နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်တပ်နှင့်ရဲများမှဓါးပြများသဖွယ်အပြစ်မဲ့အားဖမ်းဆီးညှင်းပန်း၍ငွေတောင်းခံလျက်ရှိ

Qutub Shah
RB News
2.1.2013

ဘူးသီးတောင် ။ ။ ဘူးသီးတောင်မြို့နယ်၊ ငရန့်ချောင်းကျေးရွာမှ ဦးရာဟီဘုလ္လာ (ဘ) ဦးဖေတန်အလီကို တပ်ရင်း (၃၅၃)မှ အရာရှိ ဦးအောင်ဇော်ဝေမှ ဖမ်းဆီး ရိုက်နှက်၍ ငွေညှစ်ခဲ့ကြောင်း သိရ သည်။ ၂၀၁၂၊ဒီဇင်ဘာ (၃၁)ရက်နေ့တွင် ဦးရာဟီဘုလ္လာအား ဦးအောင်ဇော်ဝေမှ ဖမ်းဆီးပြီး ဇီးတုန်းရွာသို့ သွားရောက် ခဲ့သည်ကို၎င်း ကိုယ်တိုင်မြင်တွေ့ခဲ့သည်ဟုစွပ်စွဲ၍ရိုက်နှက်ပြီး၊ ငွေကျပ်တစ် သိန်းနှစ်သောင်း ဓါးပြတိုက်သကဲ့သို့ ယူ၍ ပြန် လည်လွှတ်ပေးလိုက်ကြောင်း ဒေသခံတစ်ဦးမှ RB News သို့ပြောပါသည်။

ဒီဇင်ဘာလ (၃၁) ရက်နေ့တွင်ပင် ည ၈ နာရီခန့်တွင် ဇီးတုန်းရွာမှ ရွာသားနှစ်ဦးဖြစ်သည့် ဦးအဒူရာမန် (ဘ) ဦးအဒူကွာလစ်နှင့် ဦးဇူဘိုင် (ဘ) ဦးဘစမျာတို့အား တပ်ရင်း (၃၅၃) မှအရာရှိဦးအောင်ဇော်ဝေ မှလမ်း တွင်တွေ့၍ ရိုက်နှက်ပြီးဖမ်းဆီးသွားသည်။ ဖမ်းဆီးသွားရခြင်းမှာ ညဘက်တွင် အပြင်၌တွေ့ သည်ဟု သာအကြောင်းပြပြီး အခြားအကြောင်းတစ်စုံတစ်ရာမရှိပေ။ ဇီးတုန်းရွာသားများမှ အပတ်စဉ် တစ်အိမ်လျှင် ဆန် (၃) ကီလိုနှင့်ငွေကျပ်တစ်ထောင်စီတပ်ရင်း (၃၅၃) သို့ဆက်ကြေး ပမာပေးနေ ရကြောင်းနှင့် ပျက်ကွက် လျှင်ပြင်းထန်စွာ ရိုက်နှက်အရေး ယူခြင်းခံနေရကြောင်းဒေသ ခံတစ်ဦးမှပြော ပါသည်။

၎င်းနေ့တွင်ပင်ဆေးအိုးကျရွာသားတစ်ဦးဖြစ်သည့် ဦးအဗ်ဒူလ္လာ (ဘ) ဦးအလီမျာအား ညဘက်အပြင်ထွက် သည်ဟု အကြောင်းပြ၍ တပ်ရင်း (၅၅၁) မှစစ်သားများမှဖမ်းဆီးပြီး ရိုက်နှက်၍ ငွေကျပ် ၅ သောင်း ယူကာ ပြန်လည်လွှတ်ပေးလိုက် ကြောင်းသိရသည်။ အမှတ် (၇) ရပ်ကွက် (ဇော်ဘော်ရ်ရွာ) မှ ဦးအဲနာ ယာသ် အုလ္လာ (ဘ) ဦးအဒူမာလစ်အား အကြောင်း ပြချက်တစ်စုံတစ်ရာမရှိဘဲ ဖမ်းဆီး သွားပြီး ၊ ငွေကျပ် တစ်သိန်း ယူ၍ ထိုနေ့တွင်ပင်ပြန်လည်လွှတ်ပေးခဲ့သည်။

ဒီဇင်ဘာလ (၃၀) ရက်နေ့ ည ၁၀ နာရီခန့်တွင် သိမ်တောင်ပြင်ရွာမှ ဦးရှမ်ရူအာလမ် (ဘ) ဦးဟာရွန်ရရှီဒ် အား နစကစခန်း အမှတ် (၂၁) မှနေအိမ်သို့ လာရောက်၍ လက်ကိုင်ဖုန်းပိုင်ဆိုင်ထားပြီး၊ နိုင်ငံခြားသို့ဆက် သွယ်နေသည်ဟုမဟုတ်မမှန် စွပ်စွဲရိုက်နှက် ၍ခေါ်ဆောင် သွားခဲ့သည်။ ထို့နောက် ငွေကျပ် ၅  သောင်းယူ ၍ပြန် လည်လွှတ်ပေးလိုက်ကြောင်းသိရသည်။

ကကျက်ဘက်ကံပြင်ရွာမှရွာသားနှစ်ဦးဖြစ်သည့် ဦးမိုဟာမတ်စလင်း (ဘ) ဦးအဘူဟိုဆန် (အသက် ၅၀ နှစ်) နှင့် ဦးဟဆန် (ဘ) ဦးအဘူဟဆန်တို့သည် ရွာအတွင်းရှိဆင်းရဲနွမ်းပါးသူများကိုကူညီလျက်ရှိရာ၊ ဘူးသီးတောင်မြို့နယ် နယ်ထိန်းတာဝန်ခံ ဒုရဲအုပ်မြတ်ထွေးမှ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် ဖမ်းဆီးသွားပြီး၊ တစ်ဦးထံမှ ငွေကျပ်နှစ်သိန်း ခွဲနှင့် နောက်တစ်ဦး ထံမှ ငွေကျပ် တစ်သိန်း ယူ၍ပြန်လည် လွှတ်ပေးခဲ့သည်ဟု ဒေ သခံတစ်ဦးမှ RB News သို့ပြောသည်။

ဒီဇင်ဘာလ (၂၈) ရက်နေ့တွင်အမှတ် (၇) ရပ်ကွက်ဈေး၌ ဈေးဝယ်နေသော ရခိုင် အမျိုးသမီး တစ်ဦး မှ ရွှေတစ်ကျပ်သားနှင့် ငွေတစ်သိန်းခွဲပျောက် ဆုံးသွားသည်ဟု ဘူးသီးတောင်မြို့နယ် ရဲစခန်းသို့ အမှုဖွင့်တိုင် ကြားခဲ့သည်။ နယ်ထိန်းတာဝန်ခံ ဒုရဲအုပ်မြတ်ထွေးသည်ရိုဟင်ဂျာမွတ်စလင်များကိုဖမ်းဆီး၍ ညှင်းပန်းနှိပ် စက်၍ငွေညှစ်သူဖြစ်သည့်အလျောက် အပြစ်မရှိသော ဦးမိုဟာမတ်ရှဖီး (ဘ) ဦးရှာကဲရ်အား ဖမ်းဆီး၍ ရိုက်နှက်ပြီး အတင်းအဓမ္မ ၀န်ခံခိုင်းခဲ့သည်။ သို့သော်လည်း ဦးမိုဟာမတ်ရှဖီးသည် အပြစ်မဲ့ မရှိ သူဖြစ်သော ကြောင့် မိမိမလုပ်သည်ကို ၀န်မခံနိုင်သောကြောင်းပြောဆိုပြီး ရိုက်နှက် ညှင်းပန်းနှိပ် စက်ခြင်းကို သာခံခဲ့သည်။ ထို့နောက်ဒီဇင်ဘာ (၃၀) ရက်နေ့ တွင်ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း သိရပါသည်။

Comment ရေးရန်

Rohingya Exodus