March 15, 2025
 R

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ကြားဖြတ်သတင်း ။ ။ လင်းသီရွာတွင် မီးရှို့ရန် လာသူ နှစ်ဦးကို ဖမ်းဆီးရမိ

ကြားဖြတ်သတင်း ။ ။ လင်းသီရွာတွင် မီးရှို့ရန် လာသူ နှစ်ဦးကို ဖမ်းဆီးရမိ

RB News 
3.7.2013 (12:25 AM)

သံတွဲ ။ ။ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် တွင် ရခိုင် အကြမ်းသမား များမှ ဇွန်လ (၃၀) ရက်နေ့ မှစ၍ မွတ်စလင် များအား နေ့စဉ် အကြမ်းဖက် လျက်ရှိရာ တောင်ကုတ် - သံတွဲ ကားလမ်းမ ပေါ်ရှိ လင်းသီရွာကို မီးရှို့ရန် အကြမ်းဖက် သမား လေးဦး ၀င်ရောက် ခဲ့သည်ဟု သိရသည်။ အဆိုပါ အကြမ်းဖက် သမား များကို ရွာသား များမှ ၀ိုင်းဝန်း ဖမ်းဆီးရာ နှစ်ဦးမှာ ထွက်ပြေး လွတ်မြောက် သွားပြီး၊ နှစ်ဦးကို ဖမ်းဆီး ရမိကြောင်း သိရှိ ရပါသည်။ ဖမ်းဆီး ရမိသူ နှစ်ဦးလုံးမှာ တောင်ကုတ် မြို့သား များဖြစ်ကြောင်း သတင်း ရရှိပါသည်။


ကြားဖြတ်သတင်း ။ ။ ငကျော်တောင် ရပ်ကွက်မှ အိမ်တစ်လုံး မီးရှို့ခံရ

RB News 
3.7.2013 (12:15 AM)

သံတွဲ ။ ။ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် တွင် ရခိုင် အကြမ်းသမား များမှ ဇွန်လ (၃၀) ရက်နေ့ မှစ၍ မွတ်စလင် များအား နေ့စဉ် အကြမ်းဖက် လျက်ရှိရာ ည ၁၁ နာရီခွဲ ကျော်ခန့်တွင် ငကျော်တောင် ရပ်ကွက်မှ ဦးမောင်ကျော်၏ နေအိမ်ကို အကြမ်းဖက် သမား များက ဓါတ်ဆီ ပုလင်း ပစ်ပေါက်၍ မီးရှို့ရာ အနည်းငယ် လောင်ကျွမ်း သွားကြောင်း သတင်း ရရှိပါသည်။ 

ပုဒ်မ ၁၄၄ ထုတ်ပြန် ထားသော်လည်း အကြမ်းဖက် သမား များမှာ လွတ်လပ်စွာ သွားလာ၍ အကြမ်းဖက် နိုင်သည်ကို တွေ့ရှိ ရပါသည်။


ကြားဖြတ်သတင်း ။ ။ ကောင်းကင် သစ္စာ ကားဂိတ် မီးရှို့ ဖျက်ဆီး ခံရ

RB News 
2.7.2013 (8:30 PM)

သံတွဲ ။ ။ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် တွင် ရခိုင် အကြမ်းသမား များမှ ဇွန်လ (၃၀) ရက်နေ့ မှစ၍ မွတ်စ လင် များအား နေ့စဉ် အကြမ်းဖက် လျက်ရှိရာ ယနေ့ ည ၇း၃၀ နာရီတွင် ကောင်းကင် သစ္စာ ကားဂိတ်အား မီးရှို့ ဖျက်ဆီး လိုက်ကြောင်း သတင်း ရရှိပါသည်။ ဇွန်လ (၃၀) ရက်နေ့က အဆိုပါ ကားဂိတ်အား ဖျက် ဆီးပြီး၊ ဘတ်စကား များကို ဖျက်ဆီး ခဲ့သေးသည်။ ကားဂိတ်ကို ယနေ့ မီးရှို့ ဖျက်ဆီး လိုက်ခြင်း ဖြစ် သည်။

ကြားဖြတ်သတင်း ။ ။ အံတော်ကွက်သစ်တွင် မီးရှို့မှုများ ပြန်လည် စတင်

RB News
1.7.2013 (10:30 PM)

သံတွဲ ။ ။ သံတွဲမြို့နယ်၊ အံတော်ကွက်သစ်တွင် ယမန်နေ့က မွတ်စလင် များ၏ နေအိမ်များကို အကြမ်း ဖက် ဖျက်ဆီးခြင်းများ ပြုလုပ်ပြီးနောက်၊ ယခုတစ်ဖန် အံတော်ကွက်သစ်ရှိ ကျန်ရှိသည့် မွတ်စလင် များ ၏ နေအိမ် များကို အကြမ်းဖက် သမားများကို မီးရှို့ ဖျက်ဆီး လျက်ရှိကြောင်း သိရှိ ရပါသည်။

ကြားဖြတ်သတင်း ။ ။ ငကျော်တောင် ရပ်ကွက်ရှိ မွတ်စလင် များကို တိုက်ခိုက်ရန် လူစုလျက်ရှိ

RB News
1.7.2013 (5:00 PM)

သံတွဲ ။ ။ သံတွဲမြို့နယ် ပတ်ဝန်းကျင် ကျေးရွာ များနှင့် တောင်ကုတ် မြို့နယ် အစွန်းရောက် အုပ်စု များ သည် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ကိုးကွယ်သည့် ဝေဠုဝန် ကျောင်းတိုက်နှင့် ယမန်နေ့က မွတ်စလင် များ အား အကြမ်းဖက် တိုက်ခိုက် ခဲ့သည့် အံတော်ကွက်သစ် တို့တွင် လူများစု လျက်ရှိကြောင်း သတင်း ရရှိ ပါသည်။ 

သံတွဲမြို့ရှိ ငကျော်တောင် ရပ်ကွက်တွင် မွတ်စလင် အနည်းငယ် ရှိရာ ၎င်းတို့ကို ယနေ့ တိုက်ခိုက်မည်ဟု သတင်းများ ပြန့်နှံလျက် ရှိပြီး၊ ယခု လူစုနေခြင်း မှာလည်း ငကျော်တောင် ရပ်ကွက်ရှိ မွတ်စလင် များကို တိုက်ခိုက်ရန် ဖြစ်ကြောင်း သတင်း ရရှိပါသည်။

ကြားဖြတ်သတင်း ။ ။ အံတော်ကွက်သစ်မှ အိမ် ၅ လုံးကို အကြမ်းဖက် သမားများ မီးရှို့ 

RB News
30.6.2013 11:15 PM

သံတွဲ ။ ။ သံတွဲမြို့နယ်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန် ပြီးနောက် အံတော်ကွက်သစ်မှ နေအိမ် (၅) လုံး မီး ရှို့ခံလိုက် ရကြောင်းသိရှိရပါသည်။ ဦးမျိုးသစ်၊ သွားဖွားဆရာမ ဒေါ်ဝင်းကြည်နှင့် သစ်တောအုပ် တို့ ၏ နေ အိမ် များလည်း ပါဝင် ကြောင်းသိရသည်။ စစ်တပ်က လုံခြုံရေး ယူထားသော်လည်း အထက် အမိန့် မရ သ ဖြင့် အရေးယူ ဆောင်ရွက်ခြင်း တစ်စုံ တစ်ရာ မပြုလုပ်ကြောင်း သတင်း ရရှိပါသည်။ 

ကြားဖြတ်သတင်း  ။ ။ သံတွဲမြို့တွင် မီးရှို့မှုများ စတင်

RB News
30.6.2013 9:30 PM 

သံတွဲ ။ ။ သံတွဲမြို့၊ အံတော်ကွက်သစ်တွင် မွတ်စလင် နေအိမ် ၆ အိမ်ကို ဖျက်ဆီးပြီးနောက်၊ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ရာ အခြေအနေမှာ အနည်းငယ် တည်ငြိမ် သွားသော်လည်း၊ ယခုတစ်ဖန် အံတော် ကွက် သစ်တွင် မီးရှို့မှုများ စတင်နေခြင်းကြောင့် မီးသတ်ကားများ ထွက်ခွာသွားကြောင်း သတင်း ရရှိ ပါသည်။


  1. သားဖွားဆ၇ာမ ဒေါ်ဝင်းကြည် အိမ်ပါသွားတာ
    ပါအကို

Comment ရေးရန်

Pages 22123456 »
Rohingya Exodus