နောက်ဆုံးသတင်း/ဆောင်းပါးများ

အင်ဒိုနီးရှားနိုင်ငံမှ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအတွက် လူသားချင်းစာနာသည့် အထောက်အပံ့ ပစ္စည်းများ စတင်ပေးပို့

RB News
29.12.2016

အင်ဒိုနီးရှားနိုင်ငံမှ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် အတွင်းရှိ ရိုဟင်ဂျာများ အတွက် လူသားချင်း စာနာသည့် အထောက်အပံ့များ ယနေ့ ဒီဇင်ဘာလ (၂၉) ရက်နေ့တွင် စတင်ပေးပို့လိုက်ပြီ ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ အခြေစိုက် သတင်းမီဒီယာများက ရေးသား ဖော်ပြထားသည်။ 

“ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ အနေနဲ့ အင်ဒိုနီးရှားနိုင်ငံက နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းထားတဲ့ အတွက် အေးချမ်းစွာ နေထိုင်ရလိမ့်မယ်လို့ မျှော်လင့်တယ်” ဟု အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကိုဝီက လူသားချင်းစာနာသည့် အထောက်အပံ့ ပစ္စည်းများ Tanjung Priok ဆိပ်ကမ်းမှ တင်ပို့နေစဉ် ပြောကြားခဲ့သည်။ 

သမ္မတဂျိုကိုဝီက ရိုဟင်ဂျာများအနေဖြင့် အင်ဒိုနီးရှားနိုင်ငံမှ စိုးရိမ်ပူပန်မှု၊ တစ်သားတည်း ရှိနေခြင်း တို့ဖြင့် ပေးပို့လိုက်သည့် ပစ္စည်းများကို ကောင်းမွန်စွာ လက်ခံရရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း သတင်းများတွင် ရေးသား ဖော်ပြထားသည်။ 

ကုန်သေတ္တာ (၁၀) လုံးပေးပို့လိုက်ခြင်း ဖြစ်ပြီး၊ ခေါက်ဆွဲထုပ်များ၊ ကလေး အစားအစာများ၊ ဂျုံများ၊ အခြား အစားအသောက်များနှင့် ထမိန်များ ပါရှိသည်။ 

မြန်မာအစိုးရနှင့် အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးတို့ အကြိမ်ကြိမ် ဆွေးနွေးပြီးနောက် ယခုပစ္စည်းများ ပေးပို့ရန် သဘောတူညီခဲ့ခြင်း ဖြစ်သည်။ 

အင်ဒိုနီးရှားသမ္မတက နိုင်ငံခြားရေးဝန်ကြီးကို မြန်မာနိုင်ငံသို့ စေလွှတ်၍ ရိုဟင်ဂျာများ လိုအပ်သည့် အထောက်အပံ့ ပစ္စည်းများ ပေးပို့နိုင်ရန် အတွက် ဆွေးနွေးခဲ့ကြောင်း သတင်းများတွင် ရေးသားထားပါသည်။ 

၂၀၁၆ နိုဝင်ဘာလ ၂၄ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံသားများ ရိုဟင်ဂျာများ အတွက် ဆန္ဒပြနေကြစဉ်


Comment ရေးရန်

Rohingya Exodus