April 27, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

တောင်ဘဇာမှ ရဲမှူးထွန်းနိုင်က ဒေသခံများကို မသင်္ကာမှုခေါင်းစဉ်တပ် ဖမ်းဆီးပြီး ငွေကျပ် ၂၅၁၈ သိန်း ညှစ်ယူ

MYARF
RB News
10.6.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ဘဇာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေစခန်းမှ နယ်မြေမှူး ရဲမှူးထွန်းနိုင်သည် ၎င်း၏ နယ်မြေအတွင်းရှိ ကျေးရွာအုပ်စုများမှ ဒေသခံများကို မသင်္ကာမှုဖြင့် ဖမ်ဆီး ညှဉ်းပန်းနှိပ်စက်၍ ငွေညှစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။ 

ရဲမှူးထွန်းနိုင်သည် ဘူးသီးတောင် ဇာတိဖြစ်ပြီး၊ ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာများတွင် ငွေကြေး တတ်နိုင်သူများ၏ အမည်များကို သေချာသိသူတစ်ဦး ဖြစ်သည်။ ယခုအခါ အောက်ဖော်ပြပါ ဒေသခံများကို မသင်္ကာမှုဖြင့် ဖမ်းဆီးညှဉ်းပန်းနှိပ်စက်၍ ငွေကျပ် သိန်းပေါင်း ၂၅၀၀ ကျော် ညှစ်ယူထားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ရဲမှူးထွန်းနိုင်က -

(၁) ဦးဂျိုကာ (ဘ) ဦးဆီရာဇ်မျာ ထံမှ ငွေကျပ် သိန်း (၁၀၀)
(၂) ဦးအာမာန်အုလ္လာနှင့် ဦးအဒူလ်မူနာဖ် (ဘ) ဦးအာမိရ်အလီ အပါအ၀င် (၁၆) ဦး (မိကျောင်းဈေးမှ) ထံမှ ငွေကျပ် သိန်း (၅၅၀)
(၃) ဦးမာမတ်တူဟား (ဘ) ဦးဆယိဒ်အာလောမ်နှင့် ဦးအစ္စလာမ် (ဘ) ဦးအလီအာမတ် အပါအ၀င် (၁၅) ဦး (တောင်ဘဇာမှ) ထံမှ ငွေကျပ် သိန်း (၇၀၀)
(၄) ဦးမာမတ်ဇာဘေရ် (ဘ) ဦးအဒူလ်ဟာကိမ်း အပါအ၀င် (၅) ဦး (ဂုတ်ပီမှ) ထံမှ ငွေကျပ် (၆၁) သိန်း
(၅) ဦးဆိဒိခ်အာမတ် (ဘ) ဦးဘော်ဒီအာလောမ် အပါအ၀င် (၆) ဦး (ကျွန်းပေါက်မှ) ထံမှ ငွေကျပ် (၇၅) သိန်း
(၆) ဦးဆိုက်ဖုလ်အစ္စလာမ် (ဘ) ဦးဘာဆဲရ် အပါအ၀င် (၁၇) ဦး (တင်းမေမှ) ထံမှ ငွေကျပ် (၂၉၃) သိန်း
(၇) ဦးအာဘူလ်ဖော်ဇော်လ် (ဘ) ဦးမာမတ်ဆော်ယာဒ် အပါအ၀င် (၄၃) ဦး (ကျောင်းတောင်မှ) ထံမှ ငွေကျပ် သိန်း (၆၀၀)
(၈) ဦးဇာဖော်ရ် (ဘ) ဦးအိဒိရီစ် အပါအ၀င် (၁၀) ဦး (ပင်စီမှ) ထံမှ ငွေကျပ် (၇၁) သိန်း
(၉) ဦးမိုဇာဖော်ရ် (ဘ) ဦးရော်ရှိတ်အာမတ် အပါအ၀င် (၁၀) ဦး (ဘဒဂါးမှ) ထံမှ ငွေကျပ် (၆၈) သိန်း -- စုစုပေါင်း ငွေကျပ် (၂၅၁၈) သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

ရဲမှူးထွန်းနိုင်သည် ယခင်က စစ်တပ်တွင် ဗိုလ်ကြီးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ယခုအခါ နယ်ခြားစောင့်ရဲတပ်ဖွဲ့၌ ရဲမှူးအဆင့်ဖြင့် တာဝန်ထမ်းဆောင်နေသည်မှ နှစ်နှစ်နီးပါး ရှိပြီးဖြစ်ကြောင်း၊ ဒေသခံများကို မတရားသဖြင့် ဖမ်းဆီး၍ ငွေညှစ်ရာတွင် အလွန်ထူးချွန်သူ ဖြစ်ကြောင်း၊ အထက်အရာရှိများ အတွက် ငွေရှာပေးနေသည့် အတွက် ၎င်းအတွက် အကျိုးအမြတ်ရှိသလို၊ ရာထူးတိုးရန်လည်း အလားအလာရှိနေကြောင်း၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့တွင် တာဝန်ကျသည့် အချိန်မှစ၍ ဒေသခံများကို မတရားသဖြင့် ဖမ်းဆီး၍ ငွေညှစ်လျက်ရှိရာ ၂၀၁၆ ခုနှစ် အောက်တိုဘာလ တိုက်ခိုက်မှုသည် ၎င်းအတွက် ပိုမိုကောင်းမွန်သည့် အခွင့်အလမ်း တစ်ခုဖြစ်လာကြောင်း၊ ယခုအခါ ငွေကြေးတတ်နိုင်သူများကို အဓိက ပစ်မှတ်ထား၍ မသင်္ကာမှုဖြင့် ဖမ်းဆီးချုပ်နှောင်၍ ငွေသိန်းထောင်ချီ ညှစ်လျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။ 




Comment ရေးရန်

Pages 22123456 »
Rohingya Exodus