နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင်အကျဉ်းထောင်တွင်း ရိုဟင်ဂျာအကျဉ်းသားများကို လူမဆန်စွာနှိပ်စက်မှုများ


QS Madani 
RB News 
9.2.2013 

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်ဇွန် လဆန်းတွင် အကြမ်းဖက်မှု များဖြစ်ပွားပြီးနောက် အပြစ်မဲ့ ရိုဟင်ဂျာ မွတ်စလင် အများအပြားကို သက်ကြီး၊ ကလေးပါမကျန် ဖမ်းဆီး၍ အကျဉ်း ချခဲ့သည်။ ထိုသို့ ဖမ်းဆီး ခံရ သူများထဲမှ ငွေကြေး တတ်နိုင်သူ (၃) ဦး သည် တစ်ဦးလျှင် ငွေကျပ် သိန်း ၁၅၀ စီပေး ၍ လွန်ခဲ့ သည့် ရက်ပိုင်း အတွင်း လွတ်မြောက် လာခဲ့သည်။ 

လွတ်မြောက် လာသူ (၃) ဦးမှ ထောင်တွင်း အတွေ့ အကြုံများကို အကျဉ်းထောင် အတွင်း မတရားသဖြင့် အကျဉ်း ကျ ခံနေရသူ များ၏ ဆန္ဒအရ RB News သို့ ၎င်းတို့ ခံစားနေရသည့် ညှင်းပန်းနှိပ်စက်မှု အသေး စိတ်ကို စာရေးသား ၍ပေး ပို့ခဲ့သည်။ 

အဆိုပါစာတွင်ရေး သားထားသော အချက်အလက်များ မှာအောက်ပါ အတိုင်းဖြစ်ပါသည်။ 

၂၀၁၂ ခုနှစ်၊ ဇွန်လမှစ၍ ယနေ့ထိ ဘူးသီးတောင်မြို့နယ် အကျဉ်းထောင် အတွင်း ရိုဟင်ဂျာ မွတ်စလင်များ အား အသက် အာမခံချက် ကင်းမဲ့ သည့်အထိ လူမဆန်သော ရက်စက် ရမ်းကားမှု၊ ရိုက်နှက် သတ်ဖြတ်မှု၊ ဂုဏ်သိက္ခာ ပျက်အောင်ပြုလုပ်မှုများ 

မြန်မာနိုင်ငံပြည်နယ် အစိုးရ ရဲတပ်ဖွဲ့ဝင်များနှင့် အကျဉ်းထောင်ဝန်ထမ်းများမှ - 

(၁)အကြမ်းဖက်မှု များတွင်ပါဝင် ပတ်သက်ခြင်း မရှိခဲ့သော ရိုဟင်ဂျာ မွတ်စလင်များအား မသင်္ကာဟု အ ကြောင်းပြ ဖမ်းဆီးပြီး၊ ကြိုးဖြင့် ချည်နှောင်ခြင်း၊ အ၀တ်တစ် စုံတစ်ရာ ၀တ်ခွင့်မပြုဘဲ ၀တ်လစ်စလစ် ထား ခြင်း 

(၂) အကျဉ်းထောင်သို့ ခေါ်ယူသွားစဉ် ခေါင်းငုံ့၊ ခေါင်းချထားခိုင်းပြီးလည်ကုတ်ပေါ်တွင်ခြေဖြင့်ဖိထား ခြင်း 

(၃) အကျဉ်းထောင် အတွင်းကာလရှည်ကြာစွာ ၀တ်လစ်စလစ် ထားခြင်း၊ ရေချိုးရန်လိုအပ်လျှင်လည်း ၀တ်လစ် စလစ်ဖြင့်ခေါ် ယူသွား၍၊ ၀တ်လစ်စလစ်ဖြင့် သာပြန်လည်၍ အကျဉ်းထောင် အတွင်း ရှိ အ ဆောင် သို့အုပ်စု လိုက်ပြန်လည်ခေါ် ယူလာခြင်း 

(၄) အကျဉ်းထောင်အတွင်း သွားလာစဉ်တွင် လည်းကောင်း၊ အဆောင်တွင်း ထားရှိစဉ်တွင် လည်း ကောင်း၊ ရိုဟင်ဂျာ မွတ်စလင် အကျဉ်းသား များ၏ အရှက် အင်္ဂါကို တုတ်ဖြင့်ရိုက်ခြင်း၊ အကျဉ်း သား အချင်း ချင်းအား ရိုက်နှက်၍ ကိုင်တွယ်စေခြင်း၊ ကြိုးဖြင့် ချည်နှောင် ၍ ရောင်ရမ်း လာသည့် အထိ ထားခြင်း၊ 

(၅) အကျဉ်းထောင် ၀န်ထမ်းများမှ ခေါင်းငုံ့၊ ခေါင်းချခိုင်းပြီး၊ ကျောကုန်းပေါ်တက်ထိုင်၍ တူဖြင့်ခေါင်း ကိုထုခြင်း၊ ရခိုင်အကျဉ်းသား များကိုခေါ်ယူ၍ ခြေ၊လက်များအားတုတ်၊တူ၊သံကြိုးများဖြင့်ရိုက်နှက် စေခြင်း 

(၆) ခြေ၊ လက်၊နား၊ နှာခေါင်း များဖြတ်ပြီး၊ ဦးခေါင်းတွင်ကြီးမားသည့် ဒဏ်ရာရသည့် အထိ နာကျင် အောင် ညှင်းပန်းနှိပ်စက်ခြင်း 

(၇) ၀မ်း၊ ရင်ဘတ်၊ နှလုံးသားနှင့် ဦးနှောက် အတွင်း အတွင်းကြေဒဏ်ရာ ရသည့်အထိ ရိုက်နှက်ခြင်း 

(၈) မုတ်ဆိတ်နှင့်နှုတ် ခမ်းမွှေးများကို အကျဉ်းထောင် ၀န်ထမ်းများနှင့် ရခိုင်အကျဉ်းသား များကနာ ကျင် အောင်နှုတ်ခြင်း၊ ထို့ အပြင် မိမိတို့၏ ခန္ဓာကိုယ်မှ အမွှေးများကိုနှု တ်ခိုင်းခြင်း 

(၉) ခန္ဓာ ကိုယ်အစိတ်အပိုင်း များကို မီးစွဲနေသည့် မီးသွေးများဖြင့် တို့ခြင်း၊ အရှက်အင်္ဂါများ ကို မီးရှို့ခြင်း၊ လျှပ်စစ်ဓါတ် အားဖြင့်တို့ခြင်း၊ ရေပူလောင်းချခြင်း 

(၁၀)ကာလအတန်ကြာစားနပ်ရိက္ခာဖြတ်တောက်ထားသည့်အပြင်ကာလအတန်ကြာမှရေချိုးခွင့်ပြု ခြင်း၊ ရေ ချိုးခွင့်ပြုလျှင် လည်း ရေကိုလုံလောက်စွာသုံးစွဲခွင့်မပြုခြင်း၊ သောက်ရေကိုလည်းအချိန်အကန့်အသတ်ဖြင့် သာသောက်ခွင့်ပြုခြင်း 

(၁၁) အကျဉ်းထောင်အတွင်း ညဘက်အိပ်စက်ခွင့်မပြုခြင်း၊ အိပ်ငိုက်လျှင်တာဝန်ခံမှ သေလုမျှောပါး ရိုက်နှက်ခြင်း 

(၁၂) နမားဇ်ဝတ်ပြုခွင့်မပေးခြင်း၊ ဥပုသ်စောင့်ခွင့်မပေးခြင်း၊၀ူဇူ(ခြေလက်မျက်နှာသန့်စင်ခြင်း)ခွင့်မ ပြုခြင်း 

(၁၃) လည်ပင်းနှင့်လည်ကုတ်ပေါ်တွင်တွန်တုံးများတင်၍ လယ်ထွန်ခြင်း 

(၁၄) တွားသွားစေ၍ အကျဉ်းထောင်ဝန်ထမ်းများမှ စီးနင်းပျော်ပါးခြင်း 

(၁၅) သံမှိုရိုက်ထားသည့်ပျဉ်ပြားများနှင့် မီးစွဲနေသည့်မီးသွေးများအပေါ်လမ်းလျှောက်စေခြင်း 

(၁၆) လဲလျောင်းစေပြီး၊ ရင်ဘတ်ပေါ်တွင်ကျောက်တုံးအလေးများတင်ထားခြင်း 

(၁၇) ကပ်ကျေး၊ အပ်၊ ဓါး၊ ပလပ်ယာတို့ဖြင့် ခန္ဓာကိုယ်အသား အရေကွာ သည့်အထိ သနားညှာတာစိတ် ကင်းမဲ့စွာ ဆွဲငင်ယူခြင်း၊ လျှာနှင့်မျက်စိများ နာကျင်သည့်အထိ ထိုးဆိတ်ခြင်း၊ 

(၁၈) လူမဆန်စွာ ရိုက်နှက်မှုကြောင့် ကျင်ကြီး/ကျင်ငယ်စွန့်မိလျှင် အကျဉ်းသား၏ လက်ဖြင့်ကိုယ်တိုင် ကိုင်စေပြီး အတင်းအဓမ္မရိုက်နှက်၍ စားသောက်စေခြင်း 

(၁၉) အကျဉ်းသားများ၏ ခန္ဓာကိုယ်ပေါ်သို့ ခါချဉ်အုံကြဲချပြီး ကိုက်စေခြင်း 

(၂၀) အကျဉ်းသားများ၏ ခန္ဓာကိုယ်ပေါ်သို့ ထမင်း၊ဟင်းများကြဲချပြီး ခွေးလေခွေးလွင့်များအားခေါ် ဆောင် လာပြီး စားစေပြီး၊ အကျဉ်းသားများအားကိုက်စေခြင်း 

(၂၁) တရားရုံးသို့ခေါ်ဆောင်သွားစဉ်၊ လူကြီးလူငယ်များအားလုံးကိုတင်းကျပ်စွာချည်နှောင်၍တရားရုံး တွင် ပင် မကြာ ခဏရိုက်နှက်ခြင်း 

(၂၂) အကျဉ်းထောင်ဝန် ထမ်းများမှ သွားရင်းလာရင်း တိရိစ္ဆာန်များ ကိုခေါ်သကဲ့သို့အမှုအရာ၊ စကား များဖြင့်ခေါ်၍၊ အကောင်ဟု လည်းကောင်း၊ နွားကုလားများဟု လည်းကောင်း စသဖြင့်ဆဲဆိုခြင်း 

(၂၃)အကျဉ်းထောင် အတွင်းနှင့် အပြင်တွင် အကျဉ်းသားများကို လက်၊ ခြေ၊လည်ပင်း၊ ခါးများကိုကြိုး ဖြင့် တင်း ကျပ်စွာ ချည်နှောင်၍ ခန္ဓာကိုယ်၏ အင်္ဂါ အစိတ် အပိုင်းများ အားလုံးကို ပြင်းထန်စွာ ဒဏ်ရာရ သည့် အထိ ရိုက်နှက်ခြင်း 

(၂၄) အကျဉ်းသားများမမာမကျန်းဖြစ်ခဲ့လျှင် ဆေးဝါးကုသမှုလုံးဝပြုလုပ်မပေးခြင်း 

(၂၅) အကျဉ်းသား များ၏ ဆွေမျိုးမိတ်သင်္ဂဟများ လာရောက်တွေ့ဆုံခွင့်တောင်း လျှင်လုံးဝ မပေးခြင်း၊ ဆေးဝါး၊ အစားအသောက်၊ စားနပ်ရိက္ခာ၊ ငွေကြေး၊အ၀တ်အထည်များကိုလည်းပေးခွင့်မပြုခြင်း 

(၂၆) အကျဉ်းသား များကို အတင်း အဓမ္မမုဒိန်း ကျင့်သည့်အပြင် သုတ်ရည် များကို ပါးစပ်တွင်းသို့အတင်း ထည့် ၍ မျို ချစေခြင်း 

(၂၇) အထက်ပါ အတိုင်း သန်စွမ်းသူ၊ မသန်စွမ်း သူများနှင့် ခြေကျိုး၊ လက်ကျိုး၊ နားပင်း၊ ရူးသွတ်၊ သက်ကြီး၊ သက်ငယ် မကျန် ထိုနည်း တူစွာပြုလုပ်ခြင်း 

(၂၈) “မောင်မင်းတို့ အလ္လာဟ်အကြီးမား ဆုံးဖြစ်တယ်လို့ မောင်မင်းတို့ ပြောတယ်မ ဟုတ်လား။ အခုမင်း တို့အလ္လာဟ်မင်းတို့ကိုကယ်ဖို့ခေါ်လိုက်” ဟုပြောဆို၍ဘာသာရေးကိုစော်ကားခြင်း 

(၂၉) အထက်ပါ ကဲ့သို့နည်း မျိုးစုံဖြင့် ရက်စက် ရမ်းကားခြင်းကြောင့် ရိုဟင်ဂျာ မွတ်စလင်မြောက် များ စွာ သေကြေ ခဲ့ရသည်။ ထိုသို့သေဆုံး ခဲ့ရသူများ၏ အလောင်းများကို မိသားစုများ သို့ ပြန်လည်ပေးခြင်း မပြု လုပ်ဘဲ၊ ၎င်းတို့ သဘော အတိုင်း မည်ကဲ့သို့ ပြုလုပ် သည်ကို မသိရှိ ရခြင်း၊ သေဆုံး သူကို အစ္စလာမ် ဘာသာ ထုံး ထမ်း စဉ်လာအတိုင်း သဂြိုဟ် ခွင့်မရခြင်း 

ရိုဟင်ဂျာ မွတ်စလင်များကို အပြစ်တစ်စုံ တစ်ရာမရှိဘဲ၊ သက်သေ အထောက် အထားမရှိဘဲ၊ ဖမ်းဆီး၍ ရခိုင် လူမျိုးအား သက်သေ အဖြစ်ခေါ် ယူပြီး နှစ်ရှည်ထောင် ဒဏ်ချမှတ်ခံ ရသူများမှာမရေ မ တွက်နိုင် အောင်ရှိနေပါသည်။ ငွေကြေးချမ်း သာသူ များထဲမှာ ငွေကြေးသိန်းပေါင်း များစွာပေး ၍ လွတ်မြောက်လာ ခဲ့သူများရှိသော်လည်း လွန်စွာနည်းပါးပါသည်။ အများစုမှာငွေကြေး မတတ်နိုင်သူ များဖြစ်သောကြောင့် အကျဉ်းထောင် အတွင်း အထက်ပါ အတိုင်း ညှင်းပန်းနှိပ်စက်မှုပေါင်း စုံကိုခံ စားနေကြ ရပါသည်။ 

ထိုသို့ ဖမ်းဆီး ခံရပြီး၊ ညှင်းပန်းနှိပ် စက်ခံရမည်ကို စိုးရိမ်၍ ထွက်ပြေး တိမ်းရှောင်နေ သူများရှိ သကဲ့သို့၊ နိုင် ငံခြားသို့အပြီး အပိုင်ထွက်ပြေး သွားသူများ လည်းအများ အပြား ရှိနေသည်။

Comment ရေးရန်

Rohingya Exodus