ရိုဟင်ဂျာလူမျိုးများနှင့် ပတ်သက် ၍ "ရခိုင်ပြည်နိုင်ငံရေးသမိုင်းနှင့်အနာဂတ်ရခိုင်ပြည်" စာအုပ်ကို ၁၉၈၉ ခုနှစ်တွင်ရေးသား ခဲ့သည်။ 

Comment ရေးရန်

Rohingya Exodus