နောက်ဆုံးသတင်း/ဆောင်းပါးများ

သံတွဲမြို့ရှိ မွတ်စလင်များအား အကြမ်းဖက်ရန် အကြမ်းဖက် သမားများ ကား ၅ စီးဖြင့် ရောက်ရှိလာ

RB News
24.8.2013

သံတွဲ ။ ။ ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ အစ္စလာမ် ဘာသာဝင် များအား အကြမ်းဖက် တိုက်ခိုက်ရန် အတွက် ရခိုင်ပြည်နယ် အ၀ှမ်းမှ အကြမ်းဖက် သမားများ တင်ဆောင် လာသည့် ဒိုင်နာ ကား (၅) စီး ယ မန်နေ့ နေ့ လည် ပိုင်းနှင့် ညနေပိုင်း တို့တွင် ရောက်ရှိ ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ယခု ရက်ပိုင်း အတွင်း သံတွဲမြို့တွင် အမျိုး ဘာသာ သာသနာ ကာကွယ် စောင့်ရှောက်ရေး အဖွဲ့မှ ဗုဒ္ဓဘာ သာ အား နိုင်ငံတော် ဘာသာ အဖြစ် သတ်မှတ် ပြဌာန်းသည့် ၅၂ နှစ်မြောက် အထိမ်း အမှတ် အခမ်း အ နားကျင်းပရန် အကြောင်းပြ၍ အစည်းအဝေးများ ပြုလုပ်ခဲ့သည်။ အစည်းအဝေး များတွင်အစ္စလာမ် ဘာသာ သာဝင်များအား အကြမ်းဖက် တိုက်ခိုက်ရန် ဆွေးနွေးကြောင်း လျှို့ဝှက်သတင်း များ ပြင်ပ သို့ ပေါက် ကြား ခဲ့ပြီး ပြည်တွင်း ပြည်ပ၏ စောင့်ကြည့်မှုကို ခံနေရသည်။ 

ယမန်နေ့က ရောက်ရှိ လာသည့် အကြမ်းဖက် သမား များအား ဂျိတ်တော ပုလဲကျောင်းနှင့် အံတော် မြို့မ တပ်ဦးကျောင်း တို့တွင် နေရာချ ထားကြောင်း၊ ကတုံးရိတ်ပြီး သင်္ကန်း စည်းကြသည့် အကြမ်းဖက် သမား များ စာရင်းကို အမည် မဖော်လိုသည့် ဗုဒ္ဓဘာသာ ၀င်တစ်ဦးမှ ပေးပို့ ထားပါသည်။ (အောက်တွင် ဖတ် ရှု နိုင်ပါသည်)

ဗုဒ္ဓဘာ သာဝင် နေအိမ်များတွင် ယခင်အပတ်မှ စတင်ကာသာသနာ့ အလံများ စိုက်ထူရန် အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့မှ လိုက်လံနိုးဆော်ခဲ့ပြီး၊ အလံများကို ဗိုလ်ချုပ်လမ်းရှိ ထူးကဲ လ ဘက်ရည် ဆိုင်တွင် ရောင်းချ နေသော်လည်း ၀ယ်ယူ စိုက်ထူသူ မရှိသလောက် နည်းပါးသည့် အတွက် ယမန်နေ့နေ့လည်က ဦးထွန်းသန့်ကျော်(ရဲအောင်လံကျော်ကျော်)၊မြင့်မိုး၊ ၀င်းကိုလေး၊ တင်ရွှေ ၊ မြင့်အောင် (ရွှေလမင်း) တို့မှ ဦးဆောင်ပြီး လူစုလူဝေးဖြင့် ဗိုလ်ချုပ်လမ်းမှ စတင်ပြီး ဗုဒ္ဓဘာသာ ၀င်နေ အိမ်များ ရှေ့ တွင် သာသနာ့ အလံများ လိုက်လံ စိုက်ထူ လျက်ရှိကြောင်း သိရှိ ရပါသည်။

သြဂုတ်လ (၂၆) ရက်နေ့တွင် ဗုဒ္ဓဘာသာ အား နိုင်ငံတော် ဘာသာ အဖြစ် သတ်မှတ် ပြဌာန်းသည့် ၅၂ နှစ်မြောက် အထိမ်း အမှတ် အဖြစ် သံဃာတော် အပါး ၃၀၀ မှ မွတ်စလင် အများစု နေထိုင်သည့် သံ တွဲမြို့တွင်း တစ်မြို့လုံး ပတ်ကာ ဆွမ်းခံကြွမည် ဖြစ်ပြီး ရွှေဆံတော် တောင်ခြေရင်းတွင် အဆုံးသတ် မည် ဖြစ်သည်။

တိုက်ဆိုင်စွာပင်လာမည့် သြဂုတ်လ ၂၆ ရက်နေ့တွင် တောင်ကုတ် မြို့၌ အစ္စလာမ်ဘာသာဝင် ၁၀ ဦး အား ရက်စက်စွာ အကြမ်းဖက် သတ်ဖြတ် ခဲ့သည့် အကြမ်းဖက် သမား များအား ရုံးတင် စစ်ဆေး မည် ဖြစ် သည်။ 

အကြမ်းဖက်ရန် အစီအစဉ် များတွင် ဦးဆောင်သူ များနှင့် ပါဝင်သူများ စာရင်း --



Comment ရေးရန်

Rohingya Exodus