April 13, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

တပ်ကြပ်ကြီးလှမြင့်နှင့် အဖွဲ့က မောင်တောမြို့ပေါ်မှ ငွေကြေးတတ်နိုင်သည့် ရိုဟင်ဂျာများကို ဖမ်းဆီးခြိမ်းခြောက်၍ ငွေညှစ်လျက်ရှိ

MYARF
RB News
28.3.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ ရဲတပ်ကြပ်ကြီး လှမြင့် ဦးဆောင်သော ဒန အဖွဲ့ ခေါ် ဒုစရိုက်နှိမ်နင်းရေးအဖွဲ့မှ ရဲတပ်ဖွဲ့ဝင် (၃) ဦးတို့က ညသန်းခေါင်ယံ အချိန်တွင် မောင်တောမြို့ပေါ်ရှိ ရပ်ကွက်များမှ ငွေကြေး ချမ်းသာသူများကို ပစ်မှတ်ထား၍ ဖမ်းဆီးကာ အမျိုးမျိုးခြိမ်းခြောက်၍ ငွေညှစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

မတ်လ (၂၆) ရက်နေ့ ညသန်းခေါင်ယံ ၁ နာရီခန့် အချိန်တွင် အဆိုပါ တပ်ကြပ်ကြီးလှမြင့်နှင့် ရဲတပ်ဖွဲ့ (၃) ဦးတို့သည် အမှတ် (၅) ရပ်ကွက် ခေါ် ရွာသစ်ကေ ရပ်ကွက်မှ ရဲသတင်းပေးများ ဖြစ်သော ရာအိမ်မှူး နှစ်ဦး ဦးဒိလ်မိုဟာမတ်နှင့် ဦးမိုဟာမတ်ဆိဒိခ် တို့ကို ခေါ်ယူ၍ ယင်းရွာမှ ငွေကြေး အသင့်အတင့် တတ်နိုင်သူများ ဖြစ်ကြသော ဦးဇာဟိတ်အာလောမ် (ဘ) ဦးဆယာဒ်ဟူစိန်းနှင့် ဦးအော်လီအူလ္လာ (ဘ) ဦးလော်တာဘောက်ရှု တို့၏ နေအိမ်များသို့ သွားရောက်၍ နှစ်ဦးစလုံးကို ဖမ်းဆီး၍ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်သွားခဲ့သည်။ 

၎င်းတို့နှစ်ဦးစလုံးကို ဖမ်းဝရမ်းမပါဘဲ ဖမ်းဆီးပြီးနောက် “မတရားအသင်းနှင့် ဆက်သွယ်မှု၊ မူးယစ်ဆေးဝါးအမှု၊ လူကုန်ကူးမှု ပုဒ်မများဖြင့် တရားစွဲ၍ ထောင် (၁၅) နှစ်ကျအောင် လုပ်မည်” ဟု ခြိမ်းခြောက်၍ ငွေကျပ် (၁၀) သိန်းစီ တောင်းခံခဲ့သည်။ နောက်ဆုံးတွင် နံနက် (၃) နာရီခန့် အချိန်တွင် ဦးဇာဟိတ်အာလောမ် ထံမှ ငွေကျပ် ၆ သိန်းခွဲ၊ ဦးအော်လီအူလ္လာ ထံမှ ငွေကျပ် ၅ သိန်း အသီသီး ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဒေသခံနှစ်ဦးထံမှ ညှစ်ယူသည့် ငွေကျပ် ၁၁ သိန်းခွဲကို ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရဲသတင်းပေး ရာအိမ်မှူး နှစ်ဦးနှင့် တပ်ကြပ်ကြီးလှမြင့်နှင့် ရဲတပ်ဖွဲ့ဝင် (၃) ဦးတို့က ရာထူးအလိုက် ခွဲဝေယူခဲ့ကြောင်း သိရှိရသည်။

တပ်ကြပ်ကြီးလှမြင့်သည် ဆယ်နှစ်စုတစ်ခုမက မြို့နယ်ရဲစခန်းတွင် တာဝန်ထမ်းဆောင်စဉ် ဒေသခံရိုဟင်ဂျာ များကို နေ့စဉ်မဟုတ်မမှန်လုပ်ကြံ၍ ဖမ်းဆီးငွေညှစ်နိုင်ခဲ့ခြင်း၊ မူးယစ်ဆေးဘုရင်များထံမှ လစဉ်ကြေး ကောက်ခံနိုင်ခဲ့ခြင်းတို့ကြောင့် ငွေကြေးအသင့်အတင့် ချမ်းသာလာခဲ့ပြီး၊ ၂၀၁၂ ခုနှစ် ပဋိပက္ခတွင် ၎င်းနှင့် ရင်းနှီးနေသည့် မူးယစ်ဆေးဘုရင်များကို မီးရှို့မှုပုဒ်မမှ ကင်းဝေးအောင် ကူညီပေးမည်ဟု ဆိုကာ တစ်ဦးလျှင် ငွေကျပ် သိန်း ၁၀၀ ကျော် ညှစ်ယူနိုင်ခဲ့သဖြင့် တိုက်၊ ကားများစီးနိုင်သည့် ဘ၀သို့ ရောက်ရှိခဲ့သည်။ ထို့နောက် ၎င်းသည် မူးယစ်ဆေးဝါးအမှုတစ်ခုနှင့် ငြိစွန်းပြီးနောက် ငွေကုန်ကြေးကျများသွားခဲ့သော်လည်း ယခုတစ်ဖန် ခရိုင် ဒုစရိုက်နှိမ်နင်းရေးရဲတပ်ဖွဲ့တွင် တာဝန်ရလာသည်နှင့် အလျင်အမြန် ပြန်လည် ချမ်းသာလာရန် အတွက် နေ့ည မနားတမ်း အပြစ်မဲ့ဒေသခံရိုဟင်ဂျာများကို ဖမ်းဆီးခြိမ်းခြောက်၍ ငွေညှစ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။




Comment ရေးရန်

Pages 22123456 »
Rohingya Exodus