April 13, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ရိုဟင်ဂျာများ သိထိုက်သော သမိုင်း ဖြစ်ရပ်မှန်များ (အပိုင်း ၂)


မဟာမင်းခန့်
RB News

အာ(ရ်)ကန်(ရခိုင်)ဒေသတွင် အစ္စလာမ် ယဉ်ကျေးမှုကို ကွဲပြားစွာ သိသာထင်ရှားသော ရှုထောင့် အမျိုးမျိုး ဖြင့် တွေ့မြင်နိုင်သည်။ ၄င်းသည်လည်း ကွဲပြားခြားနားသော အကြောင်း အရာ ဖြစ်ရိုးဖြစ် စဉ်ကြောင်းဖြစ်ပေါ်လာ ရခြင်းဖြစ်သည်။ အာ(ရ်)ကန်(ရခိုင်)ဒေသတွင် ရောက်ရှိလာခဲ့သော အာရဗ်နှင့် ပါရှန်တို့သည် ရှေးယခင်ကပင် ကြီးထွားရှင်သန်ခဲ့သော အစ္စလာမ်ယဉ်ကျေးမှုနှင့် ရှုထောင့်စုံမှ လုံးဝ ဆန့်ကျင်သည့် ယဉ်ကျေးမှုကြီးကို ဖြတ်သန်းကျော်လွှားလာခဲ့သော လူမျိုးများဖြစ်သည်။ (၁၀) ရာစုမ တိုင်မီက အာ(ရ်)ကန် (ရခိုင်) ဒေသသည် အိန္ဒိယလူမျိုးများနေ ထိုင်သောနေရာဒေသဖြစ် ခဲ့ပြီး နေ ထိုင်သော လူမျိုးများသည်လည်း ဟိန္ဒူများသာဖြစ်ကာ ဘင်္ဂလားတွင် နေထိုင်သောလူမျိုးများနှင့် ခပ်ဆင် ဆင်တူသည်။ (Before the 10th century A.D. Arakan was an Indian Land, the inhabitants of which were Hindus similar to those of Bengal.)

အာ(ရ်)ကန်(ရခိုင်)ဒေသ၏ အစောပိုင်း ဟိန္ဒူလူမျိုးတို့သည် အလွန်တွေးတော စဉ်းစားဆင်ခြင် ပိုင်းခြားတတ် သူများဖြစ်သည်။ သို့ရာတွင် အိန္ဒိယနိုင်ငံတွင် ဖွံ့ဖြိုးကြီးထွားနေသော ဟိန္ဒူအယူဝါဒတို့၏ ထုံးတမ်း အစဉ် အလာတစ်ခုကဲ့သို့ဖြစ်နေသော ဇာတ်နိမ့်၊ ဇာတ်မြင့် ခွဲခြားဆက်ဆံတတ်သော လူမှု အကျင့်စရိုက်ဆိုးကြောင့် အာ(ရ်)ကန် (ရခိုင်)ဒေသရှိ အစောပိုင်းဟိန္ဒူတို့၏ လူမှုဘ၀ကူးလူး ဆက်ဆံရေး အသီးသီးတွင်လည်း ဇာတ်နိမ့်၊ ဇာတ်မြင့်ခွဲခြားတတ်သည့် စနစ်ရှိခဲ့သည်မှာ ယုံမှားသံသယဖြစ်ဖွယ် အလျင်း မရှိပေ။ ၄င်းစနစ် ဆိုးကြောင့် ဇာတ်နိမ့်ဟိန္ဒူများသည် တန်းတူအခွင့်အရေး အပြည့် အ၀မရရှိခဲ့ပေ။ ဗြဟ်မန်တို့၏ သြဇာအရှိန်အ၀ါသည်လည်း ထို လူမှုစနစ်အပေါ်တွင် မတရား လွှမ်းမိုး ချယ်လှယ်ခြင်းနှင့် ရက်စက်ကြမ်း ကြုတ်ခြင်းများ အစဉ်ဖုံးလွှမ်းခဲ့သည်။ ဗြဟ်မန်တို့သည် ဘာသာ ရေးနှင့် ပတ်သက်၍ စိတ်ကြိုက်အတွေ့ဆုံးသဘော အမြင်တို့ကို အမြဲထောက်ခံ သက်ဝင်စေ ခဲ့သဖြင့် ဇာတ်နိမ့်၊ ဇာတ်မြင့် ခွဲခြား ဆက်ဆံ သော လူမှုနယ်ပယ် အသိုင်းအ၀န်းသည် ကျဉ်းသထက် ကျဉ်းမြောင်းလာပြီး၊ အခြေအနေ သည်လည်း ဆိုးသထက်ဆိုးဝါးလာခဲ့သည်။ ထို့ကြောင့် ဗြဟ်မန်ဝါဒီတို့သာလျှင် သီးသီးသန့်သန့် ထိန်းချုပ် ထားနိုင်သော ဘာသာရေးကျောင်းတော် ၀ါဒများပေါ် ပေါက်လာခဲ့သည်။ သူတို့သည် ဇာတ်နိမ့်သူနှင့် ဇာတ်မြင့်သူများကြား ကွာဟမှု ကျယ်ပြန့်စေခဲ့သည်။ ဇာတ်နိမ့် ဇာတ်မြင့် အဆင့်ပေါ်မူတည်ပြီး ပညာသင် ယူဆည်းပူးခွင့်နှင့် အလုပ်အကိုင်ရရှိနိုင်မှု အခွင့်အလမ်းများကို သတ်မှတ် ပိုင်းခြားပေးသည်။ ဇာတ်နိမ့်လူတန်းစား (the society of inferior classes) များ၏ ဘ၀ကံကြမ္မာ အလှည့် အပြောင်း အားလုံးသည်လည်း မတရားစိုးမိုးချယ်လှယ်သော ဇာတ်မြင့်လူတန်းစား တို့၏ လက်ဝယ်တွင် သာရှိသည်။ ၄င်းအပြင် ဇာတ်နိမ့်လူတန်းစားတို့ဘ၀တိုးတက် ပြောင်းလဲရေး ကြိုးပမ်းအား ထုတ်မှုဟူ သမျှကိုလည်း ဇာတ်မြင့်တို့ အမြဲတားဆီးပိတ်ပင်ခဲ့သည်။

အစ္စလာမ် သာသနာတော်သည် ကွဲပြားခြားနားစွာ ဆက်ဆံခြင်းကို လုံးဝလက်မခံပေ။ ၄င်းအစ္စလာမ်သာ သနာတော်၏ အရည် အချင်းသည် ဘာသာသာသနာ တစ်ခုအတွင်း ဇာတ်နိမ့်ဇာတ်မြင့် ဆက်ဆံခြင်းကို ခံနေရသော ဇာတ်နိမ့်ဟိန္ဒူလူမျိုးတို့အတွက် အစ္စလာမ် သာသနာတော်က ပေးအပ်ထားသော လွတ် လပ်ခြင်း၊ သာတူညီ မျှမှုရှိခြင်း၊ လူမှုအခွင့်အရေးများ တန်းတူရည်တူရှိနေခြင်း၊ လွတ်လပ်စွာ စီးပွားရေး လုပ် ပိုင် ခွင့်နှင့် လူမှုဘ၀ဖွံ့ဖြိုးရေးအတွက် မိမိကိုယ်စွမ်းရှိသမျှ လုပ်ပိုင်ခွင့်များရှိနေသည်ကို အား တက်စရာ၊ စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။ သူတို့အတွက် ကောင်းကင်ဘုံမှ ကြယ်တာရာကို ဆွတ်ခူး ရရှိ သကဲ့သို့ မျှော်လင့်ခြင်းရောင်ခြည်များ ထွန်းလင်း တောက်ပခဲ့သည်။ ထိုသို့အမှောင် ထုအတိလွှမ်း မိုးနေသော အာ(ရ်)ကန်(ရခိုင်)ဒေသတွင် လူမှုဘ၀အ၀၀ တန်းတူရည်တူရှိပြီး သာယာဝပြောသော လူ့ဘောင်သစ် တစ်ခု တည်ဆောက်ရေးအတွက် အားတက်သရော ကြိုးပမ်းေးဆာင်ရွက်သူများမှာ- Mohamed Hanif, Amir Hamza, Badar Shah, Babejee Shah, Haidar Ali Shah, Nurullah Shah, Afzal Shah, Gulmul Shah, Sikandar Shah, Kalasee Meah Shah, Hussain Shah တို့ဖြစ်ကြသည်။ အထက်ဖော်ပြပါ ပုဂ္ဂိုလ်ကျော်တို့သည် စွန့်ပစ်ခြင်းနှင့် ဥပေက္ကာပြုခြင်းခံရသော ဇာတ်နိမ့်ဟိန္ဒူများအတွက် အစ္စလာမ် သာသနာတော်၏ လမ်းညွှန် မှုဖြစ်သည့် အလ္လာဟ် (Allah)အတွက် စည်း လုံးညီညွှတ်ခြင်း၊ လူသားအားလုံး သာတူညီ မျှဖြစ်ပြီး ချစ်ခြင်း ညီအစ်ကို ပမာဖြစ်သည်ဟူသော မြင့်မြတ်သည့် အစ္စလာ့မ် အယူ ၀ါဒတို့သည် လူ့ဘ၀သစ်တစ်ခု တည်ဆောက်ရေးအတွက် မဟာအခွင့် အရေးနှင့် မျှော် လင့်ခြင်းရောင်ခြည် သစ်များ ဖြစ်ခဲ့ကြသည်။ ထို့အပြင် ၄င်း တို့သည် သာသနာဟောင်းကို စွန့်လွှတ်ပြီး အစ္စလာမ့်သာသနာဘောင်အတွင်း ၀င်ရောက်လာ သူများအတွက် လူမှုဖူလုံရေးအသင်း အဖွဲ့များ ဖွဲ့စည်းကာ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အခမဲ့ကူညီပံ့ပိုးဆောင်ရွက်ပေးခဲ့သည့်အပြင် အိမ်ရှေ့မင်းသားနှင့် လယ်သမားတို့သည် (စွာလာသ်) ၀တ်ပြုရာတွင် တစ်ချိန်တည်း တစ်နေရာတည်းနှင့် တစ်ပေါင်း တည်းစုပေါင်းဝတ်ပြုလာခဲ့ကြသည်။


၁၀ ရာစုနှောင်းပိုင်းကာလတွင် အစ္စလာမ် သာသနာတော်သည် `အာသံ´ ကမ်းခြေမှတစ်ဆင့် မလေးရှား သို့ တစ်ဟုန်ထိုးပြန့်နှံ့ သွားခဲ့ပြီး အာ(ရ်)ကန်(ရခိုင်)ဒေသ တစ်နံတစ်လျားတွင်လည်း စိမ့်ဝင်ထိုးဖောက် ခဲ့ သည်။ သာဓကအားဖြင့် ထူးဆန်းသော ဗလီဖြစ်သည့် Akyab (စစ်တွေ) မီးပွိုင့်အနီးရှိ Badarmokan (ဗုဒ္ဓမော် ခေါ် ဗော်ဒေါရ်မူကန်) (အပေါ်ပုံ) ဗလီကို ကြည့်ရှုခြင်းဖြင့် သိသာနိုင်သည်။ ဒေသခံလူမျိုး ဘာသာ မရွေး ၄င်းဗလီကို အထူးကြည် ညိုလေးစားကြပြီး အခါမလပ် ၀င်ရောက်ဖူးမျှော်နေသူများကိုလည်း ယနေ့တိုင် အထင် အရှားတွေ့ရှိနိုင်သည်။ (သို့ရာတွင် ဒေသခံတို့၏ ပြောကြားချက်အရ ၁၉၈၈ ခုနှစ်နောက်ပိုင်း တက်လာသော တပ်မတော် အစိုး ရလက်ထက်၌ ၄င်းဗလီ၏ မွမ်းမံပြင်ဆင်မှု အနေ အထား ကို ဥပေက္ခာပြုထားသည်ဟု သိရှိရသည်။ )

အစောပိုင်း အခြေချနေထိုင် လာသူများ၏ သားစဉ်မြေး ဆက်တစ်ချို့နှင့် အစ္စလာမ် ဘာသာသို့ ကူးပြောင်း လာသူဒေသခံအချို့ သည် ရှေးမူမပျက် ရိုးရာအစဉ်အလာကို စဉ်ဆက်မပြတ်ထိန်းသိမ်း လာခဲ့ သူ များ ဖြစ် သည့် အားလျော်စွာ ၄င်းတို့၏ နာမည်၊ ယုံကြည် ချက်နှင့် ရိုးရာယဉ်ကျေးမှု ဓလေ့ ထုံးတမ်းစဉ် လာတို့ကိုလည်း အမြဲရင်ဝယ်ပိုက် စောင့်ရှောက်လာခဲ့သူများဖြစ်သည်။ ၄င်းတို့သည် ``ရို ဟင် ဂျာ´´လူ မျိုး များဖြစ် ပြီး နောက်ပိုင်းတွင် အာ(ရ်)ကန် (ရခိုင်)ပြည်အနှံ့ အထူးသဖြင့် မေယုခရိုင်နှင့် စစ်တွေ ခရိုင်ဒေသ တို့တွင် ပျံ့နှံ့ နေထိုင်ခဲ့သည်။ ထိုဒေသများသည် အခြားဒေသများထက် လယ်ယာ ထွန်ယက်စိုက်ပျိုးရန် မြေဆီသြဇာကောင်းမွန်သောဒေသ ဖြစ်သည်။ `ရိုဟင်ဂျာ´ ဟူသော စကားရပ်သည် Arabic Original အရဗီမူရင်းစကားရပ်ဖြစ်သော Rahma `ရာ(ဟ်)မ´ ခေါ် ကြင်နာခြင်းဟူသော အဓိပ္ပါယ် ရသည့်စကားရပ်မှ ဆင်းသက်လာခဲ့ခြင်းဖြစ်သည်။

`ရိုဟင်ဂျာ´ အပြင် အာ(ရ်)ကန်(ရခိုင်)ဒေသတွင် ရခိုင်မင်း စန္ဒာသုဓမ္မ (၁၆၅၂-၁၆၈၄) လက်ထက်တွင် ၀င်ရောက်ခိုလှုံခဲ့သော Shah Shujah `ရှားရှူးဂျား´မင်း၏ နောက်လိုက်မျိုး ဆက်များဖြစ်သည့် Kaman `ကမန်´တို့၏ သမိုင်းနောက်ခံသည်လည်း အာ(ရ်) ကန်(ရခိုင်)သမိုင်းတွင် မပါမပြီးသော အထူး ကဏ္ဍ တစ်ရပ်မှ ပါဝင်ပေသည်။ ကမန်လူမျိုးတို့သည် အာ(ရ်)ကန်(ရခိုင်)တစ်ပြည်လုံးတွင် ပျံ့နှံ့နေ ထိုင် လျှက် ရှိပြီး၊ အထူးသဖြင့် စစ်တွေ၊ ရမ်းဗြဲ နှင့် သံတွဲတစ်ဝိုက်တွင် အနေများသည်။ `ကမန်´ဆိုသောဝေါ ဟာရသည် ပါရှန် (ယခုအီရန်)စကားရပ်တစ်ခုဖြစ်ပြီး Archers လေးသည်တော်ဟု အဓိပ္ပါယ်ရသည်။

ဆက်ရန် ....

အပိုင်း (၁)

Comment ရေးရန်

Pages 22123456 »
Rohingya Exodus