ရိုဟင်ဂျာများ သိထိုက်သော သမိုင်း ဖြစ်ရပ်မှန်များ (အပိုင်း ၁)
မဟာမင်းခန့်
RB News
"ထင်ရှားသော မြန်မာနိုင်ငံတိုင်းရင်းသား လူမျိုးများဖြစ်သည့် `တိဗက်-မြန်မာ´ အနွယ်ဝင်များနှင့် `ထိုင်း-တရုတ်´ တို့သည် လယ်ယာစိုက်ပျိုးထွန်ယက် လုပ်ကိုင်ရန် မြေဆီသြဇာ အလွန်ကောင်း မွန်သော မြန်မာ့ မြစ်ဝကျွန်းပေါ်ဒေသများသို့ ချင်းနင်းဝင်ရောက် အ ခြေချနေထိုင် လာသော အခါ ကမ္ဘာ့ အရှေ့နှင့် အနောက် ပင်လယ်ရေကြောင်း ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းတွင် တစ်ဖက် ကမ်းရောက် အောင် ကျွမ်းကျင်နေပြီ ဖြစ်သော အာရဗ်ကုန်သည်တို့သည်လည်း အာ(ရ်)ကန်(ရခိုင်ဒေသ) တွင် အခြေ ချနေထိုင်ရန် နှစ်ခြိုက် သဘော ကျခဲ့သည်။ ထိုစဉ်က ဒေသခံအုပ်ချုပ်ရေး ဆိုင်ရာ အရပ် လူကြီး တို့သည်လည်း အာရဗ်ကုန်သည် များ၊ စစ်ရေးကျွမ်းကျင်သူများအား ၀မ်းသာအားရ လက်ခံကြို ဆိုခဲ့သည်။
အာရဗ်လူမျိုးများအား အမြင့်ဆုံးရာထူးရာခံများ ချီးမြှင့်ပေးခဲ့သည့်အပြင် ဒေသခံအမျိုးသမီးများနှင့်လည်း ထိမ်းမြားလက်ထပ်ခွင့်ပေးခဲ့သည်။ ထိုအချိန်မှစတင်၍ ရွှေ့ပြောင်းအခြေချနေထိုင်လာသူ အာရဗ်လူမျိုးတို့ သည် အာ(ရ်)ကန်(ရခိုင်)တွင် အစ္စလာမ်သာသနာပြု လုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့ပြီး၊ ၄င်းမှတစ်ဆင့် အာရဗ်တို့၏ အစ္စလာမ်သာသနာပြုလုပ်ငန်းသည် မြန်မာနိုင်ငံအတွင်း ဘက်သို့လည်း ကူးစက်ကျယ်ပြန့်လာခဲ့သည်။ များပြားလှစွာသောအစ္စလာမ့်သာသနိကအဆောက်အဦးနှင့် ဘာသာရေး ဆိုင်ရာအထိမ်း အမှတ်အဆောက်အဦးများစွာကို အာ(ရ်)ကန်(ရခိုင်)ဒေသအနှံအပြားတွင် ယနေ့တိုင် အထင်အရှား တွေ့မြင်နိုင်သည်။" (အမ်အေ.ဂဖ္ဖါ(ရ်))
တမန်တော်မိုဟမ္မတ် လမ်းညွှန်သင်ကြားပေးခဲ့သော အစ္စလာမ်သာသနာတော်သည် အလွန်ကျစ်လစ်ခိုင်မာ အင်အားကောင်းမွန်မှုကြောင့် နှစ်(၁၀၀)အတွင်း ကမ္ဘာ့အရှေ့အနောက်ဒေသရှိ နိုင်ငံအနှံ့အပြားသို့ အစ္စလာမ်သာသနာရောင်ဝါ ထွန်းကားခဲ့သည်။ အစ္စလာမ်သာသနာရောင်ဝါ ထွန်းကားစကာလကပင် အာရဗ်နိုင်ငံများမှ ရောက်ရှိလာသော အာရဗ်စစ်သည် စစ်သားများ၊ သင်္ဘောသားများ၊ ကုန်သည်များနှင့် သာသနာပြုသူများ အဦးဆုံးရောက်ရှိလာသော အာ(ရ်)ကန်(ရခိုင်)ဒေသရှိ ဆိပ်ကမ်းမြို့များမှတစ်ဆင့် အစ္စလာမ်သာသနာသည် အာ(ရ်)ကန်(ရခိုင်)ဒေသသို့ ရောက်ရှိလာခဲ့သည်။ အာရဗ်တို့သည် နဂိုကပင် စီးပွားကူးသန်းရောင်းဝယ်ဖောက်ကားရေးကို ခုံမင်သူများဖြစ်ပေရာ သူတို့သည် စီးပွားရေးအရ လည်းကောင်း၊ ကူးသန်းရောင်းဝယ်ရေးအရလည်းကောင်း၊ သာသနာပြုရေးအတွက် လည်းကောင်း တစ်နိုင်ငံ မှ တစ်နိုင်ငံသို့ အစဉ်သဖြင့် ကူးလူးဆက်သွယ်မှုများရှိခဲ့သည်။ အေဒီ(၈)ရာစုတွင် မြန်မာနိုင်ငံ သည် ၄င်းမှ ထွက်ရှိသော အသင့်ကုန် ပစ္စည်းများ အတွက် နိုင်ငံခြားသားများ အကြိုက်တွေ့ ရှိသော ဈေးကွက်ဖြစ်ခဲ့သည်။ ထို့ကြောင့်ပင် အာရဗ်ကုန် သည်တို့သည်လည်း ထိုစဉ်က ကုန်ပစ္စည်းချင်း ဖလှယ် သောစနစ်၏ အကျိုးကျေးဇူးကြောင့် မြန်မာနိုင်ငံမှ ထွက်ကုန်ပစ္စည်းများကို သူတို့နှင့် အသင့်ပါ လာသော ပစ္စည်းများဖြင့် ကုန်ပစ္စည်းဖလှယ်ခြင်းဖြင့် စီးပွားဖြစ်ခဲ့ကြသည်။ အာရဗ်တို့သည် ထိုကဲ့သို့ ကုန်ကူးသန်း ရောင်း ၀ယ်ရန် အာ(ရ်)ကန်(ရခိုင်)ဒေသရှိဆိပ်ကမ်းမြို့များကို အသုံးပြုခဲ့သည်။
အာရဗ်တို့သည် ကူးသန်းရောင်းဝယ်သည့် ကုန်သည်ကြီးများဖြစ်သည့် အားလျော်စွာ သူတို့သည် ပင်လယ်ရေကြောင်းခရီးသွား လုပ်ငန်းကို ကျွမ်းကျင်သည့်အလျောက် ကမ္ဘာ့အရှေ့ဖျားနှင့် အနောက် ဘက်ခြမ်း ရှိ ဒေသများစွာတို့တွင် အစစအရာရာ ချယ်လှယ်နိုင်ခဲ့ သည်။ အာရဗ်တို့ သည် အေဒီ(၈) ရာစုနှင့် အေဒီ(၁၆)ရာစု ကြားကာလတစ်ဝိုက်၌ ကမ္ဘာ့အရှေ့ဖျားဒေသများတွင် ကျွမ်းကျင် ကျင်လည် နေသဖြင့်အာ(ရ်)ကန်(ရခိုင်)ဒေသနှင့်ပတ်သက်၍လည်းကောင်း၊ အောက်မြန်မာပြည် မြစ်ဝ ကျွန်းပေါ်ဒေသနှင့် ပတ် သက်၍လည်း ကောင်း အကောင်း သတင်းကြား ထားသူများဖြစ်သည့်အပြင် ၄င်းနေရာဒေ သသို့လည်း အခေါက်ခေါက် အခါခါ ရောက်ခဲ့ဘူးသူများဖြစ် ခဲ့ကြသည်။ အေဒီ(၈)ရာစုနှင့် (၁၆)ရာစုကြား ကာလတွင် အာရဗ်တို့၏ သြဇာအရှိန်အ၀ါကြီးမားခဲ့သလောက် သူတို့သည် ပါရှန်ပင် လယ် ကွေ့(ယခု အာရဗ် ပင်လယ်ကွေ့)၊ တရုတ်နှင့် အာ(ရ်)ကန်(ရခိုင်)ဒေ သတို့အားလုံး လိုလိုအား အဆင်ဆင်ပြေပြ ထိန်း ချုပ်နိုင် ခဲ့သည်။ ထိုအချိန်အတောအတွင်း အာရဗ်တို့သည် မြန်မာနိုင်ငံအား အာ(ရ်) ကန် (ရခိုင်) ဒေ သနှင့် အောက်မြန်မာပြည်မြစ်ဝကျွန်းပေါ်ဒေသများအ ဖြစ်နှင့်သာ သိကျွမ်းခဲ့ သည်။ အာရဗ် တို့သည် အာ(ရ်) ကန်(ရခိုင်)နှင့် အောက်မြန်မာပြည်အား `ရာ(ဟ်)မာ´ (ငြိမ်းချမ်း သာ ယာခြင်း) ဒေသအဖြစ် အသိ အမှတ်ပြုခဲ့သည်။ အာရဗ်တို့သည် မြန်မာ့ထွက်ကုန်ဖြစ်သော ၀ါ၊ ၀ါဂွမ်း၊ အမွေး အမျှင်ရှည်သော တိဗက်နွားတစ်မျိုး၏ အမြီးများ၊ ကတ္တီပါ။ သစ်ဝတ္တုပစ္စည်းများ၊ ရှားစောင်း လက်ပပ်ပင်၊ ပြောင်းဖူး၊ကြံ့ချို၊ ကျောက်သံပတ္တမြား၊ ရွှေငွေနှင့်အခြားအဖိုးတန်သတ္တုပစ္စည်းများနှင့် ကျောက် တုံးများ ကို ရောင်း ၀ယ် ဖောက်ကားခဲ့သည်။
ဗွေသာလီ (ဝေသာလီ)မင်းဆက် `မဟာစန္ဒရား´မင်းနန်းတက်စဉ်ကာလ အေဒီ (၇၈၈)တွင် ရမ်းဗြဲကျွန်း တစ်ဝိုက်၌ များပြား လှ စွာသော ကုန်သည်သင်္ဘောများ ပျက်ခဲ့သည်။ သင်္ဘောသားများသည် အာရဗ် များဖြစ်ကြသည်။ အာရဗ်သင်္ဘောပျက်များအား သက်ဆိုင် ရာမှ အာ(ရ်)ကန်ကုန်းတွင်းပိုင်းဒေသများတွင် အခြေချနေထိုင်စေခဲ့သည်။အာရဗ်အခြေချနေထိုင်သူတို့သည် ဒေသခံအမျိုးသမီးများနှင့်အိမ်ထောင်ပြုခဲ့ကြ ပြီး ဒေသခံများနှင့် ရောနှောစွာ နေထိုင်ခဲ့ကြသည်။ အာရဗ်တို့၏ အိမ်ထောင်သည် ဘက် မှ မွေးဖွား လာသော သွေးနှောဒေသခံတို့သည်လည်း အစ္စလာမ်သာသနာဝင်များဖြစ်လာခဲ့သည်။ ၄င်း အာရဗ် တို့သည် ပင်လယ်ခရီးသွားကူးသန်းရောင်းဝယ် ရေးလုပ်ငန်းကို ထာဝရစွန့်လွှတ်ခဲ့ပြီး မိမိတို့ အိမ်ထောင် သားမယားများနှင့် အိုးမကွာအိမ်မကွာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကိုသာ စွဲမြဲလုပ် ကိုင်ခဲ့သည်။ ထိုအချိန်မှစ၍ အာရဗ်တို့သည် ဗလီများစွာတည်ဆောက်ခဲ့ပြီး အစ္စလာမ်သာသနာပြု လုပ် ငန်း ကို စတင်ခဲ့လေသည်။
စစ်ရေးကျွမ်းကျင်ပြီး အစ္စလာမ်သာသနာပြု လုပ်ငန်းကိုလည်း အားသွန်ခွန်စိုက်ဆောင်ရွက်ခဲ့သော `မိုဟမ္မဒ်ဟာနိဖ်´ဆိုသူသည် အေဒီ(၆၈၀)တွင် အာ(ရ်)ကန်(ရခိုင်)မြောက်ဘက်တောတွင်းဒေသ၌ ထိုစဉ် ကနေထိုင်သောလူအရိုင်းအစိုင်း(cannibals)တို့၏ဘုရင်မ`ကယာပူရီ(koyapuri)အပေါ်စစ်အောင်နိုင်ခဲ့သည်။ သူမနှင့် အပေါင်းပါအားလုံးတို့သည် အစ္စလာမ်သာသနာ့ဘောင် အတွင်း သို့ဝင် ရောက်လာ ခဲ့လေ သည်။`ဟာနိဖ်´သည်သူမအားအိမ်ထောင်ပြုခဲ့သည်။`အာမိရ်ဟာမ်ဇား´သည်လည်းထိုစဉ်ကဘူးသီးတောင် နယ် တစ်ဝိုက်ရှိ `ကုလားပန်းဇင်´ (Kalapanzin) ဟုအမည်ရှိသော ဒေသတစ်ဝိုက် တွင် မင်းမူနေသော ဘုရင်`ဂေါ်လောင်ဂျီ(Gaulongyi)အားအစ္စလာမ်သာသနာအတွင်းသို့စည်းရုံးသိမ်းသွင်းနိုင်ခဲ့သည်။`အာမိရ် ဟာမ်ဇား´သည် အာ(ရ်)ကန်(ရခိုင်)ဒေသ တစ်ခုလုံးကိုလည်း စစ်အောင် နိုင်ခဲ့သည်။သို့သော် ဘန်ဂါ (လ်(ခေါ်) ဘင်္ဂလားဒေသမှရောက်ရှိလာသောဟိန္ဒူများများပြား သောကြောင့် နောက် ဆုံးတွင် `အမိရ် ဟာမ်ဇား´ထံမှ ဟိန္ဒူတို့၏ နဂိုဘုရင့်နိုင်ငံ ကို ပြန်လည် သိမ်းယူနိုင်ခဲ့သည်။ ထိုအချိန်က အာ(ရ်) ကန် (ရခိုင်)ဒေသသည် အစောပိုင်းဟိန္ဒူလူမျိုးနှင့် ၄င်းတို့၏ဘုရင် များ မင်းမူခဲ့သောဒေသဖြစ်ခဲ့ပြီး ရခိုင် ဗုဒ္ဓ ဘာသာလူမျိုးဟူ၍ မရှိခဲ့သောဒေသဖြစ်သည်။
ပါရှန်(ယခုအီရန်)လူမျိုးတို့သည်လည်း အာရဗ်တို့၏ခြေရာကို နင်းခဲ့သည်။ ပါရှန်လူမျိုးတို့သည် အစ္စလာမ် သာသနာတော်ကို သယ်ဆောင်လာခဲ့ပြီး ဒေသခံအရောအနှောလူမျိုး(အာရဗ်နှင့် အစောပိုင်းဟိန္ဒူ)တို့နှင့် အိမ်ထောင်ပြုပြီး သာသနာရောင်ဝါထွန်းကားရေး အတွက်အစဉ်ကြိုးပမ်းခဲ့သည်။ ထို့ကြောင့် အာ(ရ်)ကန် (ရခိုင်)ဒေသတွင် အစ္စလာမ်သာသနာသည် ဒေသခံလူမျိုးတို့၏ လွတ်လပ်စွာ ကြိုဆိုသော ကိုးကွယ်ရာ ဘာသာ သာသနာဖြစ်လာပြီး အစ္စလာမ်သာသနာဝင်များသည်လည်း တဟုန်တိုး များပြားလာခဲ့သည်။
ဆက်ရန် ....