April 16, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

မီဒီယာအဖွဲ့ကို ကိုယ်တွေ့ဖြစ်စဉ်များ ပြောပြခဲ့သည့် အမျိုးသမီး (၃) ဦးကို နယ်ခြားစောင့်ရဲများက ဖမ်းဆီးသွား



MYARF
RB News
30.3.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်သို့ ရောက်ရှိနေသည့် ပြန်ကြားရေးဝန်ကြီးဌာနမှ စေလွှတ်လိုက်သော မီဒီယာအဖွဲ့နှင့် တွေ့ဆုံ၍ လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြောကြားခဲ့သည့် ရိုဟင်ဂျာ အမျိုးသမီး (၃) ဦးကို နယ်ခြားစောင့်ရဲများက ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သတင်းရရှိပါသည်။ 

ယနေ့ မတ်လ (၃၀) ရက်နေ့တွင် မောင်တောခရိုင်သို့ ရောက်ရှိနေသည့် မီဒီယာအဖွဲ့သည် မောင်တောမြို့နယ် မြောက်ပိုင်း ကျားခေါင်းတောင် ကျေးရွာအုပ်စုသို့ နေ့လည် ၂ နာရီအချိန်ခန့်တွင် သွားရောက်ခဲ့ပြီး၊ နယ်ခြားစောင့်ရဲများ အသင့်စောင့်နေသည့်ကြားက ရွာထဲသို့ ၀င်ရောက်ကာ ရွာသူရွာသား အချို့နှင့် တွေ့ဆုံ မေးမြန်းခဲ့သည်။ 

ထိုသို့ မေးမြန်းစဉ် အမျိုးသမီးအချို့နှင့် တွေ့ဆုံခဲ့ပြီး၊ အမျိုးသမီးများက၂၀၁၆ ခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် ၎င်းတို့ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည်များကို သတင်းထောက်များအား ပြောကြားခဲ့သည်။ 

ဖြေကြားခဲ့သူ အမျိုးသမီးများထဲမှ ဦးနူရ်ဘော်ရှော်ရ်၏ ဇနီး မဇော်မီလာ၊ ဦးဟာဘီဘုလ္လာ၏ ဇနီးနှင့် သမီးဖြစ်သူ ဖာတေမာတို့ (၃) ဦးကို မီဒီယာအဖွဲ့ ပြန်သွားချိန် နေ့လည် (၃) နာရီ အချိန်တွင် ရွက်ညိုတောင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ ရဲမှူးနှင့် အဖွဲ့က လာရောက်ပြီး ဖမ်းဆီးကာ ငါးခူရ ဒေသရုံး (နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း) သို့ ခေါ်ဆောင် သွားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 


Comment ရေးရန်

Pages 22123456 »
Rohingya Exodus