နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင်၊ ခွဆုံရွာတွင်ရိုဟင်ဂျာများကိုမဲပေးခွင့်၊ ရွေးချယ်ခံပိုင်ခွင့်မပေးဘဲ ရွာအုပ်ချုပ်ရေးမှူးရွေးချယ်



Qutub Shah 
RB News
2.1.2013

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ခွဆုံရွာ၌ ယနေ့ကျေးရွာ အုပ်ချုပ်ရေးမှူးရွေးချယ် ခန့်ထား ခဲ့ကြောင်း သတင်းရရှိပါသည်။

ယနေ့ နံနက်ပိုင်းတွင် ခွဆုံရွာသို့ ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနှင့်မောင်းတော ခရိုင် အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ သွားရောက်၍ ကျေးရွာအုပ်ချုပ်ရေးမှူးရွေး ချယ်ခဲ့သည်။ ခွဆုံရွာတွင် ရိုဟင်ဂျာ မွတ်စလင် အိမ်ခြေ(၅၀၀) ကျော်ရှိပြီး၊ ရခိုင်ဗုဒ္ဓဘာသာ အိမ်ခြေ(၅၀) ခန့်သာရှိသည်။ ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူး များက ရခိုင် ဗုဒ္ဓဘာသာဝင်များကို သာခေါ်ယူ၍ မဲပေးစေပြီး ရခိုင်ဗုဒ္ဒ ဘာသာကျေးရွာ အုပ်ချုပ်ရေး မှူး ကိုရွေးချယ် ခဲ့ကြောင်း ဒေသခံတစ်ဦးမှ RB News သို့ပြောသည်။

ရွာရှိ ရိုဟင်ဂျာ မွတ်စလင်များ ကိုရွေး ချယ်ခံပိုင်ခွင့် မပေးသည့်အပြင်၊ မဲပေးပိုင်ခွင့်လည်း မပေးကြောင်း သိရ သည်။ ခေတ်အဆက်ဆက်၊ လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲထိ ရိုဟင်ဂျာမွတ်စလင်များသည် မဲပေး ပိုင် ခွင့်နှင့်ရွေးချယ်ခံ ပိုင်ခွင့်ရှိခဲ့ပြီး၊ ယခုဒီမိုကရေစီ အစိုးရတက်လာပြီးနောက် အခွင့်အရေးများပိုမို ဆုံးရှူံး လျက်ရှိသည်။

Comment ရေးရန်

Rohingya Exodus