နောက်ဆုံးသတင်း/ဆောင်းပါးများ

ဒေါက်တာအေးမောင်၏အဆိုတင်သွင်းမှုအား ၁၈ ဦးသာထောက်ခံ၍ မအောင်မြင်ခဲ့

(ဓါတ်ပုံ - Messenger News Journal)
RB News 
8.2.2013 

နေပြည်တော် ။ ။ ယမန်နေ့က ကျင်းပခဲ့သည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ရခိုင်အမျိုးသား များ တိုးတက်ရေးပါတီ (RNDP) ဥက္ကဌဒေါက်တာအေးမောင်မှ ရိုဟင်ဂျာ များကို တစ်ဖက်သတ် စွပ်စွဲ၍ တင်သွင်းသည့် အဆိုအား ၁၈ ဦးသာထောက်ခံခဲ့၍ အဆိုတင် သွင်းခွင့်မရ ခဲ့ကြောင်းသိရှိရ ပါ သည်။ ထောက်ခံသူ ၁၈ ဦးမှာလည်း ရခိုင် အမျိုးသားများ တိုးတက်ရေး ပါတီနှင့် အမျိုးသား ဒီမိုကရေ စီအဖွဲ့ ချုပ်မှ လွှတ်တော် အမတ်မျာြး ဖစ်ကြောင်းသိရသည်။ အမျိုးသား လွှတ်တော်တွင် အင် အားကြီး ပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေမှ အဆိုပါ အဆိုတင်သွင်း မှုအားကန့်ကွက်ခဲ့သည်။ 

ဒေါက်တာအေးမောင်တင်သွင်းခဲ့သောအဆိုအပြည့်အစုံမှာ - 

(Messenger News Journal မှကူးယူဖော်ပြပါသည်) 

၂၀၁၂ ခုနှစ်၊ ဇွန်လ အတွင်း ရခိုင်ပြည်နယ်၌ ဘင်္ဂလီ ဆူပူမှုကြောင့် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ အပေါ် ဆင်ခြင် သုံးသပ်ပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် နယ်စပ်လုံခြုံရေး၊ နယ်မြေ အုပ်ချုပ်ရေးနှင့် လူဝင် လူထွက် စီမံခန့်ခွဲရေး ဆိုင်ရာ မဟာဗျူဟာေ မြာက် ရေတို၊ရေရှည် အထူး အစီအမံ တြို့ဖင့် ဦးစားပေးဆောင်ရွက်ရန် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ အမျိုး သား လွှတ်တော်ကိုယ် စား လှယ်ဒေါက်တာ  အေးမောင်၏ ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆို 

ကျွန်တော်တို့ရဲ့ ပြည်ထောင်စု သမ္မတနိုင်ငံတော်မှာ ဆိုရင် အဓိက အားဖြင့် ဒို့တာဝန် အရေး(၃)ပါး ဦးထိ ပ်ထားပြီးတော့ ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲ ရေးဆိုတဲ့ နံပါတ်(၃) အချက်ကို ဦးတည်ပြီးကာမှ ကျွန်တော်တို့ ဆောင်ရွက်ကြိုးပမ်း နေကြပါတယ်။ အဲဒီတော့ ကျွန်တော် တို့ရဲ့ စာ ရွက်ပေါ် မှာ ရေးထားရုံနဲ့ မလုံလောက် တော့ပေမယ့် အချုပ်အခြာ အာဏာတည် တံ့ခိုင်မြဲရေးအတွက် အဓိက အရေးကြီး တဲ့ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ခိုင်မြဲရေးအတွက် အချင်းချင်းဖြစ်နေကြ တဲ့ ပြည်တွင်း ပဋိပက္ခတွေကို ရပ်ဆိုင်းပြီးခါမှ တကယ့် တကယ် အရေးကြီးတဲ့ အ ချုပ်ခြာ အာဏာ တည်တံ့ ခိုင်မြဲရေးအတွက် လိုအပ်တဲ့ ကဏ္ဍလေးတွေကို ကျွန်တော် တို့ရဲ့ သေနက် ပစ်ဖေါက်မှု တစ်ခုမှမလုပ်ရ ဘဲနဲ့ ဆုံးရှုံးသွားမယ့် ကဏ္ဍ တွေကို သတိပြုဖို့ ၊ သတိမူမိဖို့ အချိန်ရောက်ပြီ ဆိုတာကို ဒီအဆိုကို ရည်ရွယ်ချက်ပေါင်းများစွာနဲ့ တင်ပြရခြင်း ဖြစ်ပါတယ်။ 

ဒီ အဆိုနဲ့ ပါက်သက်လို့ ဥက္ကဌ ကြီးခင်ဗျား၊ ကျွန်တော်ကဏ္ဍ (၃)ခုခွဲပြီး တင်ပြချင်ပါတယ်။ နံပါတ် တစ် က တော့ဖြင့် ဘာကြောင့်ြ ဖစ်ရသလဲဆိုတဲ့ Root Cause ပါ။ ကျွန်တော်လေ့ လာသုံးသပ်ပြီးခါမှ အချက် (၇) ချက် လောက် ထွက်ပါတယ်။ ဒါကြီးကို မှီပြီးကာမှ နောက်ဖြစ်လာနိုင်တဲ့ အချက်လေး ချက်လောက် ကို ကျွန်တော်သုံး သပ်တင်ပြ ထားပါတယ်။ သိတဲ့အခါ မှာ ရေတိုနေရှည်နဲ့ပါက် သက် လို့ နိုင် ငံတော် ရဲ့ အချုပ် အခြာ အာဏာကို သုံးသပ်တဲ့ အခါမှ ထည့်သွင်း စဉ်းစားပေးဖို့အတွက် အချက် (၁၂)လောက် ကျွန်တော် အကြံပြု တင်ပြရင်းနဲ့ ဒီအဆိုကို ကျွန်တော် တင်သွင်း ရခြင်းဖြစ်ပါတယ်။ 

အဲဒီတော့ ပထမ ကျွန်တော် ဒီဖြစ်ပွား ရတာနဲ့ ပါက်သက်လို့ အခြေခံ ပင်မ အကြောင်း ရင်းတွေကို ကျွန်တော် (၇)ချက်လောက် သုံးသပ် ထားတာကို တင်ပြ ချင်ပါတယ်။ ဒီကျောက်နီမော် ဖြစ်စဉ်ပြီး တဲ့နောက်မှာ ပြီးခဲ့တဲ့ ကာလမှာ သိကြတဲ့ အတိုင်း တောင်ကုတ် မှာ ဖြစ်ပေါ် ခဲ့ပါတယ်။ တောင်ကုတ်ဖြစ် စဉ်ကို မူတည်ပြီးမှ ကျွန်တော်တို့ရဲ့ နယ်စပ်ဒေသဖြစ်တဲ့ မောင်တော ဇွန်လ ၈ရက်နေ့မှာ စပြီးတော့ ဖြစ်ပွား တဲ့ဖြစ်စဉ်ဟာ စစ်တွေကို ကူးစက် အဲဒီနောက်မှာ ရသေ့တောင် ၊ ကျောက်တော် ၊ ပေါက်တော စ သဖြင့် ဒေ သတော်တော်များ များမှာ ဘင်္ဂလီနဲ့ ရခိုင် ပဋိပက္ခများ ဖြစ်ဖြစ်ပြီးကာမှ အခု ဆိုရင် ဒုတိယ လှိုင်းဖြစ် တဲ့ အောက်တိုဘာဖြစ်စဉ် ကူးစက်သွား ပါပြီ။နောက် တတိယမဖြစ်ဖို့အတွက် တည်ငြိမ်အေး ချမ်းဖို့ကို ကြိုးစား တည်ဆောက်နေ တဲ့ကာလ မှာ အခုလို တင်ပြခွင့်ရတာကိုပဲ ကျွန်တော့်အနေနဲ့ အင်မ တန် ကျေးဇူးတင် ပါတယ်ဆို တာ ပြောချင်ပါတယ်။ 

အဲဒီတော့ ကျွန်တော်တွေ့ရှိတဲ့ Root Cause ခုနှစ်ချက်က (၁) ကျွန်တော်တို့ဆီမှာ ဗြိတိသျှခေတ်ထဲက ရှိခဲ့ပါတယ်။ ကုလား ဗမာပဋိပက္ခ ဖြစ်ဖူးတာရှိခဲ့ပါတယ်။ ဒီအတိုင်း အသုံးပြုခဲ့ကြပါတယ်။ဒီတော့ ပြီးခဲ့တဲ့ အစိုးရ အဆက်ဆက်ဟာ ဒီ ဘင်္ဂလီပြဿနာ ၊ အထူးသဖြင့် ရခိုင်တွေနဲ့ ပါက်သက် တဲ့ နိုင်ငံရေးပြဿနာ ကို ထိန်းညိုလိုတဲ့အခါ ဘင်္ဂလီတွေပြသနာနဲ့ ငြိမ်းခဲ့တဲ့ အစဉ်အလာရှိပါတယ်။ ဒါဟာလည်း သမိုင်းအားဖြင့် ကျွန်တော်တို့ မှားခဲ့တဲ့ ပထမအမှား တစ်ချက်လို့ ကျွန်တော် သုံးသပ်ပါတယ်။ နောက်သိတဲ့အတိုင်းပါ နယ်စပ် ဒေသဆိုတာ ကျွန်တော်တို့ရဲ့ ပြည်ထောင်စု တစ်နံ့တလျားမှာ အင်မတန် ကျယ်ပြန့်တဲ့အခါ လူဝင်လူထွက်က အစ လုံခြုံရေး အဆုံး အကုန်လုံးကို စီမံခန့်ခွဲနိုင်မှု အားနည်းချက်ရှိကြတဲ့အခါ ဒီ လူဝင် မှုကြီးကြပ်ရေးအပါအ၀င် သက်ဆိုင်တဲ့ ဒေသအာဏာပိုင်အဆင့်ဆင့်ရဲ့ ကျွန်တော်တို့ ဒီလာဘ်ပေး လာဘ် ယူမှု အဂတိလိုက်စားမှု စတဲ့ ကျွန်တော်တို့ရဲ့ mismanagement နဲ့ကျွန်တော်တို့ တရားမ၀င် ဘင်္ဂလီတွေ ခိုးဝင်လာတာကို မတားဆီးနိုင် တာတွေ နောက် ဘင်္ဂလီတို့ ရဲ့ မမှန် မကန် နိုင်ငံ သားဖြစ် လိုမှုဆိုတဲ့ ဒီဥစ္စာကို နိုင်ငံသားအဖြစ်ယူနိုင်ခဲ့တဲ့အထိ စီမံခန့်ခွဲမှုဆိုင်ရာ တရားဥပဒေ စိုးမိုးမှုဆိုင်ရာ အားနည်းခဲ့တဲ့ အဖြစ်တွေကြောင့် ကျွန်တော်တို့ ဘင်္ဂလီဦးရေ ကြောက်ခ မန်းလိလိ တိုးတက် လာရ တယ်လို့ သုံးသပ် တယ်။ 

အဲဒီ သုံးသပ်ချက်ဟာ ဒုတိယအကြောင်းရင်းတစ်ခုလို့ ကျွန်တော်တို့သုံးသပ်ပါတယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့ အစိုးရ ဆက်ဆက် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျွန်တော်တို့ရဲ့ ပြည်တွင်းပြင်ပမှာ ရှိနေတဲ့ Activise တွေဟာ စစ်မျက်နှာအမျိုးမျိုးဖွင့်ပြီး လူ့အခွင့်အရေးချိုးဖောက်နေ တဲ့ပြသနာတွေ ကို ရှေ့တန်း တင်တဲ့ အခါမှာ အစိုးရအဆက်ဆက်ကို တိုက်ခိုက်မှုတွေဟာ အမေရိကန် ၊ဥရောပအပါ အ၀င် နိုင်ငံပြင်ပမှာ ရှိတဲ့အခါ ဒါကို အခွင့်အကောင်းယူပြီးကာမှ ဘင်္ဂလီတွေက သမိုင်းလိမ်ဖန်တီးပြီးခါမှ ကျွန်တော်တို့ရဲ့ ရိုဟင်ဂျာ လူ့အခွင့် အရေးချိုးဖောက်ခံရမှုတို့ နိုင်ငံသားဖြစ်လိုမှုဆိုတဲ့ ဦးတည်ချက်တွေ ကို စစ်မျက်နာဖွင့်လာတဲ့အခါမှ ရခိုင်ပြည် ကြီးရဲ့ ရှေ့ကတည်ရှိခဲ့တဲ့ သမိုင်းအခြေခံအချက် အလက်တွေ၊ သမိုင်းရဲ့ဖြစ်စဉ်တွေကို ဂဃနဏ မသိဘဲ သေသေချာချာ ဆုံးဖြတ်ခြင်း မရှိဘဲနဲ့ လူ့အခွင့်မရဘူးဆို တဲ့အောက်မှာ တိုင်းရင်းသားဖြစ်လိုတဲ့ အခွင့်အရေးကို အသုံးချခံခဲ့ရတာဟာ ဒီလိုဘဲ တတိယအမှာတစ် ခုလို့ သုံးသပ်ပါတယ်။ 

နောက် သိကြတဲ့အတိုင်းပါပဲ ၁၉၉၀ ပြည့်လွန် ကာလတွေမှာ စီးဆင်းမှု၊ ခိုးဝင်မှုတွေကို စိစစ်မှုရှိတဲ့အခါမှာ အစုလိုက် အပြုံလိုက် ပြည်ပဘက်ကို ထွက်ပြေးခဲ့တဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ဒုက္ခ သည်ပြ သနာ၊ နိုင်ငံတွင်းကို ပြန်လည်နေရာချ ထားရေးပြဿနာကလည်း လူသားချင်းစာနာထောက် ထား တဲ့ အနေတဲ့ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အစိုးရမ ဟုတ်တဲ့ အဖွဲ့အစည်းတွေဟာ အသုတ်လိုက် အသုတ်လိုက် ရခိုင် ပြည်နယ် မြောက်ပိုင်းကို ၀င်လာပါတယ်။ အထူးသဖြင့် UNHCR တို့WFP တို့၊ နောက် ပွင့်ပွင့် လင်းလင်းပြောရရင် FAO အပါအ၀င် UN အင်ဂျီအို တော်တော်များများ လာပါ တယ်။ နောက် အိုင်အင်ဂျီအို ထဲက ပြန်ကြည့်တဲ့အခါ အများကြီးပါ။ AZG တို့ACF တို့၊BAG တို့ နောက် MSF တို့ ဒီယားမိုင်အို တို့ စတဲ့ အိုင်အင်ဂျီတွေ အများကြီး လာတဲ့အခါမှာ သူတို့ ဘာကို ဦးတည်သလဲဆိုတော့ ရိုဟင်ဂျာ အစ္စလာမ် ထောက်ထား ညှာတာရေးဆိုတဲ့အစီစဉ်တွေကို ဦးစားပေးပြီးကာမှ ဒီဘက်မှာရှိတဲ့ လူများစုက လူနည်း စုဖြစ်သွား တဲ့ ဒေသခံတိုင်းရင်းသားတွေရဲ့ ကဏ္ဍကို မေ့ပျောက်ပြီးကာမှ ဒီဘက်က အနှစ်နှစ်ဆယ်ကျော်လောက် တစ်ဖက်စောင်းနင်း ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးအကူအညီတွေ အလွန် အကျွံပေးတာတဲ့နောက်ပိုင်းမှာ ဒီဘက်မှာ ရှိတဲ့ တိုင်းရင်းသားတွေရဲ့ ခံစားချက် တွေကို လစ်လျှူရှုပြီး ကာမှ နောက်ပိုင်း ဒီအင်ဂျီအိုအပြင် ယူအမ်အေဂျင်စီတွေမှာ ပါဝင်နေကြတဲ့ ၀န်ထမ်းတွေ ကိုယ်တိုင် က နိုင်ငံရေးနဲ့ နွယ်တဲ့ လှုပ်ရှားမှုတွေပေါ်ပေါက် ပြီးကာမှ ပြည်တွင်းပြည်ပ ချိတ်ဆက်ပြီးကာမှ ၊ လှုပ်ရှား လာကြတဲ့နောက်ပိုင်းမှာ ဒီပဋိပက္ခဟာ ပိုပြီး မီးလောင်ရာ လေပင့် သွက်လက် လှုပ်ရှားလာတယ်လို့ သုံးသပ် ရပါတယ်။ 

ဒီအချက်တွေကို စတုတ္ထအချက်အနေနဲ့ ကျွန်တော်မြင်မိပါတယ်။ ပဉ္စမအချက်အနေနဲ့ ပြန်ကြည့်တဲ့ အခါမှာ ကျွန်တော်တို့ ဆင်ခြေဖို့ကောင်းတဲ့ ယခင်အစိုးရအဆက်ဆက်ရဲ့အမှားတွေကို တွေ့ရပါတယ်။ အထူး သဖြင့် ဘင်္ဂလီများဟာ ဒီအမှားတွေကို လိမ္မာပါးနပ်စွာ အသုံးချခဲ့တာကို တွေ့ရပါတယ်။ အထူးသဖြင့် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေနဲ့ ပါက်သက်လို့ ဆန္ဒခံယူပွဲလုပ်တဲ့အခါမှာ ၁၉၈၂ နဲ့နိုင်ငံ သားဥပဒေနဲ့ နိုင်ငံသား မခိုင်လုံတဲ့သူတွေ ကို နိုင်ငံသား၊ ဧည့်နိုင်ငံသား နိုင်ငံသားဖြစ်နိုင်ဆိုတဲ့ မပါတဲ့ ပုဂ္ဂိုလ်တွေကို ယာယီနိုင် ငံသားဆိုတဲ့ အဖြူကဒ်တွေကို ပေးပြီးကာမှ မဲပေးခွင့် ပေးခဲ့ကြ တာရှိပါ တယ်။ နောက်တစ် ချက်က အဲဒီပုဂိုလ် တွေက ပါတီ တည်ထောင် ခွင့်တို့၊ပါတီမှာ ပါဝင်ခွင့်တို့ကို ဒီယာယီ ဆိုတဲ့ ဆန္ဒမဲပေးခွင့်တို့ ဒီယာယီဆိုတဲ့ ၁၉၈၂ ဥပဒေမှာ မပါတဲ့ဥစ္စာလေးနဲ့ နိုင်ငံသား စိစစ်ရေး ကဒ်ပြား ပေးခဲ့လို့ တွေ့ရှိရပါတယ်။ နောက်ပြီးတော့ ဒီကိုင် ဆောင်ထားတဲ့ ပုဂ္ဂိုလ်တွေ မွေးဖွား လာတုန်းက နိုင်ငံသား မိဘနှစ်ပါးက မွေးဖွား လာရမယ်ဆိုတဲ့ ခုနကဥပဒေသာ ရှိခဲ့တယ် ဆိုသော်လည်း အကြောင်းကြောင်းတွေနဲ့ ဘူးသီးတောင်၊ မောင်တောဒေ သတွေမှာ ရွေးကောက်ပွဲ တွေဝင် လွှတ်တော် အမတ်တွေ ဖြစ်သွားကြတဲ့ လက်ရှိ အခြေအနေကို သုံးသပ်ကြတဲ့အခါ ဒီအချက်(၃)ချက်ဟာလည်း ခုနက တင်ပြခဲ့တဲ့ နံပါက် (၅)ကြီးထဲမှာ ပါတဲ့ Root Cause လို့ ကျွန်တော် သုံးသပ် ပါတယ်။ 

နောက်တစ်ခု နံပါတ် (၆)ထဲမှာ ပါတဲ့ ဒီဘင်္ဂလီတွေဟာ ကျွန်တော်တို့ရဲ့ ဒီမိုကရက် တစ် ခေတ်မီတဲ့ နိုင်ငံတော် သစ်ကြီုးကို တည်ဆောက်တော့မယ်လို့ ကျွန်တော်တို့ရဲ့ အစီအစဉ်ရောက် လာတဲ့အခါမှာ သူတို့ရဲ့ အမျိုးသား Activity ကိုမြှင့်ပြီးကာမှ ဘင်္ဂလီဟာ တိုင်းရင်းသားဖြစ်တယ် ဆိုတာ ဒီ ဘက်ကဦးတည်ချက်နဲ့ သူတို့ရဲ့ ဟိုးတုန်းက ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့ အပြီး ဟိုးဘက် ဘူး သီးတောင်၊ မောင်တော၊ ရသေ့တောင်ကို ကွေ့ပက်ပြီးကာ မှ ပါကစ္စတန်ကို ပေါင်းမယ် ဆိုတဲ့ ရည်ရွယ် ချက် က ဖွဲ့ပြီးကာမှ ဒီ အတော မသက်နိုင်တဲ့ ဧရိယာတစ်ခု သတ်မှတ်ချင်တဲ့ သဘောနဲ့ တိုင်းရင်း သားဖြစ် လိုတဲ့ ဆန္ဒကို လွန်လွန်ကဲ ကဲသုံးလာတာ ကို တွေ့ရတာဟာ နံပါက်(၆) အချက် အနေ နဲ့ တွေ့ ရပါ တယ်။ 

နောက်နံပါက်(၇) အချက်နဲ့ပြန်ကြည့်တဲ့အခါမှာ ဒါဟာ သမားရိုးကျ မဟာဗျူဟာမြောက် ရည်မှန်း ချက် ဖြစ်ပါတယ်။ ဘာသာရေး ယူအရ လူအများစု ဖြစ်ရန် ရည်ရွယ်ချက်ဖြစ် ပါတယ်။ ဘာသာရေးကို အကြောင်းပြပြီးခါမှ ဇနီးမယားများစွာ ယူခြင်း၊ အလွန်အကျွံကလေးမွေးဖွားမှု၊ အသက် မပြည့်သေးဘဲ အိမ်ထောင် ချထားပေးမှု စတဲ့ အုပ်ချုပ်ရေး အာဏာပိုင်တွေရဲ့ မြှပ်ကွက်၊ ဟာကွက်တွေကို သုံးပြီးကာမှ လာဘ်ပေး လာဘ်ယူမှုတွေ လုပ်ပြီး ကျွန်တော်တို့ရဲ့ နယ်စွန်နယ်ဖျားတွေမှာ တွေ့ရပါတယ်။ နောက် ဘာသာရေး တက္ကသိုလ်၊ ဘာသာရေးကျောင်းတွေ အလွန်အကျွံ၊ ကျွန်တော်တို့ရဲ့ ဥပဒေပြင်ပကနေ တည်ထောင်ပြီးကာမှ ခွင့်ပြုချက်မဲ့ ထားပြီးကာမှ နိုင်ငံတကာနဲ့ချိတ်ဆက်ပြီး အလှူရှင်များရဲ့ ဘဏ္ဍာငွေတွေ ကို သုံးပြီး ကာမှ တည်ထောင်လာကြ တာကို ကျွန်တော်တို့ တွေ့ရပါတယ်။ 

အဲဒီက ထွက်တဲ့ပုဂ္ဂိုလ်တွေဟာလည်း တာလီဘန်ပုံစံမျိုးနဲ့ လူငယ်လူရွယ်တွေနဲ့ ပြီးခဲ့တဲ့ဇွန်လ ၆ ရက်နေ့က ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ပြန်ပြီးစဉ်းစားကြည့်တဲ့အခါမှာ လူငယ်တွေဟာ စစ်သွေးကြွ တက်ကြွပြီး ကာမှ ရခိုင်တွေရဲ့အိမ်ကို လာပြီး ပထမဆုံးလှုံ့ဆော်ခဲ့တယ်ဆိုတာကို တွေ့ရပါတယ်။ ဆိုတော့ ဒီအချက်တွေကို ပြန် သုံးသပ်တဲ့အခါ ဒီဥစ္စာဟာ ကျွန်တော်တို့ တွက်ချိန်ထားတဲ့ အခြေခံအချက် ၇ ချက် ဟာ တစ်ပြိုင်တည်း တစ်ကြိမ်တည်းဖြစ်အောင် စနစ်တကျဖောက်ခွဲတယ်၊ အချိန်ကိုက်ဖောက်ခွဲလာတဲ့ အစီစဉ်ကောင်း တစ်ခုလိုပဲ ကျွန်တော် သုံးသပ်ပါတယ်။ အဲဒီလိုဘဲ ဒုတိယ တစ်ကြိမ်ဖြစ်တဲ့ second wave မှာဖြစ် တဲ့ဖြစ်စဉ်ကို ပြန်ကြည့်ရင်လည်းပဲ စနစ်တကျ အချိန် ကိုက်ဖောက်ခွဲမှုဖြစ်တယ်လို့ Root cause ကို ကျွန်တော်ပြန်လည် တင်ပြရခြင်းဖြစ်ပါတယ်။ 

ဒါနဲ့ပါက်သက်လို့ နောက်ဘယ်လို  ဖြစ်နိုင်လဲဆိုတဲ့ ကျွန်တော် ကျန်ခဲ့တဲ့  ဇူလိုင်လ တုန်းက တင်ပြခဲ့တဲ့ အချက်အလက် လေးတွေကို လေးချက်ကို ပြန်ဖက်ပြချင်ပါတယ်။ ဦးဆုံး ကျွန်တော်တို့ရဲ့ လူမှုရေးအား နည်းတဲ့က နယ်စပ်ဒေသေ အ၀ါအ၀င် ကုန်းလမ်းရေလမ်းဆက်သွယ်မှု ဧရိယာ တော်တော်များများ မှာ ပြင် ပက ကျူးကျော်လာတဲ့ သို့မဟုတ် အတွင်းမှ ရှိတဲ့သူတွေရဲ့ လှုံ့ဆော်မှုတွေက ရာဇ၀တ်မှု အမျိုးမျိုး ကို ကျူးလွန် နိုင်တယ်။ မီးရှို့မှု၊ ဓါပြတိုက်မှု၊ လုယက်မှု၊ ကျွဲနွားခိုးမှု ကျွန်တော်တို့ရဲ့ အမျိုးသမီးလေးတွေကို မုဒိမ်းကျင့်မှု စတဲ့သက်ဖြတ်မှုတွေ ပေါ်ပေါက်လာနိုင် တယ်ဆိုတာ (၁) အချက်အနေနဲ့ကျွန်တော် တို့ တွေ့ ရှိ ပါတယ်။ 

၂ အချက်က လယ်ယာလုပ်ငန်းခွင်၊ သစ်ဝါးခုတ်တဲ့လုပ်ငန်းခွင် နောက်ပင်လယ်ပြင်လုပ်ငန်းခွင်တွေမှာ ၀င်ရောက်ပြီး ဖျတ်ဆီးတာတို့၊ ကုန်လမ်းရေလမ်း သွားလာမှုတွေကို လုယက်သတ်ဖြတ်တာတို့တွေ လူဦးရေအရ နည်းပါးတဲ့တိုင်းရင်းသား  ကျေးရွာတွေကို လုံးဝစွန့်ခွာ သွားနိုင်အောင် ဖိအားပေးနိုင် တယ် လို့ သုံးသပ်ပါတယ်။ နံပါက်(၃) အချက်ကတော့ ဘင်္ဂလီတွေဟာ ရိုဟင်ဂျာတိုင်း ရင်းသားဖြစ်ရေး ဆိုတဲ့ လူ့အခွင့်အ ရေးကို ပြဌာန်းချက် အလွန်အမင်း အခြေခံတဲ့ ကမ္ဘာ့ကုလသမဂ ပါဝင်တဲ့ နိုင်ငံတကာ ရဲ့ ဖိအားပေးမှုကို မရတော့ဘူးလို့ သုံးသပ်တဲ့ကာလမှာ ခုနကတင်ပြခဲ့တဲ့ တာလီဘန် ၊အစွန်းရောက် အဖွဲ့အစည်းတွေဟာ အစွန်း ရောက်အဖွဲ့အစည်းတွေဖြစ်တဲ့ အယ်ကိုင်ဒါးတို့ ၊ ဂျပမ်းအစ္စလာမ်မီးယားတို့ စတဲ့အကူအညီနဲ့ လက်နက်ကိုင် ပဋိပက္ခအဖြစ် ဖန်းတီးလာတယ်လို့ ကျွန်တော် သုံးသပ်ပါတယ်။ အားလုံးလည်း သိကြပြီးတဲ့အတိုင်း မိုင်တိုင် ၅၀၊ ၅၁ ပက်ဝန်းကျင်မှာ ဂျီအီးတပ်ဖွဲ့ဝင်တွေကို ဖမ်းတာတို့ ခုနက အသုံးပြုနေတဲ့ ယာဉ်တွေကို မီးရှို့တာတို့ ဆိုတာတွေဟာ ဒါဖြစ်လာနိုင်ခြေရှိ တာပေါ့။ နောက်ဆုံး အရေးကြီးတဲ့အချက်တစ်ချက် ရှိပါတယ်။ ဒါဟာသတိပြုဖို့လိုပါတယ်။ ပြည်ထောင်စု ခိုင်မြဲဖို့အတွက် အင်မတန် အရေးကြီး ပါတယ်။ ဘင်္ဂလီတို့ရဲ့ ရိုဟင် ဂျာ ဖန်တီးမှုကြောင့် တိုင်းရင်းသား အခွင့်အရေး ရရှိနေ တဲ့ပြည်ထောင်စုအတွင်းမှာ ကျွန်တော်တို့ အစ္စလာမ်တို့ ရဲ့ အစ္စလာမ်တိုက်ဇေးရှင်းစိတ်ကြောင့် ဒါဟာ ဘင်္ဂလားဒေ့ရှ်နဲ့ အာဆီယံကို ပေါင်းစပ်သွားစေနိုင်တဲ့ ဆက်ကြောင်း ဖန်းတီးလာမယ်ဆိုတဲ့ အယူအဆ နောက်ဖြစ် လာနိုင်မယ်လို့ ကျွန်တော် သုံးသပ်ပါတယ်။ ခုနက ကျွန်တော်ပြောတဲ့ နိဒါန်း မှာ ပြောခဲ့ သလိုပါ ကျွန်တော်တို့ရဲ့ အချုပ်ခြာအာဏာ တည့်တံ့ခိုင်မြဲရေး အတွက် ပြည်ထောင် စုကြီးရဲ့ တာဝန်ဟာ ကျွန်တော်တို့ အပေါ်မှာ ရှိနေတယ် ဆိုတာကို သုံးသပ်စေချင် တာပါ။ တကယ်လိုများ အစ္စလာမ်တိုက်ဇေးရှင်းစကြာဝဌာဟာ အောင်မြင်သွား မယ်ဆိုရင် ခုနက ဘင်္ဂလီ ဆိုတဲ့ တိုင်းရင်း သား တစ်တွေဟာ ရိုဟင်ဂျာဆိုတဲ့ တိုင်းရင်းတစ်ခု ဖြစ်သွားမယ်ဆိုရင် နိုင်ငံတကာမှာ ပျံ့နှံ့နေတဲ့ ဘင်္ဂလီ လူမျိုးစု တော်တော်များများဟာ မြန်မာပြည်မြေကို ခံယူပြီးကာမှ ကုလသမဂအပါအ၀င် ခုနက တခြားမိတ် ဖက်နိုင်ငံတွေ ရဲ့ ဖိအားနဲ့ မြန်မာပြည်အတွင်းကို သန်းပေါင်းများစွာ ၀င်လာပြီး အစ္စလာမ် တိုက်ဇေးရှင်း ဆက်ကြောင်းတွေကို ၀င်ပြီး ပူးပေါင်းသွားနို င်တယ်ဆို ရင် ပြည်ထောင်စုအချုပ်ခြာအာဏာ တည်တံ့ ခိုင်မြဲရေး ကို ဦးတည်နေတာကို တင်ပြချင်ပါတယ်။ 

နောက် ရေတိုရေရှည် အစီအမံ အတွင်းမှာ ထည့်သွင်း စဉ်းစားပေးဖို့ အစီအမံအချို့ကို ကျွန်တော် တင်ပြချင်ပါတယ်။ ၂ အချက်ကတော့ ရေတိုနဲ့ ပါက်သက်တဲ့ စီမံချက်ပါ။ အထူးသဖြင့် ပြည်သူများ ပူးပေါင်းပါ ၀င်တဲ့ အထူးသဖြင့် ရခိုင်ပြည်မှာ ရှိတဲ့ တိုင်းရင်းသားတွေ ပါဝင်မှုနဲ့ ကျွန်တော်တို့ လုံခြုံရေး အစီအမံကို အစိုးရနဲ့ ပူးပေါင်းပြီးမှ လုံခြုံအစီမံချမယ်ဆိုတဲ့ အစီအစဉ်တစ်ခုလိုပါတယ်။ ဒီလက်ရှိ အခြေအနေကို သုံးသပ်ကြည့် တဲ့အခါမှာ ဘယ်လိုမှ ပူးပေါင်းနေထိုင်ပြီးလုပ်လို့ ရေတိုမှာ လုပ်လို့ မရဘူး ဆိုတော့ ဘယ်လို ကာလတစ်ခုမှ ပြန်လည်သင့်ဖို့အတွက် လက်ရှိ အခြေအနေမှာ ခွဲခြားပြီး ထား မယ့်မူ ယာယီအခြားတစ်နေရာမှာ ချထားရေးမူဆိုတာ လိုအပ်ပါတယ်။ အဲဒီတော့ ဘင်္ဂလီတွေကို သီး သန့် နေရာချ ထားတဲ့ အခါမှာ ခုနက ပင်လယ်ပြင်စစ်ကြောင်းတို့ ရထားလမ်းတို့ ၊ ကားလမ်းတို့ ကို အနှောင့် အယှက်ပြုနိုင်တဲ့ ဧရိယာပြင်ပ မှာယာယီနေထိုင်စေမှုပြုတဲ့ အစီအစဉ် တစ်ခုလိုပါတယ်။ ဒါ ကိုရေတိုစီမံချက်တစ်ခု ထားပေးစေလိုပါ တယ်။ အဲလိုရှိမှပဲ နောက်ရေရှည်ဖြတ် သန်းသွားလာတဲ့ ကာ လတစ်ခုမှာ ဒီ ကွန်မြူနတီနှစ်ခုကို ဘယ်လို ညှိညှိနိုင်းနိုင်း တိုင်တိုင်ပင်ပင်နဲ့ ဘယ်လိုပူးပေါင်းနေ ထိုင်ဆောင်ရွက်မလဲဆိုတဲ့ ဒုတိယရေရှည်စီမံချက်မှာ ထည့်သွင်းပေးဖို့လိုပါတယ်။နောက် ရေရှည်အနေနဲ့ ဆယ် ချက်လောက် အစီအစဉ်ဆွဲထားပါတယ်။ တစ်အချက်ကတော့ဖြင့် နယ်စပ်တစ်လျောက် မှာ ရေ ရှည်နေ ထိုင်လာ ခဲ့တဲ့ တိုင်းရင်း သားကျေးရွာများ တာဝရ တည်တံ့ခိုင်မြဲနိုင်မှုက အရေးကြီးပါတယ်။ ဒီတည် ရှိနေတဲ့ကျေးရွာတွေ တည်တံ့ ခိုင်မြဲဖို့အတွက် ဘယ်လို လုပ်ရမလဲ။ ရခိုင်အပါအ၀င် တိုင်းရင်း သားကျေးရွာများမှာ နယ်စပ် တလျောက်မှာ ရှိကြပါတယ်။ ဒီကျေးရွာတွေ တည်တံ့ခိုင်မြဲမှ ပဲ ကျွန်တော် တို့ရဲ့ အချုပ် အခြာအာဏာ တည့်တံ့ခိုင်မြဲ မယ်ဆိုတဲ့ ယူဆချက်နဲ့ ကျေးရွာတွေ အင်အားတောင့် တင်းခိုင် မာသော ရွာကြီးတွေဖြစ်ဖို့ အိမ်ခြေနှစ်ရာ သုံးရွာလောက်ရှိတဲ့ ရှေ့တန်းစံပြ ရွာကြီးတွေ တည်ထောင်ပေးဖို့ဆိုတဲ့ အစိုးရရဲ့ မူတစ်ခုရှိဖို့လိုပါတယ်။ ရှေ့တန်း ခံစစ်ကြောင်း အတွက် ပါ။ နောက်မေယု ရိုးမရဲ့ အနောက် ဘက်ခြမ်း အရှေ့ဘက်ခြမ်းရှိပါတယ်။ အနောက်ဘက်ခြမ်းမှာ နှစ်မိုင် ကွာဝေးရှိ တဲ့ နေရာ တိုင်းမှာ လက်ရှိတည်ဆောက်ပေး တဲ့ကျေးရွာတွေအပြင် ကျွန်တော်တို့ ပထ၀ီ ဆက်ကြောင်း အရ နိုင် ငံရေး အားသာ ချက်အရ တိုင်းရင်းသားကျေးရွာကြီးတွေကို စစ်ပြန် စစ်မှုထမ်းတွေ၊ အငြိမ်းစားတွေ၊ စစ်ဝန် ထမ်းတွေနဲ့ ပြည်ပမှာ ရှိတဲ့တိုင်းရင်း သားတွေနဲ့နှစ်မိုင်အကွာ အဝေးတိုင်းမှာ ရွာကြီးတွေဖြစ်အောင် ။ရှေ့တန်းစံပြကျေးရွာတွေဖြစ်အောင် ဘယ်လို တည်ထောင်မလဲဆို တဲ့ရေရှည် အနေနဲ့ တင်ပြချင်ပါတယ် ။မေယုရိုး မရဲ့ အရှေ့ဘက်ခြမ်းမှာ အငူပေါ်ဒေသတွေ အကျော်က ဘူးသီးတောင် ၊ မောင်တော လမ်းကြောင်းနှစ် ခုမှာ ဆယ်နှစ်ရာသီ ကားသွားလို့ ရတဲ့ ၊ကြီးမားတဲ့ ကားတွေ ၀န်နဲ့အားနဲ့ သွားလို့ရတဲ့ လမ်းတွေ တံတားတွေဖြစ်နေပြီး လုပ်ခြုံမှုရှိအောင် အင်မတန် လိုအပ်နေ ပါတယ်။ ဒီလိုရွာကြီးတွေ တည်ထောင် တဲ့နေရာမှာ ဒီမှာရှိတဲ့ တိုင်းရင်းသားကျေး ရွာတွေ ရေရှည်တည်တံ့ခိုင်မြဲစေဖို့ အချက်တစ် ချက် တင်ပြချင် ပါတယ်။ အလုပ်အကိုင် အခွင့် အ လမ်းတွေ ၊ စက်မှုဇုန်စီမံ ကိန်းတွေ ဖန်တီးပေး ဖို့လိုပါ တယ်။ အဲဒီရွာ ကြီးတွေက လူတွေ အလုပ်အကိုင် အခွင့်လမ်းတွေကို အမီသဟဲ ပြုပြီး ကာမှ ရေ ရှည်နေ ထိုင်ပြီး ခံစစ်ကြောင်းတွေ ရေရှည် တည်တံ့ ခိုင်မြဲ ဖို့လိုပါတယ်။ 

ကျွန်တော်တို့ရဲ့ လူဦးရေ ပေါက်ဖွားမှု ရှိပါတယ်။ အဲဒါကို ဘယ်လိုထိန်းချုပ်မလဲဆိုတာကို တစ်ခုရှိပါတယ် ။ဒီဟာနဲ့ ပါက်သက်လို့ နယ်စပ်စည်းတွေကို လုပ်ပေးတဲ့အခါမှာ တကယ်နိုင်ငံသားမဟုတ်တဲ့ သူတွေကို ဘယ်လိုစိစစ်မလဲ ။ ဘယ်နေရာမှာ ထားမလဲဆိုတဲ့ စီစစ်ထိန်းချုပ်ဖို့လိုပါတယ်။ကျွန်တော်တို့ အထူးဒေ သတွေ နဲ့ ပါက်သက်ပြီး Final planning ကိုဘယ်လိုချမလဲဆိုတာ လိုပါတယ်။နောက် ၇၃၊၈၃၊ မှာ စတဲ့ သန်းခေါင်းစားရင်းကောက် ခဲ့တာရှိပါတယ်။ ၂၀၁၄ မှာလည်းကောက်ဖို့ရှိပါတယ်။ ဒီကာလပိုင်းခြား တစ်ခု မှာ ဒီအိမ်ရာတွေပေါ်လာတယ်၊ ဒါတွေက ဘယ်လိုပေါ်လာတာလဲ။ ဥပဒေနဲ့ ညီသလား မညီ ဘူးလား ဆိုတာကို ဒါတွေကို ဆယ်စုနှစ်နောက်ပိုင်းဖြစ်လာတဲ့ အနှစ် နှစ်ဆယ်၊ သုံးဆယ်၊ ငါးဆယ် ကာ လတွေအတွင်းမှာ ဘယ်လိုဖြစ်လာနိုင် သလဲဆိုတဲ့ဟာကို ၀န်ကြီးဌာနတွေက ပြုစုပေး ဖို့လိုပါ တယ်။ နောက် ဆုံးအနေနဲ့ ရခိုင် ဘင်္ဂလီ သင့်မြတ်ရေးနဲ့ပါက်သက်ဖို့ ၇ ချက်ကို ကျွန်တော် ဆွဲပါတယ်။ ဒါဟာ အင်မတန် သိမ်မွေ့တဲ့ ပြသနာပါ။ ရေရှည်ပြုစုပျိုးထောင်ပြီးကာမှ လူမျိုးရေး အရ ဆက်နွယ်နေ တဲ့ နိုင်ငံရေးပြသနာပါ။ အဲဒီမှာ လူ့အဖွဲ့အစည်းနှစ်ခုမှာ ပညာရေး၊ကျန်းမာရေး၊ လူမှုရေး  နဲ့ ပါက် သက်လို့ အင်မတန်မှ နိမ့်ကျနေတာကို ၀န်ခံဖို့လိုပါတယ်။ အမျိုးသားအကျိုးစီးပွား အတွက် အပြန် အလှန်ဆက်စပ်နေ တယ်ဆိုတာ သိဖို့လိုပါတယ်။ ဒီလက်တွေ့ကျကျ အသိအမှတ်ပြုဖို့ လိုပါတယ် ။ နောက်တစ်ခု က ရခိုင်သမိုင်းဆိုင်ရာမှာ ဘင်္ဂလီ လူမျိုးစုတွေက ရိုဟင်ဂျာ သမိုင်း အမည်ခံပြီး လိမ်ပြီးလုပ်ကြံ တာကို ထာဝရစွန့်လွှတ်ဖို့လိုပါတယ်။ ဘင်္ဂလီ လူဦးရေပေါက်ဖွားပြီးကာမှ ထိန်းညိုရ မယ်ဆိုတဲ့ မိသားစု စီမံကိန်း ကို ဘင်္ဂလီတွေ ကိုယ်တိုင်လက်ခံဖို့လိုပါတယ်။ ဘင်္ဂလီ လူ့အဖွဲ့အစည်းကို ဘာသာရေး အစွန်း  မရောက် စေဘဲ ဘာသာရေး စွက်ဖက်မှု ကင်းတဲ့ လူအဖွဲ့အစည်း အဖြစ် ပြောင်း လဲကြိုးစားပေး ဖို့လိုပါ တယ်။ ဘာ သာခြား အစွန်းရောက် အယူဝါဒတွေကို စွန့်လွတ်ပေး ဖို့လိုပါ တယ်။ အချင်းချင်း ညှိနိုင်းပြီး ကာမှ ဘာသာရေး အစွန်းရောက် မှုမပါတဲ့ လူအဖွဲ့အစည်း တစ်ခုကို ရခိုင်ပြည်နယ်မှာ တည်ဆောက်နိုင် မယ် ဆိုရင် ဘာသာရေး စွက်ဖက်မှုမပါတဲ့ နိုင်ငံရေးကို ကျွန်တော် တို့ဟာ ညှိညှိနိုင်းနိုင်း တိုင်တိုင် ပင် ပင်နှင့် ဆောင်ရွက်နိုင် မယ်ဆိုရင် လက်ရှိ တည်တံ့နေတဲ့ ငြိမ်း ချမ်းရေးဖော်ဆောင်မှု အခြေအနေကို ဆထက် တပိုးတိုးတက်ပြီးကာမှ ပြည်ထောင်စုရဲ့ အချုပ် အခြာ အာဏာ တည်တံ့ခိုင်မြဲဖို့ အတွက် ရခိုင်တွေကောနိုင် ငံ သားဖြစ်ခွင့် ကြိုးစားနေကြတဲ့ ဘင်္ဂလီတွေ ပါ အတူတကွလက်တွဲပြီးကာမှ ပြည်ထောင် စုကြီးရဲ့ အုတ် တစ်ချပ် သဲတစ်ပွင့်အဖြစ် ရခိုင်ြ ပည်ကြီး ကို ကာကွယ်နိုင် မယ် ပြည်ထောင် စုကြီးကို ကာ ကွယ်နိုင် မယ်လို့ ကျွန်တော်ယုံ ကြည်ပါတယ်။ ဒါကြောင့် ဒီအဆိုကို တကယ့်မြေပြင်အခြေ အနေဖြစ်ပေါ် လာနိုင်တာ ရယ် နောင်ဖြစ်ပေါ် လာနိုင်တာ ရယ်ကို မှန်းပြီးကာမှ ဒီအ ဆို ကို တင်ပြရခြင်းဖြစ်ပါ တယ်။ အားလုံး ကို ကျေးဇူးတင်ပါတယ်။

Comment ရေးရန်

Rohingya Exodus