နောက်ဆုံးသတင်း/ဆောင်းပါးများ

မွတ်ဆလင် တွေကို သတ်ဘို့ ညီညွတ် သွားသလား


ဌေးလွင်ဦး
RB News
20.9.2012

မြန်မာနိုင်ငံအတွင်း မွတ်ဆလင်များဟာ အခြားလူများကဲ့သို့ သာမန်လူတွေပဲ ဖြစ်တယ်။ အခြားသူတွေလို့ သွားလာလှုပ်ရှား လုပ်ကိုင်စားသောက်တယ်။ တစ်မူထူးနေသူများမဟုတ်။ အနုပညာ စိတ်ဝင်စားသူ၊ ဘာသာ ရေးစိတ်ဝင်စားသူ၊ စီးပွားရေး စိတ်ဝင်စားသူ၊ သတင်းစာနယ်ဇင်းစိတ်ဝင်စားသူ၊ နိုင်ငံရေး စိတ်ဝင်စားသူ အမျိုး မျိုးအဖုံဖုံ- အများနည်းတူ ပါပဲ။ 

ဒါပေမယ့် မြန်မာ့ သမိုင်းအဆက်ဆက်မှာ မွတ်ဆလင်များက တက်လာသမျှ အစိုးရများကို အကြီးအကျယ် တော်လှန်ဆန့်ကျင်ပြီး ဦးတည်တိုက်ခိုက်မယ့် အဖွဲ့အစည်းကြီးမျိုး ထူထောင်ခဲ့ခြင်း မရှိ၊ ထူထောင်ထားခြင်း မရှိ။ မြန်မာမွတ်ဆလင်များဟာ အခြားသူများလို- NLD ပါတီမှာ ၀င်ခဲ့သူ၊ ပါဝင်နေဆဲသူ တွေရှိတယ်။ ကြံ့ခိုင်ရေး အသင်းအဖွဲမှာလည်း ပါဝင်ခဲ့သူ၊ ပါဝင်နေဆဲသူများ ရှိနေတယ်။ ABSDF မှာလည်း ပါဝင်ခဲ့သူ၊ ပါဝင်နေဆဲသူများ ရှိနေပါတယ်။ အရံမီးသတ်၊ ကြက်ခြေနီ အဖွဲ့တွေက အစ အားလုံးမှာ မြန်မာပြည်ထဲက အခြားသော မြန်မာ နိုင်ငံသားများ နည်းတူပါပဲ။ 

ဒါပေမယ့် စစ်အစိုးရကို အလိုမရှိ ဆိုပြီး စစ်တပ်ကို ဦးတည်တိုက်ခိုက်၊ ဖြိုခွဲဘို့ ဦးဆောင်ပါတီကြီး တစ်ခု အဖြစ် မွတ်ဆလင်ထဲက ဖွဲ့စည်းခဲ့ခြင်း မရှိ။ စစ်အစိုးရ ယန္တရားကြီး တစ်ခုလုံးကို ပြိုပျက်သွားစေဘို့ ဦးဆောင်လုပ်တဲ့ အဖွဲ့အစည်းမရှိ။ ၂၀၀၈ အခြေခံဥပဒေကို အလိုမရှိ၊ လက်မခံ လို့ ဦးဆောင်အော်ဟစ်ခဲ့တာ မရှိ။ လွှတ်တော်ထဲ မှာ စစ်တပ်က ၂၅ ရာနှုန်း နေရာယူထားတာကို ထောက်ခံပါတယ်၊ သို့မဟုတ် ကန့်ကွက်ပါတယ်လို့ မွတ်ဆလင် တွေက ဦးဆောင် ပြောဆိုခဲ့တာ မရှိပါ။ 

၁၉၈၈ အရေးအခင်း ပြီးကတည်းက စစ်တပ်ကိုသော်လည်းကောင်း၊ စစ်အစိုးရကိုသော်လည်းကောင်း၊ ၂၀၀၈ အခြေခံဥပဒေကို သော်လည်းကောင်း၊ အစဉ်တစ်စိုက် ဆန့်ကျင်တော်လှန်ခဲ့တဲ့ အဖွဲ့အစည်းကြီးမှ ခေါင်းဆောင် များကိုယ်တိုင်က ၂၀၁၂ ခုနှစ် မြန်မာနိုင်ငံအတွင်း မွတ်ဆလင်သုတ်သင်ရေး အမှုအခင်းကြီးကို ခေါင်းရှောင်တဲ့ အခါမှ “မိမိတို့သည် စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်ရမည်”ဟု ကြွေးကြော်လာမှုမှာ - အတော်ကို အံ့သြဘို့ ကောင်းတဲ့ ညီညွတ်မှု တစ်ရပ် ဖြစ်နေပါတယ်။ 

အချို့စကားလုံးများဟာ ဒီမိုကရေစီကို ဦးဆောင်နေပါတယ် ဆိုသူများရဲ့ ပါးစပ်က ပြောတဲ့ စကားအစစ်များလား၊ လို့တောင် သံသယ ဖြစ်ဘွယ် ရှိနေပါတယ်။ အဲ့ဒီ ပုဂ္ဂိုလ်များ အနေနဲ့ အမှန်တစ်ကယ်ပဲ မြန်မာစစ်တပ်ကို အားကိုးအားထား ပြုပါသလား။ သို့မဟုတ်ဘဲ မွတ်ဆလင်သုတ်သင်ရေး အတွက်သာ စည်းလုံးညီညွတ်လိုက် တာလား ဆိုတာတော့ ပညာတတ်သူတိုင်း နားလည် ခံစားနိုင်ပါတယ်။ 

အမှန်တစ်ကယ် အဲ့ဒီ ဒီမိုကရေစီ ခေါင်းဆောင်ကြီးများ အနေနဲ့ စစ်တပ်၊ စစ်သည်များကို အားကိုးအားထား ရှိနေခဲ့ရင်- ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဘာကြောင့် ပြောင်းခိုင်းဘို့ လိုပါသလဲ။ စစ်တပ်က လွှတ်တော် နေရာ ၂၅ ရာနှုန်း ယူထားတာကို ဘာကြောင့် ပြောင်းလဲဘို့ ကြိုးစားနေပါသလဲ။ သမ္မတနဲ့ ဒုသမ္မတ ရာထူးများ ကို စစ်တပ်ဘက်ဆိုက်က ယူထားတာကို ဘာကြောင့် ပြောင်းလဲဘို့ ကြိုးစားနေပါသလဲ။ ဒီလို အာဏာမက်တဲ့ အခါမှာတော့- စစ်တပ်ဟာ၊ သို့မဟုတ် စစ်တပ်ဘက်ဆိုက်ဟာ ရန်သူ ဖြစ်နေပါသလား။ 

စစ်တပ်ဟာ မြန်မာနိုင်ငံအတွက် တစ်ကယ်အရေးပါတဲ့ ကဏ္ဍက ရှိကို ရှိရမယ့်လို့ အမှန်တစ်ကယ် ခံစားယုံ ကြည်ထားရင်- စစ်တပ်က ကြီးမှုးရေးဆွဲတဲ့ ၂၀၀၈ အခြေခံဥပဒေကိုလည်း ပြုပြင်နေစရာ မလိုပါ။ စစ်တပ်ဘက် ဆိုက်မှ လွှတ်တော် ၂၅ ရာနှုန်း ယူထားတာကိုလည်း ပြောင်းလဲပစ်ဘို့ ကြိုးစားနေဘို့ မလိုပါ။ နည်းတောင် နည်းနေသေးတယ် ဆိုပြီး လွှတ်တော်ရဲ့ ၇၅ ရာနှုန်းကို စစ်တပ်ဘက်ဆိုက်ကို ပေးလိုက်သင့်ပါတယ်။ 

ဒီလိုမှ မဟုတ်ရင်တော့--- မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်များဟာ မွတ်ဆလင် သုတ်သင်ရေးမှာသာ စစ်တပ်ကို ထိုးချ ပေါင်းသင်းပြီး-၊ မွတ်ဆလင်များ မျိုးပြုတ်သွားရင် စစ်တပ်က မျိုးပြုတ်တရားခံ အဖြစ် ကမ္ဘာ့ခုံရုံးကိုတက် လိုက်တော့- ပြီးတော့ နိုင်ငံရဲ့ အာဏာကို ငါတို့ကို ပေးခဲ့ ဆိုတဲ့ ပုံစံမျိုးကိုသာ ဆောင်နေကြောင်း ထင်ရှားနေပါ တော့တယ်။ 

ငါတို့ အာဏာရမှ ငါတို့က လုပ်ပေးနိုင်မှာ၊ ဒါကြောင့် ငါတို့ကို အာဏာ အရင်ပေးပါ ဆိုတဲ့ သဘောထားမျိုးကို လည်း တွေ့နေရပြန်ပါတယ်။ အာဏာမက်သူ ဆိုတာနဲ့ အမျိုးသားခေါင်းဆောင်၊ လူထုခေါင်းဆောင် ဆိုတာ မတူညီပါ။ အာဏာမက်သူ ဆိုတာ မိမိ မဲ အများစု ရရနိုင်ဘို့ မှန်မှန်မှားမှား လူများစုရဲ့ အလိုကျ လိုက်ပြော တယ်၊ ဘယ်လောက်မှန်မှန် လူနည်းစုဘက်က ရပ်တည်ပေးရင် လူများစုဆီက မဲတွေ ပျက်ကွက်သွားမှာကို ကြောက်ရွံ့တယ်။ မိမိရဲ့ အနားမှာလည်း သွက်လက်ထက်မြက်တဲ့ လူများကို နေရာပေးလေ့မရှိဘဲ- အင်မတန် တုံးအသူများ၊ လူဗြိန်းများကိုသာ ထားလေ့ရှိတယ်။ နိုင်ငံတစ်နိုင်ငံလုံးရဲ့ အမျိုးသားခေါင်းဆောင်ဆိုတာ နိုင်ငံ တွင်းရှိ လူအားလုံးကြားမှာ အမှန်တရားဘက်က ရပ်တည်တယ်။ အမှန်တရားအတွက် ပြောရဲဆိုရဲတယ်၊ မိမိ အာဏာ (နေရာ) ထက် အမှန်တရားကိုပဲ ကြည့်တယ်။ မိမိ အနားမှာလည်း အကြံပေးနိုင်သူ၊ ထက်မြက်ပြီး ပညာတတ်သူများကို ထားလေ့ရှိတယ်။ 

မြန်မာပြည်သူများ မိမိတို့ရဲ့ အနာဂါတ် အတွက် ဆင်ခြင်တွေးတော နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။ 

  1. သူတပါးကို ဒီမိုကရေစီ သင်ပေးတဲ့ ပညာရှင်တို့ရေ... အရေးကြီး သွေးနီးတယ်ဆိုတာ ဦးစွာနားလည်ဖို့ ကြိုးစားမှပေါ့။ ကိုယ့်ညီအစ် ကိုထဲတယောက် နေ့တိုင်း ခိုးတယ်၊ မူးတယ်၊ လူသတ်တယ်၊ မုဒိမ်းကျင့် တယ် စတာတွေလုပ်နေလို့ လူတွေဝိုင်းရိုက်သတ်နေတယ် ဆိုပါတော့..၊ အဲဒီမှာ အရေးကြီး သွေးနီးလို့ ရမလား။ မူဆလင်နိုင်ငံတွေမှာ ဒီမိုကရေစီ အကြောင်းမမေးခင် စစ်တကောင်း တောင်တန်းဒေသနေ သင်းတို့မောဂ် တွေရဲ့ကို ပေးထားတဲ့ အခွင့်အရေးကို ဦးစွာမြင်တွေ့ ဖို့လိုတယ်လေ အိုးအိမ်မဲ့၊ နိုင်ငံဆုံး ကျွန်တွေရေ..။

Comment ရေးရန်

Rohingya Exodus