နောက်ဆုံးသတင်း/ဆောင်းပါးများ

မင်္ဂလာနှစ်သစ်ကူးနေ့တွင်လည်း ရိုဟင်ဂျာများဖမ်းဆီးရိုက်နှက်ခံရ


Qutub Shah
RB News
2.1.2013


မင်းပြား ။ ။ ၂၀၁၃ ခုနှစ်နှစ်သစ်ကို ကမ္ဘာအ၀န်းမှ ကမ္ဘာ့လူသားများက ကြိုဆိုလိုက်သော်လည်း ရိုဟင်ဂျာ မွတ်စလင်များ၏ နေ့စဉ် အတိဒုက္ခသည် မင်္ဂလာရှိသောနှစ်သစ်ကူးနေ့တွင် ပင်ပြောင်းလဲမှုမရှိဘဲ၊ ရိုဟင်ဂျာ မွတ်စလင်ဆိုလျှင် ရခိုင်အစွန်းရောက်များက တစ်မျိုး၊ အစိုးရ၀န် ထမ်းကတစ်ဖုံညှင်းပန်းနှိပ်စက်လျက်ရှိ သည်။

ဇန်န၀ါရီ (၁) ရက်နေ့တွင် မင်းပြားမြို့နယ် လမရှေရွာနေ ဦးမိုဟာမတ်ဂျလာလ် (ဘ) ဦးမိုဟာမတ်ကာဆင် မှ ရွာရှိလုံခြုံရေး တပ်ဖွဲ့ဝင်များ ထံမှ ခွင့်ပြုချက်ယူ၍ ၎င်း၏ ပုဇွန်ကန်ကိုပြုပြင်ထိန်းသိမ်းရန် နံနက် ၁၀ နာရီ ခွဲ ခန့်တွင် သွားရောက် ခဲ့သည်။ ၎င်း၏ ပုဇွန်ကန်သည် ရခိုင်ရွာအနီးတွင် တည်ရှိပြီး၊ ပုဇွန်ကန် ရှိရေ လာမြောင်းများ ကိုပြုပြင်နေစဉ် ရခိုင်ရွာရှိလုံခြုံရေး တပ်ဖွဲ့ဝင်များ လာရောက်၍ အကြောင်းမဲ့ ရိုက်နှက် ခဲ့ကြောင်း သိရသည်။ ဦးမိုဟာမတ်ဂျလာလ်အား နေ့လည်ပိုင်းမှ စတင်၍ လူမဆန်စွာ ရိုက်နှက်ပြီး၊ည ၇း၄၀ နာရီ တွင် သေလုမျောပါးဒဏ်ရာ များဖြင့်ပြန်လည် လွှတ်ပေး ခဲ့ကြောင်း ဒေသခံ တစ်ဦးမှ RBNews သို့ပြောသည်။

မြောက်ဦး ။ ။ မြောက်ဦးမြို့၊ ဖီဖာရန်ရွာရှိ ရွာသူရွာသားများအား စားသုံးရန် လွန်စွာခက်ခဲလျက်ရှိရာ ရွာသား (၅) ဦးမှ မိမိတို့ ပိုင်ဆိုင်သောနွား တစ်ကောင်ကို စားသုံးရန်အတွက်ရွာရှိဈေးတွင် ယမန်နေ့ ကရောင်း ချခဲ့ သည်။ ထိုသို့ရောင်းချ သည်ကို တပ်ရင်း (၃၇၈) မှဗိုလ်ကြီးက ခွင့်ပြုချက်မယူ၍ သား သတ်ရောင်းသည် ဟုစွပ်စွဲပြီး ထို (၅) ဦးအား ရိုက်နှက်ခဲ့ ကြောင်းသိရသည်။ ထိုသို့ ရိုက်နှက်ပြီးနောက် တပ် ရင်း (၃၇၈) မှဗိုလ်ကြီးက ငွေကျပ် ၆၀၀၀ တန်ဖိုးရှိကြက် တစ်ကောင်နှင့် ငွေကျပ်တစ်သောင်းယူ၍ပြန် လည် ထွက်ခွာ သွားကြောင်းသိရသည်။

ရိုက်နှက်ခံရသူ (၅) ဦးမှာ -

(၁) ဦးအဘူဟနီဖာ (ဘ) ဦးအိုဘိုင်ဒုလ္လာ (အသက် ၅၀ နှစ်)
(၂) ဦးမောင်ဘ (ဘ) ဦးဆာလေ (အသက် ၄၅ နှစ်)
(၃) ဦးမိုဟာမတ်ယူစွတ် (ဘ) ဦးနူးရ်မိုဟာမတ် (အသက် ၅၅ နှစ်)
(၄) မော်လာနာအဗ်ဒူနာဆဲရ် (ဘ) ဦးအဒူရှကူရ် (အသက် ၃၀ နှစ်)
(၅) ဦးရဖီကုလ်အစ္စလာမ် (အသက် ၃၀ နှစ်) - တို့ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus