နောက်ဆုံးသတင်း/ဆောင်းပါးများ

ရဲကိုယ်တိုင် ရိုက်ကူးထားသည့် ရဲများက ရိုဟင်ဂျာများကို ရိုက်နှက်ညှဉ်းပန်းနှိပ်စက် နေသည့် ဗီဒီယို ထွက်လာ




RB News
31.12.2016

ရဲတပ်ဖွဲ့ဝင်များက ရိုဟင်ဂျာများကို ရိုက်နှက် ညှဉ်းပန်းနှိပ်စက်နေသည့် တစ်မိနစ် ဆယ့်ငါးစက္ကန့် ဗီဒီယိုတစ်ခုကို ရဲတပ်ဖွဲ့ဝင် တစ်ဦး ကိုယ်တိုင် ရိုက်ကူး၍ လူမှုကွန်ယက်ပေါ်သို့ ဖြန့်ဝေလိုက်သည်။ အဆိုပါ ဗီဒီယိုသည် နာရီပိုင်းအတွင်း နိုင်ငံတကာသို့ ပျံ့နှံ့သွားပြီး နိုင်ငံတကာ စာနယ်ဇင်းသမားများက ရိုက်ကူးထားသည့် နေရာကို စုံစမ်းလျက် ရှိသည်။

အောက်တိုဘာလ (၉) ရက်နေ့မှစ၍ ယခုဗီဒီယိုတွင် ပါသည့် ရိုက်နှက်ညှဉ်းပန်းနှိပ်စက်မှုပုံစံမျိုးမှာ မောင်တောမြို့နယ် မြောက်ပိုင်းနှင့် ရသေ့တောင်မြို့နယ် များတွင် ဖြစ်ပွားခဲ့ပြီး၊ RB News မှလည်း ယခု ဗီဒီယိုရိုက်ကူးထားသည့် နေရာကို စုံစမ်းလျက် ရှိသည်။



Comment ရေးရန်

Rohingya Exodus