နောက်ဆုံးသတင်း/ဆောင်းပါးများ

ဒုတိယ မိတ္တီလာ မဖြစ်စေချင်တဲ့ ဒလ

ဒေါက်တာအေးချမ်း
12.5.2013

ကျွန်တော်က ရန်ကုန်တိုင်း၊ ဒလမြို့နယ် အခြေစိုက် NGO အဖွဲ့ အစည်း တစ်ခု ဖြစ်တဲ့ AMI ကဆရာဝန် တစ်ဦးပါ။ EU နိုင်ငံ တွေက ဒလ မြို့နယ် ဖွံ့ဖြိုးရေး အတွက် ကျန်းမာရေး၊ ရေသန့်၊ မိလ္လာ၊ HIV ကာကွယ်ရေး၊ သားဆက် ခြားစတဲ့ နိုင်ငံခြား အစီအစဉ် တွေကို ဒေါ်လာ သိန်းချီ၊ သန်းချီ အကုန် ခံကာ ကူညီ လုပ်ကိုင် ဆောင်ရွက် ပေးနေပြီး ၁၀စုနှစ် တစ်ခု ကျော်အောင် လုပ်လာ တော့မှ ဒလ မြို့နယ် ဟာ ရုပ်လုံး ပေါ်စ ဖွံ့ဖြိုးစ ပြုလာ ပါတယ်။

ဒီလို ဖွံ့ဖြိုး စပြုပြီး အေးချမ်း နေတဲ့ ဒလ မြို့နယ်ကို လုံးဝ ပျက်သုန်း သွားစေဖို့ စီစဉ် လာကြ၊ စီစဉ် နေကြ တာကို တွေ့ရ မြင်ရ လာပါတယ်။ ကျွန်တော်က NGO ၀န်ထမ်း ပီပီ လူတန်းစား ပေါင်းစုံ၊ ဘာသာ ပေါင်းစုံနဲ့ အဆင် ပြေစွာ ဆက်ဆံ ရပါတယ်။ ကောင်းမွန် ဖွံဖြိုးလာ နေတဲ့ အခြေ အနေ တွေအတွက် ၀မ်းသာ ပျော်ရွှင် ရသလို အများ သူငါ ပျက်စီး ကြေကွဲ ကြရမယ့် အခြေ အနေ တွေကိုလည်း လုံးဝ မကြိုက် မနှစ်သက် လို့၊ ငြိမ်းချမ်းမှု ကိုအထူး လိုလားတဲ့ ဗုဒ္ဓဘာသာ ၀င်တစ်ဦး ပီပီ ဒီစာ ဒီပို့စ်ကို ရေးသား ရခြင်း ဖြစ်ပါတယ်။ ပြဿနာက ဗုဒ္ဓ - မွတ်ဆလင် ပြဿနာ ဖြစ်စေတဲ့ လှုံဆော်မှု တွေပါ။ သင်္ကြန် မတိုင် ခင်မှာ မြို့နယ် မယက အုပ်ချုပ် ရေးမှုး ဦးထွန်းထွန်းဦး နဲ့ မြို့မိ မြို့ဖ တွေ့ဆုံ ပွဲမှာ မြို့မိ မြို့ဖတွေ ကတင်ပြ ပါတယ်၊ ဆွေးနွေး ခဲ့ပါတယ်၊ ပြဿနာကို မွတ်ဆလင်တွေ စဖန်တီး နေတာ မဟုတ်ဘူး၊ ဖြစ်အောင် လုပ်နေရင် ဖြစ်မှာပါပဲ၊ ဖြစ်ရင် ကျွန်တော်တို့ လုပ်နေတဲ့ အလုပ်တွေ ဆုံးရှုံးမယ်၊ နိုင်ငံခြား သားတွေ ဒီလောက် အ၀င် အထွက် များတဲ့ မြို့မှာ ဖြစ်ကြရင် ဘယ်လိုမှ မကောင်းဘူး၊ တားပေးပါ၊ ဒီလူတွေ နေရာတိုင်းမှာ ၉၆၉ ဗုဒ္ဓဘာသာ အမည်ခံ လုပ်နေ ကြပါတယ်၊ စာတွေဖြန့်၊ အခွေ တွေဖြန့် လူတိုင်း တစ်မြို့နယ် လုံးလည်း ပြန့်နေပြီ။

နိုင်ငံခြား သားတွေ ဆီကိုတောင် ဖြန့်ဝေစာ တွေရောက် နေပါပြီ။ မွတ်ဆလင် ပိုင်တဲ့ ဆိုင်တွေကို ဈေးဝယ်ပြီး ငွေမရှင်း၊ ဗြောင်ဝင်ပြီး ပြဿနာရှာ၊ ဆိုင်ကယ် တွေစီးပြီး အဖွဲ့ လိုက် အင်အားပြ၊ ဘာဖြစ် ချင်ကြ တာလဲ၊ ဘယ်သူမှ ဖြစ်ဖို့ မလိုလား၊ မတောင်း ဆိုဘဲ ကျွန်တော် တို့ ၉၆၉ ဗုဒ္ဓဘာသာ တစ်ဖွဲ့ တည်းကပဲ စတင်ပြီး ပဋိပက္ခ စဖန်တီး နေတာ ကတော့ အင်မတန် ရုပ်ပျက် ပါတယ်။ ဒီလူ ဒီအဖွဲ့ တွေကို တားပေးပါ။ ဒါတွေကို တင်ပြ ချိန်မှာ စစ်တပ် တာဝန်ခံ စရဖ မြို့နယ် တာဝန်ခံ ဆရာကြီး ထိန်လင်း နဲ့ စရဖ ဆရာ စောတင် တို့ ရှိနေ ပါတယ်။ စရဖ တွေက သူတို့လည်း သိပါတယ်၊ ဘယ် နေရာမှာ ဘာဖြစ် နေလဲ၊ ဘာဖြစ် တော့မလဲ ဆိုတာ ကျွန်တော်တို့ အမြဲတမ်း ကြိုသိ ပါတယ်၊ ကြိုထိန်း နေပါတယ်၊ တားနေ ပါတယ်၊ ဒီလောက်ပဲ ပြောပါတယ်။ ဘာမှ တကယ် အရေး မယူ ပါဘူး။ 

အံ့သြတာ တစ်ခု တည်းပါ။ ထောက်လှမ်း ရေးတွေ၊ စရဖ တွေက အရာ အားလုံး ကြိုသိ နေပြီး တားရင် ရရဲ့ သားနဲ့၊ ဘာကြောင့် ပါလဲ၊ သတ်မယ် ဖြတ်မယ် တကဲကဲ အော်နေတဲ့ လူတွေကို တားစရာ ဥပဒေ မရှိတဲ့ နိုင်ငံ တကယ် ဖြစ်နေ ပြီလား။ သိက္ခာ လည်း ကျလှ ပါပြီ။ ဒီအခြေ အနေ တွေကို တားနိုင် လောက်တဲ့ အဖွဲ့ အစည်း ကျွန်တော် တို့ရဲ့ ယဉ်ကျေး တဲ့ ဗုဒ္ဓ ဘာသာ မြန်မာ လူမျိုး အသိုင်း အ၀ိုင်းမှာ တကယ် မရှိတော့ ဘူးလား၊ ရှိနေ သေးရင် လည်း ဒီစာကို ဖတ်မိတဲ့ ယဉ်ကျေးတဲ့ ဗုဒ္ဓ ဘာသာ မြန်မာ လူမျိုး အာဏာပိုင် အစိုးရ အဖွဲ့ အစည်း တစ်ခုခုက လုံလောက်တဲ့ တားမြစ် မှုတွေ ကြိုလုပ် နိုင်ဖို့ ဒီစာ ဒီပို့စ် ကိုရေးတင် ပါတယ်။

၉၆၉ ဗုဒ္ဓ ဘာသာ အမည် ခံပြီး ဒလ မြို့နယ်မှာ အကြမ်းဖက် မှုတွေ၊ ပဋိပက္ခ တွေ စတင် ဖန်တီး နေတဲ့ အဖွဲ့ တွေကို ထိထိ ရောက်ရောက် တားမြစ် နိုင်စေ ဖို့သာ ရည်ရွယ် တာပါ။ တစ်ဦး တစ်ယောက် ကို ထိခိုက် နစ်နာ စေလို့ မဟုတ်ဘူး ဆိုတာ ကိုတော့ မှတ်ထား ပေးပါ။ ပိုးတစ်ကောင် နှစ်ကောင် ကြောင့် သစ်တစ်ပင် လုံး မပုပ် မပျက်စီး စေချင် ရင် ဒီပိုး တွေကို ဖယ်မလား၊ အသီး တစ်ဝေေ၀ ဖြစ်နေတဲ့ သစ်ပင် ကိုပဲ အသေခံ မလား၊ စိတ်ရှင်း ရှင်းနဲ့ ရွေးကြ ဖို့ပါပဲ။ ဒီ ၉၆၉ ဗုဒ္ဓ ဘာသာ အမည် ခံတဲ့ အကြမ်း ဖက်လိုတဲ့ အဖွဲ့ဟာ ဒလ မြို့နယ် ထဲက မွတ်ဆလင် တွေကို မြို့နယ် အပြင်ကို မောင်းထုတ် သတ်ဖြတ်ဖို့၊ လုယက်ဖို့၊ မျိုးတုံး ပစ်ဖို့၊ စနစ် တကျ စီစဉ်နေ ပါတယ်၊ ဗလီ တွေကို မီးရှို့၊ နေအိမ်၊ ဈေးဆိုင် တွေကို အကြမ်း ဖက် ဖျက်ဆီး လုယက် ယူဖို့၊ လူသူ အင်အား စုဆောင်းတာ၊ လောင်စာဆီ စုဆောင်း နေတာ တွေကို စရဖ မပြောနဲ့၊ ရဲတွေ ကအစ တစ်မြို့လုံး ကြိုသိ နေကြ ပါတယ်။ လွန်ခဲ့တဲ့လ တစ်ပတ် လောက်က တပင် ရွှေထီး ရပ်ကွက်၊ ဆင်ဖြူရှင် လမ်းထိပ်၊ ဖြိုး လက်ဖက်ရည် ဆိုင်အနီးမှာ တစ်ရပ်ကွက် လုံးကို အပြောင် ရှင်းနိုင် လောက်တဲ့ ပိုင်ရှင်မဲ့ ဓါတ်ဆီ ၁၅ ဂါလံဝင် ပုံးတွေ ဖမ်းမိ တာက သေချာတဲ့ သက်သေ တွေပါပဲ။
ဒီ ၉၆၉ ဗုဒ္ဓ ဘာသာ အမည် ခံတဲ့ အကြမ်းဖက် လိုတဲ့ အဖွဲ့မှာ အဓိက လှုပ်ရှား နေသူ တွေကတော့

(၁) ဦးဝင်းဗိုလ် ၊ အောင်စကြာ ဆေးခန်းနှင့် ဆေးဆိုင် လုပ်ငန်း၊ အမက (၇) ကျောင်းဝင်း၊ အောင်မင်္ဂလာ ရပ်ကွက်၊ ဒလ မြို့နယ်။

တာဝန်။ ။ ငွေနှင့် လူအင်အား စုဆောင်း ပေးခြင်း၊ ရခိုင် ကွန်ယက်နှင့် ဆက်သွယ်ပြီး ညွှန်ကြား ချက်ရ ယူကာ ပညာရေး ၀န်ကြီး ဌာနပိုင် အမက (၇) ကျောင်း ပင်မဆောင် ကြီးကို မိမိပိုင် သဖွယ် ဆေးခန်း ဖွင့်ထားပြီး ကျောင်းစာသင် ခန်းအတွင်း အပတ်စဉ် အစည်း အဝေး များပြုလုပ်ခြင်း။

(၂) ဦးမျိုးဟန် ၊ ရသ ဗီဒီယို အခွေငှား လုပ်ငန်း၊ ဒလ တွံတေး ကားလမ်းမ၊ ဗိုလ်ရန်ပြေ ရပ်ကွက်၊ ဒလ မြို့နယ်။

တာဝန်။ ။ ငွေနှင့် လူအင်အား စုဆောင်း ပေးခြင်း၊ အခွေ ၀ယ်ယူ ငှားရမ်းသူ များအား မွတ်ဆလင် မုန်းတီးရေး တရားခွေများ အခမဲ့ ဝေပေးခြင်း

(၃) ဦးအောင်ကျော်မြင့် ၊ မင်္ဂလာ စားသောက် ဆိုင်နှင့် တည်းခိုခန်း လုပ်ငန်း၊ ဒလ တွံတေး ကားလမ်းမ၊ ဗညား ဒလ ရပ်ကွက်၊ ဒလ မြို့နယ်။

တာဝန်။ ။ ငွေနှင့် လူအင်အား စုဆောင်း ပေးခြင်း၊

(၄) ဦးဖိုးဇော် ၊ ရွှေလမင်း သစ်ရောင်းဝယ်ရေး လုပ်ငန်း၊ ဒလ တွံတေးကား လမ်းမ၊ ဗညား ဒလ ရပ်ကွက်၊ ဒလ မြို့နယ်။

တာဝန်။ ။ ငွေနှင့်လူ အင်အား စုဆောင်း ပေးခြင်း၊ အကြမ်းဖက်မှု ပဋိပက္ခတွင် သုံးစွဲရန် သစ်သား တုတ် လက်နက်များ လိုအပ် သလောက် လာရောက် ယူနိုင်ကြောင်း ကြေညာ ထားခြင်း။

(၅) ဒေါ်သန်းသန်းမြင့်၊ စွမ်းအား ငါးဒိုင် လုပ်ငန်း၊ ဒိုင်လမ်း၊ အောင်မင်္ဂလာ ရပ်ကွက်၊ ဒလ မြို့နယ်။

တာဝန်။ ။ ငွေနှင့် လူအင်အား စုဆောင်း ပေးခြင်း၊

(၆) ဦးအောင်မင်း ၊ အုတ်၊ သဲ ၊ ကျောက် ရောင်းဝယ် လုပ်ငန်း၊ ရာဇ သင်္ကြန် ကမ်းနား လမ်းမ၊ ဗိုလ်ရန်ပြေ ရပ်ကွက်၊ ဒလ မြို့နယ်။

တာဝန်။ ။ ငွေနှင့် လူအင်အား စုဆောင်း ပေးခြင်း၊

(၇) ကိုကျော်ကိုဆန်း၊ ဆန် ရောင်းဝယ်ရေး လုပ်ငန်း၊ ၁၁၂၁၊ မင်းရဲကျော်စွာ (၂) လမ်း၊ ဗိုလ်ရန်ပြေ ရပ်ကွက်၊ ဒလ မြို့နယ်။

တာဝန်။ ။ အကြမ်းဖက်မှု ပဋိပက္ခ တွင် စတင် ပါဝင်သူ များအား ဆန် တစ်အိတ်၊ ငွေတစ်သောင်း ကျပ်ပေး မည်ဟု ကြေညာ ထားပြီး အကြမ်းဖက် ဖျက်ဆီး သူတွေ အတွက် သယ်ယူ ပို့ဆောင် ရေးနှင့် လောင်စာ ဆီတာဝန် ယူထားခြင်း။

(၈) ဦးအောင်ဇော်မိုး၊ အိမ်တွင်း စက်မှု လုပ်ငန်း၊ ရာဇ သင်္ကြန် ကမ်းနား လမ်းမ၊ ဗိုလ်ရန်ပြေ ရပ်ကွက်၊ ဒလ မြို့နယ်။

တာဝန်။ ။ အကြမ်းဖက်မှု ပဋိပက္ခတွင် သုံးစွဲရန် ဂျင်ကလိ စူးလက်နက် များ လိုအပ် သလောက် ပြုလုပ် ပေးနေခြင်း၊ မွတ်ဆလင် များအား လည်လှီး သတ်ဖြတ်ရန် ဒါးရှည် နှစ်လက် သွေးထားကြောင်း ရန်လုပ် လှုံ့ ဆော် စကား များကို လဘက်ရည် ဆိုင်များတွင် နေ့စဉ် ပြောကြားပြီး လူအင်အား စုဆောင်း ပေးခြင်း၊

(၉) ဦးမြင့်ဇော်၊ လင်း မိုဘိုင်းဖုံး ရောင်းဝယ်ရေး လုပ်ငန်း၊ ရှင်စောပု လမ်းမ၊ အောင်မင်္ဂလာ ရပ်ကွက်၊ ဒလ မြို့နယ်။

တာဝန်။ ။ ရခိုင် ကွန်ယက်မှ ဘုန်းတော်ကြီး များကို ပင့်ဖိတ်ပြီး မွတ်ဆလင်များ ပိုင်လုပ်ငန်း များအား ပြဿနာ ဖြစ်စေရန် မကြာခဏ ပြဿနာ ရှာစေခြင်း၊

(၁၀) ဦးမော်စီ၊ အေးချမ်းစေ ဗီဒီယို ခွေငှား လုပ်ငန်း နှင့် သတင်းစာ ကိုယ်စားလှယ်၊ ဒလ တွံတေးကား လမ်းမ၊ အောင်မင်္ဂလာ ရပ်ကွက်၊ ဒလ မြို့နယ်။

တာဝန်။ ။ သတင်းစာ များတွင် မွတ်ဆလင် မုန်းတီးရေး စာရွက် များကို ကြားညှပ်ကာ လိုက်လံ ဖြန့်ဝေ ပေးခြင်း၊ အစရှိ သူများ အပါ အ၀င် အခြားသူ များစွာလည်း ပါဝင် နေကြ ပါသေးတယ်။

မွတ်ဆလင် များဖက် တွင်လည်း လူနည်းစု ဖြစ်ခြင်းကြောင့် အကြမ်းဖက်မှု ပဋိပက္ခ ဖြစ်ပွား လာပါက ဗလီ ကျောင်းကန်၊ နေအိမ် များကို ကာကွယ် နေမည် မဟုတ်ဘဲ အထက် ဖော်ပြပါ ၉၆၉ ဗုဒ္ဓ ဘာသာ အမည်ခံ အကြမ်းဖက် လိုတဲ့ အဖွဲ့ရဲ့ ခေါင်းဆောင် တွေနဲ့ သူတို့ရဲ့ စီးပွားရေး လုပ်ငန်း တွေကိုပဲ သီးသန့် တိုက်ခိုက် ဖျက်ဆီး သွားမယ့် အကြောင်း ကိုလည်း စိတ်ပျက် တုန်လှုပ်ဖွယ် ကြားသိနေရ ပြန်ပါတယ်။

ဒလ မြို့နယ်တွင်း အခြေခံ လက်လုပ် လက်စားများ သီးသန့် နေထိုင် ကြသော ၁၁/၁၄ ရပ်ကွက်၊ ၆ နံပါတ် ရပ်ကွက်၊ စိမ်းလန်း ခြံအပိုင်း၊ ကျန်စစ်သား ရပ်ကွက် စတဲ့ နေရာ တွေက အလုပ် လက်မဲ့ ဆိုးသွမ်း သူတွေ ဟာလည်း၊ အောင်မင်္ဂလာ၊ မြို့မ (၁)၊ မြို့မ (၂)၊ မြို့မ (၃)၊ မြို့မ (၄)၊ ဗိုလ်ရန်ပြေ ရပ်ကွက် တို့မှ စီးပွားရေး လုပ်ငန်းရှင် အိမ်များကို အကြမ်းဖက် ပဋိပက္ခ စတင် ဖြစ်ပေါ် လာပါက လူမျိုး ဘာသာ ခွဲခြားမည် မဟုတ်ဘဲ လုယက် ဖောက်ထွင်းရန် နေ့စဉ် လာရောက် လေ့လာနေ ကြသည် မှာလည်း ကျွန်တော် ကိုယ်တိုင် သာမက မြို့ပေါ်နေ ပြည်သူ အများ အသိပင် ဖြစ်ပါတယ်။

သို့ဖြစ် ပါ၍ သက်ဆိုင်ရာ ယဉ်ကျေးတဲ့ ဗုဒ္ဓ ဘာသာ မြန်မာ လူမျိုး အာဏာပိုင် အစိုးရ အဖွဲ့ အစည်း တစ်ခုခုက လိုအပ်တဲ့ လုံလောက်တဲ့ တားမြစ် မှုတွေ ကြိုလုပ် နိုင်ဖို့ (လုံးဝ) လိုအပ် ပါတယ်။ သက်ဆိုင် ရာမှ လုံလောက် တဲ့ အရေး ယူမှု မရှိခဲ့ ပါက မိတ္ထီလာ ထက် ဆိုးတဲ့ အကြမ်းဖက် သတ်ဖြတ် မီးရှို့ လုယက် မှုတွေ ဖြစ်ပေါ်ကာ နောက်ထပ် တစ်မြို့ ပြာပုံ ဘ၀ကို ရောက်ရှိ သွားပါ တော့မယ်။ နိုင်ငံတော်က၊ အများ ပြည်သူက ၊ ကျွန်တော် တို့လို NGO အဖွဲ့ အစည်း တွေက စနစ် တကျ ယုယု ယယ တည်ဆောက် ဖူးပွင့် နေတဲ့ ဒလမြို့ ကလေး ၉၆၉ ဗုဒ္ဓ ဘာသာ အမည် ခံတဲ့ အကြမ်းဖက် လိုတဲ့ အဖွဲ့ အစည်း တွေရဲ့ အရောင်ဆိုး တွန်းအားပေး ဖျက်ဆီး မခံရ အောင် ကြိုတင် ကာကွယ် ပေးစေ လိုတဲ့ ဆန္ဒ သက်သက်နဲ့ ဒီစာလေးကို သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့ အစည်း တွေဆီကို အားကိုး တကြီး ပေးပို့ ပါတယ်။ 

ဒေါက်တာအေးချမ်း
၁၂/ပဇတ(နိုင်) ၀၁၂၅၆၉
အီးမေးလ် ။ ။ drayechan69@yahoo.com









Comment ရေးရန်

Rohingya Exodus