နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်တွေမြို့တွင် နစကမှပစ်ခတ်မှုကြောင့် ရိုဟင်ဂျာသုံးဦးဒဏ်ရာပြင်းထန်


RB News 
28.2.2013 

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဆေး သမားကြီးကျေးရွာ အုပ်စု၊ အုန်းတောချေကျေး ရွာတွင် ၂၀၁၂ ခုနှစ်ဇွန်လနှင့် အောက်တိုဘာလ များတွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု များကြောင့် အိုးမဲ့ အိမ်မဲ့ ဖြစ်ပွား သွားသော ဒုက္ခ သည်များ အတွက် ယာယီတဲ များဆောက် လုပ်ရန် ဒေသခံ များ၏ လယ် ယာမြေ များပေါ်တွင် ဆောက် လုပ်ရန် ကြိုးစား ရာမှ ပဋိပက္ခဖြစ်ပွားပြီး  နစကမှ ပစ်ခတ် ရာတွင် ရိုဟင်ဂျာ သုံး ဦး ပြင်း ထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။ 

အခင်းဖြစ် ပွားပုံမှာ အဆိုပါယာယီ တဲများဆောက်လုပ်ရန် အာဏာပိုင်များ ထံမှ ဦးကျော်ကျော် (ရွှေမိုးရွှေ ဆိုင်)မှ ကန်ထရိုက်ရယူပြီးနောက် ဦးကျော်လှ(ခ)အဒူရှကူရ်၊ ဦးသန်းဝင်း(ခ) ဆော်ယာ့ဒ်နှင့်မောင် ကျော် တို့ကို ထပ်ဆင့် ကန်ထရိုက် ပေးခဲ့သည်။ ယာယီတဲများကို အုန်းတောချေကျေးရွာ ရှိတောင်သူ လယ်သမားများ၏ လယ်မြေများပေါ်တွင် သဘောတူ ညီမှုမယူဘဲဆောက်လုပ်ရန်ကြိုးစားရာ ယနေ့ နံနက် ၈ နာရီခန့် တွင် လယ်မြေပိုင်ရှင် တစ်ဦးဖြစ် သူဦးရာဟမတ် တုလ္လာမှ  ဆောက်လုပ် ရန်ရောက်ရှိ လာ သောထပ်ဆင့်ကန် ထရိုက်ထံ ဦးကျော်လှထံမှ ၎င်းလယ်မြေ၏တန်ဖိုးငွေကျပ်တစ်သိန်းတောင်းခံခဲ့ သည်။ 

သို့သော်ဦးကျော်လှမှတောင်းခံသည့်ငွေကြေးကိုမပေးဘဲ၊ နစကများရောက်ရှိလာပြီး ဦးရာဟမတ်တုလ္လာ အား ဖမ်း ဆီးရိုက်နှက်ပြီး နေ့လည် ၁၂ နာရီခန့်တွင်ပြန်လည်လွှတ်ပေးခဲ့သည်။ 

ထပ်ဆင့် ကန်ထရိုက် ရရှိသူ ၃ ဦးနှင့် အတူလိုက် ပါလာသော ဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်မည့်သူ ၂၀ ဦးခန့်နှင့် ရွာသူရွာသားများ အကြားထပ်မံ ခိုက်ရန်ဖြစ် ပွားပြီးနောက် နစကတပ်ဖွဲ့ဝင်များ ထပ်မံရောက် ရှိလာခဲ့ သည်။ ထို့နောက် နစက တပ်ဖွဲ့ဝင်များမှ အုန်းတောချေရွာသူရွာသားများအား သေနတ်ဖြင့်ပစ် ခတ်ရာ ရွာသားသုံး ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။ ဒဏ်ရာရရှိ သူသုံးဦးအား ည ၇ နာရီကျော်တွင်သက် ဆိုင်ရာမှ လာရောက်၍ စစ်တွေမြိြု့ ပည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သတင်းရရှိပါသည်။ 

ပြင်းထန်စွာဒဏ်ရာရရှိသူသုံးဦးမှာ - 

(၁) ဦးဇာဖေါရ် (ဘ) ဦးရှော်ဖီ (အသက် ၃၈ နှစ်) - ၀ဲဘက်ဖခုံးတွင်ထိမှန် 
(၂) ဦးနော်ဘီဟူဆောင်း (ဘ) ဦးဖော်ဇော်လောက် (အသက် ၅၃ နှစ်) - ရင်ဘတ်တွင်ထိမှန် 
(၃) ဦးမိုဟာမတ်ရှရီးဖ် (ဘ) ဦးယူစွပ် (အသက် ၄၇ နှစ်) - ယာဘက်တင်ပါးနှင့်ဝမ်းဗိုက်တွင်ထိမှန် 

အထက်ပါသုံးဦးမှ ဦးမိုဟာမတ်ရှရီးဖ်၏အခြေအနေမှာလွန်စွာဆိုးရွားလျက်ရှိပြီး အသက်အန္တရာယ် စိုးရိမ် ရ ကြောင်း သိရှိရပါသည်။

Comment ရေးရန်

Rohingya Exodus