နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘဂုံးနားတွင် ဖြတ်သွား ဖြတ်လာသူ များကို လုံခြုံရေး များက ရိုက်နှက် လုယက်

မောင်အာသာ
RB News
9.12.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ ဘဂုံးနား ကျေးရွာတွင် ဖြတ်သွား ဖြတ်လာ သူများကို လုံခြုံရေး တပ်ဖွဲ့ဝင် များက ရိုက်နှက် လုယက် လျက်ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တော မြို့နယ်၊ ဘဂုံးနား ကျေးရွာ အုပ်စုရှိ ကန်သာယာနှင့် ဗောဓိကုန်း ရွာများမှ ရခိုင် လူမျိုး က မောင်တော ခရိုင် အုပ်ချုပ်ရေးသို့ စာရေးသား၍ လုံခြုံရေး ချပေးရန် တောင်းဆို ခဲ့ကြသည်။ ၎င်းတို့ ရေး သား သည့် စာတွင် ရခိုင် လူမျိုး များသည် ရိုဟင်ဂျာ လူမျိုး များကို ကြောက်ရွှံ့ နေရသဖြင့် ဘဂုံးနား ဈေး သို့ သွား၍ မရကြောင်း လုပ်ကြံ ရေးသား ခဲ့ကြောင်း သိရှိ ရသည်။ ထို့ကြောင့် မောင်တော ခရိုင် အာ ဏာ ပိုင် များ က လုံထိန်း တပ်ခွဲ တစ်ခုကို ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ရုံးတွင် အခြေစိုက် စေပြီး လုံခြုံရေး ချပေးခဲ့သည်။ လုံထိန်း တပ်ခွဲကို ဦးစီးသူမှာ ဗိုလ်မှူး အောင်ငွေ ဖြစ်ပြီး၊ လုံထိန်း တပ်ရင်းကို ဇူလိုင်လက ဖျက်သိမ်း လိုက်သော နစက နယ်မြေ ၇ စခန်း ရှိရာ မကြီးချောင်း ကျေးရွာ (ဖာတုန်ဇာ) မောင်တော မြို့ နယ် တွင် အခြေစိုက် ထားခြင်း ဖြစ်သည်။ 

ယခု အခါ လုံခြုံရေး ယူထားသည့် လုံထိန်း များက ဖြတ်သွား ဖြစ်လာသည့် ဒေသခံ ရိုဟင်ဂျာ ဈေး ဆိုင် ရောင်း ချ သူများ၊ ဟင်းသီး ဟင်းရွက်နှင့် အစား အသောက် ရောင်းသူ များထံမှ လုယက် လျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

လုံခြုံရေး တပ်ဖွဲ့ဝင်များ တောင်းသည့် ငွေ၊ ငါးနှင့် ဟင်းသီး ဟင်းရွက်များ မပေးပါက ရိုက်နှက် ညှဉ်း ပန်း နှိပ်စက် လျက်ရှိပြီး၊ ဒေသခံ များက ယခု ကဲ့သို့ ညှဉ်းပန်း နှိပ်စက် နေခြင်းမှာ သည်းခံ နိုင်စိတ်ပင် ကုန်စွမ်း နေပြီ ဖြစ်သည်ဟု ဆိုသည်။ ဒေသခံ များက ယခုကဲ့သို့ လုံခြုံရေး တပ်ဖွဲ့ဝင် များ ဥပဒေမဲ့ ညှဉ်း ပန်းနှိပ်စက်နေခြင်းကိုအချိန်မှီအရေးယူဆောင်ရွက်ပေးရန်ပြည်ထောင်စုအစိုးရကိုတောင်း ဆိုကြောင်း ပြော ပါသည်။


Comment ရေးရန်

Rohingya Exodus