March 14, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

စာအုပ်စင်

အိတ်ဖွင့်ပေးစာ

ရခိုင်ပဋိပက္ခ ဖြေရှင်းရေး ကူညီပေးသွားမယ်လို့ နယူးဇီလန် ကတိပြု


3.7.2013

ရခိုင်ပြည်နယ် အတွင်းမှာ အုပ်စုနှစ်ခု အကြား ဖြစ်ပွား ခဲ့တဲ့ ပဋိပက္ခ တွေနဲ့ ပတ်သက်ပြီး ဘယ်ပုံ ဘယ် နည်း နဲ့ ဖြေရှင်း ဆောင်ရွက် သင့်တယ် ဆိုတာကို နယူးဇီလန် နိုင်ငံ အနေနဲ့ အလေး အနက်ထား စဉ်းစား သွားမယ့် အပြင် လိုအပ် တာတွေလည်း မြန်မာ အစိုးရကို ကူညီ ပေးသွား မယ်လို့ နယူးဇီလန် နိုင်ငံခြားရေး ဝန်ကြီး ဌာနဝန်ကြီး Murray McCully က ဒီကနေ့ ပြောကြား လိုက်ပါတယ်။ 

နယူးဇီလန် နိုင်ငံခြားရေး ၀န်ကြီးဟာ ဒီနေ့ ရခိုင် ပြည်နယ် အစိုးရ အဖွဲ့ရုံးမှာ အစိုးရ တာဝန်ရှိ သူတွေ နဲ့ တွေ့ဆုံစဉ် ပြောကြား ခဲ့တာပါ။

"ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခ တွေအတွက် ဖြေရှင်း ဆောင်ရွက်သင့်တာ တွေကို နယူးဇီ လန် နိုင်ငံ အစိုးရနဲ့ နယူးဇီလန် ပြည်သူတွေက အလေး အနက်ထား စဉ်းစား ဆွေးနွေး သွားဖို့ ရှိပြီး မြန်မာ အစိုးရ ကိုလည်း လိုအပ် တာတွေ ကူညီ ပေးသွားမှာ ဖြစ်ပါတယ်" လို့ ပြောသွားတာပါ။

ဒါ့အပြင် ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရရဲ့ အခက် အခဲတွေကို စာနာ နားလည် မိသလို သူ့ရဲ့ ရခိုင် ပြည်နယ် ခရီးစဉ်ဟာ အခြေ အနေ တွေကို လေ့လာရေး သက်သက် လာရောက်တာ ဖြစ်တယ် လို့လည်း ဆိုပါတယ်။

Mr. McCully ဟာ ရေတို ရေရှည်မှာ ဘယ်လို ဆောင်ရွက်သင့် တယ်ဆိုတာနဲ့ ပတ်သက် ပြီးတော့လည်း စစ်တွေ မြို့မိမြို့ဘတွေ၊ နိုင်ငံရေး ပါတီတွေနဲ့ နေ့လည်ပိုင်းမှာ စစ်တွေ ဟိုတယ်မှာ သီးသန့် တံခါး ပိတ် ဆွေးနွေး ခဲ့ပါတယ်။ ဒါ့အပြင် စစ်တွေ မြို့ပေါ်မှာ ရှိတဲ့ စက်ရုံစု၊ ခေါင်းဒုတ်ကာ၊ ဒါးပိုင်၊ မှန်ဇီစတဲ့ ဒုက္ခ သည် စခန်းတွေကို သွားရောက် လေ့လာ ခဲ့ပါတယ်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus