နောက်ဆုံးသတင်း/ဆောင်းပါးများ

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ဘာသာရေး ပဋိပက္ခအား ဖြေရှင်းခြင်း

(ဓါတ်ပုံ - AP)

ဆောင်းပါးရှင် - Nehginpao Kipgen
ဘာသာပြန် - O’Laie Manzu
RB News
21.11.2013

၂၀၁၂ ခုနှစ် အတွင်းမြန်မာနိုင်ငံအနောက်ပိုင်းရခိုင် ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ဘာသာရေး ပဋိပက္ခဟာ ၂၀၁၃ ခုနှစ် မှာတော့ မြန်မာ နိုင်ငံအလယ်ပိုင်းမှာ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာဝင် တွေအကြား ပိုမိုကြီး ဆိုး ရွား တဲ့ ပဋိပက္ခကြီး အသွင် ကူးပြောင်း သွားခဲ့ ပါတယ်။

ဒီအကြမ်းဖက်မှုကြီးကြောင့် လူပေါင်း ၂၀၀ ကျော် သေဆုံး ခဲ့ရပြီး ၁၄၀၀၀၀ ကျော်အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ ရပါ တယ်။ မြန်မာ နိုင်ငံဟာ ဒီမိုကရေစီ အသွင် ကူးပြောင်း လာနေပြီ ဆိုပေမယ့် ဒီလူ့အသိုင်း အဝိုင်းကြီး နှစ်ခု အကြားမှာရှိနေတဲ့ တင်းမာမှုကြီး ကတော့ အပြည်ပြည် ဆိုင်ရာ အသိုင်းအဝိုင်း အကြားစိုးရိမ် စ ရာတွေ ဖြစ်နေ ပါတော့ တယ်။

နောက်ဆုံးထင်ပေါ် စေတဲ့ အပြည်ပြည် ဆိုင်ရာ စိုးရိမ်မှု ကတော့ မြန်မာ နိုင်ငံကို မမျှော်လင့်ဘဲ လာရောက် လည်ပတ် ခဲ့တဲ့ ၄၂ ဦးမြောက် အမေရိကန် သမ္မတဟောင်း ဘေကလင်တန် (Bill Clinton) ရဲ့ ရန်ကုန်မြို့ Myanmar Peace Center မှာပြောကြား ခဲ့တဲ့ မိန့်ခွန်း အပေါ်မှာ ထင်ဟပ် နေတာကို တွေ့ရ ပါတယ်။

ကလင် တန် ဟာနိုင် ငံရေး အပြောင်း အလဲ အ တွက် ဦး သိန်း စိန် အ စိုး ရ ရဲ့ လုပ်ဆောင် ချက်တွေ က“မှတ်ကျောက် တင် ရလောက်အောင်” ပါဘဲ လို့ ချီး မွန်း ခဲ့ပေ မယ့်နိုင်ငံ အ တွင်း မှာ ဘာ သာရေး ပဋိ ပက္ခတွေ ချုပ်ငြိမ်းစေဖို့ အတွက် တိုက် တွန်း နှိုးဆော် သွားခဲ့ ပါတယ်။

“သတင်းကောင်း တိုင်းကို တကမ္ဘာလုံးက ချီကျူး ကြသလိုဘာသာရေး ပဋိပက္ခတွေ အကြောင်း လူတွေ ဖတ်ရှုကြ ရတဲ့ အချိန်တိုင်း မှာလည်း အော့နှလုံးဆန် ကြပါတယ်။ … ဘာကြောင့်လဲ ဆိုတော့ မတူညီမှုတွေ အပေါ်မှာလူတွေက အချင်းချင်းသတ်ကြ ဖြတ်ကြတယ်၊ တိုက်ခိုက်နေကြတယ်။ ဒါကို တကမ္ဘာလုံးမှာ ရှိ တဲ့လူတွေ ကတော်တော်လေး ကို စိတ် ပျက်နေ လို့ပါဘဲ” လို့နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး  ခေါင်းဆောင်တွေ  ရောပွန်း နေတဲ့ ပရိသတ် ကြီးကို ကလင်တန်က ပြောခဲ့ ပါတယ်။

ကလင်တန်ဟာ သူ့ရဲ့လူ မှုအဖွဲ့ အ စည်းဖြစ်တဲ့ က လင် တန်ဖောင်ဒေး ရှင်းနှင့် အတူ မြန်မာ နိုင်ငံကို လာရောက် လည် ပတ်ခဲ့ တာဖြစ်ပြီး သမ္မတ ဦးသိန်း စိန်၊ လွတ်တော် ဥက္ကဌ ဦးရွှေမန်းနဲ့ အတိုက် အ ခံ ခေါင်းဆောင် ဒေါ်အောင် ဆန်း စုကြည် တို့နဲ့ တွေ့ဆုံခဲ့ ပါတယ်။

ကလင်တန် မြန်မာ နိုင်ငံကို ရောက်တဲ့ အချိန်နဲ့ သူပြောတဲ့ ကိစ္စ တွေမှာ အရေးကြီးတဲ့ အချက် သုံးချက် ရှိ ပါ တယ်။ ပထမ တစ်ချက် ကတော့ က လင်တန် ဟာ သူရဲ့ သမ္မတ ဖြစ်စဉ် သက်တမ်း နှစ်ကြိမ် ဖြစ်တဲ့ ၁၉၉၃ ကနေ ၂၀၀၁ ကြားကာလမှာ မြန်မာ နိုင်ငံရဲ့ စစ်အာဏာရှင် အပေါ်မှာ အမေရိကန် စီးပွားရေး ပိတ် ဆို့ မှုကို ကြီးမှူး ခဲ့သူ ဖြစ်ပြီး အခု အခါ မှာတော့ ပထမဆုံး မြန်မာ နိုင်ငံကို လာရောက် လည် ပတ် တာ ဖြစ်ပါတယ်။

ဒုတိယ အချက် ကတော့ကလင်တန်လည်ပတ်တဲ့အချိန်ဟာဥရောပသမဂ္ဂရဲ့နိုင်ငံခြား ဆက် ဆံရေး ပေါ် လစီ ဦးစီးချုပ် ကက်သရင်း အရှ်တန် (Catherine Ashton) ဦးဆောင်တဲ့ အီးယူ ကိုယ်စား လှယ်တွေ၊ ဥရောပ ကော်မရှင် နာတွေ၊ ပါလီမန် အမတ်တွေ၊ စီးပွားရေး သမား တွေနဲ့ လူမှု အခြေပြု အဖွဲ့ အစည်း ဝင်တွေ (နိုဝင်ဘာ ၁၃ ရက်မှ ၁၅ ရက်နေ့ အတွင်း) လာရောက် လည်ပတ်တဲ့ သုံးရက် ခရီးစဉ်နဲ့ တိုက် ဆိုင် နေပါတယ်။

ကလင်တန် ခရီးစဉ်နဲ့ အရေး အကြီးဆုံးသော တိုက်ဆိုင်မှုလို့ ဆိုနိုင်တဲ့ တတိယ တိုက်ဆိုင်မှု ကတော့ အစ္စလာမစ် ပူးပေါင်းရေး အဖွဲ့ (အိုအိုင်စီ) ကိုယ်စား လှယ်တွေ လာရောက် လည်ပတ်တဲ့ အချိန် နဲ့လည်း အချိန်ကိုက် နေပါတယ်။ အိုင်အိုင်စီ ခရီးစဉ် မှာတော့ အိုအိုင်စီ အထွေထွေ အတွင်း ရေးမှူး အက်ခ်မယ် လက်ဒင်န် အီဆာနိုဂ်လူ (Ekmeledin Ihsanoglu) ဦးဆောင်ပြီး အချို့သော မွတ်စလင် လူများ စု နေ ထိုင်တဲ့ နိုင်ငံ တွေဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ တူရကီ၊ ဆော်ဒီ အာရေး ဗီးယား၊ အီဂျစ်၊ ဂျဘူတီ နဲ့ ဘင်္ဂလား ဒေ့ရှ် နိုင်ငံမှ ကိုယ်စား လှယ်တွေ ပါဝင် ပါတယ်။

အိုအိုင်စီ လာရောက် လည်ပတ်တဲ့ ခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက် ကတော့ ဗုဒ္ဓဘာသာဝင် တွေနဲ့ ရိုဟင် ဂျာ မွတ်စလင်တွေ အကြား ဆက်လက် ကျန်ရစ် နေသေးတဲ့ တင်းမာမှု တွေရဲ့ အခြေ အနေ တွေကို စမ်း စစ် လေ့လာဖို့ ဖြစ်ပေမယ့် ဘုန်းကြီးတွေ ဦးဆောင်တဲ့ ဗုဒ္ဓဘာသာဝင် ဆန္ဒပြသူ တွေကတော့ အိုအိုင်စီဟာ ရိုဟင်ဂျာ မွတ်စလင် တွေအတွက် တစ်ဖက် သတ်ရပ်တည် တယ်လို့ စွပ်စွဲ ကြပြီး အိုအိုင်စီ လာရောက် လည်ပတ် ခဲ့စဉ်မှာ ဆန္ဒပြ ခဲ့ကြ ပါတယ်။

အိုအိုင်စီဟာ မြန်မာ့ ပြည်တွင်း ရေးကို ဝင်ရောက် စွပ်ဖက်တယ်၊ ရိုဟင်ဂျာ တွေကို နိုင်ငံသား ဖြစ်ခွင့်မှ ဖုံးဖိ ထားတဲ့ ၁၉၈၂ နိုင်ငံသား ဥပဒေကို ပြင်ဆင်ဖို့ အတွက် သြဇာ လွှမ်းဖို့ ကြိုးစား နေတယ်လို့ ဗုဒ္ဓဘာ သာဝင် ဆန္ဒပြ သူတွေက စွပ်စွဲ ခဲ့ကြ ပါတယ်။

၂၀၁၂ ခုနှစ် အောက်တို ဘာလမှာတော့ မြန်မာ အစိုးရဟာ အိုအိုင်စီ အဖွဲ့ မြန်မာ နိုင်ငံမှာ အမြဲတမ်း ရုံးဖွင့် လှစ်ပြီး ဘာသာရေး ပဋိပက္ခတွေကြောင့် ဒုက္ခရောက်ကြ ရသူ တွေကို လူသားချင်း စာနာ ထောက် ထား တဲ့ အကူ အညီ တွေပေးဖို့ နှစ်ဖက် သဘောတူ လက်မှတ်ရေးထိုး ခဲ့ပြီးနောက်မှာ [အိုအိုင်စီ ရုံးဖွင့်ခွင့် သဘောတူညီချက်ကို] ပြန်လည် ငြင်းဆို ခဲ့ပြန် ပါတယ်။

ဒီပြဿနာ ကြီးဟာ အလွယ်တကူနဲ့ ချက်ချင်းဆိုသလို ဖြေရှင်း နိုင်မှာမဟုတ်ပေမယ့် မြန်မာ အစိုးရ အနေနဲ့ ကတော့ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေအကြားခင်မင် ရင်းနှီး စွာနဲ့ ငြိမ်းချမ်းစွာ အတူ ယှဉ် တွဲ နေနိုင် မယ့် နည်းလမ်း တိုင်းကို ဆက်လက် ရှာဖွေ နေရမှာ ဖြစ်ပါတယ်။

တမူ ထူးခြားတဲ့ ရိုဟင်ဂျာ မွတ်စလင် တွေရဲ့ ပြဿနာကို ရေရှည် ဖြေရှင်း ချက်တွေ ပြုလုပ်တိုင်း ဒီပြဿ နာ ရဲ့ အရင်း အမြစ်ကို ကိုင်တွယ် ရမှာ ဖြစ်ပါတယ်။ နိုင်ငံ အတွင်းမှာ တခြား လူနည်းစု တွေကတော့ ကိုယ် ပိုင် အုပ်ချုပ် ခွင့်တွေ၊ ဖယ်ဒရယ် မူတွေကို ပြောဆို နေချိန်မှာ ရိုဟင်ဂျာ တွေကတော့ (Identity Crisis) နဲ့ရင်ဆိုင် နေကြ ရပါတယ်။

မြန်မာ အစိုးရဟာ ရိုဟင်ဂျာ ပြဿနာကို အနှေးနဲ့ အမြန် ဆိုသလို တချိန်ချိန် မှာတော့ ဖြေရှင်းပေး ရပါ လိမ့်မယ်။ လူသားချင်း စာနာ ထောက်ထားတဲ့ အကူ အညီ တွေဟာ လူတွေ လတ်တလော ကြုံတွေ့ နေရ တဲ့ အခက် အခဲကို ဖြေရှင်း ပေးနိုင်မယ့် ရေတို ဖြေရှင်းချက် သာဖြစ်ပြီး ပြဿ နာ တွေပြေ လည် သွားဖို့ အ တွက် ကိုတော့ နိုင်ငံရေး အရ အဖြေရှာဖို့ လိုအပ် ပါတယ်။

နိုင်ငံရေး အရ အဖြေ ရှာတယ် ဆိုပေမယ့် အုပ်စု တစ်ခု ကို တခြား အုပ်စု တစ်ခုထက် ပိုပြီး ဦးစား ပေးတာ မျိုးကိုတော့ မဆို လိုပါဘူး။ (Consociational Democracy) စနစ်ဟာ အဖြေ ရှာပေး နိုင်မယ့် နည်းစနစ် တစ်ခု ဖြစ်ပါ လိမ့်မယ်။ ဒီနည်း စနစ်ဟာ လူမှု အုပ်စု အသီသီးက သြဇာ အရှိန် အဝါ ရှိသူတွေ (elites) ကို အကျိုးတူ (common interest) အတွက် အတူ တကွ လုပ်ကိုင် ဆောင်ရွက် နိုင်မယ့် အခွင့် အ လမ်း တွေ ဖွင့်ပေးတဲ့ နိုင်ငံရေး လမ်းကြောင်း တစ်ခု ဖြစ်ပါတယ်။

လူတွေဟာ တစ်ဖက်နဲ့ တစ်ဖက် သွင်ပြင် လက္ခဏာ သက်မှတ် မှုတွေ၊ ယဉ်ကျေး မှုတွေကို တန်ဖိုး မထား မလေးစား သမျှ ကာလ ပတ်လုံး တင်းမာ မှုတွေ ကတော့ ဆက်လည်း တည်ရှိ နေမှာ ပါဘဲ။ ဒီကိစ္စမှာ ရခိုင် ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စု အစိုးရ နှစ်ရပ် လုံးဟာ နှစ်ဖက် လုံးမှာ ရှိနေ တဲ့ ခေါင်းဆောင် တွေ ကို ခေါ်ဆောင်ပြီး ပြန်လည် သင့်မြတ်ရေး အစီ အစဉ် တွေကို ညှိနှိုင်း ဆောင်ရွက် ရမှာ ဖြစ်ပါတယ်။

တကယ်လို့ မြန်မာ အစိုးရဟာ အခြား နေရာ တွေကနေ အကူ အညီတွေ လိုအပ်တယ် ဆိုရင်လည်း အချိန် ဆွဲ မနေသင့် ပါဘူး။ ပြဿနာ သဘော သဘာဝ [ဆိုးရွားတာက] တစ်ကြောင်း၊ အပြည်ပြည် ဆိုင်ရာ အ သိုင်း အဝိုင်းက မြန်မာ နိုင်ငံမှာ ဒီမိုကရေစီ စနစ်ကို အောင်မြင် စွာနဲ့ ကူးပြောင်း တာကို မြင်ချင်တဲ့ စိတ် ဝင်စားမှု တွေရှိနေ တာက တစ်ကြောင်း ဖြစ်တဲ့ အတွက် အခြား နေရာက ဒီအခက် အခဲကြီးကို ဝိုင်းဝန်း ကူညီ ဖြေရှင်းပေးလို စိတ်ရှိ ကြပါ လိမ့်မယ်။

တချိန်တည်းမှာလည်းဒီအသိုင်းအဝိုင်းနှစ်ခုအကြားမလိုမုန်းတီးမူတွေပိုမိုတောက်လောင် မှုတွေ ဖြစ်စေမယ့် လုပ်ရပ်တွေ သို့မဟုတ် လုပ်ငန်းဆောင်တာတွေကို မလုပ်မိ ဖို့အိုအိုင်စီနဲ့ မွတ်စလင်လူများ စု နေထိုင် တဲ့ နိုင်ငံ တွေက သတိမူ ကြရမှာ ဖြစ်ပါတယ်။ မြန်မာ အစိုးရက အကြမ်းဖက် မှု ဖြစ်ပွား တဲ့ နေရာ တွေကို သွားရောက် လည်ပတ်ဖို့ ခွင့်ပြု သလို အိုင်အိုင်စီ ကလည်း လူမျိုး ဘာသာ ခွဲခြားမှု မရှိ ဘဲ အကြမ်းဖက် ခံရသူ တွေအားလုံးကို တန်းတူ ညီမျှ ကူညီပေး နိုင်မယ့် မူဝါဒတွေနဲ့ အညီ လုပ်ဆောင် ရမှာ ဖြစ်ပါတယ်။

ဗုဒ္ဓ ဘာသာဝင် တွေနဲ့ မွတ်စလင်တွေ အကြား ယုံကြည်မှုနဲ့ နားလည် မှုတွေ တည်ဆောက် ဖို့အတွက် ဒီလို ဖက်မလိုက်တဲ့ ညှိနှိုင်း ဆောင်ရွက် မှုတွေက အရေးကြီး ပါတယ်။ အပြန် အလှန် နားလည် မှုတွေ တည်ဆောက် နိုင်ပြီး ဆိုမှ နှစ်ဖက် လုံးက လက်ခံ နိုင်လောက်တဲ့ ဖြေရှင်းနည်း တွေကို မြန်မာ အစိုးရက စီမံ ဆောင်ရွက် နိုင်ဖို့ အတွက် ဝိုင်းဝန်း ကူညီ ပေးရမှာ ဖြစ်ပါတယ်။ အိုအိုင်စီ အနေနဲ့ လည်း ဗုဒ္ဓ ဘာသာ လူများစုနဲ့ ဆက်ဆံရေး ကောင်းနေ ဖို့အတွက် အပြန် အလှန် ယုံကြည် မှုကိုလည်း တည်ဆောက်ဖို့ အရေးကြီး ပါတယ်။

ဒီအချိန်အတွင်းမှာ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းကလည်း ဘာသာရေးပဋိပက္ခတွေနဲ့ နိုင် ငံရေး ပြဿ နာတွေ ပြေလည်ဖို့ အတွက်၊ တည်ငြိမ်တဲ့ ဒီမိုကရေစီ စနစ် ထွန်းကားဖို့ အတွက် ဆက် လက်ပြီး တက်နိုင် သမျှ ကူညီ လုပ်ဆောင် ပေးနေ ရမှာ ဖြစ်ပါတယ်။

Nehginpao Kipgen ဟာ အမေရိကန် အခြေစိုက် Kuki International Forum ရဲ့ အထွေထွေ အတွင်း ရေးမှူး ဖြစ်ပါတယ်။ သူဟာ မြန်မာ နိုင်ငံရေးကို ဦးစား ပေးပြီး တောင်အာရှနဲ့ အရှေ့တောင် အာရှ ရဲ့ နိုင်ငံရေးကို အဓိကထား သုတေသန ပြုနေသူ တစ်ဦး ဖြစ်ပါတယ်။

Nehginpao Kipgen ရေးသားပြီး The China Post မှာဖော်ပြ ထားတဲ့ “Resolving Myanmar’s sectarian violence issue” ကို O’Laie Manzu မှ ဆီလျော်အာင် ဘာသာပြန် ထားပါတယ်။ 

  1. Take strong action against the perpetrators who have insulted Islam, a religion that has a follower of 1.5 billion Muslims around the world. Its a blasphemous crime against humanity and it tarnishes the image of Buddhism that teaches Peace and harmony to all mankind.
    Lord Buddha has rightly said, " Hatred does not cease by hatred, but only by love, this is the eternal truth. Practice his teaching in earnest, and make this world a better place for all, regardless of religion, creed and color.
    Wipe out Buddhism- a face of terror from the soil of Myanmar, by showing that the government is serious this time in curbing terrorism.

Comment ရေးရန်

Rohingya Exodus