နောက်ဆုံးသတင်း/ဆောင်းပါးများ

မီးတိုက်ကျေးရွာမှ ၁၀ နှစ်အရွယ် ရိုဟင်ဂျာမိန်းကလေးကို နယ်ခြားစောင့်ရဲက မုဒိမ်းကျင့်

Rohingya Eye
RB News
29.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင် တောင်ပြိုလက်ဝဲမြို့ အပိုင် မီးတိုက်ကျေးရွာအုပ်စု၊ ရဲအောင်ချောင်းရွာ (ရိုင်မောမ်ဘိလ်) မှ အသက် (၁၀) နှစ်အရွယ် ရိုဟင်ဂျာမိန်းကလေး တစ်ဦးကို နယ်ခြားစောင့်ရဲ တစ်ဦးက မုဒိမ်းကျင့်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

အောက်တိုဘာလ (၂၇) ရက်နေ့ နေ့လည် (၂) နာရီအချိန်တွင် မီးတိုက်ကျေးရွာအုပ်စု၊ ရဲအောင်ချောင်း ကျေးရွာမှ ဦး ---- ၏ အသက် (၁၀) နှစ် အရွယ် မ ---- သည် ၎င်း၏ နေအိမ်မှ နွားများကို လယ်ကွင်းပြင်တွင် ကျောင်းနေခဲ့သည်။ ထိုစဉ် နယ်ခြားစောင့်ရဲ (၃) ဦးက ရခိုင်ပြည်နယ် ၀န်ကြီးချုပ်၏ လမ်းကြောင်း ရှိသဖြင့် လယ်ကွင်းအနီးတွင် ကင်းလှည့်နေခဲ့သည်။ နယ်ခြားစောင့်ရဲများက အသက် (၁၀) နှစ် အရွယ် မိန်းကလေးကို တွေ့သောအခါ ဖမ်းချုပ်၍ တစ်ဦးမှ မုဒိမ်းကျင့်နေစဉ် အခြားသော နွားကျောင်းနေသည့် ကလေးတစ်ဦးမှ တွေ့၍ ရွာသားများကို လှမ်းအော် အကူအညီ တောင်းသောအခါ မုဒိမ်းသမားများ ထွက်ပြေးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

နယ်ခြားစောင့်ရဲ (၃) ဦးလုံးက မုဒိမ်းကျင့်ရန် ကြိုးစားခဲ့သော်လည်း အခြားနွားကျောင်းနေသည့်သူ တစ်ဦးမှ တွေ့ရှိသောကြောင့် ကံကောင်းထောက်မ၍ (၃) ဦးလုံး၏ မုဒိမ်းကျင့်ခြင်းကို မခံရခြင်း ဖြစ်ကြောင်း၊ အကယ်၍ လူစိတ်ကင်းမဲ့နေသည့် နယ်ခြားစောင့်ရဲ (၃) ဦးလုံး၏ မုဒိမ်းကျင့်ခြင်းကို ခံရပါက အသက်ပင် သေဆုံး သွားနိုင်ကြောင်း အဆိုပါ ဒေသခံကပြောပါသည်။

မုဒိမ်းကျင့်ခံရသူ၏ ဂုဏ်သိက္ခာကြောင့် အမည်ကို ချန်လှပ်ထားသည်။ 



Comment ရေးရန်

Rohingya Exodus