March 14, 2025
 R

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ရိုဟင်ဂျာအရေး မြန်မာနှင့် ဆွေးနွေးရန် ဗြိတိန်ကို ဘင်္ဂလားဒေ့ရှ်တိုက်တွန်း



 ရိုဟင်ဂျာ အရေးနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံအား ဖိအားပေးနေမည့်အစား ဗြိတိန် အပါအဝင် အခြား စိတ်ပါဝင်စားသော နိုင်ငံများအနေဖြင့် မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေး အဖြေရှာစေလိုကြောင်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ် ဟာဇီနာ Shekh Hasina က တိုက်တွန်း ပြောကြားလိုက်သည်။

တနင်္ဂနွေနေ့က လန်ဒန်မြို့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ အာဟာရ ညီလာခံ “World Nutrition Event” အခမ်းအနားသို့ တက်ရောက်စဉ် ဗြိတိန်၏ နိုင်ငံတကာ ဖွံ့ဖြိုးမှုရေးရာ အတွင်းဝန် Andrew Mitchell နှင့် တွေ့ဆုံစဉ် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ၀န်ကြီးချုပ်၏ ပြန်ကြားရေးအရာရှိအား ကိုးကား၍ ဘင်္ဂလားဒေ့ရှ် bdnews24 အင်တာနက် စာမျက်နှာတွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံတွင်း ဖြစ်ပွားခဲ့သည့် လူမျိုးရေး ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲသို့ ဝင်ရောက်လာကြသည့် ရိုဟင်ဂျာများအား ဘင်္ဂလား အစိုးရမှ အစားအစာ၊ ရေနှင့် ထောက်ပံ့ကြေးငွေ တချို့ ပေးအပ်ခဲ့သည်ဟု ၀န်ကြီးချုပ်က ဆိုသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေနှင့် ကိုယ်တိုင်က လူဦးရေ ဖောင်းပွလျက်ရှိသော်လည်း မြန်မာ ဒုက္ခသည်ပေါင်း ၂၈,၀၀၀ကျော်အတွက် COX’s Bazard ခရိုင်တွင် ဒုက္ခသည် စခန်းနှစ်ခု တရားဝင် ဖွင့်လှစ်ကာ စောင့်ရှောက်ထားရုံမက ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်း၌ တရားမဝင် မြန်မာနိုင်ငံသားပေါင်း သောင်းပေါင်း များစွာ ရှိနေဆဲ ဖြစ်သည်ဟု ရှိက် ဟာဇီနာ က ပြောဆိုခဲ့သည်။

နိုင်ငံတကာ အကူအညီ အထောက်အပံ့ပေးရေး အဖွဲ့များက ဘင်္ဂလားဒေ့ရှ် အစိုးရအနေနှင့် ဒုက္ခသည်များ အား လက်ခံစေလိုပြီး ပိတ်ထားသည့် နယ်စပ်ဂိတ်များအား ပြန်ဖွင့်ပေးရန် ဖိအားပေးမှုများ ရှိခဲ့သည်။

နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် ရိုဟင်ဂျာ ဒုက္ခသည်များအား အကူအညီ မပေးရန် ဘင်္ဂလားဒေ့ရှ်၌ လူမှုရေး အကူအညီ ပေးအပ်လျက် ရှိသည့် MSF, Muslim Aid UK နှင့် Action Against Hunger အဖွဲ့တို့အား သြဂုတ်လဆန်းပိုင်းတွင် ဘင်္ဂလားဒေ့ရှ် အစိုးရမှ တရားဝင် အကြောင်းကြားစာ ပို့ခဲ့ပြီး ဖြစ်သည်ဟု အေအက်ဖ်ပီ သတင်းတရပ်တွင် ဖော်ပြထားသည်။

အဆိုပါ ရိုဟင်ဂျာ ဒုက္ခသည် များအား မြန်မာနိုင်ငံမှ ပြန်လည် လက်ခံရန် ဘင်္ဂလားဒေ့ရှ် အစိုးရမှ လိုလားလျက် ရှိသည်။

Sources Here :

Comment ရေးရန်

Pages 22123456 »
Rohingya Exodus