နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်မြေ (၇) မှ နယ်ခြားစောင့်ရဲ များက ဒေသခံ ရိုဟင်ဂျာ များထံမှ ငွေညှစ်



Rohingya Eye
RB News
16.3.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကျေးရွာမှ ဦးဟာမိတ်၏ ဇနီး ဒေါ်ရာဖ်ဇားလ်ဦ (အသက် ၃၂ နှစ်) ၏ နေအိမ်သို့ မတ်လ (၁၀) ရက်နေ့ ညနေ (၅) နာရီ အချိန်တွင် နယ်မြေ (၇) နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲများ ရောက်ရှိလာပြီး၊ အိမ်ထဲသို့ ၀င်ကာ အိမ်အသစ် ဆောက်လုပ်နေခြင်း ဟုတ်၊ မဟုတ် စစ်ဆေးခဲ့သည်။ 

ထိုသို့ စစ်ဆေးရာတွင် MPT ဆင်းမ်ကဒ်သုံး ဖုန်းတစ်လုံး တွေ့ရှိရာ အဆိုပါ ဖုန်းကို ဘင်္ဂလား ဆင်းမ်ကဒ်သုံး ဖုန်းဟု ဆိုကာ သိမ်းဆည်းနေသဖြင့် ငွေကျပ် ၈ သောင်း ပေး၍ ဖုန်းကို နယ်ခြားစောင့်ရဲ များထံမှ ပြန်လည် ရယူခဲ့ရသည်။ 

အလားတူ ဦးအဒူဟောက် (ခ) ဦးအေဇာရ်မျာ (အသက် ၅၀ နှစ်) ၏ နေအိမ် ပြုပြင်နေသည်ကို အကြောင်းမကြားဟု စွပ်စွဲသဖြင့် အဆိုပါ နယ်ခြားစောင့်ရဲ များအား ငွေကျပ် ၄ သောင်းနှင့် ဓါတ်ဆီ ၅ ဂါလံ၊ စ.ရ.ဖ အဖွဲ့အား ငွေကျပ် ၁၅၀၀၀/- နှင့် အလယ်သံကျော် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်အား ငွေကျပ် ၃ သိန်း အသီးသီး ပေးခဲ့ရကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus