ရခိုင်အရေး နေပြည်တော်တွင် ဆွေးနွေးမည်
ဒီမိုကရက်တစ်မြန်မာ့အသံ
22.9.2012
ရခိုင်ပြည်နယ် အရေးကိစ္စတွေကို နေပြည်တော်မှာ အလုပ်ရုံ ဆွေးနွေးပွဲတခု ကျင်းပမယ်လို့ ဖိတ်ကြား ခံရသူတွေက ပြောပါတယ်။
22.9.2012
ရခိုင်ပြည်နယ် အရေးကိစ္စတွေကို နေပြည်တော်မှာ အလုပ်ရုံ ဆွေးနွေးပွဲတခု ကျင်းပမယ်လို့ ဖိတ်ကြား ခံရသူတွေက ပြောပါတယ်။
ရခိုင်ပြည်နယ် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ရေရှည် တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ပြည်ထောင်စု နယ်စပ်ရေးရာဝန်ကြီး ဦးစီးပြီး လာမယ့်စနေနဲ့ တနင်္ဂနွေ ၂ ရက် ကျင်းပမယ်လို့ ဒီအလုပ်ရုံဆွေးနွေးပွဲ တက်ရောက်မယ့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ပြောပါတယ်။
ဆွေးနွေးမယ့်ထဲမှာ တရားဥပဒေစိုးမိုးရေး၊ လူသား ချင်းဆိုင် ရာအထောက်အပံ့၊ လူမှုဆိုင်ရာ သဟဇာတဖြစ်မှုစတဲ့ အကြောင်းအရာတွေကို ဆွေးနွေးဖို့ ဖိတ်စာမှာ ပါရှိတယ်လို့ အစည်းအဝေး တက်ရောက်မယ့် သူတဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာတော့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၊ ရခိုင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတွေကို ဖိတ်ကြားထားပြီး ကျန်ပါတီတွေကို ဖိတ်ကြားဖွယ်ရှိတယ်လို့ ဆိုပါတယ်။