March 14, 2025
 Roh

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးတွင် မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ မြန်မာအစိုးရကို ပြင်းပြင်းထန်ထန် ရှုတ်ချမည်ဟုပြော




RB News
17.12.2016

လာမည့် တနင်္လာနေ့ ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပမည့် အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးတွင် မလေးရှားနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးက ရိုဟင်ဂျာများကို သတ်ဖြတ်နြေ ခင်းနှင့် ပတ်သက်၍ မြန်မာအစိုးရကို ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချမည် ဖြစ်ကြောင်း မလေး ရှားနိုင်ငံ အခြေစိုက် သတင်းမီဒီယာများတွင် ရေးသား ဖော်ပြထားသည်။

မလေးရှားနိုင်ငံတွင် ဒီဇင်ဘာလ (၄) ရက်နေ့က မလေးရှား ၀န်ကြီးချုပ် နာဂျစ်ရာဇတ် ကိုယ်တိုင် ဦးဆောင် ကျင်းပသည့် ရိုဟင်ဂျာအရေးနှင့် ပတ်သက်သည့် ဆန္ဒပြပွဲတွင် မလေးရှား နိုင်ငံခြားရေး ၀န်ကြီး က မြန် မာ နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့် တောင်းခံခဲ့သော်လည်း ရိုဟင်ဂျာအရေးနှင့် ပတ်သက်လျှင် တွေ့ဆုံနိုင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု ထုတ်ဖော် ပြောကြားခဲ့သည်။

ထို့နောက်အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်   တွေ့ဆုံ၍ ရိုဟင်ဂျာအရေး ဆွေးနွေးခဲ့သည်။

အောက်တိုဘာလ (၉) ရက်နေ့တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းများ တိုက်ခိုက်ခံ ရပြီးနောက် မောင်တော မြို့နယ် မြောက်ပိုင်းမှ ဒေသခံ ရိုဟင်ဂျာများကို မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့က သေနတ်ဖြင့် ပစ်သတ်ခြင်း၊ လောင်ချာများဖြင့် ပစ်သတ်ခြင်း၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်း၊ ရိုဟင်ဂျာများ ၏ နေ အိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ စားနပ်ရိက္ခာများကို ဖျက်ဆီးပစ်ခြင်း၊ နေအိမ်များမှ လုယက်ခြင်း၊ အမျိုး သမီး များနှင့် မိန်းကလေးငယ်များကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်းများ နေ့စဉ် ရက်ဆက် ပြုလုပ်လာခဲ့ရာ အနည်း ဆုံး ၄၅၀ ခန့် သေဆုံးခဲ့ရပြီး၊ နေအိမ် ၂၀၀၀ ကျော်နှင့် မီးရှို့ခံခဲ့ရသည့် အပြင်၊ အမျိုးသမီးများနှင့် မိန်းကလေး ငယ်များ ၃၀၀ ခန့် မုဒိမ်းကျင့်ခံခဲ့ရသည်။

မလေးရှား နိုင်ငံခြားရေးဝန်ကြီးက လာမည့် ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် ကျင်းပမည့် အာဆီယံ နိုင် ငံခြားရေး ၀န်ကြီးများ အစည်းအဝေးသည် မလေးရှားနိုင်ငံက ရိုဟင်ဂျာအရေး အတွက် ပြတ်ပြတ်သားသား ရပ်တည်မည့် အကြောင်းကို ပြသနိုင်မည့် အခွင့်အလမ်း တစ်ခုလည်း ဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း မလေးရှားနိုင်ငံ အခြေစိုက် သတင်းဌာနများတွင် ရေးသား ဖော်ပြထားသည်။

အပြစ်မဲ့များ၏ အသက်များ ဆုံးရှုံးရခြင်း၊ အိုးမဲ့အိမ်မဲ့ ဖြစ်ပွားရခြင်းတို့မှာ လက်ခံနိုင်ဖွယ်များ မဟုတ်ကြောင်း၊ ထို့ကြောင့် ခိုင်မာသည့် တုန့်ပြန်မှုသာလျှင် ရှေ့ဆက် ဖြစ်ပွားလာမည့် အခြေအနေကို ဟန့်တားနိုင်မည်ဟု သတင်းများတွင် ရေးသား ထားသည်။

ရိုဟင်ဂျာအရေးကို မြန်မာအစိုးရက ပြည်တွင်းရေးဟု ပြောဆိုနေသော်လည်း အမှန်တကယ်တွင် အိမ်နီး ချင်း နိုင်ငံများ၌ ဒုက္ခသည်များ တိုးပွားလာနေသည့် ပြဿနာများ ကြုံတွေ့နေရသောကြောင့် အာဆီနိုင်ငံများ အထူးသဖြင့် မလေးရှား၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့က ဤဒေသတွင်း ပြဿနာကို အမြန်ဆုံး ဖြေ ရှင်းလို သည့် ဆန္ဒရှိနေကြသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus