ရိုဟင်ဂျာ လှေစီး ဒုက္ခသည် ၆၈ ဦးကို အင်ဒိုနီးရှား ငါးဖမ်းသမားများမှ ကယ်တင်ခဲ့
(ဓါတ်ပုံ - Reuters) |
RB News
28.7.2013
ဘန်ဒါအာချေ ။ ။ အင်ဒိုနီးရှား ငါးဖမ်းသမား များမှ အာချေ ဂျာယာတွင် စက်လှေပျက်ပြီး ကမ်းကပ်နေသည့် ရိုဟင်ဂျာ လှေစီး ဒုက္ခသည် ၆၀ ကျော်ကို ယနေ့ ကယ်တင် လိုက်သည်။ အိန္ဒိယ သမုဒ္ဒ ရာ အတွင်း ယခုကဲ့သို့ စက်လှေ ပျက်၍ ကယ်တင် နိုင်ခဲ့ခြင်းမှာ ယခု စက်လှေနဲ့ပါ တတိယ အကြိမ် ရှိ ပြီ ဖြစ်သည်။
ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး၊ ကလေး နှစ်ဦး ပါဝင်သော ရိုဟင်ဂျာ လှေစီး ဒုက္ခသည် များသည် မလေးရှား နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဟု ခြိမ်းခြောက် ခံရ သောကြောင့် ယခုကဲ့သို့ ထွက်ပြေး လာ ရခြင်း ဖြစ်ကြောင်း အာချေ အာဏာပိုင် များကို ရှင်းပြသည်။
မလေး ဘာသာ စကား ပြောဆို တတ် သည့် ဒုက္ခသည် တစ်ဦးမှ ၎င်းတို့သည် မလေးရှား နိုင်ငံမှ သြစတြေး လျ သို့ သွားရောက်၍ နိုင် ငံရေး ခိုလှုံခွင့် တောင်း ခံ ရန် လွန်ခဲ့သည့် လေး ရက်တွင် ထွက်ခွာခဲ့ သည်ဟုဆို သည်။ မလေးရှား နိုင်ငံမှာ ထွက် ခွာပြီး မကြာမှီ အီလက် ထရော နစ် လမ်းညွန် စနစ်မှာ ပျက်စီး သွား ပြီးနောက် အာချေသို့ ရောက်ရှိပြီး သောင်တင် နေခဲ့ခြင်း ဖြစ်ကြောင်းကို အာချေ ရေဒီယို သို့ ပြော ကြားသည်။
ဒုက္ခသည် များသည် မြန်မာ နိုင်ငံတွင် အကြမ်းဖက် မှုများ ဖြစ်ပွားပြီးနောက် ထွက်ခွာ လာသူများ ဖြစ်ပြီး သြစတြေးလျ နိုင်ငံ ခရစ်မတ်ကျွန်းသို့ ခရီး မစမှီ မလေးရှား နိုင်ငံတွင် နေထိုင် ခဲ့သူများ ဖြစ်ကြသည်။ ဒုက္ခ သည် များမှာ ကျန်းမာရေး ကောင်းမွန်ပြီး၊ ရာမ်ဒွါန်လ ဥပုသ် သီလ စောင့်ထိန်းလျက် ရှိကြသည်။ ကျန်း မာရေး ချို့ယွင်း နေသူ နှစ်ဦးကို ဆေးရုံတင် ထားသည်ဟု ယနေ့ထုတ် Jakarta Globe အင်တာနက် သ တင်းတွင် ရေးသား ထားပါသည်။ ဒုက္ခသည် များကို ကလန်၊ အာချေ ဂျာယာရှိ လူမှု အဖွဲ့အစည်း များမှ ကူ ညီလျက် ရှိပြီး၊ မော်လဗို လူဝင်မှု ကြီးကြပ်ရေးမှ ကိုယ်ရေး အချက်အလက် များကို မေးမြန်း ခဲ့သည်။
သြစတြေးလျ နိုင်ငံ ၀န်ကြီးချုပ် ကေဗင် ရူဒ်မှ လူဝင်မှု ကြီးကြပ်ရေး မူဝါဒကို တင်းကျပ် လိုက်သောကြောင့် အမှန်တကယ် ဒုက္ခသည် များပင် ခိုလှုံခွင့် ရရန် မလွယ်ကူတော့ သော်လည်း အင်ဒိုနီးရှား နိုင်ငံသို့ ဒုက္ခသည်များ တင်ဆောင်လာသည့် စက်လှေများ ဆက်လက် ရောက်ရှိလျက် ရှိသည်။ အသစ် ပြဌာန်း လိုက်သော မူဝါဒအရ သြစတြေးလျ နိုင်ငံသို့ ခိုလှုံခွင့် တောင်းသူ များကို အိမ်နီးချင်း နိုင်ငံ ဖြစ်သော ပါပူဝါ နယူး ဂီနီယား နိုင်ငံသို့ ပို့ဆောင် ပေးမည်ဖြစ်သည်။ ထိုကဲ့သို့ ဆုံးဖြတ်ခြင်းနှင့် ပတ်သက်၍ လူ့အခွင့် အရေး လှုပ်ရှားသည့် အဖွဲ့အစည်း များမှ ဝေဖန်လျက်ရှိသည်။
လွန်ခဲ့သည့် ဧပြီလ အစောပိုင်း ရိုဟင်ဂျာ လှေစီး ဒုက္ခသည် ၇၆ ဦးကို စက်လှေပျက်နှင့် ပူလိုအာချေ တွင် ကယ် တင်ခဲ့ပြီး၊ ဖေဖော်ဝါရီလတွင် ရိုဟင်ဂျာ ၁၂၁ ဦး အာချေ မြောက်ပိုင်း ကမ်းခြေတွင် ကယ်တင် ခဲ့ သည်။
မြန်မာ နိုင်ငံတွင်ရိုဟင်ဂျာများကို ဖိနှိပ်ချုပ်ချယ်၊ညှင်းပန်း နှိပ်စက်မှုများ တစတစ များပြား လာသောကြောင့် ၂၀၀၉ ခုနှစ် မှစ၍ အင်ဒိုနီးရှား နိုင်ငံသို့ ခိုလှုံရန် အများအပြား ရောက်ရှိ ခဲ့သည်။