နောက်ဆုံးသတင်း/ဆောင်းပါးများ

RB News Android Application ထွက်ပြီ


RB News
4.7.2013

Android ဖုန်းအသုံးပြုသူများ RB News Andorid Application ကို Google Play မှ download လုပ်၍ သတင်းနှင့် ဆောင်းပါးများကို အလွယ်တကူ ဖတ်ရှု နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါး အပ်ပါသည်။ 

Android OS 2.2 နှင့်အထက် ရှိသည့် မည်သည့် ဖုန်းမဆိုတွင် Google Play Store ၌ RB News ဟုရှာဖွေ၍ (သို့မဟုတ်) အောက်ဖော်ပြပါ Link အတိုင်း Download လုပ်၍ ဖတ်ရှုနိုင်ပါပြီ။

Google Play Store မှ Download လုပ်ရန် Link --> http://play.google.com/store/apps/ details?id=com.app.news.rb

Google Play Store မှ Download မရသူများ အတွက် Link -->

MediaFire Download Link: http://bit.ly/14utaJp


Application size မှာ 875 KB (0.9 MB) သာဖြစ်ပြီး၊ Connection ရသည်နှင့် သတင်းများ အလို အလျောက် Update ဖြစ်သွားမည် ဖြစ်ပြီး၊ Connection Offline တွင်ဖတ်ရှု နိုင်မည် ဖြစ်သည်။ 

RB News Android Application တွင် မြန်မာနှင့် အင်္ဂလိပ် နှစ်ဘာသာဖြင့် ဖတ်ရှုနိုင်ပြီး Myanmar Font မရှိသူများ Font ကိုသီးခြား download လုပ်ရန် မလိုအပ်ပါ။ Myanmar Font ကို Application ထဲတွင် ထည့်သွင်း ထားပြီး ဖြစ်သည်။ 

RB News Android Application နှင့်ပတ်သက်၍ အခက်အခဲ တစ်စုံတစ်ရာ ရှိပါက editor@rohingyablogger.com သို့ အီးမေးလ် ရေးသား နိုင်ပါသည်။ 

RB News ဆိုသည်မှာ -- 

RB News ကို မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ခွဲခြား ဆက်ဆံခံရမှုများ ကြုံတွေ့နေ ရ သည့် ရိုဟင်ဂျာ လူမျိုးများနှင့် မြန်မာမွတ်စလင်များ၏ သတင်းများကို ဦးစားပေး တင်ဆက် သွားရန် ရည်ရွယ်၍ တည်ထောင် ထားခြင်း ဖြစ်သည်။ 

RB News သည် စီးပွားဖြစ် လုပ်ကိုင်နေခြင်း မဟုတ်သလို၊ မည်သည့် အဖွဲ့အစည်း၏ သြဇာခံမှ မဟုတ်ဘဲ သီးခြား လွတ်လပ်စွာ ရပ်တည် နေခြင်းဖြစ်သည်။ RB News ၏၀ိုင်းတော်သား များမှာ စေတနာဖြင့် လုပ်ကိုင်ဆောင်ရွက် ပေးနေသူ များသာဖြစ်သည်။ 

RB News မှပူးပေါင်း ပါဝင်လုပ်ကိုင် လိုသော ရိုဟင်ဂျာများ၊ မြန်မာမွတ်စလင်များကို အမြဲတစေ ကြိုဆို လျက် ရှိပါသည်။

Comment ရေးရန်

Rohingya Exodus