မြေပုံမြို့နယ်၊ တောင်ပေါ် ရပ်ကွက်နေ မူဆလင် ဒုက္ခသည်များအား အတင်းအဓမ္မပြောင်းရွှေ့ခိုင်းနေ
RB News
29.12.2012
မြေပုံမြို့နယ် အာဏာပိုင် များသည် နေပြည်တော်နှင့်ြ ပည်နယ်အစိုးရ၏ ညွန်ကြားချက်ဟု ဆိုကာ ၎င်းဒုက္ခ သည်များအား တောင်ပေါ်ရပ်ကွက်၏ အနောက်ဖက်မြေနိမ့် လယ်ကွက်များသို့ပြောင်းရွှေ့နေထိုင်ရန် အတင်း အဓမ္မခိုင်းစေနေကြောင်း၊ ဒုက္ခသည်များသည်အစားဆင်းရဲ၊ အနေဆင်းရဲနေသည်သာမက ကိုယ် စိတ်နှလုံးမချမ်းသာ၊ မလုံခြုံရသည့်ကြားတွင် ရွှံ့ထဲ၊ဗွက်ထဲ၊ နွံထဲ၊ ရေ ထဲပြောင်းရွှေ့နေထိုင်ရန် အတင်း အဓမ္မပြုနေခြင်းသည် မိမိတို့သေတွင်း မိမိတို့ကိုတူးခိုင်းနေသည်နှင့် တူညီနေကြောင်း၊ ဆေးဝါးမရှိ ခြင်း၊ ကျန်း မာရေးစောင့်ရှောက်မှု မရခြင်း တို့ကြောင့် နေ့စဉ်နှင့်အမျှ ဒုက္ခသည် ၂ ဦးမှ ၃ ဦးထိ သေဆုံး လျက် ရှိကြောင်း၊ သေဆုံးသူများသည် ခန္ဓာကိုယ်ဖောရောင်ခြင်း၊စိတ်ရောဂါ ဆက်နွယ်သော ရူးသွပ်ခြင်း ဝေဒနာ သည်များဖြစ်ကြောင်း ဒေသခံတစ်ဦးမှ RB News သို့ပြောသည်။
၎င်းတောင်ပေါ်ကျေးရွာတွင်ဒုက္ခသည် ၃၈၀၀ ခန့်ဖြစ်သလိုနေထိုင်နေရပြီး၊ စောင်နှင့်အခြားဆောင်းရာသီ ဒဏ်ကိုကာကွယ် နိုင်သည့်အသုံးအဆောင်ပစ္စည်းများနှင့် ဆေးဝါးများအရေးတကြီးလိုအပ်လျက်ရှိကြောင်း သိရပါသည်။