နောက်ဆုံးသတင်း/ဆောင်းပါးများ


မောင်အေး
RB News
2.6.2013

မနှစ်က အကြမ်းဖက်မှု တွေဖြစ်တဲ့ အချိန်ကစပြီး ကျောင်းတက်ပြီး ပညာသင်ကြား နိုင်တဲ့ ရိုဟင် ဂျာ ကျောင်းသား အနည်းငယ်ဘဲ ရှိခဲ့တယ်။ အဲဒီလို ဖြစ်ခဲ့ရတဲ့ အကြောင်းပေါင်း များစွာ ရှိပါတယ်။ အစွန်းရောက် နေတဲ့ ရခိုင် ဗုဒ္ဓဘာသာ ၀င်တွေကို ရှောင်ဖို့နဲ့ လူမဆန်တဲ့ မြန်မာ စစ်တပ်ကို ရှောင်ရှားဖို့ အတွက်ကြောင့် အဲဒီ ကျောင်းသားတွေ ကျောင်းအပ် ဖို့တောင် မဖြစ်နိုင် ခဲ့ဘူး။ နောက်ဆုံး ရလာဒ် ကတော့ မနှစ်က စပြီး ထောင်ပေါင်း များစွာသော ရိုဟင်ဂျာ ကျောင်းသားတွေ ပညာ ဆက်လက် မဆည်း ပူး နိုင်တော့ဘူး။ အခု ကျောင်းတွေ ပြန်ဖွင့်တဲ့ အချိန်မှာ ရိုဟင်ဂျာ ကျောင်းသား တွေက အခက် အခဲ ပေါင်းစုံ ကြားက သူတို့ ပညာ ဆက်လက် သင်ကြား နိုင်ဖို့ ပြင်ဆင် နေကြပါပြီ။ သူတို့ အနေနဲ့ အကြမ်း ဖက် မှုကြောင့် ပညာတစ်နှစ် နစ်နာ သွားပေမယ့်လည်း အခု အချိန်မှာ သူတို့ ပညာ ဆက်လက် သင်လို့ ရမယ် ဆိုတဲ့ အသိစိတ်နဲ့ ပျော်မွှေ့နေ ကြတယ်။ 

ဘယ်လို ဘဲဖြစ်ဖြစ် သူတို့ရဲ့ ပညာရေး ဆက်ဖို့က လွယ်တာတော့ မဟုတ်ဘူး။ မောင်တော မြို့နယ်ရဲ့ အခြေခံ ပညာ အထက်တန်းကျောင်း အမှတ် (၁) မှာအခုပညာသင်နှစ်အတွက်မှတ်ပုံတင် တော့ ကျောင်းရဲ့ အုပ်ချုပ်ရေးက သူတို့ကို မနှစ်က တစ်နှစ် ပညာ မသင်ခဲ့တဲ့ အတွက် ဒီနှစ် လက်မ ခံ နိုင်ဘူး လို့ပြောဆိုပြီး ငြင်းပယ် ခံရတယ်။ ကျောင်းသား တွေက ကျောင်းအုပ်ကြီး ဆီကနေ သူတို့ ကျောင်းအပ်ခွင့် ရဖို့ ခွင့်ပန်ကြ ပါတယ်။ နောက်ဆုံးတော့ ကျောင်းအုပ်ကြီး ဦးကျော်ဇော်ထွန်းက ကျောင်းသားတွေရဲ့ ပြင်ပ ရုပ်သွင်ပြင် လက္ခဏာကို ကြည့်ပြီး ငွေကျပ် ၂ သောင်း ကနေ ၃ သောင်းထိ တောင်းတယ်။ အနိမ့် ဆုံး တောင်း ခံ ခဲ့ရသူက ငွေကျပ် တစ်သောင်း ဖြစ်ပါတယ်။ အစိုးရက စီးပွား ပျက် အောင် လုပ်လိုက် လို့ ငွေကြေး ဆင်းရဲ ကျပ်တည်း နေတဲ့ ကျောင်းသား တွေအတွက် အဲဒီ ငွေကြေး ပမာ ဏ ရဖို့ အတွက် အတော်လေး ခက်ခဲ နေတယ်။ 

အဲဒီလို ဘာကြောင့် ငွေကြေး ပေးရမလဲလို့ ကျောင်းသား တွေမေးမြန်း တဲ့အခါ မှာေ တာ့ ကျောင်း အုပ်ကြီးက မင်းတို့တွေ မနှစ်က ရခိုင်အိမ်တွေကို မီးရှို့ခဲ့လို့ ဖြစ်တယ်လို့ အပြစ်မဲ့တဲ့ ကျောင်း သားတွေ ကိုဖြေကြား ခဲ့တယ်။ အဲဒါနဲ့တင် မပြီးပါဘူး။ အဲဒီကျောင်း သား တွေကို ကျောင်းအုပ်ကြီးက သူတောင်း ခံတဲ့ ငွေကြေး မပေးနိုင်ဘူး ဆိုရင် ရဲကို အကြောင်းကြားပြီး ရဲလက်အပ် မယ်လို့ ခြိမ်းခြောက် ပြောဆိုတယ်။ သူ့ရဲ့ ခြိမ်းခြောက်မှု အောက်က လွတ်မြောက်ဖို့ အတွက် သူတောင်းခံတဲ့ ငွေကြေးကို ရှာကြံပြီး ပေး ခဲ့ရတယ်။ ဒါကတော့ တစ် ဖက်စောင်းနင်း နိုင်တဲ့ ကျောင်းအုပ်ကြီးရဲ့ အရှက် မရှိ ဗြောင် တင် ငွေ ညှစ် ခြင်း ဖြစ် ပါတယ်။ မြန်မာ နိုင်ငံမှာ ကျောင်းအများစုက အစိုး ရကျောင်း ဖြစ် တဲ့ အ တွက် ကျောင်း ၀င်ကြေး အနေနဲ့ အဲဒီလို ငွေကြေး အမြောက်အမြား ပေးရတာမျိုး မရှိဘူး။

တကယ်တော့ ကျောင်းသား တွေကို လူမျိုး ဘာသာ မခွဲခြားဘဲ ပညာသင်ကြားဖို့ အားပေးရမှာက ဆရာ/ဆရာမ တွေအားလုံးရဲ့ ကျင့်ဝတ်နဲ့ တာဝန် ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလို အားပေးရ မယ့် အ စား ကျောင်းအုပ်ကြီး ကတော့ ကျောင်းသားတွေ ပညာဆက် မသင်နိုင်ဖို့ ဖိအား ပေးနေလေရဲ့။ အဲ ဒီ ကျောင်းအုပ်ကြီးက ဆရာ တစ်ယောက်လား ဒါမှမဟုတ် လူရမ်းကား တစ်ယောက်လား? သူ့လို ဆရာမျိုး ဒီကမ္ဘာကြီးမှာ နောက်ထပ် ရှိရဲ့လား?

သမ္မတ ဦးသိန်းစိန် ကတော့ ရိုဟင်ဂျာတွေက ပညာမတတ်ဘူး၊ အရိုင်းတွေ ဆိုပြီး ရံဖန်ရံခါ ဆင်ခြေ ပေးတတ် တယ်။ အဲဒါကြောင့် ရိုဟင်ဂျာ တွေက လူများစုဖြစ်တဲ့ မြန်မာ အသိုင်းအ၀ိုင်းထဲ ၀င်မ ဆံ့နိုင်လို့ ပြဿနာ ဖြစ်ရတယ်လို့ ပြောလေ့ ရှိတယ်။ အဲဒါကတော့ အရှက် မရှိ ဗြောင် လိမ် ခြင်း ဘဲ ဖြစ် ပါ တယ်။ ကျွန်တော်တို့ ဘယ်လိုလုပ် ပညာတတ် တွေဖြစ်နိုင်မလဲ? ကျွန်တော်တို့ရဲ့ ပညာရေးနဲ့ ပတ်သက် တာ တွေအားလုံး စနစ်တကျ နဲ့တားဆီး ပိတ်ပင် ထားတယ်။ ကျွန်တော်တို့ လူတွေက ပညာရေးကို စိတ်အား ထက်သန်စွာ သင်ကြား ချင်ပေမယ့်လည်း သူတို့ (အစိုးရ) ကလိုက်လုပ် မပေး နိုင်ဘူး။ သမ္မတကြီး ကတော့ ကျွန်တော်တို့က ပညာသင် ချင်စိတ် မရှိဘူးလို့ အရှက်မရှိ ပြောနေတယ်။ သမ္မတကြီး အသိစိတ် ခံစားမှု မရှိတော့ တာလား? ဒါမှ မဟုတ် သူက ထက်မြက်တဲ့ အရူး တစ်ယောက် မဟုတ်လား? 

စာရေးသူသည် ရခိုင်ပြည်နယ် တွင်နေထိုင်သည့် ရိုဟင်ဂျာ တစ်ဦးဖြစ်ပြီး အင်္ဂလိပ်စာ အဓိကဖြင့် ဘွဲ့ရထား သူဖြစ်သည်။
31.5.2013

အားတော့နာ ပါတယ်။ သို့သော် ဆိုရေးရှိက ဆိုအပ်လှ၏။

တိုင်းပြည် အကျိုး အတွက် ရည်ရွယ်ပြီး အချက် အလက် အပေါ် အခြေခံတဲ့ တုန့်ပြန် ဆွေးနွေးမှု တွေကို ကြိုဆို ပါတယ်။

ရိုဟင်ဂျာ ပြဿနာက ပြည်ထောင်စုရဲ့ လုံခြုံရေးကို ခြိမ်းချောက် နေပါပြီ။ နိုင်ငံတော်ရဲ့ အချုပ် အခြာ အာ ဏာကို ထိခိုက် လာပါပြီလို့ အာဘောင် အာရင်း သန်သန်၊ တံတွေး တသီးသီးနဲ့ မိန့်ခွန်း ကြီးငယ် ကို ချွေနေကြတဲ့ နိုင်ငံရေး သမား ကြီးငယ်တို့ အနေနဲ့ ဒီလောက် အရေးကြီးတဲ့၊ ဒီလောက်တောင် တိုင်း ပြည် အနာဂတ်ကို ခြိမ်းချောက် နေပါတယ် ဆိုတဲ့ ရိုဟင်ဂျာ အကြောင်းကို သမိုင်း အထောက် အထား မှန်တွေ အပေါ် အခြေခံပြီး ဘာဖြစ်လို့ ကိုယ်တိုင် ကိုယ်ကျ ဓမ္မဒိဌာန် ကျကျ အလေး အနက်ထား မလေ့လာ ကြတာလဲ။ ဘာဖြစ်လို့ ဟိုလူပြော၊ ဒီလူ ပြောတာတွေ လောက်နဲ့သာ ကြေနပ် နေကြပြီး သံယောင်လိုက် ဖေါလုံးလုပ် နေကြ တာလဲ။ သူများ ပြောတိုင်း မယုံနဲ့လို့ ဗုဒ္ဓက ကာလမသုတ် မှာ ဟော ကြား ခဲ့ တာကို မေ့ထား လိုက်ကြ ပြီလား။

ရိုဟင်ဂျာ ဆိုတဲ့ တိုင်းရင်းသား တစ်မျိုး မြန်မာ သမိုင်းမှာ ရှိခဲ့တယ်။ သို့သော် ရိုဟင်ဂျာကို တိုင်းရင်းသား အဖြစ် ဘာကြောင့် လက်မခံ နိုင်ပါဘူးလို့ သတ္တိ ရှိရှိ ဗြောင်ပြောရဲ သူများ ရှိရင် လေးစား ပါတယ်။ ထိုသူ များသည် သမိုင်းမှန်ကို ကြည့်ရဲ သူများ၊ မိမိ လက်မခံ နိုင်သည်ကို လက်မခံ နိုင်ဘူးလို့ပြောရဲသူ များလည်း ဖြစ်ပါတယ်။ သမိုင်း မလိမ်တတ် သူများ လည်းဖြစ်တယ်။ ဒီလို ပွင့်ပွင့် လင်းလင်း သတ္တိ ရှိရှိ ပြောခြင်း အားဖြင့် တိုင်းရင်းသား ပေါင်းစုံ မြန်မာ ပြည်သူ လူထုကြီး သဘောကျ လက်ခံ နိုင်တဲ့၊ တိုင်းပြည်ရဲ့ အချုပ် အခြာ အာဏာနှင့် နိုင်ငံတော် လုံခြုံရေးကို အာမခံ နိုင်တဲ့ အဖြေ တစ်ရပ်ကို တိုင်းပြည် အကျိုး အတွက် ကျနော်တို့ စုပေါင်း ရှာဖွေ နိုင်မှာပါ။ အဲဒီ အဖြေမျိုးကို ကျနော်တို့ လက်ခံ သွားမှာ ဖြစ်ပါတယ်။

ဒါနဲ့ ရိုဟင်ဂျာ အကြောင်း၊ ရခိုင် အကြောင်း ကြီးကြီး ကျယ်ကျယ် ပြောဖို့ အရည်အချင်း (Qualify) ပြည့်မီ သူများ ဟုတ် မဟုတ် မိမိဖာသာ ဆန်းစစ် ချင်သူများ အတွက် ညာဏ်စမ်း မေးခွန်း (Quiz) တစ်ချို့ ကို မေးကြည့် ချင်ပါတယ်။ ကိုယ့်ဖာသာ ကို ဖြေကြည့်ဗျာ။

၁။ အင်္ဂလိပ်ပြန် အဝင် ဗိုလ်ချုပ် အောင်ဆန်းက တစ်နိုင် ငံလုံး လွတ်လပ်ရေး အတွက် ကြိုးစား နေချိန်မှာ တိုင်း ရင်းသား တစ်မျိုးရဲ့ ခေါင်းဆောင် အချို့က “အာရကန် နစ္စတန်” ဆိုပြီး သီးခြား နိုင်ငံ ခွဲထောင်ရေး လုပ်ပြီး ဗိုလ်ချုပ် အောင် ဆန်း နောက်ကျောကို ဓါးနဲ့ ထိုး ဖို့ ကြံ စည် ခဲ့တယ်။ အဲဒီ လူမျိုးက ရိုဟင်ဂျာလား။

၂။ ပထမ အင်္ဂလိပ်- မြန်မာ စစ်ပွဲ ဖြစ်အောင် အင်္ဂလိပ်ကို မြှောက်ထိုး ပင့်ကော် ဖိတ်ခေါ် ခဲ့တယ်။ (မခေါ် လည်း အင်္ဂလိပ်က ဝင်မှာ ဆိုတာက တကဏ္ဍ ဖြစ်ပါတယ်။) အင်္ဂလိပ် ဖက်က စစ်တပ် ဖွဲ့ပြီးတောင် ဝင် တိုက် ပေးခဲ့တယ်။ မြန်မာပြည်ကို အင်္ဂလိပ် စကျွန်ပြု ကတည်းကနေ လွတ်လပ်ရေး ရသည် အထိ အင်္ဂ လိပ် အလိုတော်ရိ တွေလုပ်ပြီး မြန်မာ တိုင်းရင်းသားတွေ အားလုံးကို ဖိနှိပ် ခဲ့တဲ့ လူမျိုး တစ်မျိုး ရဲ့ ခေါင်းဆောင် တွေ အများကြီး ရှိခဲ့တယ်။ အဲဒီ လူမျိုးက ရိုဟင်ဂျာလား။

၃။ အင်္ဂလိပ်က တိုက်ပြီး စုစည်း ပေးလိုက်တဲ့အတွက် မြန်မာပြည်၊ အိန္ဒိယ (ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ စုပေါင်း) ပြည်ဆိုပြီး နိုင်ငံတော် ကြီး ဖြစ်ခဲ့ရတယ် ဆိုတာ သိသလား။ အင်္ဂလိပ် မသိမ်းခင်က အခုလို တစ်စု တစ်ပေါင်း တည်း နိုင်ငံကြီး မဖြစ်ခဲ့ သေးဘူး ဆိုတာကို သိသလား။

၎။ တိုင်းရင်းသား တွေက ပင်လုံ စာချုပ်မှာ လက်မှတ် မထိုးခဲ့ရင် မြန်မာ ပြည်မှာ ချင်း၊ ကချင်၊ ရှမ်း၊ က ယား ပြည်နယ်တွေ မပါတော့ဘူး ဆိုတာ သိသလား။

၅။ လွတ်လပ်ရေး ရပြီးတဲ့ အခါမှာ တရုပ်၊ ထိုင်း၊ အိန္ဒိယဆိုပြီး နယ်စပ်တွေကို အသိအမှတ် ပြုတဲ့ အခါမှာ မိမိ နယ်နိမိတ် အတွင်း နေထိုင်သူ တွေကို သက်ဆိုင်ရာ နိုင်ငံတွေက နိုင်ငံသား အဖြစ် သတ် မှတ် ပေး ရတယ် ဆိုတဲ့ နိုင်ငံ တကာ ကျင့်ဝတ်ကို သိသလား။

၆။ နယ်နိမိတ် ခွဲတဲ့ အခါမှာ ရခိုင် တွေကို စိုးရိမ်တဲ့ အတွက် ပါကစ္စတန် နိုင်ငံ ထဲမှာ ပါဝင် လိုကြောင်း ရိုဟင်ဂျာ ခေါင်းဆောင် အချို့က ပါကစ္စတန် ခေါင်းဆောင် မိုဟာမက် အလီဂျင်းနားကို တောင်းဆိုတယ်။ မိုဟာမက် အလီဂျင်းနားက ဒီလို လုပ်လို့ မရဘူးဆိုပြီး ဗိုလ်ချုပ် အောင်ဆန်းကို ပြောပြတယ်။ ဗိုလ် ချုပ် အောင် ဆန်းက မိုဟာမက် အလီဂျင်းနားကို ရိုဟင်ဂျာတွေ အတွက် တန်းတူ အခွင့်အရေး ရကြမယ် လို့ အာမခံ ပြောကြား ခဲ့တယ်။ ရိုဟင်ဂျာ တွေကိုလည်း ခင်ဗျား တို့တွေရဲ့ နိုင်ငံသား အခွင့် အရေး (အဲဒီတုန်းက တိုင်းရင်းသား အခွင့် အရေး ဆိုပြီး နိုင်ငံသား အခွင့် အရေးနှင့် ခွဲပြော တာမျိုး မရှိဘူး။ နိုင်ငံသား အားလုံး တန်းတူ ဖြစ်တယ်။) အပြည့် အဝ ရကြမယ်လို့ ပြောကြား ခဲ့တယ် ဆိုတာကို သိသလား။

၇။ ဟိုတုန်းက ရိုဟင်ဂျာ တွေက သူတို့ကို သူတို့ ရခိုင် မွတ်စလင်လို့ ခေါ်ကြတယ်။ ရခိုင် အ စွန်းရောက် တွေ က ရခိုင်မှန်ရင် ဝက်သား စားရမယ်။ ဗုဒ္ဓဘာသာ ဖြစ်ရမယ် ဆိုပြီး ငြင်းပယ် ခဲ့လို့ ရိုဟင် ဂျာ ဆိုတဲ့ ရှေးဟောင်း နာမည်ကို စွဲကိုင် ခဲ့ရတယ် ဆိုတာ သိသလားး။

၈။ ဦးနု လက်ထက်မှာ ရခိုင်ပြည်နယ် တောင်းတော့ ကျောက်ဖြူ၊ သံတွဲက ရခိုင် ခေါင်းဆောင် တွေက ရခိုင် ပြည်နယ် ဖြစ်ရင် စစ်တွေက ရခိုင်တွေ ခေါင်းဆောင်တဲ့ ရခိုင် ပြည်နယ် အောက်မှာ မနေ လိုဘူး။ ပုသိမ် ခရိုင်နဲ့ တွဲနေချင် ပါတယ်လို့ တောင်းဆို ခဲ့တာကို သိလား။ ဘာကြောင့် အဲဒီလို တောင်းဆို ရသလဲ သိလား။ ရခိုင် ပြည်နယ် တောင်းဆို မှုကို ရခိုင် အများစုက လက်မခံ ခဲ့ကြဘူး ဆိုတာ သိလား။ ဘာကြောင့် ရခိုင် ပြည်သူ အများစုက လက်မခံ ခဲ့ရတာလဲ သိလား။ ဘာကြောင့် ရခိုင် ပြည်နယ် ဖြစ်သွား သလဲ သိလား။

၉။ ရခိုင်က ရခိုင်ကိုတောင် မယုံတဲ့ သမိုင်း ဖြစ်စဉ်မှာ ရခိုင် ပြည်နယ် ဖြစ်သွားရင် ငါတို့ ရိုဟင်ဂျာတွေ အ ဖိနှိပ်ခံ ရတော့မယ် ဆိုပြီး ခွဲထွက်ရေး ဆန်ဆန် လှုပ်ရှားမှုတွေ ဖြစ်ခဲ့ရ တယ်ဆိုတာ သိသ လား။ နောက် ဆုံး ရခိုင် ပြည်နယ် အောက်မှာ မထားဘဲ ပြည်မက တိုက်ရိုက် အုပ်ချုပ် ရတဲ့ မေယု ခရိုင် ပေးပါမယ်။ ရိုဟင်ဂျာ ဆိုပြီး တိုင်းရင်းသား အဖြစ် သီးခြား အသိအမှတ် ပြုပေး ပါမယ်လို့ ဖြစ်ခဲ့ ရတာ ကိုကော သိကြ သလား။

၁၀။ မြန်မာ ပြည်မှာ ရှမ်း၊ ကချင်၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်၊ ချင်းဆိုတဲ့ အဓိက တိုင်းရင်းသား (၇) မျိုးလုံးနဲ့ တိုင်းရင်းသား ငယ် အများ အပြားဟာ ခွဲထွက်ရေး အတွက် တိုက်ပွဲ ဝင်ဖူးခဲ့ ကြတယ် ဆိုတာ သိသလား။

(ဒါက အခုစာရေး နေရင်း စိတ်ထဲ ပေါ်လာတာကို ရေးချ လိုက်ခြင်း ဖြစ်ပါတယ်။ အကြံပြု ချက်များ ရရင် ဖြစ် ဖြစ်၊ ကျနော် နောက်ထပ် သတိ ရရင် ဖြစ်ဖြစ် ထပ်ဖြည့်စွက် ပေးသွားမယ်။)

မည်သို့ပင် ဖြစ်စေကာမူ၊ ရိုဟင်ဂျာ ဆိုတာ မြန်မာ့ သမိုင်းမှာ ဘယ်တုန်း ကမှ မရှိခဲ့ပါဘူး။ ကြားလည်း မကြားဖူး ပါဘူး ဆိုရင် ကိုယ်ဗဟုသုတ နည်းတာ၊ စာမဖတ်တာ၊ သမိုင်း အတာကို လူသိအောင် လုပ်နေ သလိုပါဘဲ။ ရှက်စရာပါ။ ဒီလို လူများကို ကိုဗလကြီးက ကူညီနိုင် ပါသတဲ့။

======================================================

ကျုပ်လေ့လာမိတဲ့ ရိုဟင်ဂျာလူမျိုးနဲ့ မြန်မာနိုင်ငံ

by ကို ဗလကြီး on Thursday, May 17, 2012 at 9:59am

ရိုဟင်ဂျာဆိုတာ မနေ့ကမှဘွားကနဲ ပေါ်လာသလို ပြောနေသူ တွေရှိသလို၊ ရိုဟင်ဂျာ အကြောင်း သေသေ ချာ ချာ အစုံအလင် သိနေသူ များလည်း ဒုနဲ့ဒေးပါ။ အဲဒီတော့ စာဖတ်နေတဲ့ ခင်ဗျား လက်ခံသည် ဖြစ်စေ၊ လက်မခံသည် ဖြစ်စေ၊ ရိုဟင်ဂျာ တို့ရဲ့ ဘ၀ ထူးခြား လာမှာ မဟုတ် တာတော့ သေချာတယ်။ အစိုးရက လွှတ်တော်မှာ ဘယ်လို ငြင်းငြင်း၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ဖိအားကို လွန်ဆန် ဖို့ဆို မဖြစ် နိုင်တာရယ် ….တချိန်တုန်းက မြန်မာ နိုင်ငံမှာ တရားဝင် လူမျိုးစု အဖြစ် ရပ်တည် ခဲ့တဲ့ သမိုင်းကြောင်း ကြောင့် …. နောက်ဆုံးတော့ အော်ငြင်းနေတဲ့ ပါးစပ် တွေညောင်း၊ လက်တွေနာ၊ ဒါတွေပဲ အဖတ်တင် မယ်ဆိုတာ မြင်ယောင်မိ ပါ၏။

(၁) ၁၉၅၄ ခုနှစ် စက်တင်ဘာလ (၂၅) ရက်နေ့ ည ၈ နာရီအချိန် - နိုင်ငံတော် ၀န်ကြီးချုပ် ဦးနု၏ အသံလွှင့် မိန့်ခွန်းတွင် မောင်းတောနှင့် ဘူးသီးတောင် မြို့နယ် များတွင် နေထိုင်လျက် ရှိသော ပြည်ထောင် စု သားများ သည် များသော အားဖြင့် ရိုဟင်ဂျာ အမျိုးသား ဖြစ်ကြသည် ပြောကြား ခဲ့သည်။

(၂) နိုင်ငံတော် ၀န်ကြီးချုပ်နှင့် ကာကွယ်ရေး ၀န်ကြီး ဦးဗဆွေမှ ၁၉၅၉ ခုနှစ် နိုဝင်ဘာလ (၃) ရက်နှင့် (၄) ရက်နေ့ များတွင် ဘူးသီးတောင်နှင့် မောင်းတောမြို့ လူထု အစည်း အဝေး များတွင် ရိုဟင်ဂျာ များသည် ကချင်၊ ကရင်၊ ကယား၊ ရှမ်း၊ မွန်၊ ရခိုင်၊ ချင်း တိုင်းရင်းသား ကဲ့သို့ တိုင်းရင်းသား လူမျိုးစု တခု ဖြစ်ကြောင်း မိန့်ခွန်းတွင် ထည့်သွင်း ပြောကြား ခဲ့သည်။

(၃) နိုင်ငံတော် ၀န်ကြီးချုပ်ရုံး လက်အောက် နယ်ခြား ဒေသ အုပ်ချုပ်ရေးရုံး ကြေငြာချက် (ရက်စွဲ - ၂၀.၁၁.၆၁) တွင် မေယုဒေသ အတွင်း နေထိုင်ကြသူ များသည် တိုင်းရင်းသား ရိုဟင်ဂျာ လူမျိုး များ ဖြစ်ကြောင်း ပါရှိသည်။ (မေယုဒေသ = ယခု မောင်းတောခရိုင်) 

(၄) ၁၉၆၁ မေလ (၁၅) ရက်နေ့မှစ၍ ၁၉၆၅ မတ်လအထိ မြန်မာ့အသံ တိုင်းရင်းသား လူမျိုးများ ဘာသာ စကား အစီအစဉ်တွင် တပတ်လျှင် (၁၀) မိနစ်ကျစီ (၃) ကြိမ်၊ ညနေ ၅း၃၀ နာရီတွင် ရိုဟင်ဂျာ ဘာသာ စကားဖြင့် အသံလွှင့် ပေးခဲ့ ပါသည်။ (နှစ်သုံးဆယ် မြန်မာ့အသံ - ဦးကျော်ငြိမ်း မာတလိ)

(၅) စာပေဗိမာန် ထုတ် မြန်မာ့ စွယ်စုံကျမ်း၊ အတွဲ (၉) စာမျက်နှာ (၈၉-၉၀) မှာ ၁၉၆၄ ခုနှစ်တွင် ရခိုင် တိုင်း မြောက်ပိုင်း မေယု ခရိုင်တွင် လူဦးရေ (၅၀၀၀၀၀) ငါးသိန်းခန့် ရှိပြီး ၇၅% သည် ရိုဟင်ဂျာ လူမျိုးများ ဖြစ်သည် ဟူ၍ အကျယ် တ၀န့် ရေးသား ဖော်ပြ ထားသည်။

(၆) ကာကွယ်ရေး ဌာနမှ ထုတ်ဝေသော တပ်မတော် ခေတ်ရေး စာစောင် အတွဲ (၁၂) အမှတ် (၆) (၁၈.၇.၆၁)နှင့် (၈.၈.၆၁) နေ့ထုတ် အတွဲ (၁၂) အမှတ် (၉) တို့တွင် မေယုခရိုင်၊ မောင်းတော၊ ဘူး သီးတောင်၊ ရသေ့တောင် အနောက်မြောက် မြို့နယ် များတွင် အများစု အားဖြင့် ရိုဟင်ဂျာ လူမျိုး များ နေထိုင် ကြပြီး၊ လူနည်းစုမှာ ရခိုင်၊ ဒိုင်းနက်၊ မြို၊ ခမီစသော လူနည်းစု များစွာ ပါဝင် နေထိုင်သည့် ခရိုင် ဒေသ တခု ဖြစ်ပါသည် ဟူ၍ ဖော်ပြပါ ရှိပါသည်။

(၇) ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်မှူးချုပ် အောင်ကြီး၏ (၈.၇.၆၁) ပြောကြားသော မိန့်ခွန်းတွင် “ကျွန်ုပ်တို့ ဒီခရိုင်မှာ နေထိုင်တဲ့ လူတွေကို ရိုဟင်ဂျာလို့ ခေါ်ပါတယ်။ မေယု ခရိုင်၏ အနောက် ဘက်တွင် ပါကစ္စတန် (ယခု ဘင်္ဂလားဒေ့ရှ်) ရှိပြီး မွတ်ဆလင်များ နေကြပါတယ်။ အနောက် ဘက်မှာ နေသူများကို ပါကစ္စတန် ဟုခေါ်ပြီး၊ မြန်မာပြည်မှာ ရှိသူ များကို ရိုဟင်ဂျာလို့ ခေါ်တယ်။ မြန်မာ၊ ပါကစ္စတန် နယ်စပ် တခုတည်း မှာသာ လူမျိုး တမျိုး တိုင်းပြည် ခြား၍ နေကြသည် မဟုတ်၊ တရုတ်နှင့် ဆက်စပ် နေသော နယ်စပ် တွင်လည်း ဤသို့ လူမျိုးချင်း ဆက်စပ် နေကြသည်။ ဥပမာ - ကချင်မှာ လီဆူး၊ အီကော၊ လ၀ စသည့် လူမျိုးများ ရှိသလို တရုတ် ပြည်တွင်လည်း ၄င်းလူမျိုးများ ရှိသည်။ ထိုနည်း တူ မြန်မာပြည် တွင်းရှိ ရှမ်းလူမျိုးများ ရှိသလို တရုတ်ပြည် တွင်လည်း တိုင် ဆိုသော ရှမ်းလူမျိုး များရှိကြ ပါသည်။ မြန်မာ ပြည်တွင် မွန်၊ ကရင်၊ မလေး ရှိသလို ယိုးဒယား ဘက်တွင်လည်း ထိုလူမျိုးများ ရှိကြ ပါသည်။ အိန္ဒိယ-မြန်မာ နယ်စပ် တွင်လည်း ချင်း၊ လီရှော၊ နာဂ လူမျိုးများ မြန်မာ နိုင်ငံ ထဲမှာ ရှိသကဲ့သို့ အိန္ဒိယ နိုင်ငံမှာ လည်းရှိ ကြသည်။ အဲဒီတော့ ဒီနေ့ ဒီအချိန် ကစပြီး ကျွန်တော် ပွင့်ပွင့် လင်း လင်း ပြောချင်တယ်။ မေယု ခရိုင်ကို ပြည်ထောင်စု ထဲမှာ ရှိတဲ့ လူနည်းစု တစုလို့ သဘော ထားမယ်။ အဲ ဒီတော့ အရင် တုန်းက ကျွန်တော် တို့မှားခဲ့တာ တွေရှိရင် ခင်ဗျားတို့ အားလုံး မေ့ကြ၊ ဒီအချိန် ကစပြီး ခင်ဗျားတို့ မေယုခရိုင်က လူတွေဟာ တို့ဗမာ ပြည်ထောင်စုသား၊ တို့ဗမာ ပြည်ထောင်စု ထဲက လူမျိုးစု တစုလို့ သဘော ထားကြပါ။” စသည်ဖြင့် အကျယ်တ၀န့် ပြောခဲ့သည်။

(၈) ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာ နိုင်ငံတော်၊ ပညာရေး ၀န်ကြီး ဌာနမှ ၁၉၇၈ ခုနှစ် ထုတ် မြန် မာ နိုင်ငံ အထက်တန်း ပထ၀ီဝင် ဖတ်စာအုပ်၊ စာမျက်နှာ (၈၆) တွင် တိုင်းရင်းသား လူမျိုး များ ပြန့် နှံ့ နေထိုင် ကြပုံ ပြရာမှာ ရခိုင် မြောက်ပိုင်း ဒေသကို ရိုဟင်ဂျာများ နေထိုင်ရာ ဒေသ အဖြစ် ပြသ ထား ပါသည်။

(၉) ရန်ကုန် တက္ကသိုလ်တွင် ရိုဟင်ဂျာ ကျောင်းသား၊ ကျောင်းသူ အသင်း အဖွဲ့လည်း ထူထောင် ခွင့် လျှောက်ထား ခဲ့ရာ ၃.၁၂.၅၉ ရက်စွဲပါ မှတ်ပုံတင်အမှတ် ၁၁၂/၅၉ ဖြင့် “This is to certify that Rangoon University Rohingya Student Association is one of the Registered Associations of the University of Rangoon for the academic year 1959-1960” ဟူ၍ မှတ်ပုံတင်ခွင့် ရရှိခဲ့ သည်။

(၁၀) ၁၉၆၀ ပြည့်နှစ်တွင် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ရိုဟင်ဂျာ ရိုးရာ ယဉ်ကျေးမှု ပြပွဲကို သိမ်ဖြူ အားကစား ပြိုင်ဝင်း အတွင်း ကျင်းပ ပေးခဲ့ရာ ရိုဟင်ဂျာ ယဉ်ကျေးမှု ပြပွဲ တခု ဖြစ်သော ကျင်ပွဲ ကို ပြသခွင့် ရရှိ ခဲ့ပါသည်။

(၁၁) မြန်မာ အသံ (၂၅) နှစ်မြောက် ငွေရတု သဘင် အဖြစ် ၁၉၇၁ ဖေဖော်ဝါရီလ တွင် သောတရှင် မဂ္ဂဇင်းကို ထုတ်ဝေ ခဲ့ရာ စာမျက်နှာ (၅၅) တွင် ၁၉၅၇ ခုနှစ်မှစ၍ တိုင်းရင်းသား ဘာသာ စကား အဖြစ် စတင် အသံလွှင့်ခွင့် ပြုသည့် ရက်စွဲ များကို ဖော်ပြ ရာတွင် ၁၉၅၇ တွင် ရှမ်းနှင့် ကချင် ဘာသာ၊ ၁၉၄၉ တွင် စကော ကရင်နှင့် ပိုးကရင် ဘာသာ၊ ၁၉၅၉ ခုနှစ်တွင် ချင်းဘာသာ၊ ၁၉၆၁တွင် မွန်၊ ပအို့၊ လားဟူ၊ ရိုဟင်ဂျာနှင့် ကယား ဘာသာတို့ အသံလွှင့် ခဲ့ကြောင်း ဖော်ပြ ထားသည်။ မွန်၊ ပအို့၊ လားဟူ၊ ရိုဟင်ဂျာ ဘာသာ တို့ဖြင့် အသံ လွှင့်ခွင့်ကို ၁၅.၅.၆၁ နေ့မှစ၍ ခွင့်ပြု ခဲ့ပြီး ၁.၁၀.၆၅ နေ့တွင် ရပ်ဆိုင်း ခဲ့သည်။

(၁၂) ၁၉၆၀ ခုနှစ် ပြည်ထောင်စုနေ့ တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု ပြပွဲကို အောင်ဆန်း အားကစား ကွင်းတွင် နိုင်ငံတော်မှ ကျင်းပ ခဲ့ရာ ရိုဟင်ဂျာ ရိုးရာ ကျင်ပွဲ ခေါင်းစဉ်ဖြင့် တခမ်း တနား ကျင်းပ ခွင့်ပြု ခဲ့သည်။

(၁၃) ၂၀.၁၁.၆၀ နေ့ထုတ် မြန်မာ့ အလင်း သတင်းစာတွင် နယ်ခြား ဒေသ အုပ်ချုပ်ရေးရုံးမှ နယ်ခြား ဒေ သ အုပ်ချုပ်ရေး အရာရှိ ရခိုင် တိုင်းမင်းကြီးနှင့် အဖွဲ့ဝင်များ မေယု နယ်ခြား ခရိုင်သို့ ရောက်ရှိ ခဲ့ကြရာ ရိုဟင်ဂျာ များမှ လှိုက်လှဲစွာ ကြိုဆို ကြကြောင်း၊ သူရ သတ္တိ ရှိသူများ ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ကို မြတ်နိုး လိုလားပြီး သစ္စာ ရှိသော စိတ်ဝင် စားဖွယ် ပြည်ထောင်စု၏ လူမျိုး တမျိုး ဖြစ်ကြောင်း ဖော်ပြခဲ့သည့် အပြင် မြန်မာ့ အသံ (ရေဒီယို အစီအစဉ်) မှလည်း ထိုအကြောင်း အရာကို ထုတ် လွှင့် ခဲ့သည်။

(၁၄) ၁၈.၇.၆၁ ရက်နေ့ထုတ် တပ်မတော် ခေတ်ရေး စာစောင် အတွဲ (၁၂) အမှတ် (၆) စာစောင်တွင် “မေယုနယ် မှလေ ဘယ်လို အခြေရှိ ပါလိမ့်” ခေါင်းစဉ်ဖြင့် ရေးသား ခဲ့သည်။ ထိုဒေသ၏ လူအများစု သည် ရိုဟင်ဂျာ ဖြစ်ကြောင်း ရေးသား ခဲ့သော ဆောင်းပါး ဖြစ်သည်။

(၁၅) ကာကွယ်ရေး ၀န်ကြီး ဌာန၊ ပညာရေးနှင့် စိတ်ဓါတ် ရေးရာ ညွှန်ကြား ရေးမှူးရုံး ၁၉၆၁ ခုနှစ်တွင် ထုတ်ဝေ ခဲ့သော တပ်မတော် ခေတ်ရေး စာစောင် (၂) စောင်အနက် ၈.၈.၆၁ နေ့ထုတ် အတွဲ (၁၂) အမှတ် (၉) တွင် “ပျောက်ဆုံး နေသော ညီအစ်ကို တစ်ဦးကို ရှာတွေ့သည့် ပမာနှယ်” ခေါင်းစဉ်ဖြင့် ဘူးသီးတောင်၊ မောင်းတောတွင် ရိုဟင်ဂျာ လူမျိုး ၉၇% ရှိကြောင်း ရေးသား ခဲ့သည်။

ဌေးလွင်ဦး
RB News
22.5.2013

မြန်မာ နိုင်ငံ အတွင်းမှာ အစ္စလာမ် သာသနာ ၀င်တွေကို တစ်ဘက်သတ် ခွဲခြားမှု၊ စိတ်ဓါတ်ပိုင်း ဆိုင်ရာ ခြိမ်းခြောက် မှုနဲ့ မွတ်ဆလင် လူမျိုးတုံး သတ်ဖြတ် မှုတို့ အပေါ် အကွက် ကျကျ စီစဉ် ခဲ့ခြင်းကို ဆက်လက် မပြု လုပ်ဘို့ ကျုပ်တို့ အနေနဲ့ အထက်လမ်း၊ အောက်လမ်း မျိုးစုံနဲ့ အကြိမ်ကြိမ် မေတ္တာ ရပ်ခံခဲ့တယ်။ မေတ္တာ ရပ်ခံမှု များကို အလေး မထား၊ ပမာမခန့် ပြုမှု များကြောင့်- သတိပေးမှု အဆင့်တွေနဲ့ တားမြစ်ခဲ့တယ်။ 

တစ်ပြိုင် နက်ထဲမှာ တရားခံ လက်သည် စင်စစ် များဟာ ဘယ်သူများ ဖြစ်သလဲ အနုစိပ် လေ့လာ ခဲ့တယ်။ အဖြစ် အပျက် တစ်ခု အတွက် အမုန်း တရားကို အခြေခံပြီး ဆုံးဖြတ် မိမှာ စိုးလို့- ကျုပ်တို့ ဘက်က နည်းမျိုးစုံနဲ့ ဆင်ခြင် ခဲ့တယ်။ ဒါပေမယ့် ဦးသိန်းစိန်နဲ့ အပေါင်းပါ တစ်စုဟာ နိုင်ငံတော်ရဲ့ အမြင့်ဆုံး ရာထူးကို ယူထားပြီး အစ္စလာမ် မုန်းတီးရေးနဲ့ မွတ်ဆလင် မျိုးတုံး သုတ်သင်ရေးကို ဒီနေ့ထိ ဇွဲမလျှော့ဘဲ လုပ်ဆောင် နေဆဲပါ။ 

မြန်မာ နိုင်ငံ ထဲက အခြေ အနေ တွေကို ကျုပ်တို့ ဘက်က သုံးသပ် မှုမှာ- (၁) သမ္မတ နေရာကို ယူထားတဲ့ ဦးသိန်း စိန်နဲ့ သူ့အစိုးရ အုပ်စု၊ (၂) လွှတ်တော်နဲ့ လွှတ်တော် ကိုယ်စား လှယ်များ အုပ်စု (၃) အတိုက် အခံ အင်အား စုများ အုပ်စု (၄) အာဏာရှင် ဟောင်း စစ်ဗိုလ်ပြုတ်များ အုပ်စု ဆိုပြီး အပိုင်း လေးပိုင်းကို သုံးသပ် မိတယ်။ ဒီအုပ်စု သုံးစု ထဲမှာ မွတ်ဆလင် လူမျိုးတုံး သတ်မှုကို ကျင့် သုံးတဲ့ အုပ်စုက သမ္မတ ဦးဆောင်တဲ့ သူ့အစိုးရ အုပ်စုကို တွေ့ရ ပါတယ်။ 

လွှတ်တော်ဟာ ဦးသိန်းစိန်နဲ့ ပါတီတူ ကြံ့ခိုင်ရေး ပါတီက အမတ်နေရာ အများစုကို ရယူထားလို့- လွှတ်တော် ကိုပါ ဦးသိန်းစိန်ရဲ့ အစိုးရ အုပ်စု ထဲမှာ ထည့်တွက် နိုင်ခြင်း မရှိပါ။ ဒီအတွက် ပါတီ များကို ပြန်လည် သုံးသပ် ရဘို့ လိုပြန် ပါတယ်။ လောလောဆယ် အင်အား အကြီးဆုံး ပါတီများ အနက် ကြံ့ခိုင်ရေး ပါတီနဲ့ NLD ပါတီကို တွက် ကြည့်ရင်- ပါတီ ၂ ခုလုံးမှာ တိုင်းပြည်ကို တိုးတက် စေလို သူများ၊ လူမျိုး ဘာသာ မခွဲခြားဘဲ စည်းလုံး ညီညွတ်စွာ တည်ဆောက် လိုသူများ စတဲ့ လူကောင်းများ ရှိသလို-၊ မွတ်ဆလင် များကို တစ်ဘက်သတ် မုန်းတီးဆန့်ကျင် နေသူ များလည်း ရှိနေ ပါတယ်။ ဒါကြောင့် မွတ်ဆလင် လူမျိုးတုံး သုတ်သင် သတ်ဖြတ်တဲ့ အမှုမှာ ကြံ့ခိုင်ရေး ပါတီ က လုပ်ဆောင် တာလို့ မှတ်ချက် ချဘို့ မဖြစ်နိုင်ပါ။ 

သမ္မတ နေရာကို ယူထားသူ ဦးသိန်းစိန် ကိုယ်တိုင်က ပါးစပ်က ချိုချိုပြောဆို လိမ်ညာပြီး- မွတ်ဆလင် များကို အကြီး အကျယ် မုန်းတီး အထင်သေး နေသူ တစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့ စိတ်ကူး ယဉ်ချက် ဖြစ်တဲ့ မွတ်ဆလင်များ ကို တိုင်းပြည်က နှင်ထုတ် ပစ်ဘို့ စီမံချက်ကို သူ့အနေနဲ့ ဒီနေ့ထိ လက်မလျှော့ဘဲ ဆက်လက် ကြံစည် နေတာကို လည်း အတိအကျ အထောက် အထား များနဲ့ တွေ့ရ ပါတယ်။ သူ့အနီးရှိ သမ္မတရုံး အဖွဲ့ဝင် အုပ်စု များကိုလည်း ဒီ အတိုင်းပဲ ညွှန်ကြား ထားပါတယ်။ (သူ့အနီးကပ် သမ္မတရုံးမှ အကြီးတန်း အရာရှိ တစ်ဦးရဲ့ ပါးစပ်က ထွက်လာ ခဲ့တာပါ။) 

ဒါကြောင့် သမ္မတဆိုသူ ဦးသိန်းစိန် ပြောနေတဲ့ ဘာပြုပြင် ပြောင်းလဲ ရေးကိုမှ ကျုပ်တို့ ဂရုစိုက် နေတော့မှာ မဟုတ်ဘဲ၊ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ အုပ်စုနဲ့ ကျုပ်တို့ ကြားမှာ ရန်ငါ ပြတ် သွားခဲ့ ပါပြီ။ ဦးသိန်းစိန်နဲ့ အုပ်စု ကို ဒီနေ့ကစ- စတင် ပုံစံပေးရ ပါတော့မယ်။ ပုံစံပေးမှု ပြစ်ဒဏ် ခတ်မှု အကြီးစားတွေ ရောက်မလာမှီ-၊ 

(၁) မိတ္ထီလာ၊ ဥက္ကံ၊ စစ်တွေ၊ ကျောက်ဖြူ စတဲ့ မြန်မာ တစ်ပြည်လုံးက ဒုက္ခသည် တွေကို ချက်ချင်း (၁ လ အတွင်း) အိုးအိမ်များ ပြန်လည် တည်ဆောက် ပေးရမယ်။ 
(၂) မွတ်ဆလင် တွေကို သူတို့ မလိုလားတဲ့ အမည် နာမနဲ့ ခေါ်ဆို သူများ၊ ခွဲခြား သူများကို ချက်ချင်း အရေး ယူပေးရမယ်။ 
(၃) တစ်ဘက်သတ် ထုတ်ပြန် ခဲ့သမျှ ကော်မရှင် ပြန်တမ်း များကို ချက်ချင်း ပြန်လည် ရုပ်သိမ်း ပေးရမယ်။ 
(၄) တစ်တိုင်း ပြည်လုံးမှာ ရှိနေတဲ့ မွတ်ဆလင် တွေကို သူတို့ လိုချင်တဲ့ အမည် နာမနဲ့ နိုင်ငံသား၊ တိုင်း ရင်းသား အဖြစ် ချက်ချင်း အသိအမှတ် ပြုပေးရမယ်။ (ဦးသိန်းစိန်ရဲ့ လက်သုံး ဘင်္ဂလီ- ဆိုတာနဲ့ ဘင်္ဂလီ ဇတ်သွင်းဘို့ ဆက်မကြိုးစား နဲ့တော့- ဦးသိန်းစိန်၊ အဲ့ဒီ ဘင်္ဂလီ ဘွဲ့ကို ဦးသိန်းစိန် ကိုယ်တိုင်ပဲ ပြန်ယူ လိုက်ပါ။) 

နောက်ဆုံး အနေနဲ့ ကျုပ်တို့ရဲ့ တောင်းဆို မှုများကို Confrontation မလုပ်မိ ပါစေနဲ့လို့ ထပ်မံပြော လိုပါတယ်။ ငါ အာဏာ ရှိတယ်၊ ငါတို့က အချုပ် အခြာကို ပိုင်တယ် ဆိုတဲ့ မာနနဲ့ Confrontation လုပ်မိရင်-၊ နှစ်ဘက်လုံး အထိနာမှာ သေချာ ပေမယ့်-၊ တစ်တိုင်း ပြည်လုံး စုတ်ပြတ် သွားပြီး- နောက်ဆုံး အောင်ပွဲက ကျုပ်တို့ လက်ထဲ မှာပါ။ (အပြစ်မဲ့တဲ့ ပြည်သူ လူထုများ အပြစ်ဘေးမှ လွတ်ကင်း ကြပါစေ၊ အသက်ဘေးမှ လွတ်ကင်း ကြပါစေ၊) 


ဌေးလွင်ဦး 
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ 
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့ 
အမေရိကန် ပြည်ထောင်စု

ဌေးလွင်ဦး
RB News
18.5.2013

မြန်မာ နိုင်ငံ အတွင်း ၂၀၁၂ မှစ အခု အချိန်ထိ ဖြစ်ပျက် နေသည့် လူမျိုးတုံး သတ်ဖြတ် မှုများ အတွက် အဓိက သော့ချက် တရားခံ ဇစ်မြစ်ကို အတိ အကျ ဖေါ်ပြ နိုင်စွမ်း မရှိသေးပါ။ ဗိုလ်ပြုတ် ခင်ညွန့်လား၊ ဦးအောင်သောင်း လား၊ ဒါမှ မဟုတ် ကာချုပ် ဦးသန်းရွှေလား- တိကျတဲ့ အဖြေလူထု ရှေ့ကို ကျမ လာ သေး ပါ။ ခန့်မှန်းသူ ထင်ကြေး ပေးသူ များက သူတစ်မျိုး ငါတစ်ဖုံ ရှိနေသော် လည်း၊ နှစ်လုံးထီ တွက် သ ကဲ့သို့ တွက်ချက်လျှက် ဖြစ်နိုင်ခြေ အရှိဆုံး ဆိုသည် များကိုသာ ပြောဆို နေတဲ့ ခန့်မှန်းချက် များ သာ ဖြစ် ပါသည်။ 

အတတ် နိုင်ဆုံး သတင်း များကို အခြေခံပြီး ခန့်မှန်း တွက်ချက်မှု များအား မှားယွင်း သည်ဟု မ ဆိုနိုင် သော် လည်း တစ်ကယ်တမ်း တာဝန် အရှိဆုံး ပုဂ္ဂိုလ်မှာ သမ္မတ နေရာကို ယူထားသည့် ဦးသိန်းစိန် ပင် ဖြစ်သည် ဆိုခြင်းကို ငြင်းနိုင်သူ မရှိပါ။ 

ဦးသိန်းစိန်နဲ့ ပတ်သက်၍ သူနှင့်အတူ တပ်မတော် ထဲတွင် တာဝန် ထမ်းဆောင် ဘူးသည်ဟု ဆိုသူ တစ်ဦး က ပြောပြရာတွင်- သူသည် ရခိုင် မင်းပြား ဇာတိ ဖြစ်၏၊ ၁၉၄၂ ခုနှစ် ရခိုင်နယ် မွတ်ဆလင် ဗုဒ္ဓ အရေး အခင်းပြီး တွင် သူတို့ မိသားစုမှာ ရခိုင်သားဟု ခံယူ ထားသူများ အများစု နေထိုင်ရာ ဧရာဝတီ တိုင်းရှိ ငပုတော ဘက် သို့ ပြောင်းရွှေ့ သွားခဲ့သည်ဟု ဆို၏။ ငယ်မည်မှာ သန်းစိန် ဖြစ်၍-၊ မိဘများမှ ရည် ရွယ် ချက်ဖြင့် သိန်းစိန်ဟု အမည် ပြောင်းလိုက် သည်ဟု ဖြစ်၏။ ထိုမှ ကျိုက်လတ် ဘက်သို့ ထပ်ဆင့် ပြောင်းရွှေ့ ခဲ့ပြီး- ဇာတိမှန်ကို ဖျောက်ဖျက် ခဲ့ သည် ဟု ထပ်မံ သိရ၏။- ဦးသိန်းစိန်၏ ရည်ရွယ် ချက်တွင် မော်ဒင် စွန်းမှစ၍- နတ်မြစ်ထိ ရခိုင် နိုင်ငံတော် ပြန်လည် ထူထောင် မည်ဟု ခံယူ ထားသည်ဟု ထိုရဲဘော် ဟောင်း မှ ဆို၏။ 

ထိုရဲဘော် ဟောင်း၏ ပြန်လည် ပြောပြချက် များသည် သူ့ဘက်မှ အခိုင်အမာ ပြောဆို သော်လည်း- မည်မျှ မှန်မည် မမှန် မည်ကို ကျွန်ုပ် မသိနိုင်ပါ။ မြန်မာ နိုင်ငံ ဧရိယာ တွင်းမှ လူသား တစ်ဦး ဖြစ်သည့် မည်သည့် တိုင်းရင်းသား နာမည် ခံသည် ဖြစ်စေ သမ္မတ လုပ်ခွင့် မရှိဟု ပြဌာန်း ထားခြင်း မရှိသည့် အတွက် ဦးသိန်း စိန်၏ လူမျိုးဇာတိ ကိုလည်း ကျွန်ုပ် စိတ်မ၀င်စားပါ။ အကယ်၍ ဦးသိန်းစိန်သည် ရခိုင်သား တစ်ဦး ဖြစ် ခဲ့မူက - တိုင်းရင်းသား တစ်ဦးအား နိုင်ငံတော်၏ အမြင့်ဆုံး ရာထူးအား ပေးအပ်သည့် အတွက် အလွန်ပင် ဂုဏ်ယူမိ ပါသည်။ သို့သော် ထို ပုဂ္ဂိုလ်၏ ပြောပြ ချက်တွင် မော်ဒင်စွန်းမှ နတ်မြစ်ထိ ရခိုင် နိုင်ငံတော် ပြည် လည် ထူထောင် မည်ဟု ခံယူချက် ရှိသည် ဆိုသည့် အချက်သည် စဉ်းစား စရာ ဖြစ်နေ ပေသည်။ အကယ် ၍များ ထိုစကား တစ်ခွန်း ဟုတ်ခဲ့လျှင် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ဆိုသည့် ခေါင်းစဉ် အောက်တွင် ဇီးရွက် လောက်သာ ရှိသော မြန်မာ နိုင်ငံသည် အစိတ် အမွှာမွှာ ကွဲသွား ရတော့ မည်မှာ သေချာသည်။ 

ထိုသို့ အဖြစ်ကို တိုင်းချစ် ပြည်ချစ် ခေါင်းဆောင် များက အဖြစ် ခံမည် မဟုတ် သည်မှာ သေချာသည်။ သို့သော် ကြိတ်၍ ကြံစည် နေသူ တို့၏ အကြံ အစည် တို့အား လျှော့တွက်၍ မရနိုင်ပေ။ ဦးသိန်းစိန် ၏ ပြုပြင် ပြောင်းလဲရေး နှင့်အတူ ရခိုင် နယ်တွင် ဘာသာ အရေး အဓိက ရုန်းကြီးကို ဖန်တီး လိုက်သည်။ ထို့နောက် ရခိုင် ဒေသမှ ရိုဟင်ဂျာ တို့အား နိုင်ငံ ခြားသား ကျူးကျော် သူများဟု စွပ်စွဲလျှက် တတိယ နိုင်ငံ တစ်ခုသို့ ခေါ်ထုတ် သွားရန် သမ္မတ တစ်ဦး ပါးစပ်မှ UN အား တရားဝင် ပြောဆို ခဲ့သည်။ ထိုစကားသည် ဆိုက်ကား သမား နှစ်ဦး လမ်းဘေးတွင် ကွမ်းယာ ၀ါးရင်း ပြောသော စကား မဟုတ်ပေ။ သမ္မတ တစ်ဦး၏ ပါးစပ်မှာ ပြောဆိုသော စကား ဖြစ်၍ ရည်ရွယ် ချက်ရှိရှိ ပြောဆိုကြောင်း ထင်ရှား နေသည်။ ထိုအတော အတွင်းတွင် ဘင်္ဂလီ မျိုးနွယ် အနောက်သား မျိုးချစ်မျက် ကန်းအုပ်စုကို နေပြည်တော် သို့ ခေါ်၍ ဦးသိန်းစိန် ကိုယ်တိုင် သူ၏ အကြံ အစည်အား လျှို့ဝှက် ပြောခဲ့သည်။ (သို့ သော် ထို ရခိုင် များက သမ္မတ၏ ပြောဆိုမှုအား အသံဖမ်း ထားပြီး- ယခုအခါ သမ္မတအား အကြပ်ကိုင် နေခြင်း ဖြစ်သည်။) 

ထိုအကြပ် ကိုင်မှုကြောင့်- 

(၁) ရခိုင်နယ် ရိုဟင်ဂျာ၊ ကမန် မျိုးတုံး သတ်မှုကြီးတွင် ရခိုင် ပါတီမှ ပါဝင် ပတ်သက်သည် ဟူသော သမ္မတ၏ သ၀ဏ်လွှာအား လွှတ်တော်သို့ တင်ပြီး ချိန်မှ သမ္မတ ကိုယ်တိုင် ပြန်လည် ရုပ်သိမ်း ပေးခဲ့ ရသည်။ 

(၂) ၁၉၈၂ ခု နိုင်ငံသား ဥပဒေ အား ဘင်္ဂလီ မျိုးနွယ် ရခိုင်များ၏ စာမျက်နှာ ၁၁ မျက်နှာပါ အတိုင်း သမ္မတ ရုံးမှ လိုက်၍ လုပ်ပေး နေရသည်။ 

(၃) ရခိုင် အရေး ကိစ္စ ကော်မရှင်မှ ထုတ်ပြန်စာသည် ထိုရခိုင် ပါတီ၏ သဘောထား အတိုင်းသာ ရေး သားပြော ဆိုရပေသည်။ 

(၄) ယခုအခါ ရခိုင် ခွဲထွက်ရေး ၀ါဒီ များက ရခိုင် လက်နှက်ကိုင် ခွဲထွက်ရေး တပ်အား ရခိုင် နယ်တွင် တရားဝင် ထား ရှိရန် လွှတ်တော်ထိ တင်ပြလာသည်။ တနည်း အားဖြင့် တရား မ၀င် ပြည်ပ သောင်း ကျန်း သူ အုပ်စုနှင့် ၎င်း တို့ ဆက်ဆံမှု ရှိကြောင်း ရဲရဲဝံ့ဝံ့ ဖွင့်ပြော လာသည် မျှမက ထိုလက်နက် ကိုင်တပ် ကို ပင် နယ်စပ် လုံခြုံရေးအား အကြောင်း ပြလျှက် ရခိုင် နယ်တွင် တရားဝင် ထားခွင့် တောင်းဆို လာခြင်း ပင် ဖြစ် သည်။ ထိုကိစ္စ ကိုလည်း သမ္မတ ကိုယ်တိုင် ခွင်ြ့ပု ပေရ တော့မည် ဖြစ်သည်။ 

ရခိုင် ပါတီနှင့် သူ၏ စပ်ကြား ပြောဆို ကတိ ပေးထားသည့် စကား တစ်ခွန်းကြောင့် သမ္မတ ဦးသိန်းစိန် သည် နိုင်ငံ တကာသို့ လှည့်ပတ် လိမ်နေ ရသည် သာမက၊ မိမိပါတီနှင့် မိမိပါတီမှ ဦးဆောင် ဖွဲ့စည်း ထား သည့် လွှတ်တော် ကိုလည်း နည်းမျိုးစုံနှင့် လိမ်ညာ နေရပေသည်။ 

ထိုမျှ အရေးကြီးသော စကားမှာ- ဦးသိန်းစိန်၏ ပါးစပ်မျှ ရခိုင် နိုင်ငံတော်ကို ကျွန်တော် ကိုယ်တိုင် ရအောင် ဖန်တီး ပေးမယ်- ဆိုတဲ့ စကားလား။ သို့မဟုတ် မွတ်ဆလင် တွေကို မျိုးတုံး သတ်ပစ်လိုက်- ဆိုတဲ့ အမိန့် များလား ထိုနှစ်ခု လုံးလား သိခွင့် မရသေးပါ။ 

အကယ်၍ ဦးသိန်းစိန်မှ ရခိုင် ပါတီ၏ ပြောဆိုချက် အတိုင်း မလုပ်လျှင် ထိုအသံဖမ်း အခွေအား လူသိ ရှင်ကြား ဖွင့်ချမည် ဟူသည့် ရခိုင် ပါတီ၏ ခြိမ်းခြောက်မှု အရ- ဦးသိန်းစိန်၏ ၀ှက်ဖဲအား ကိုင်ထားသူ များမှာ RNDP ပါတီ သာ ဖြစ်တော့သည်။ 

ထို့ကြောင့် မြန်မာ နိုင်ငံတွင် လက်ရှိ ဖြစ်ပျက် နေသော လူမျိုးတုံး သတ်မှု ကြီးအား ဖေါ်ထုတ် ရန်အတွက် ခရိုနီ များ၊ ဘာသာရေး အကျင့် ပျက်များ၊ ထောက်လှမ်းရေး လူထွက်များ၊ အနားယူ စစ်ဗိုလ်ချုပ်ကြီး များ၏ နောက်သို့ လိုက်မိ နေခြင်းမှာ ခရီးဝေး နေမည်သာ ဖြစ်ပြီး- အဓိက တရားခံ ဖြစ်သည့် ဦးသိန်း စိန်၏ နောက်သို့သာ လိုက်ရန် သင့်ပေသည်။ သူသည် လက်ရှိတွင် သမ္မတ တာဝန်ကို ယူထားသူ ဖြစ်၍- သူ့တွင် တာဝန် အရှိဆုံး လည်း ဖြစ် သည်။ သူ့ဝှက်ဖဲအား သူကိုယ်တိုင် လှန်ပြ ရမည်သာ ဖြစ်ပေသည်။ 


ဌေးလွင်ဦး 
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ 
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့ 
အမေရိကန် ပြည်ထောင်စု

နီလာမြင့် (ဒိန်းမတ်)
RB News
11.5.2013

အပြည်ပြည် ဆိုင်ရာ လူ့အခွင့် အရေး ကြေငြာ စာတမ်းအား လွန်လွန် ကြူးကြူး ချိုးဖောက် နေသော သိန်းစိန် အစိုးရ 

အပြည်ပြည် ဆိုင်ရာ လူ့အခွင့် အရေး ကြေငြာ စာတမ်း 

၁၉၄၈ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ကမ္ဘာ့ ကုလ သမဂ္ဂ အထွေထွေ ညီလာခံ ကြီးက လူ့အခွင့် အရေး ကြေငြာ စာတမ်းကို အတည်ပြု ပြဌာန်း လိုက်ရာ ထိုကြေငြာ စာတမ်း ကြီး၏ စာသား များ သည် နောက် စာမျက်နှာ များတွင် အပြည့် အစုံ ပါရသည်။ ဤကဲ့သို့ သမိုင်း တွင်မည့် ကြေငြာ ချက် ကို ပြု လုပ် ပြီးနောက် ဤ ညီလာခံ အစည်း အဝေး ကြီးက ကမ္ဘာ့ ကုလ သမဂ္ဂ အဖွဲ့ဝင် အားလုံး အား ထိုကြေငြာ စာတမ်း ကြီး ၏ စာသားကို အများ ပြည်သူ တို့ ကြား သိစေရန် ကြေငြာ ပါရန် အကြောင်းကို လည်းကောင်း၊ ထို့ပြင် နိုင်ငံများ (သို့မဟုတ်) နယ်မြေ များ၏ နိုင်ငံရေး အဆင့် အတန်း ကိုလိုက်၍ ခွဲခြား ခြင်း မပြုဘဲ အဓိက အားဖြင့် စာသင် ကျောင်းများနှင့် အခြား ပညာရေး အဖွဲ့ အစည်း များတွင် ထိုကြေငြာ စာတမ်း ကြီးကို ဖြန့်ချီ ဝေငှ စေရန်၊ မြင်သာ အောင် ပြသ ထားရန်၊ ဖတ်ကြား စေရန် နှင့် အဓိ ပ္ပာယ် ရှင်း လင်း ဖေါ်ပြ စေရန် ဆောင်ရွက် ပါစေရန် အကြောင်းကို လည်းကောင်း ဆင့်ဆို လိုက်သည်။ 

အဖွင့်စကားချီး 

လူခပ်သိမ်း တို့၏ မျိုးရိုး ဂုဏ်သိက္ခာ နှင့်တကွ လူတိုင်း အညီ အမျှ ခံစား နိုင်ခွင့် ရှိသည့် အခွင့် အရေး များ ကို အသိ အမှတ် ပြုခြင်းသည် လူခပ်သိမ်း တို့၏ လွတ်လပ်မှု၊ တရား မျှတမှုနှင့် ငြိမ်းချမ်း မှုတို့၏ အခြေ ခံ အုတ် မြစ် ဖြစ်သော ကြောင့် လည်းကောင်း၊ 

လူ့အခွင့် အရေး များကို အရေး မထား မထီ မဲ့မြင် ပြုခြင်းသည် လူခပ်သိမ်း တို့၏ အကျင့် သိက္ခာ ကို ချိုး ဖေါက် ဖျက်ဆီး တတ်သည့်ရက်စက် ကြမ်းကြုတ်သော အြ့ပု အမှုများကို ဖြစ်ပေါ် စေ ခဲ့ သောကြောင့် လည်းကောင်း၊ လွတ်လပ်စွာ ထုတ်ဖေါ် ပြောဆိုခွင့်၊ လွတ်လပ်စွာ သက်ဝင် ယုံကြည် ခွင့်၊ တောင့် တခြင်း ၊ ကြောင့် ကျခြင်းတို့မှ ကင်းလွတ်စွာ အသက်မွေးနိုင် မှုတို့ကိုခံစားရယူနိုင်စေ မည့် လောက တ ခု ပေါ် ပေါက် လာရန် အရေးကို လူခပ်သိမ်းတို့က မိမိတို့၏ အထက် သန်ဆုံးသော လိုလားချက် ဆန္ဒကြီး အဖြစ်ဖြင့် ကြွေးကြော်   ကြေ ညာပြီး ဖြစ်သောကြောင့် လည်းကောင်း၊ 

လူခပ်သိမ်း တို့သည် တရားမဲ့ အုပ်ချုပ်မှု၊ ဖိနှိပ်မှု တို့ကို နောက်ဆုံး မလွှဲသာ မရှောင်သာ တော့သဖြင့် လက်နက် စွဲကိုင် တော်လှန်ခြင်း၊ ပုန်ကန် ခြင်းများ မပြုစေရန် လူ့အခွင့် အရေးများကို ဥပဒေဖြင့် ထိန်းသိမ်း ကာကွယ် ပေးရမည် ဖြစ်သောကြောင့် လည်းကောင်း၊ နိုင်ငံ အချင်းချင်း ခင်မင် ရင်းနှီးစွာ ဆက်ဆံ ရေးကို ပိုမို တိုးတက် စေရန် ကြံဆောင် ရမည် ဖြစ်သော ကြောင့် လည်းကောင်း၊ ကမ္ဘာ့ ကုလ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံ များသည် မူလ အခွင့် အရေး များကို လည်းကောင်း၊ လူ၏ ဂုဏ် သိက္ခာကို လည်းကောင်း၊ အမျိုးးသား အမျိုး သမီး တို့၏ တူညီသော အခွင့် အရေး များကို လည်းကောင်း၊ လေးစား ယုံကြည် သက်ဝင် ပါသည် ဟု ကုလ သမဂ္ဂတွင် ထပ်လောင်း အတည်ပြု ပြီးသည့် အပြင် လူမှု ကြီးပွါး တိုးတက်ရေး နှင့်တကွ ပိုမို လွတ်လပ်သော လူ့ဘဝ အဆင့်အတန်းတို့ကို မြှင့်တင်ရန် သံဓိဌာန်ချပြီး ဖြစ်သော ကြောင့် လည်းကောင်း၊ 

ကမ္ဘာ့ ကုလ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံ တို့သည် ကုလ သမဂ္ဂ နိုင်ငံများ ပူးပေါင်း၍ လူ့အခွင့် အရေး များကို လည်းကောင်း အခြေခံ လွတ်လပ်ခွင့် များကို လည်းကောင်း ကမ္ဘာ တဝှမ်းလုံး တွင်ရှိသော လေးစား ကျင့် သုံး စောင့်စည်း ကြခြင်းကို အားပေး ထောက်ခံ မည်ဟု ကတိ ပြုပြီး ဖြစ်သော ကြောင့် လည်းကောင်း၊ 

ထိုသို့ အခြေ အနေ မျိုးတို့တွင် ထိုအခွင့်အရေးများ လွတ်လပ်ခွင့်များကို အားလုံး နားလည် သဘော ပေါက် ရန် အရေး ကြီးဆုံး ဖြစ်သော ကြောင့် လည်းကောင်း၊ 

ထို့ကြောင့် အထွေ ထွေ ညီလာခံ သည် အပြည်ပြည် ဆိုင်ရာ လူ့အခွင့် အရေး ကြေငြာ စာတမ်းကို လူတိုင်း အဖွဲ့ အစည်း တိုင်းက နှလုံး သွင်း၍ ကမ္ဘာ တဝှမ်းတွင် အဆိုပါ အခွင့် အရေးနှင့် လွတ်လပ် ခွင့် များကို ရိုသေ လေးစား ကြရန် ဆုံးမ သွန်သင် ခြင်းဖြင့် အားထုတ် ကြရ မည်ဟု လည်းကောင်း၊ ကမ္ဘာ့ ကုလ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ နှင့်ထို နိုင်ငံ တို့၏ ပြည်သူများ အား အဆိုပါ အခွင့် အရေးနှင့် လွတ်လပ် ခွင့် များကို ကျယ်ကျယ် ပြန့်ပြန့် ထိရောက်စွာ ကျင့်သုံး စောင့်စည်း ကြစေရန် ပြည်တွင်း ပြည်ပ ဆိုင်ရာ တိုး တက်သော ဆောင်ရွက် ချက် များဖြင့် အားထုတ် ကြရမည် ဟု လည်းကောင်း ရည်ရွယ် ပြီးလျှင် အပြည် ပြည် ဆိုင်ရာ လူ့အခွင့် အရေး ကြေငြာ စာတမ်းကို နိုင်ငံ ခပ်သိမ်း လူ ခပ်သိမ်း တို့ တပြေး ညီ စွာ ဆောင် ရွက် ကြနိုင် စေရေး အတွက် ယခု ကြေငြာ စာတမ်းကို ထုတ်ပြန် လိုက်သည်။ 

အပြည်ပြည် ဆိုင်ရာ လူ့အခွင့် အရေး ကြေငြာ စာတမ်း 

အပိုဒ် (၁) လူသား တိုင်းသည် လွတ်လပ်၍ တန်း တူညီသော ဂုဏ် သိက္ခာနှင့် အခွင့် အရေး များဖြင့် မွေး ဖွား လာသူ ဖြစ်သည်။ ထိုလူသား သည် ဆင်ခြင်တုံ တရားနှင့် ကျင့်ဝတ်ကို တာဝန်သိ တတ် သော စိတ်တို့ ရှိကြ၍ တဦးနှင့် တဦး ညီရင်း အကို မောင်ရင်း နှမ စိတ်ဖြင့် ဆက်ဆံ သင့်သည်။ 

ရှင်းလင်းချက်။ ။ လူတိုင်း လွတ်လပ်မှု ရှိကြပြီး တန်းတူ ညီမျှမှု ရှိသည်။ 

အပိုဒ် (၂) လူသားတိုင်း ဤလူ့အခွင့် အရေး ကြေငြာ စာတမ်းတွင် ဖေါ်ပြ ထားသည့် အခွင့် အရေးများ အားလုံး၏ လွတ်လပ် ခွင့်များ အားလုံးကို ပိုင်ဆိုင် ခံစားခွင့် ရှိသည်။ လူမျိုး၊ အသား အရောင်၊ လိင်၊ ဘာသာ စကား၊ ကိုးကွယ်သည့် ဘာသာ၊ နိုင်ငံရေး အယူ အဆ (သို့မဟုတ်) အခြား ယူဆချက်၊ နိုင်ငံရေး (သို့မဟုတ်) လူမူရေး ဇစ်မြစ်၊ ပစ္စည်း ဥစ္စာ၊ မျိုးရိုး ဇာတိ၊ အခြား အဆင့် အတန်း အားဖြင့် ခွဲခြားခြင်း မရှိစေ ရ။ 

ထို့ပြင် လူသား တဦး မှီတင်း နေထိုင်ရာ နိုင်ငံ (သို့မဟုတ်) နယ်မြေ ဒေသသည် လွတ်လပ်သော တိုင်းပြည် သည် အချုပ် အချာ အာဏာ ပိုင်သော လွတ်လပ်သောနိုင်ငံ (သို့မဟုတ်) ဒေသ ဖြစ်စေ၊ အစောင့် အရှောက်ခံ နယ်မြေ (သို့မဟုတ်) ဒေသ ဖြစ်စေ၊ ကိုယ်ပိုင် အုပ်ချုပ်ရေး မရှိသော နိုင်ငံ (သို့မဟုတ်) ဒေ သ ဖြစ်စေ၊ အချုပ်အချာအာဏာနှင့်ပတ်သက်၍ အခြားသောဘောင်တွင်း ကန့်သတ် ချက်များ ရှိနေသော နိုင်ငံ (သို့မဟုတ်) ဒေသ ဖြစ်စေ၊ ယခု လူ့အခွင့် အရေး များနှင့် ပတ်သက်၍ ခွဲခြားမှု လုံးဝ မရှိစေရ။ 

ရှင်းလင်းချက်။ ။ အသား အရောင်၊ လိင်၊ ကိုးကွယ်သည့် ဘာသာ၊ ဘာသာ စကား တို့ကြောင့် ခွဲခြားခြင်းး မရှိ စေရ။ 

အပိုဒ် (၃) လူတိုင်းတွင် အသက်ရှင် ရပ်တည်ခွင့်၊ လွတ်လပ်ခွင့် နှင့် လုံခြုံခွင့် ရှိသည်။ 

ရှင်းလင်းချက်။ ။ လူတိုင်းတွင် အသက်ရှင် ရပ်တည်ခွင့်၊ လွတ်လပ်ခွင့် နှင့် လုံခြုံခွင့် ရှိသည်။ 

အပိုဒ် (၄) မည်သူကမှ ကျွန်ပြုခြင်း၊ အစေ အပါး အဖြစ် နိုင်ထက် စီးနင်း ခိုင်းစေခြင်း မရှိစေရ။ လူသား တို့ကို ကျေးကျွန် သဖွယ် ခိုင်းစေခြင်း၊ ရောင်းဝယ်ခြင်း နှင့် ထိုသဘော သက်ရောက် စေသော ပုံစံ ဟူသမျှ ပိတ်ပင် တားမြစ် ရမည်။ 

ရှင်းလင်းချက်။ ။ မည်သူ့ ကိုမှ ကျွန်အဖြစ် ဆက်ဆံ ရောင်ဝယ်ခြင်း မပြုရ။ 

အပိုဒ် (၅) မည်သူကမှ နှိက်စက် ညှင်းပန်းခြင်း (သို့မဟုတ်) ရက်စက် ကြမ်းကြုတ် လူမဆန်စွာ ဂုဏ် ငယ် စေသော ဆက်ဆံ ခြင်းဖြင့် မဆက် ဆံရ၊ (သို့မဟုတ်) အပြစ် ပေးခြင်း မပြုရ။ 

ရှင်းလင်းချက်။ ။ မည်သူ့ ကိုမှ မနှိပ် စက်ရ။ 

အပိုဒ် (၆) လူတိုင်း နေရာ မရွေး ဥပဒေ ရှေ့မှောက်တွင် လူသား အဖြစ် အသိ အမှတ် ပြုခြင်း ခံပိုင်ခွင့် ရှိ သည်။ 

ရှင်းလင်းချက်။ ။ လူတိုင်း တရား ဥပဒေ ရှေ့တွင် လူသား အဖြစ် အသိ အမှတ် ပြုခံ ရမည်။ 

အပိုဒ် (၇) လူတိုင်း တရား ဥပဒေ ရှေ့မှောက် တွင် တပြေးညီ တူညီ ကြပြီး တရား ဥပဒေ၏ ကာကွယ် မှုကို ခွဲခြားမှု မရှိ တူညီမှု အပြည့် စောင့်ရှောက် ခံပိုင်ခွင့် ရှိသည်။ ဤကြေငြာ စာတမ်းပါ အချက် များကို ဖီလာ ဆန့်ကျင် သည့် မည်သည့် ခွဲခြား မှုမျိုး (သို့မဟုတ်) ထိုသို့ ခွဲခြား မှုများ ကိန်းအောင်း စေအောင် လှုံ့ဆော်မှု များမှ ကင်းလွတ် စေရန် အကာ အကွယ်ကို တူညီစွာ ခံစား ပိုင်ခွင့် ရှိသည်။ 

ရှင်းလင်းချက်။ ။ လူတိုင်း တရား ဥပဒေ ရှေ့တွင် ကျောသား ရင်သား မခွဲ ခြားဘဲ တန်းတူ ညီတူ ရှိသည်။ 

အပိုဒ် (၈) လူတိုင်း မိမိ တို့အား အခြေခံ ဥပဒေ (သို့မဟုတ်) ဥပဒေ အရ အပ်နှင်း ထားသော အခြေခံ အခွင့် အရေး များကို ချိုးဖေါက် ခံရသည့် အခါ နိုင်ငံတော် တရား စီရင် ရေးရုံး များတွင် ထိရောက်သော အရေးယူ ကုစား မှုများ ခံယူ ပိုင်ခွင့် ရှိသည်။ 

ရှင်းလင်းချက်။ ။ လူတိုင်း အခွင့် အရေးများ လေးစား မခံရ သည့်အခါ ဥပဒေ၏ အကူ အညီကို တောင်းခံ ပိုင်ခွင့် ရှိသည်။ 

အပိုဒ် (၉) မည်သူ ကမှ တရား လက်လွတ် အကြောင်းမဲ့ ဖမ်းဆီးခြင်း၊ ထိန်းသိမ်း ချုပ်နှောင် ထားခြင်း (သို့မဟုတ်) တိုင်းပြည်မှ နှင်ထုတ်ခြင်း မပြု လုပ်ရ။ 

ရှင်းလင်းချက်။ ။ မည်သူကမှ မတရား ဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်း မပြုရ။ 

အပိုဒ် (၁၀) လူတယောက်၏ အခွင့် အရေး၊ တာဝန် ဝတ္တရား များ နှင့်ပတ်သက် ၍ လည်းကောင်း၊ စွဲချက်တင် လာသော ပြစ်မှု များနှင့် ပတ်သက် ၍ လည်းကောင်း အဆုံး အဖြတ် ခံယူ ရာတွင် လူတိုင်း သည် လွတ်လပ်၍ ဘက် မလိုက်သော တရား စီရင်မှု၊ ရုံးတော်တွင် လူအများ တက်ရောက် ကြား နာ နိုင်သော စစ်ဆေး မှုမျိုးကို တူညီစွာ ခံစား ပိုင်ခွင့် ရှိသည်။ 

ရှင်းလင်းချက်။ ။ လူတိုင်း တရား မျှတ၍ လူအများ ကြားနာ နိုင်သော တရား စီရင်မှုကို ခံစား ပိုင်ခွင့် ရှိသည်။ 

အပိုဒ် (၁၁) (က) တရား ဥပဒေ ချိုးဖေါက် သည့် အမှုဖြင့် တရား စွဲဆိုခြင်း ခံရသူ တိုင်းသည် မိမိ ကိုယ်မိမိ ကာကွယ် နိုင်ရန် လိုအပ်သော ဆောင်ရွက် စရာ များကို ဆောင်ရွက် နိုင်ခွင့် အပြည့် အဝ ရရှိပြီး လူအများ ရှေ့တွင် ဥပဒေ အတိုင်း စစ်ဆေး၍ အပြစ် ကျူးလွန် သည်ဟု ထင်ရှားပြီး စီရင်ချက် အတိ အကျ မချ မချင်း ထိုလူတွင် အပြစ် မရှိဟု ခံယူ ပိုင်ခွင့် ရှိသည်။ 

(ခ) တစုံ တယောက်၏ လုပ်ဆောင် ခဲ့သော အပြု အမှုနှင့် စပ်လျဉ်း ၍ ထိုအပြု အမှု ပြုလုပ် ခဲ့စဉ် အချိန် အခါက ထုတ်ပြန် ထားသော နိုင်ငံတော် (သို့မဟုတ်) နိုင်ငံ တကာ ဆိုင်ရာ ဥပဒေ အရ ငြိစွန်းသာ ပြစ်မှု တခု အဖြစ် ခိုင်ခိုင် လုံလုံ မတင်ပြ နိုင်ခဲ့လျှင် ထိုသူအား အဆိုပါ အပြု အမှု အတွက် အပြစ် ရှိသည်ဟု မယူ ဆနိုင်။ ထို့အတူ ကျူးလွန်သော ပြစ်မှု အတွက် ပြစ်မှု ကျူးလွန် စဉ်အခါက ထိုက်သင့် စေနိုင်သော အပြစ် ဒဏ်ထက် ပိုမို ကြီးလေး သော အပြစ် ဒဏ်ပေးခြင်း မရှိ စေရ။ 

ရှင်းလင်းချက်။ ။ လူတယောက် အပေါ် အပြစ် ရှိသည်ဟု ခိုင်လုံသော စီရင်ချက် မချ မချင်း ထိုသူသည် အပြစ် မရှိ ဟု ယူဆ ရမည်။ 

အပိုဒ် (၁၂) မည်သူ၏ ကိုယ်ရေး ကိုယ်တာ ကိစ္စများ၊ မိသားစုနှင့် သက်ဆိုင်သော ကိစ္စများ၊ နေအိမ်နှင့် စာပေး စာယူ ကိစ္စများ တို့ကိုမှ ဥပဒေ အရ မဟုတ်သော ဝင်ရောက် စွက်ဖက်မှု မခံစေရ။ ထို့ပြင် ထိုသူ၏ ဂုဏ် သိက္ခာကို ပုတ်ခတ် ပိုင်ခွင့် မရှိ။ လူတိုင်းတွင် ထိုသို့ စွက်ဖက် ခြင်းမှ သော် လည်းကောင်း၊ ပုတ်ခတ် ခံရခြင်း ကိုသော် လည်းကောင်း ဥပဒေ အရ ကာကွယ် ပိုင်ခွင့် ရှိသည်။ 

ရှင်းလင်းချက်။ ။ မကောင်းသော ရည်ရွယ်ချက် များဖြင့် အခြား သူ၏ အိမ် အတွင်း သို့ ဝင် ရောက်ခြင်း စာ များ ဖေါက် ဖတ်ခြင်း များ မပြု လုပ်ရ။ 

အပိုဒ် (၁၃) (က) လူတိုင်း မိမိ တိုင်းပြည် နယ်နမိတ် အပိုင်း အခြား အတွင်း လွတ်လပ်စွာ သွား လာ ရွှေ့ပြောင်း နေထိုင် ခွင့် ရှိသည်။ 

(ခ) လူတိုင်း မိမိ တိုင်းပြည် အပါ အဝင် အခြား မည်သည့် တိုင်းပြည်ကို မဆို ထွက်ခွါ ခွင့်နှင့် မိမိ တိုင်းပြည် သို့ ပြန်လာ ခွင့် ရှိသည်။ 

ရှင်းလင်းချက်။ ။ လူတိုင်း မိမိ တိုင်းပြည် အတွင်း လွတ်လပ်စွာ လှုပ်ရှား သွားလာ ခွင့် ရှိသည်။ 

အပိုဒ် (၁၄) (က) လူတိုင်း မတရား အပြစ်ပေး နှိပ်စက် မှုမှ လွတ်မြောက် ရန် အခြား တိုင်းပြည်တွင် ခိုလှုံ ခွင့် တောင်းခံ ပိုင်ခွင့် ရှိသည်။ 

(ခ) နိုင်ငံ ရေးနှင့် မသက် ဆိုင်သော ပြစ်မှုမျိုး (သို့မဟုတ်) ကုလ သမဂ္ဂ၏ ရည်မှန်း ချက် မူဝါဒ များကို ဖီလာ ဆန့်ကျင် သော ပြစ်မှု မျိုးကို အမှန် တကယ် ကျူးလွန် သောကြောင့် အကျိုးဆက် အဖြစ် ပေါ်ပေါက် လာသော အရေး ယူမှုမျိုး ဖြစ်ပါက ဤအပိုဒ် ပါ အခွင့် အရေးနှင့် အကြုံး ဝင်မှု မရှိပေ။ 

ရှင်းလင်းချက်။ ။ မည်သူ မဆို မတရား အပြစ် ပေးခံရတော့မည့် အခြေအနေမျိုး ရောက် ပါက အခြား နိုင်ငံ တနိုင်ငံ တွင် ခိုလှုံခွင့် တောင်းခံ ပိုင်ခွင့် ရှိသည်။ 

အပိုဒ် (၁၅) (က) လူတိုင်း နိုင်ငံ တနိုင်ငံ ၏ နိုင်ငံ သား ဖြစ်ပိုင် ခွင့် ရှိသည်။ 

(ခ) မည်သူ ကမှ ၎င်း၏ နိုင်ငံသား ဖြစ်မှုမှ ကြောင်းကျိုးမဲ့ ပစ်ပယ်ခွင့် မရှိ စေရ။ ထိုသူ၏ နိုင်ငံ သား အဖြစ် ပြောင်းလဲ ပိုင်ခွင့် ကိုလည်း ငြင်းပယ် ခြင်း မရှိစေရ။ 

ရှင်းလင်းချက်။ ။ လူတိုင်း နိုင်ငံ တနိုင်ငံတွင် နိုင်ငံသား ဖြစ် ပိုင်ခွင့် ရှိသည်။ ဆန္ဒအရ အခြား နိုင်ငံသား အဖြစ် ကူးပြောင်း ပိုင်ခွင့် ရှိသည်။ 

အပိုဒ် (၁၆) (က) အရွယ် ရောက် ပြီးသော အမျိုးသား နှင့် အမျိုး သမီး တိုင်းသည် လူမျိုး၊ တိုင်းရင်း သား (သို့မဟုတ်) ဘာသာ ရေး အကြောင်း ပြ၍ ချုပ်ချယ် ကန့်သတ် ခြင်း မရှိစေ ရဘဲ လက်ထပ် ခွင့်နှင့် မိသားစု ထူထောင် ပိုင်ခွင့် ရှိသည်။ လက်ထပ် ထိမ်းမြား ချိန်၊ ပေါင်းသင်း ချိန်နှင့် အိမ်ထောင် ပြိုကွဲသည့် အချိန် များတွင် လက်ထပ် ထိမ်းမြား ခြင်းနှင့် ပတ်သက် ၍ ထိုအမျိုး သားနှင့် အမျိုး သမီး တို့တွင် တူညီသော အခွင့် အရေးများ ရှိသည်။ 

(ခ) ရည်ရွယ် ထားသော သတိုး သားနှင့် သတိုး သမီး တို့၏ လွတ်လပ် သော သဘော ဆန္ဒကို အပြည့် အဝ ရယူ မှသာ လက်ထပ် ထိမ်းမြား ခြင်း ပြုရမည်။ 

(ဂ) မိသားစု ဘဝသည် လူ့အဖွဲ့ အစည်း၏ သဘာဝ ကျသော၊ အခြေခံ ကျသော အစိတ် အပိုင်း တခု ဖြစ်သည်။ မိသားစု ဘဝ များကို ကာကွယ် ပေးရန် လူ့အဖွဲ့ အစည်းနှင့် အစိုးရ တို့တွင် တာဝန် ရှိ သည်။ 

ရှင်းလင်းချက်။ ။ အရွယ်ရောက် ပြီးသော လူတိုင်း လက်ထပ် ထိမ်းမြား ပိုင်ခွင့်နှင့် မိသားစု ထူထောင်ခွင့် ရှိသည်။ 

အပိုဒ် (၁၇) (က) လူတိုင်း သည် ဓန ပစ္စည်း များကို မိမိ တဦးချင်း ဖြစ်စေ၊ အခြား သူများနှင့် ဖက်စပ် ၍့ ဖြစ်စေ ပိုင်ဆိုင် ခွင့် ရှိသည်။ 

(ခ) မည်သူ တဦး တယောက်၏ ကိုယ်ပိုင် ပစ္စည်း ကိုမှ ဥပဒေ ကြောင်းကျိုးမဲ့ သိမ်းပိုက် ခြင်း မရှိ စေရ။ 

ရှင်းလင်းချက်။ ။ လူတိုင်း ကိုယ်ပိုင် ပစ္စည်း ပိုင်ဆိုင် ခွင့် ရှိသည်။ 

အပိုဒ် (၁၈) လူတိုင်း လွတ်လပ်စွာ တွေးခေါ်ခွင့်၊ လွတ်လပ်စွာ ခံယူ ရပ်တည် ပိုင်ခွင့်နှင့် လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိသည်။ ဤလုပ်ပိုင် ခွင့်အရ မိမိ ကိုးကွယ် သော ဘာသာကို (သို့မဟုတ်) သက်ဝင် ယုံကြည် ချက် ကို လွတ်လပ် စွာ ပြောင်းလဲ ပိုင်ခွင့် ရှိသည်။ ထို့ပြင် မိမိ တဦးတည်း သော် လည်းကောင်း၊ အခြား သူများနှင့် စုပေါင်း၍ သော် လည်းကောင်း အများ ရှေ့တွင် ဖြစ်စေ (သို့မဟုတ်) မိမိ သီးသန့် တွင်ဖြစ်စေ မိမိ ကိုးကွယ် ယုံကြည်မှု (သို့မဟုတ်) ဘာသာကို လွတ်လပ်စွာ သင်ပြ နိုင်ခွင့်၊ ကျင့်သုံးခွင့်၊ ဝတ်ပြု ကိုးကွယ် ခွင့်နှင့် ဆောက်တည် ခွင့် ရှိသည်။ 

ရှင်းလင်းချက်။ ။ လူတိုင်း လွတ်လပ်စွာကိုးကွယ် ယုံကြည်ခွင့် ရှိပြီးဆန္ဒရှိပါကအခြား ဘာသာ သို့ ပြောင်းလဲ ကိုးကွယ် ခွင့် ရှိသည်။ 

အပိုဒ် (၁၉) လူတိုင်း လွတ်လပ် စွာ ထင်မြင် ယူဆ ပိုင်ခွင့်နှင့် လွတ်လပ် စွာ ဖွင့်ဟ တင်ပြ ပိုင်ခွင့် ရှိသည်။ ထိုအခွင့် အရေး များအရ မိမိ တင်ပြ ချက် များကို အနှောင့် အယှက် အဟန့် အတား မရှိ ခံယူ ကျင့်သုံး ပိုင်ခွင့် ရှိသည်။ နယ်မြေ ပိုင်းခြားမှု မရှိဘဲ သတင်းစာ စာနယ်ဇင်း များမှ တဆင့် သတင်းများ၊ အယူ အဆ များကို ရှာဖွေ ဆည်းပူး ခွင့်၊ လက်ခံ ပိုင်ခွင့်နှင့် ဖြန့်ဖြူး ပိုင်ခွင့် တို့ရှိသည်။ 

ရှင်းလင်းချက်။ ။ လူတိုင်း မိမိ ယူဆချက် များကို လွတ်လပ်စွာ ဖေါ်ထုတ် တင်ပြခွင့် ရှိပြီး သတင်း များကို ရယူ ပိုင်ခွင့် လည်း ရှိသည်။ 

အပိုဒ် (၂၀) လူတိုင်း ငြိမ်းချမ်းစွာ လူစု လူဝေး စုဝေး ပိုင်ခွင့်နှင့် အသင်း အဖွဲ့များ ထူထောင် ဖွဲ့စည်း နိုင်ခွင့် ရှိသည်။ မည်သူ ကမှ ၎င်း၏ ဆန္ဒ သဘော ထား မပါဘဲ အဖွဲ့ အစည်း တခုသို့ ဝင်ရန် အတင်း အကြပ် မပြုရ။ 

ရှင်းလင်းချက်။ ။ လူတိုင်း ငြိမ်းချမ်း သော နည်းဖြင့် ဖွဲ့ထား သော အဖွဲ့ များတွင် ဝင်ရောက် ခွင့် ရှိသည်။ 

အပိုဒ် (၂၁) (က) လူတိုင်း မိမိ တိုင်းပြည်၏ အုပ်ချုပ်ရေး လုပ်ငန်း များတွင် တိုက်ရိုက် သော် လည်းကောင်း၊ လွတ်လပ်စွာ ရွေးချယ် တင်မြှောက် ထားသည့် ကိုယ်စားလှယ် များမှ တဆင့် သော် လည်းကောင်း ပါဝင် ဆောင်ရွက် ပိုင်ခွင့် ရှိသည်။ 

(ခ) လူတိုင်း မိမိ တိုင်းပြည် အတွင်းရှိ ပြည်သူ့ ဝန်ထမ်း အဖွဲ့ လုပ်ငန်း များတွင် ဝင်ရောက် နိုင်ရန် တူ ညီသော အခွင့် အလမ်း များ ရှိသည်။ 

(ဂ) အစိုးရ အာဏာသည် ပြည်သူ လူထု၏ ဆန္ဒ အပေါ်တွင် အခြေခံ ရမည်။ ပြည်သူ့ ဆန္ဒ များ ကို အချိန် ပိုင်းခြား လျှက် ကျင်းပ ပေးသည့် စစ်မှန်သော ရွေးကောက် ပွဲများ ဖြင့်ဖေါ် ထုတ် စေရမည်။ ရွေးကောက်ပွဲ များတွင် လူတိုင်း အညီ အမျှ မဲပေး နိုင်ခွင့် ရှိရမည့် အပြင် ထိုရွေးကောက် ပွဲများကို လျှို့ဝှက် မဲပေး စံနစ်ဖြင့် ဖြစ်စေ၊ အလားတူ လွတ်လပ် သော မဲပေး စနစ်ဖြင့် ဖြစ်စေ ကျင်းပ ရမည်။ 

ရှင်းလင်းချက်။ ။ လူတိုင်း မိမိ တိုင်းပြည်၏ အစိုးရကို မိမိ ဆန္ဒ ဖြင့် ရွေးချယ် တင်မြှေက် ပိုင်ခွင့် ရှိသည်။ 

အပိုဒ် (၂၂) လူသား တိုင်းသည် လူ့အဖွဲ့ အစည်း၏ အဖွဲ့ဝင် တယောက် ဖြစ်သည့် အားလျော်စွာ လူမှုရေး လုံခြုံခွင့် ခံစား ပိုင်ခွင့် ရှိရမည်။ ထို့ပြင် မိမိ၏ ကိုယ်ပိုင် အရည် အသွေးနှင့် ကိုယ်ပိုင် ဂုဏ်သိက္ခာ တို့ကို လွတ်လပ်စွာ တိုးတက် ဖွံ့ဖြိုး စေရေး အတွက် မလွဲ မသွေ လိုအပ်သော စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေး မူ ဆိုင်ရာ အခွင့် အရေး များကို သဘောပေါက် ခံယူ နိုင်ရန် အခွင့် အရေးများ ရှိရမည်။ ထိုသို့ သဘောပေါက် ခံယူ နိုင်ရန် မိမိ နိုင်ငံ၏ ဖွဲ့စည်းပုံ၊ နိုင်ငံရှိ အရင်း အမြစ် အင်အား များနှင့် လိုက်လျော ညီထွေ ဖြစ်သည့် နိုင်ငံတော် ၏ ကြိုးပမ်း ဆောင်ရွက် မှုများဖြင့် တမျိုး၊ နိုင်ငံ တကာ၏ ပူးပေါင်း ဆောင် ရွက်မှု များဖြင့် တဖုံ ဆောင်ရွက် ရမည်။ 

ရှင်းလင်းချက်။ ။ လူတိုင်းတွင် လူမှု ဘဝ လုံခြုံရေး ခံစားခွင့် ရှိသည်။ မိမိ အတတ် ပညာများ တိုး တက် စေ မည့် အခွင့် အလမ်း များကို လည်း ခံစားခွင့် ရှိသည်။ 

အပိုဒ် (၂၃) (က) လူတိုင်း အလုပ် လုပ်ခွင့်၊ မိမိ အလုပ်ကို မိမိ ရွေးချယ် ပိုင်ခွင့်နှင့် တရား မျှတ၍ သင့်လျော် သော လုပ်ငန်း ခွင်ကို ရွေးချယ် ခွင့်နှင့် အလုပ် လက်မဲ့ ဖြစ်ရ ခြင်းမှ ကာကွယ်မှု ရရှိ ခွင့်များ ခံ စား ပိုင်ခွင့် ရှိသည်။ 

(ခ) လူတိုင်း ခွဲခြားမှု မရှိဘဲ တူညီသော အလုပ် အတွက် တူညီသော အခ ကြေးငွေကို ရရှိ ခံစား ပိုင်ခွင့် ရှိသည်။ 

(ဂ) အလုပ် လုပ်သည့်လအတွင်းမိမိနှင့်မိမိ၏မိသားစုအတွက် လူ့ဂုဏ် သိက္ခာနှင့် ညီညွှတ် အောင် နေထိုင် စားသောက် နိုင်ရန် စိတ်ချ လောက်သည့် အပြင် တရား မျှတ၍ သင့် တင့် လျောက် ပတ်သော လစာ ခံစား ပိုင်ခွင့် ရှိသည်။ လိုအပ် ပါက အခြား နည်းလမ်း များမှ လူမှုရေး အထောက် အပံ့ များကို လည်း ထပ်မံ ရပိုင်ခွင့် ရှိသည်။ 

(ဃ) လူတိုင်း မိမိ အကျိုး စီးပွါးကို ကာကွယ်ရန် အလုပ် သမား သမဂ္ဂများ ဖွဲ့စည်း ပိုင်ခွင့်နှင့် ဝင်ရောက် ပိုင်ခွင့် ရှိသည်။ 

ရှင်းလင်းချက်။ ။ လူတိုင်း သင့်တော် သော လစာဖြင့် အလုပ် လုပ်ပိုင်ခွင့် ရှိသည်။ အလုပ် သမား သမဂ္ဂ များ ကို ဝင်ရောက် ပိုင်ခွင့် ရှိသည်။ 

အပိုဒ် (၂၄) လူတိုင်း သင့်တင့် လျောက် ပတ်သော အလုပ်ချိန် အပြင် အခါ အားလျော်စွာ သတ်မှတ် ထားသော လစာနှင့် ခွင့်ယူခွင့် အပါ အဝင် အပန်းပြေ အနား ယူခွင့် ရှိသည်။ 

ရှင်းလင်းချက်။ ။ လူတိုင်း အပန်းပြေ အနား ယူခွင့် ရှိသည်။ 

အပိုဒ် (၂၅) (က) လူတိုင်း သည် မိမိနှင့်မိမိ၏မိသားစု ကျန်းမာ ရေးနှင့် တကွ ကိုယ် စိတ် နှစ်ဖြာ အေးချမ်း စွာ နေထိုင် နိုင်ရေး အတွက် လိုအပ်သော အစား အစာ၊ အဝတ် အစား၊ အိုး အိမ်၊ ဆေးဝါး ပစ္စည်းနှင့်အခြားလိုအပ်သော လူမှုရေးအထောက်အပံ့များ ပါဝင်သော သင့် တင့် လျောက် ပတ် သည့် လူမှု အဆင့် အတန်းကို ရယူ ခံစားခွင့် ရှိသည်။ 

ထို့ပြင် အလုပ် လက်မဲ့ ဖြစ်သည့် အခါတွင် လည်းကောင်း၊ မကျန်း မမာဖြစ်သည့် အခါတွင် လည်း ကောင်း၊ ကိုယ်အင်္ဂါ မစွမ်း မသန် ဖြစ်သည့် အခါတွင် လည်းကောင်း၊ မိမိ ခင်ပွန်း (သို့မဟုတ်) ဇနီး သေဆုံး သွားသော အခါတွင် လည်းကောင်း၊ အသက် အရွယ် အိုမင်း လာသော အခါတွင် လည်းကောင်း၊ မိမိ ပယောဂ ကြောင့် မဟုတ်သော အလုပ် အကိုင် မဲ့ခြင်းကို ရင်ဆိုင် ရသော အခါတွင် လည်းကောင်း နေထိုင် စားသောက်ရေး အတွက် လုံခြုံ စိတ်ချ ရမှု၊ အခွင့် အရေး ခံစား ပိုင်ခွင့် ရှိသည်။ 

(ခ) သားသည် မိခင် များနှင့် ခလေးငယ် များကို အထူး စောင့်ရှောက် ခြင်းနှင့် အကူ အညီ ပေးခြင်း တို့ကို ပေးရမည်။ တရားဝင် လက်ထပ် ထိမ်းမြားပြီး မွေးလာသော ကလေး ဖြစ်စေ တူညီသော လူမှု ကာကွယ် စောင့်ရှောက် ရေးကို ခံစား ပိုင်ခွင့် ရှိသည်။ 

ရှင်းလင်းချက်။ ။ လူတိုင်း လုံလောက် သော လူနေမှု အဆင့် အတန်းနှင့် ဆေးကုသ ခံပိုင်ခွင့် ရှိသည်။ 

အပိုဒ် (၂၆) (က) လူတိုင်း ပညာ သင်ကြား ပိုင်ခွင့် ရှိသည်။ အနည်းဆုံး မူလတန်း ပညာနှင့် အခြေခံ အဆင့် ပညာရေး သည် အခမဲ့ ဖြစ်စေ ရမည်။ မူလတန်း ပညာသည် မသင် မနေရ ဖြစ်ရမည်။ စက်မှု လက်မှု ပညာနှင့် အသက် မွေးဝမ်းကြောင်း ပညာ များကို ယေဘုယျ အားဖြင့် လူအများ သင်ကြား ပိုင်ခွင့် ရှိရမည်။ အထက် တန်း ပညာနှင့် အဆင့်မြင့် ပညာမျုားကို အရည် အချင်း ပေါ်မူတည်၍ သင်ကြား နိုင်ရန် တူညီသော အခွင့် အလမ်း ရှိစေ ရမည်။ 

(ခ) ပညာ ရေးကို လူသား တို့၏ ကိုယ်ပိုင် အရည် အသွေးများ တိုးတက် ဖြစ်ပေါ် ပြည့်ဝ လာစေ ရန်နှင့် လူ့အခွင့် အရေး အခြေခံ လွတ်လပ် ခွင့်များကို လေးစားမှု ပိုလာ ကြစေရန် ဦးတည် ထားရမည်။ ပညာရေး သည် တနိုင်ငံနှင့် တနိုင်ငံ၊ လူမျိုး တမျိုးနှင့် တမျိုး၊ ဘာသာရေး အသင်း အဖွဲ့ တဖွဲ့နှင့် တဖွဲ့ အကြား နားလည်မှု၊ သဘော ထားကြီးမှု၊ ချစ်ကြည် ရင်းနှီးမှုတို့ တိုးတက် ဖြစ်ပေါ် လာစေ ရန်နှင့် ကမ္ဘာ့ ငြိမ်း ချမ်းရေး တည်တံ့ စေရန် ကုလ သမဂ္ဂက တာဝန်ယူ ဆောင်ရွက် နေသော လုပ်ငန်းများ အဓွန့် ရှည်စေ ရန် ဆောင်ကျဉ်း နိုင်ရမည်။ 

(ဂ) မိဘ များသည် မိမိ တို့၏ ရင်သွေးများ သင်ယူ ရမည့် ပညာ အမျိုး အစားကို ရွေးချယ် နိုင် သော လက် ဦး အခွင့် အရေး ရှိသည်။ 

ရှင်းလင်းချက်။ ။ လူတိုင်း ပညာ သင်ခွင့် ရှိသည်။ မူလတန်း ပညာသည် မသင် မနေရ အခမဲ့ ဖြစ်ရမည်။ 

အပိုဒ် (၂၇) (က) လူတိုင်းသည် လူ့အဖွဲ့ အစည်း၏ ယဉ်ကျေးမှု ဘဝတွင် လွတ်လပ်စွာ ပါဝင် ပိုင်ခွင့်၊ အနု ပညာ သုခုမ ပညာရပ် များကို လွတ်လပ်စွာ လိုက်စား မွေ့လျော် နိုင်ခွင့်၊ သိပ္ပံ ပညာ ထွန်းကားရေး လုပ်ငန်း များ တွင် လွတ်လပ်စွာ ဝင်ရောက် လုပ်ကိုင် ခွင့်နှင့် ထိုပညာ၏ အကျိုး အမြတ် တို့ကို လွတ်လပ်စွာ သုံးစွဲ ပိုင်ခွင့် ရှိသည်။ 

(ခ) လူတိုင်းသည် မိမိ ကိုယ်ပိုင် ဥာဏ်ဖြင့် ကြံစည် ဖန်တီး မှုမှ ဖြစ်ထွန်း လာသော သိပ္ပံ ပညာ ဆိုင်ရာ တီထွင် မှုများ၊ စာပေ ပညာ ဆိုင်ရာ (သို့မဟုတ်) အနု ပညာ ဆိုင်ရာ ဖန်တီး မှုများ တို့၏ ဂုဏ်နှင့် ရုပ်ဝ တ္တုပိုင်း ဆိုင်ရာ အကျိုး အမြတ် များကို ခံစား ရယူ နိုင်ရန် အတွက် ကာကွယ် မှုများ ရပိုင်ခွင့် ရှိသည်။ 

ရှင်းလင်းချက်။ ။ လူတိုင်း မိမိ ပတ်ဝန်း ကျင်၏ ယဉ်ကျေးမှု ဘဝတွင် ပါဝင် ပိုင်ခွင့် ရှိသည်။ 

အပိုဒ် (၂၈) လူတိုင်း ဤစာတမ်း တွင် ဖေါ်ပြ ထားသည့် အခွင့် အရေး များနှင့် လွတ်လပ် ခွင့်များကို အပြည့် အဝ အလေးထား အသိ အမှတ် ပြုသော လူမှု ဆက်ဆံရေး အခြေ အနေနှင့် နိုင်ငံ တကာ ဆက် ဆံရေး အခြေ အနေ တို့၏ အကျိုး ကျေးဇူးကို ခံစား ပိုင်ခွင့် ရှိသည်။ 

ရှင်းလင်းချက်။ ။ လူတိုင်း ယခု ဖေါ်ပြပါ အခွင့် အရေးများ ထွန်းကားရန် လိုအပ်သော အချက် များ ကို လေးစားရန် လိုအပ်သည်။ 

အပိုဒ် (၂၉) (က) လူသား တိုင်းသည် မိမိကိုယ်ပိုင်အရည်အသွေးကို တိုးတက် ဖြစ်ပေါ် ပြည့်ဝ လာအောင် လွတ်လွတ် လပ်လပ် ဆောင်ရွက်မှု ပေးနိုင်သော လူ့ဘောင်အား ပြန်လည် ပေးဆပ်ရန် တာဝန် ဝတ္တရား ရှိသည်။ 

(ခ) လူတဦး တယောက် သည် မိမိ၏ အခွင့် အရေးနှင့် လွတ်လပ် မှုကို ရယူ ရာတွင် အခြားသူ များ၏ အခွင့် အရေးနှင့် လွတ်လပ် ခွင့်များကို ထိုက်ထိုက် တန်တန် အသိ အမှတ်ပြု လေးစား ရမည်။ ဒီမို ကရေစီ စနစ် ထွန်းကား သော လူ့အဖွဲ့ အစည်းတွင် ကိုယ်ကျင့် တရား ကောင်းမွန် ရေး၊ စည်းကမ်း သေဝပ်မှု ရှိရေးနှင့် ပြည်သူ့ အကျိုး စီးပွား ဖြစ်ထွန်းရေး တို့အတွက် တရား မျှတစွာ ကျင့်ဆောင် ရန်အတွက် ရည် ရွယ်၍ ပြဌာန်း ထားသော ကန့်သတ် ချက်မျိုးကို လူတိုင်း လိုက်နာ ရမည်။ 

(ဂ) ဤအခွင့် အရေး များနှင့် လွတ်လပ် ခွင့်များကို ကမ္ဘာ့ ကုလ သမဂ္ဂ၏ ရည်မှန်း ချက်နှင့် အခြေ ခံမူ များအား ဆန့်ကျင် သော ကိစ္စရပ် များတွင် ရယူ ကျင့်သုံး ပိုင်ခွင့် မရှိစေရ။ 

ရှင်းလင်းချက်။ ။ လူတိုင်း အခြားသူ များ၏ အခွင့် အရေး များကို လေးစား ရမည်။ 

အပိုဒ် (၃၀) ဤစာတမ်းပါ အခွင့် အရေး များနှင့် လွတ်လပ် ခွင့်များကို ဖျက်လို ဖျက်ဆီး ဖြစ်စေ မည့် လုပ်ငန်း ရပ်များအား မည်သည့် နိုင်ငံ၊ မည်သည့် အဖွဲ့ အစည်း၊ မည်သည့် ပုဂ္ဂိုလ် ကမှ ကိုယ်တိုင် လုပ်ဆောင်ခွင့်၊ ပါဝင် လုပ်ဆောင် ခွင့် မရှိကြောင်း ဤကြေငြာ စာတမ်းက အတိ အလင်း ကြေငြာသည်။ 

ရှင်းလင်းချက်။ ။ ယခု စာတမ်းပါ အချက် အလက် များကို မည်သူ တဦး တယောက် ကမှ ချိုးဖေါက်ခြင်း မပြုရ။ 

(Translation Resource: HREIB) 

ရခိုင် ပြည်နယ်ရှိ ရိုဟင်ဂျာ လူမျိုး များအား ဘင်္ဂါလီ လူမျိုး များဟု အာဏာပိုင် များက အတင်း အကြပ် လက်မှတ် ရေးထိုးခိုင်း နေခြင်းသည် လူသား အခွင့် အရေးအား အစွမ်းကုန်၊ ကမ်းကုန်၊ အာဏာကုန် ချိုးဖေါက် နေခြင်း ဖြစ်သည်။ 

ရိုဟင်ဂျာ များသည် ခေတ် အဆက် ဆက်ကပင် မြန်မာ့ မြေပေါ်တွင် အခြား တိုင်းရင်း သား လူမျိုး များနှင့် ချစ်ခင် ရင်းနှီးစွာ အေးအတူ ပူအမျှ နေထိုင် ခဲ့ကြသည်။ အင်္ဂလိပ် ခေတ်၊ ဂျပန် ခေတ် များ၌လည်း အင်္ဂ လိပ် အစိုးရ ပြုတ် ကျရေး၊ ဂျပန် တို့အား မောင်း ထုတ်ရေး တို့၌ စွမ်းစွမ်း တမံ ကြိုးပမ်း အား ထုတ် ဖြုတ်ချ၊ မောင်းထုတ် ခဲ့ကြ သည်။ ရိုဟင်ဂျာတွင် ပညာတတ် များ ပေါကြွယ်ဝ၍ တိုင်းပြည် ဝန်ထမ်း များ၊ ပါလီမန် အမတ်များ၊ ရိုဟင်ဂျာ ဝန်ကြီး များက တိုင်းပြည် တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင် ခဲ့ ကြသည်။ တိုင်းပြည် အကျိုး သယ်ပိုး ခဲ့ကြ သည်။ ဦးနေဝင်း လက်ထက် မှစ၍ စစ်အစိုးရ အဆက်ဆက်၊ ယခု စစ်အစိုးရ ထက်ပင် ဆိုးသော ဦးသိန်းစိန် အစိုးရ လက်ထက် အထိ ရိုဟင်ဂျာ များအား စံနစ် တကျ စီမံကိန်း များချ၍ စီးပွါးရေး၊ ပညာရေး၊ လူမူရေး၊ ကျန်းမာရေး တို့၌ နိမ့်ကျအောင် ဘက် ပေါင်းစုံမှ လုပ်ဆောင်ခြင်း၊ စိတ်ပိုင်း ဆိုင်ရာ အနာတရ ဖြစ်အောင် ထိုးနှက်ခြင်း၊ ရိုဟင်ဂျာ တို့အား တရွာမှ တရွာ သို့ ပင် ခရီး သွားလာခွင့် ပိတ်ပင်ခြင်း တို့အား တစ တစ တိုးမြှင့် ဆောင်ရွက် ရင်း ယခု ဒီမိုကရေစီ အစိုးရ လက်ထက်၌ လူမျိုးတုံး သတ်ဖြတ် ခြင်းအား ဂိတ်ဆုံး လုပ်ဆောင် နေခြင်း ဖြစ်သည်။ 

ဦးသိန်းစိန် အစိုးရအား ပြောချင် သည်မှာ မြေမျို၍သာ လူမျိုး ပျောက်ချင် ပျောက်မည်။ လူမျို၍ လူမျိုး မပျောက် နိုင်ပါ။ ဦးနေဝင်း လက်ထက် ၁၉၇၈ ခုနှစ်၌ ရိုဟင်ဂျာ လူမျိုး များအား ဘင်္ဂါလီ လူမျိုး များဟု အမည် တပ်၍ ဘင်္ဂလား ဒေ့ရှ် နိုင်ငံသို့ နဂါးမင်း စစ်ဆင် ရေးဖြင့် မောင်းထုတ် ခဲ့သည်။ သို့သော် ရိုဟင်ဂျာ လူမျိုး များ၏ နိုင်ငံသား ဖြစ်မှု၊ ဘင်္ဂလား ဒေ့ရှ် နိုင်ငံ၏ ကန့်ကွက်မှု၊ တကမ္ဘာ လုံး၏ ကန့်ကွက်မှု ဖိအား များကြောင့် ရိုဟင်ဂျာ လူမျိုး များအား မြန်မာ နိုင်ငံသား များဖြစ်သည်ဟု ဝန်ခံ၍ ဟင်္သာ စီမံချက်ဖြင့် ဘင်္ဂ လား ဒေ့ရှ် နိုင်ငံ၌ ခိုလှုံ နေရ သော ရိုဟင်ဂျာ လူမျိုး များအား ကမ္ဘာသိ ပြန်လည် လက်ခံ ခဲ့ရသည်။ ထိုအချိန် မှစ၍ ဦးနေဝင်း အစိုးရသည် ရိုဟင်ဂျာ များအား သိုသို သိပ်သိပ် ညှင်းပန်း နှိပ်စက်ရင်း ဦးနေဝင်း အစိုးရ ပြုတ်ကျ ခဲ့သည်။ ဦးနေဝင်း အစိုးရ ပြုတ်ကျ ပြီးနောက် ဦးနေဝင်း၏ တပည့်ရင်း ခင်ညွန့် လက် ထက်၌ ရိုဟင်ဂျာ များအား စစ်တွေမြို့မှ ကျော်၍ ပြည်မ ဖက်သို့ လာရောက် ခွင့် ပိတ်ပင် ခဲ့သည်။ ထိုမှတဆင့် ထက် တဆင့် တက်၍ တရွာမှ တရွာ သို့ပင် ခရီး သွားလာခွင့် မပေး တော့ဘဲ ယခု ဦးသိန်းစိန် အစိုးရ လက်ထက်၌ ဂိတ်ဆုံး လူမျိုးတုံး သတ်ဖြတ်ခြင်း အဆင့် သို့ပင် ရောက်ရှိ လာပြီ ဖြစ်သည်။ ယခုအခါ သိန်းစိန်နှင့် အပေါင်း အပါ တို့သည် ရိုဟင်ဂျာ လူမျိုး များအား အတင်း အကြပ် ဘင်္ဂါလီဟု လက် မှတ် ရေးထိုးခိုင်း နေခြင်းအား လက်တလော လုပ်ဆောင် နေသည်။ ယင်းသည် အပြည် ပြည် ဆိုင်ရာ လူ့ အခွင့် အရေး ကြေငြာ စာတမ်း အား ဖေါက်ဖျက် နေခြင်း ဖြစ်သည်။ 

ရိုဟင်ဂျာ များသည် ၎င်းတို့ကို ၎င်းတို့ ရိုဟင်ဂျာဟု လွတ်လပ် စွာ ခံယူ ပိုင်ခွင့် ရှိသည်။ ယင်းကို မည်သည့် အစိုးရ မည်သည့် အဖွဲ့ အစည်း ကမှ ကန့်သတ် ချုပ်ချယ် ပိုင်ခွင့် မရှိ။ ခေတ် အဆက် ဆက်ကပင် ရိုဟင်ဂျာဟု အမည် တွင်ကာ မြန်မာ ပြည်၌ နေထိုင်ခဲ့ ကြသည့် မြန်မာ မှတ်ပုံတင် ကိုင်ဆောင် ခဲ့သော ရိုဟင်ဂျာ လူမျိုးများ အား ခင်ညွန့် လက်ထက် မှစ၍ မှတ်ပုံတင် ထုတ်မပေး တော့ဘဲ ယာယီကတ် များသာ ထုတ်ပေး ခြင်းဖြင့် ယင်းတို့ သည် ဘင်္ဂါလီများ ဖြစ်မသွားပါ။ ရိုဟင်ဂျာ သည် ရိုဟင်ဂျာ သာ ဖြစ်သည်။ ကမ္ဘာ တည်သရွေ့ ရိုဟင်ဂျာ ပင် ဖြစ်နေမည် ဖြစ်သည်။

မောင်သမာဓိ 
RB News
10.5.2013

မေလ (၆) ရက် နေ့မှာ ပြောကြား ခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းဟာ ရိုဟင်ဂျာ တွေအတွက် အသုံး မ၀င်တဲ့ မိန်းခွန်း တစ်ရပ် ဖြစ်ပါတယ်။ သူ့မိန့်ခွန်းမှာ သမာ သမတ် ရှိသူတွေ အားလုံး အော့ဂလိဆန်တဲ့ “ရခိုင် အစီရင်ခံစာ” ကိုသူက ချီးမွမ်းခန်း ဖွင့်တယ်။ စကားတွေ ရှေ့နောက် မညီ ပြောတယ်။ ပထမတော့ သူက ဘာဘာ ညာညာနဲ့ အခြေခံ အခွင့် အရေး အကြောင်း တွေလေလုံး ထုတ်တယ်။ နောက်ဆုံး နိဂုံးချုပ် မှာတော့ ရခိုင် အလိုကျသာ လုပ်ပေး နိုင်မယ် ဆိုပြီး ပိတ်ပြော သွားခဲ့ ပါတယ်။ 

သူ့မိန့်ခွန်းမှာ“ရခိုင် ပြည်နယ် ပဋိပက္ခ စုံစမ်း စစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင် ခံစာဟာ ပြည့် စုံ ကောင်း မွန် တဲ့ အစီရင်ခံစာ တစ်ခု ဖြစ်ကြောင်း၊ ရခိုင် အရေး ကိစ္စကို ဒီအစီ ရင်ခံစာကို အခြေခံပြီး ဖြေ ရှင်း မှာ ဖြစ်ကြောင်း၊ ရခိုင် တိုင်းရင်းသား တွေရဲ့ ခံစားမှုနှင့် လိုလားချက်တွေကိုလုံးဝ လျစ်လျူရှူမှာ မဟုတ်ကြောင်း” အလေး အနက်ထား ပြောဆို သွားတာ တွေ့ရှိ ရပါတယ်။ ဒါဟာ ရိုဟင်ဂျာ တွေကို ရန်သူ ဟု သတ်မှတ်ကြောင်း ကြေညာခြင်း ဖြစ်ပါတယ်။ ဒါတွေကို ရိုဟင်ဂျာ တွေအနေနဲ့ ဘယ်လိုမှ လက်မ ခံ နိုင်ပါဘူး။ ဒီရခိုင် အစီရင် ခံစာမှာ ရေးထား တွေဟာ ရခိုင်တွေရဲ့ ခံစားမှုနှင့် လိုလားချက် တွေဖြစ် ပါတယ်။ ရခိုင် တွေရဲ့ ခံစားမှုနှင့် လိုလား ချက်တွေက - 

- ရိုဟင်ဂျာ တွေဟာ ဘင်္ဂလီတွေ ဖြစ်တယ်၊ မြန်မာ နိုင်ငံမှာ ရိုဟင်ဂျာ ဆိုတာ မရှိဘူး။ ဘယ်တော့မှ လည်း မရှိစေ ရဘူး။ 

- ဘင်္ဂလီ တွေဟာ ခိုးဝင် လာသူ တွေ ဖြစ်တယ်။ ရခိုင် တွေနဲ့ ဘယ်တော့မှ တန်းမတူ ရဘူး။ ရခိုင်က သခင်၊ ဘင်္ဂလီက ကျွန်ဖြစ် နေရမယ်။ ရခိုင်နဲ့ ဘင်္ဂလီဟာ အိမ်ရှင်နဲ့ ဧည့်သည်လို အမြဲ ကွာခြား နေရမယ်။ - ၁၉၈၂ နိုင်ငံသား ဥပဒေကို လုံးဝ မပြောင်း ရဘူး။ ဒီဥပဒေနဲ့ ဘင်္ဂလီ အနည်းစုကို “ပြု” (သို့မဟုတ်) “ဧည့်” နိုင်ငံသား ပေးပြီး၊ ကျန်တာ တွေကို “နိုင်ငံမဲ့” အဖြစ် ဒုက္ခသည် စခန်းတွေ ဆက်လက် ထားရမယ်။ 

- ဘင်္ဂလီ တွေဟာ နိုင်ငံရေး အရ လွှမ်းမိုး လာတယ်၊ ဒါ့ကြောင့် ဘင်္ဂလီ တွေကို ပါတီ ထောင်ခွင့် ပေးတာ တို့၊ လွှတ်တော် ကိုယ်စားလှယ် ဖြစ်ခွင့် ပေးတာတို့၊ အုပ်ချုပ် ရေးမှူး ခန့်တာတို့ စတာ တွေကို ပိတ်ပင် ရမယ်။ 

- ဘင်္ဂလီ တွေဟာ စီးပွားရေး အရ လွှမ်းမိုး လာတယ်။ ဒါ့ကြောင့် ဘင်္ဂလီ တွေကို စီးပွားရေး လုပ်ငန်း ကြီးကြီး မားမား တွေကို လုပ်ခွင့် မပေး ရဘူး။ ဗုဒ္ဓ ဘာသာဝင် တွေက ဘင်္ဂလီနဲ့၊ မွတ်စလင် တွေနဲ့ စီး ပွားရေး အရ မဆက်ဆံ ရဘူး။ 

- NGO, INGO တွေက ဘင်္ဂလီတွေကိုဘဲ ကူညီ နေတယ်၊ အရေးစိုက် နေတယ်။ ဒါ့ကြောင့် NGO, INGO တွေက ရခိုင် တွေကိုသာ ထောက်ပံ့ ကူညီ ရမယ်။ ဘင်္ဂလီ တွေကို ဂရုစိုက် စရာ မလိုဘူး။ 

- ဘင်္ဂလီတွေဟာ ကလေးတွေ အများကြီး မွေးပြီး ရခိုင် တွေကို မျိုနေတယ်။ ဒါ့ကြောင့် ဘင်္ဂလီ တွေကို အိမ်ထောင် မပြုနိုင် အောင်၊ ကလေးတွေ မမွေး နိုင်အောင်၊ နိုင်ငံခြားသို့ ထွက်ပြေး သွားအောင် လုပ် ရမယ်။ ဘင်္ဂလား ပင်လယ် အော်ထဲ မောင်းထုတ် ရမယ်။ 

- ဘင်္ဂလီနဲ့ မွတ်စလင်တွေက ရခိုင်ပြည် အပါအ၀င် မြန်မာနိုင်ငံကို အစ္စလာမ်နိုင်ငံဖြစ်အောင် (Islamization) လုပ်နေတယ်။ ဒါ့ကြောင့် ဘင်္ဂလီတွေ၊ မွတ်စလင် တွေရဲ့ အစ္စလာမ် ဘာသာကို အကြီး အကျယ် ကန့်သတ် ရမယ်။ ဖျက်ဆီး ရမယ်။ 

- ဘင်္ဂလီ တွေက ရခိုင်ရွာ၊ ရခိုင်မြေ တွေကို သိမ်းပိုက် ထားတယ်။ ဘင်္ဂလီ ရွာတွေကို ဖျက်ပြီး ရခိုင် “နတလ” ရွာတွေ တည်ဆောက် ပေးရမယ်၊ ဘင်္ဂလီ လက်ထဲက လယ်တွေကို ရခိုင်တွေ ကိုပေးရမယ်။ 

- ဘင်္ဂလီ တွေက ရခိုင် တွေရဲ့ ရန်သူ တွေဖြစ်တယ်။ အချက် အချာ ကျတဲ့ နေရာမှာ ရှိတဲ့ ဘင်္ဂလီ ရွာတွေ ကိုဖျက် ပေးရမယ်။ ဘင်္ဂလီ တွေကို သတ်နိုင်ဖို့ အတွက် ရခိုင် တွေကို လက်နက် ထုတ်ပေး ထားရမယ်။ ရခိုင် လုံခြုံရေး တပ်များဖြင့် ဘင်္ဂလီ တွေကို ငြိမ်းချမ်းစွာ မနေနိုင် အောင် လုယက် နှိပ်စက် သတ်ဖြတ် ကြရမယ်။ 

- ဘင်္ဂလီ တွေဟာ ကျွန်တွေ ဖြစ်တယ်။၊ ဒါ့ကြောင့် ဘင်္ဂလီ တွေကို အဆင့်မြင့် အသက် မွေးဝမ်း ကျောင်း ပညာတွေ သင်ခွင့် မပေး ရဘူး။ အစိုး အမှုထမ်းတွေ မဖြစ်စေ ရဘူး ၊မရွှေ့ မပြောင်း နိုင်တဲ့ ပစ္စည်း တွေ ပိုင်ဆိုင်ခွင့် မပေး ရဘူး စတဲ့ အောက်တန်း ကျတဲ့ အချက် တွေဖြစ် ပါတယ်။ ရခိုင် တွေမှာ အခြား အောက် တန်း ကျတဲ့ ခံစားမှုနှင့် လိုလားချက် တွေလဲ ရှိပါတယ်။ 

ရခိုင် အလိုတော်ရိ ဝေလေလေ သမ္မတ ဦးသိန်းစိန်က “ရခိုင် တိုင်းရင်းသား တွေရဲ့ခံစားမှုနှင့် လိုလား ချက် တွေကို လုံးဝ လျစ်လျူ ရှူမှာ မဟုတ်ကြောင်း” ပြောတာ ဟာ အထက်ပါ ရခိုင် တွေရဲ့ အောက်တန်း ကျတဲ့ ခံစားမှုနှင့် လိုလားချက် တွေကို တစ်ခု မကျန် မမှိတ် မသုန် အကောင် အထည် ဖော်မယ် လို့ ပြော ခဲ့ခြင်း ဖြစ်ပါတယ်။ ပြီးတော့ သူက “အစ္စလာမ် ဘာသာဝင် တွေရဲ့ အခြေခံ ရပိုင်ခွင့်နဲ့ အခွင့် အရေး များကို လက်တွေ့ အကျဆုံး နည်းလမ်း များနဲ့ အရေးယူ ဆောင်ရွက် ပေးမယ်” လို့ဆိုတဲ့ နေရာမှာ“လက်တွေ့ အကျဆုံး နည်းလမ်းများ” ဆိုတာဟာ“ရခိုင်တွေ သဘောတူ ခွင့်ပြု သလောက်” ဘဲလုပ်ပေး နိုင်မယ်လို့ ဆို လိုက်ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် “နိုင်ငံသား ဖြစ်ခွင့် ရှိသူများ နိုင်ငံသား ဖြစ်ရေးကို ဆောင်ရွက်မယ်” ဆို တဲ့ နေရာ မှာလဲ“ဖြစ်ခွင့် ရှိသူများ” လို့သုံးနှုန်း ပြောဆို ခြင်းဟာ “ရိုဟင်ဂျာ တွေကို တိုင်းရင်း သား၊ မွေး ရာပါ နိုင်ငံသား အဖြစ် လက်ခံမှာ မဟုတ်ဘဲ ကျွန်သာသာ ရှိတဲ့ “ပြု” နိုင်ငံသား လောက်ဘဲ စဉ်း စားနိုင်မယ်” လို့အတိ အလင်း ကြေညာ လိုက်ခြင်း ဖြစ်ပါတယ်။ ဒါဆို ရိုဟင်ဂျာတွေ၊ အစ္စလာမ် ဘာသာ ၀င် တွေမျှော်လင့်တဲ့ အခြေခံ အခွင့်ရေး တွေရနိုင် စရာ အကြောင်း မရှိ တော့ဘူး။ ရခိုင် အိမ်တွေမှာ ၀က် စာကျွေး၊ ၀က်ခြံရှင်း၊ ထင်းခွေ ရေခပ်၊ အလုပ်ကြမ်း လုပ်ခွင့် လောက်ဘဲ ရဖို့ရှိ တော့တယ်။ 

သူက လုံခြုံရေး အဖွဲ့ တွေကို “ပြည်သူ့ ၀န်ထမ်း ကျင့်ဝတ်နဲ့ အညီ ဘက်လိုက်မှု မရှိဘဲ ဥပဒေ အရ တိတိ ကျကျ လိုက်နာ ဆောင်ရွက်ဖို့ ညွှန်ကြား အမိန့် ပေးထားပြီး ဖြစ်ကြောင်း” ပြောထားတယ်။ လက်တွေ့ မှာတော့ ဘတ်တာ ချည်းဘဲ တွေ့နေ ရပါတယ်။ ဒီနေ့ထိ မွတ်စလင် တွေဟာ စခန်း တွေမှာရော၊ ရွာတွေ မှာပါ အေးချမ်းစွာ ညအိပ်လို့ မရနိုင် ဖြစ်နေတယ်။ နေ့စဉ်နဲ့ အမျှ ဗုဒ္ဓ ဘာသာဝင် လုံခြုံရေး အဖွဲ့ဝင် တွေရဲ့ ညဉ်းပန်း နှိပ်စက် သတ်ဖြတ်မှု ဒဏ်ကို ခံနေရ ပါတယ်။ မွတ်စလင် တွေချည်း ကိုဘဲ ဖမ်းပြီး တရားခံ လုပ်နေတယ်၊ ထောင်နှစ်ရှည် ချနေတယ်။ ရိုဟင်ဂျာ တွေကို ရိုက်နှက် ဖမ်းဆီး ခြိမ်းခြောက်ပြီး အတင်း အဓမ္မ ကွန်ပျူတာမှာ လက်ဗွေနှိပ်စေပြီးတော့ ဘင်္ဂလီဟု ၀န်ခံခိုင်း နေတယ်။ လုံခြုံရေးကို အကြောင်း ပြ ပြီးတော့ မွတ်စလင် တွေရဲ့ ငြိမ်းချမ်း တဲ့ဘ၀ကို ထိုလုံခြုံရေး အဖွဲ့ အစည်း တွေက တိတိ ကျ ကျ ကို ရွေးထုတ်ပြီး ဖျက်ဆီးလျက် ရှိပါတယ်။ 

ဒီတော့ ဆန်၊ ဆီ၊ ဆား လောက်ဖြန့်ဝေခွင့် ရရင် ဟုတ်လှပြီ လို့ထင် နေတတ် တဲ့ UN, INGO တွေ၊ မြန်မာ သယံဇာတ ကိုအမြတ် ထုတ်ဖို့သာ စိတ်ဝင် စားနေတဲ့ USA, EU, ASEAN နဲ့ အခြား နိုင်ငံ တွေ အနေနဲ့ ကလိမ်ကကျစ် အာဏာ ပါးကွက်သား သမ္မတ ဦးသိန်းစိန် ဆိုသူရဲ့ ဝေလေလေ မိန့်ခွန်းကို ထောပနာ မပြုကြဖို့နဲ့ ရိုဟင်ဂျာ တွေရဲ့ရရှိ ခံစားပြီး သား တိုင်းရင်းသား အခွင့် အရေး၊ မွေးရာပါ အခွင့် အရေး များကို နစ်နာ ဆုံးရှူံးအောင် မလုပ် မိဖို့ သတိထား စေလို ပါတယ်။ ရိုဟင်ဂျာနဲ့ အခြား မွတ်စလင် တွေအနေ နဲ့လဲ အပြောနဲ့ အလုပ် မညီတဲ့ ဒီအူကြောင် ကြောင် သမ္မတရဲ့ မိန့်ခွန်း ထဲမှာ ကြီးကြီး မားမား မျှော်လင့် စ ရာ တွေ မရှာမိ ဖို့နဲ့ မိမိ တို့ရဲ့ အသက် အိုးအိမ် စည်းစိမ် တွေကို ဘယ်လို ကာကွယ် စောင့်ရှောက် ကြမလဲ ဆိုတာကို အလေး အနက် စဉ်းစား ဆောင်ရွက် ဖို့လိုပြီ ဖြစ်ကြောင်း သတိပေး နှိုးဆော် အပ်ပါ တယ်။ 
(ဓါတ်ပုံ - AK Rockefeller)
MYARF
RB News
8.5.2013

"ငြိမ်းချမ်းရေးဆု ချီးမြှင့် ခံရဖို့ လူပေါင်း များစွာ သတ်ဖို့ လိုနေ ပြီလား (သို့) သမ္မတ ဦးသိန်းစိန် ကိုပေး အပ် ချီးမြှင့် ခဲ့တဲ့ ICG ရဲ့ ငြိမ်းချမ်း ရေးဆု" 

ထူးဆန်းသော လောက ကြီးမှာ ထူးဆန်း မှုတွေ နေ့စဉ်နှင့် အမျှ ဖြစ်ပေါ် တတ်၏။ ဤသို့ နေ့စဉ်နှင့် အ မျှ ဖြစ် ပေါ် နေသော ထူးဆန်း မှုတွေ ထဲတွင် လူသားများ နားလည် လက်ခံ တတ်သော၊ လူသား များ၏ စိတ်နှလုံးကို ချမ်းမြေ့ စေသော ထူးဆန်း မှုမျိုးနှင့် လူသားများ နားမလည် လက်မခံ တတ်သော၊ လူသား များ၏ စိတ်နှလုံးကို မခံချိ မခံသာ ဖြစ်စေသော ထူးဆန်းမှုမျိုး ဟူ၍ နှစ်မျိုး နှစ်စား ဖြစ်ပေါ် တတ်၏။ ကမ္ဘာ တည် သရွေ့လည်း ဖြစ်နေ ဦးမှာပင်။ 

သို့သော် သိပ်မကြာခဲ့သော နေ့တစ်နေ့၌ ကမ္ဘာပေါ်တွင် ဘယ်တုန်း ကမှ မဖြစ်ပေါ်၊ မဖြစ်ပွား ခဲ့သော ထူးဆန်းမှု တစ်ခု အမှန် တကယ် ဖြစ်ပေါ် ခဲ့၏။ ထိုထူးဆန်းမှု ကိုတော့ အသိဥာဏ် ရှိသူတိုင်း၊ စဉ်းစား ဆင်ခြင်တတ် သူတိုင်း ဘယ်သူ ကမှ မည်သည့် အကြောင်း မျိုးနှင့် ဖြစ်ပါစေ နားလည် သဘောတူ လက်ခံ လိမ့်မည် မဟုတ်ချေ။ ဘယ်တုန်း ကမှလည်း တူပေ လိမ့်မည် မဟုတ်။ ငြိမ်းချမ်း ရေးဆု ချီးမြှင့် ခံရဖို့ရန် လူ သား ပေါင်းများစွာကို သတ်ဖို့ လိုနေပြီးလား ဟုပင် ကမ္ဘာသူ ကမ္ဘာသား တိုင်း၏ ရင်ထဲ၊ စိတ်နှလုံး ထဲ ၌ တွေးတော မှုတွေ ခံစား ဖြစ်ပေါ် စေခဲ့၏။ တိတိ ကျကျ ပြောပြ ရလျှင် သိပ်မကြာ သေးခင်က ကမ္ဘာ့စံပြ ဒီမိုကရေစီ နိုင်ငံ တစ်နိုင်ငံ ဖြစ်သော အမေရိကန် နိုင်ငံရှိ ICG အဖွဲ့က စစ်ဝတ်လဲပြီး အရပ်သား အရေခြုံ အစိုးရကို ဦးဆောင် နေသော မြန်မာ နိုင်ငံ သမ္မတ ဦးသိန်းစိန်ကို ပဋိပက္ခ ဖြေရှင်း ရေးဆု ဆိုပြီး ငြိမ်း ချမ်း ရေးဆု တစ်ဆု ပေးအပ် ချီးမြှင့် ပေးခြင်းပင် ဖြစ်သည်။ ထူးဆန်း တကာထဲ၌ အထူးဆန်း ဆုံးလုပ် ရပ်၊ ဖြစ်ရပ် တစ်ခု ဖြစ်၏။ အမှန် တရားကို မြတ်နိုး တတ်သော၊ လူ့အခွင့် အရေးကို အရေး ထားသော ပုဂ္ဂိုလ်တိုင်း၏ နှလုံးသားကို မီးတောက် တွေထဲ တည့်သွင်း လိုက်သလို နာကျင် ခံစား စေ၏။ အထူး သဖြင့် ကမ္ဘာ့ ဖိနှိပ် အခံ ရဆုံး၊ လူ့အခွင့် အရေး အချိုးဖောက် ခံရဆုံး လူနည်းစု လူမျိုး တစ်မျိုး၏ မျှော်လင့် ချက် ရောင်ခြည်ကို မှောင်မိုက် ပျက်သုဉ်း စေ၏။ ထိုလူမျိုးစု ထဲမှ ခေတ်ပညာတတ် လူငယ် တစ်ယောက် က "ကိုယ့်အပေါ် တရားဝင် လူ့အခွင့် အရေး ချိုးဖောက် နေသူ၊ ကိုယ့်လူနည်းစု ဖြစ်တဲ့ လူမျိုး တစ်မျိုးသား လုံးကို မျိုးတုံး သွားအောင်ထိ အချိန် ဇယား အစီအစဉ် တကျ လုပ်ဆောင် နေသူ၊ ကိုယ့်ညီအစ်မ များကို လမ်းမကြီးပေါ် အတင်း အဓမ္မ မုဒိမ်းကျင့် နေသော အစိုးရကို ဦးဆောင် နေသူ၊ ကိုယ့်ညီအစ်မ များကို အပြစ် မဲ့စွာ ဖမ်းဆီးပြီး အကြောင်း မဲ့စွာနှင့် နှစ်ရှည် လများ တောင်ဒဏ် ချမှတ် နေသူ၊ ကိုယ့်ရွာသား၊ မျိုးသား များကို ကြက်ငှက်သတ် သလို လွယ်လွယ် လေးနှင့် ရက်ရက် စက်စက် သတ်ဖြတ် နေသူ၊ ကိုယ့်ပြော ပိုင်ခွင့်၊ ကိုးကွယ်ခွင့်၊ သွားလာခွင့်၊ လက်ထပ်ခွင့်၊ ပညာသင် ယူခွင့်၊ နိုင်ငံသား ဖြစ်ခွင့် စသည့် "ခွင့်" များကို ပိတ်ပင် တားမြစ် ဟန့်တား နေသူ၊ ကိုယ့် ကို ကျွန်ထက်၊ တိရိစ္ဆာန် ထက် နှိမ့်ချ ဆက်ဆံ နေ သူ၊ ကိုယ့် အိမ် များကို လောင်စာ ဆီလောင်းပြီး မီးရှို့နေသူ၊ ကိုယ့်စား ၀တ် နေရေး ကို ဖြတ်တောက် စေ သူ၊ ဒီမို ကရေစီ အရေခြုံပြီး ကမ္ဘာကြီးကို ဗြောင်လိမ် နေသူ၊ ထိုကဲ့သို့ သော သူမျိုးကိုမှ ICG က ပဋိပ က္ခ ဖြေရှင်း ရေးဆု ဆိုပြီး ငြိမ်းချမ်း ရေးဆု တစ်ဆု ပေးအပ် ချီးမြှင့်ခဲ့ ခြင်းသည် ကိုယ့်ကို ICG အဖွဲ့က သတ်လိုက် သလို ခံစားရ၏"တဲ့။ 

ဤသို့ ထူးဆန်းသော ငြိမ်းချမ်းရေး ဆုကြောင့် ကမ္ဘာ့ ငြိမ်းချမ်း ရေးကို လိုလားသော လူပုဂ္ဂိုလ် တို့၏ ရင်ထဲတွင် အသိ တရား တစ်ခု ကိန်းဝင် သွားမည်မှာ သေချာပင်။ သြော် …… လောက ကြီးဟာ အသတ် ခံ နေသူ၊ အားနည်း နေသူ တွေနှင့် အတူ မရပ်တည် ဘူးလား။ လောက ကြီးဟာ လက်နက် ကိုင်ဆောင် ထားတဲ့ လူသတ် သမားကို အားပေး နေတာလား၊ ငြိမ်းချမ်း ရေးဆုဟာ ထိုလူသတ် သမားတွေ အတွက်၊ လူ့အခွင့် အရေး ချိုးဖောက် နေသူတွေ အတွက်၊ လူမျိုးတုံး သတ်ဖြတ် နေသူတွေ အတွက် ဂုဏ်ပြုဆု မျိုးလား။ သို့ဆိုလျှင် …. ICG ကိုမေး ပါရစေ …. ခင်ဗျား တို့၏ ငြိမ်းချမ်းရေး ဆုကို ချီးမြှင့် ခံရဖို့ အလို့ငှာ လူ သား မျိုးနွယ်တွေ ဘယ်လောက် များများကို သတ်ဖို့လို နေသလဲ …. ဒီလောက် သတ်မှ ဒီဆု ချီးမြှင့်ခံ ရ တာ ပါဆိုပြီး ကန့်သတ်ချက်၊ သတ်မှတ်ချက် ရှိပါ သလော …. လူမျိုး တစ်မျိုးကို မျိုးတုံး နိုင်အောင်ထိ သတ်နိုင် သူကိုမှ ပေးအပ် ချီးမြှင့် ဂုဏ်ပြု တာလား၊ အပြစ်မဲ့ သူများကို ရက်ရက် စက်စက် သတ်ဖြတ် နိုင်သူ ကိုမှ ချီးမြှင့် တာလား။ ဒီဆုကို ကမ္ဘာကြီးက လူသတ်သမား ခေါင်းဆောင် တွေ အဖြစ် ရှုမြင် ကြတဲ့ Hitler, Joseph Stalin Called As Uncle Joe, Mao Tse Tsung (China), Benito Mussolini (Italy), Ashoka, Embargo Put By George Bush တို့ကို မချီးမြှင့် ခဲ့ဘဲ ဘာဖြစ်လို့ ကျွန်တော် တို့၏ လူသတ် သမား ခေါင်းဆောင်ကြီး ဦးသိန်းစိန်ကို ချီးမြှင့် ခဲ့တာလဲ ….. နားလည် လက်ခံ သဘော တူရန် ခက်ခဲ လွန်းနေလို့ မေးနေ ရတာပါ။ 

ရိုဟင်ဂျာ ဆိုသော လူမျိုး များသည် မြန်မာ နိုင်ငံ၊ ရခိုင် ပြည်နယ်၌ ဟိုးနှစ်ပေါင်း များစွာ ခေတ်အဆက် ဆက်က နေထိုင် လာသော လူမျိုး တစ်မျိုး ဖြစ်လင့် ကစား၊ ခေတ်အဆက်ဆက် မြန်မာ့ သမိုင်း၊ ကမ္ဘာ့ သမိုင်း တို့တွင် နေရာ ယူ မှတ်တမ်းတင် ခံရလင့် ကစား၊ မြန်မာ နိုင်ငံ၏ လွတ်လပ်ရေး တိုက်ပွဲ၌ အခြားသော မြန်မာ နိုင်ငံ ရှိ လူမျိုး စုများ နှင့်အတူ တက်ညီ လက်ညီ တိုက်ပွဲဝင် ခဲ့သူ ဖြစ်လင့် ကစား၊ ထိုလူမျိုး များသည် ယ္ခု အခါ နိုင်ငံမဲ့ ဘ၀ ရောက်နေ ရခြင်း၊ သမိုင်း မရှိ မှတ်တမ်း မှတ်ရာ မရှိဟု ငြင်းပယ် ခံနေ ရခြင်း၊ လူ့အခွင့် အရေး အချိုး ဖေါက်ဆုံး၊ ကမ္ဘာ့ အဖိနှိပ် ခံရဆုံး လူမျိုးဟု သတ်မှတ်ခံ နေရခြင်း ဘ၀မျိုးသို့ ရောက်ရှိ နေရ ရှာသည်မှာ နှစ်ပေါင်း များစွာ ရှိနေခဲ့ပြီး ဖြစ်သည်။ ၁၉၄၂ ခုနှစ်မှ စ၍ စတင် သုတ်သင် ခံလာ နေရသော ရိုဟင်ဂျာ လူမျိုး များသည် သတ်ဖြတ်မှု အမျိုးမျိုး၊ ဖိနှိပ်မှု အမျိုးမျိုး၊ နှိပ်စက်မှု အမျိုးမျိုး၊ တားမြစ်မှု အမျိုးမျိုး ခံနေရသည့် ကြားက ကိုယ့်မြေ၊ ကိုယ့်ဇာတိ ကို ချစ်မြတ်နိုးတဲ့ စိတ်နှင့် ကိုယ့်မြေ၊ ကိုယ့်ဇာတိကို စွန့်ခွာ မသွားဘဲ မိမိ၏ မွေးဇာတိ၌ အခြေ တကျ နေထိုင် လာ၏။ သန်းပေါင်း ၆၀-ကျော် ရှိသည့် မြန်မာ နိုင်ငံမှာ သိန်းပေါင်း ဆယ်ဂဏန်း ကျော်သာ ရှိသည့် ရိုဟင်ဂျာ လူမျိုး များသည် လူနည်းစု ဖြစ်၏။ ကိုယ့် ကံကြမ္မာ ကိုယ် စီရင်ပိုင်ခွင့် မရှိရှာသော ရိုဟင်ဂျာ များသည် ခေတ် အဆက်ဆက် အစိုးရများ၏ နဂါးမင်း၊ ကျီးကန်း၊ ဆွဲတင်စစ် စသော မျိုးတုံးစေနည်းဟု တင်စားရလောက် အောင် ကောက် ကျစ် စဉ်းလဲ၊ ခွဲခြား စစ်ဆေး၊ ရက်စက် ကြမ်းကြုတ်သော အမျိုးမျိုးသော မုန်တိုင်းထဲ၌ ကြံ့ကြံ့ခံ ရပ် တည် ခေါင်း ငုံ့  စစ်ဆေး ခံရင်း ရှိသမျှ အားမွေး အားတင် ထားလျှက် နေရှာ နေရ၏။ 

အာဏာရှင် တွေသာ အုပ်ချုပ် ခဲ့သည့် မြန်မာ နိုင်ငံ၏ ခေတ်အဆက်ဆက် အာဏာရှင် များသည် လူနည်းစု ရိုဟင်ဂျာ များကို ၁၉၈၂ ခုနှစ် ဥပဒေ ပြဌာန်းခြင်း အားဖြင့် နိုင်ငံသား ဖြစ်ခွင့်မှ ဝေးခဲ့ စေသည်။ လွတ်လပ် စွာ သွားလာခွင့်၊ လွတ်လပ်စွာ ပြောပိုင်ခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ပညာ သင်ယူ နိုင်ခွင့်၊ လွတ် လပ်စွာ လက်ထပ် နိုင်ခွင့်၊ အစိုးရ အဖွဲ့၌ တာဝန် ထမ်းဆောင် နိုင်ခွင့် စသည့် အခွင့် အရေး များကို နိုင်ငံသား ဖြစ်မှ သာလျှင် ရှိသည်ဟု ဆိုပြီး ရိုဟင်ဂျာ များကို နိုင်ငံတွင်းမှ ထွက်ခွာ သွားအောင်၊ မျက်ကန့် နားပင့် အောင် လုပ်ဆောင် ခဲ့၏။ ဒေသန္တာရား ဥပဒေ ပြဌာန်းခြင်း အားဖြင့် ရိုဟင်ဂျာ များကို တရားဝင် လိုင်စင် ရရှိထား သကဲ့သို့ သတ်ဖြတ်မှု၊ ဖမ်းဆီး နှိပ်စက်မှု၊ ဖမ်းဆီး ငွေညှစ်မှု၊ မုဒိမ်းကျင့်မှု၊ အတင်း အဓမ္မ လုပ်အားပေး စေခဲ့မှု စသည်ဖြင့် ပြုလုပ် နေလာ ခဲ့၏။ ဤကဲ့သို့ သော ဖိနှိပ်မှု မျိုးကို ဂုဏ်ပြု ၍ ကမ္ဘာ့ကုလ သမဂ္ဂ အဖွဲ့ကလည်း ရိုဟင်ဂျာ များကို ကမ္ဘာ့ဖိနှိပ် အခံရဆုံး လူမျိုးစုဟု သတ်မှတ် မှတ် တမ်းတင် ခဲ့သည်မှာ ကမ္ဘာ့သိ ဖြစ်သည်။ ဖိနှိပ် ရက်စက် ကြမ်းကြုတ်မှု အမျိုးမျိုး၏ လှိုင်းဂ ယက် တွေ ကြား ၌ မျှော်လင့်ချက် မဲ့သော ရိုဟင်ဂျာ များစွာ တို့သည် မိမိ၏ ဥစ္စာ ဓနကို အလေး မထားဘဲ မိမိ၏ အ သက် ကိုသာ ရှင်သန် နိုင်ဖို့ ကြိုးစားရင်း နိုင်ငံမှ ထွက်သွား ရရှာ၏။ အသတ်ခံ ရသူ ခံရ၊ နိုင်ငံက ထွက်သွား ရသူ ထွက်ရနှင့် ရိုဟင်ဂျာ လူနည်းစု များသည် ယ္ခု အခါ အလွန်ကို လူနည်းစု ဖြစ်နေ ရရှာ၏။ မျိုး တစ်ဝက် တုံးသွား ရရှာ၏။ အလွန်ကို လူနည်းစု ဖြစ်နေရ ရှာသော ရိုဟင်ဂျာ လူမျိုး များကို ဇစ်မြစ် ပြုတ်၊ လုံးဝ မျိုးတုံး သွားအောင် ခေတ်မီ နည်းပညာ တစ်ခုကို ခေတ် သစ် မြန်မာ အစိုး ရ ခေါင်းဆောင်ကြီး က ထီထွင်စမ်းသပ် ခဲ့၏။ ဒီမိုကရေစီ အရေခြုံပြီး ကမ္ဘာကို ဗြောင်လိမ် ညာနေသော စစ်ဝတ်လဲ အရပ် သား ယောင်ဆောင် ခေါင်း ဆောင်ကြီး ဦးသိန်းစိန်၏ မဟာနည်းဗျူဟာပင်ဖြစ်သည်။လွန်ခဲ့ သောနှစ် မေလ ၂၈-ရက် နေ့မှ စခဲ့သော ဤနည်း ဗျူဟာ သည် ဦးသိန်းစိန်၏ အောင်မြင် သော၊ အကွက်ကျ သော၊ နည်းဗျူဟာ ဟုဆို ရမည် ဖြစ်သည်။ ဤနည်း ဗျူဟာ ကြောင့်သာ ဦးသိန်းစိန် သည် ကမ္ဘာ့ အရပ်ရပ်က အလှူ ငွေများ၊ ငြိမ်းချမ်း ရေးဆုများ၊ လက်ခုပ်သံ များ ရရှိခဲ့ခြင်း ဖြစ်သည်။ မေလ ၂၈-ရက် နေ့တွင် ရခိုင် ပြည်နယ် ၏ တောင်ကုတ် မြို့၌ ရန်ကုန်၊ မန္တလေးမှ အစ္စလာမ် ဘာသာဝင် ၁၀-ဦးကို ဦးသိန်းစိန်၏ မဟာ ဗျူဟာ ဖော်ဆောင်ရေး အဖွဲ့ဝင် ရခိုင် တိုင်းရင်း သားများ (အစိုးရ အဖွဲ့များ အပါ အ၀င် ၃၀၀ -ယောက် တို့က လူမဆန်စွာ သတ်ဖြတ် ခဲ့သည်။ နည်းပညာ တိုးတက် လာသော ယနေ့ ကမ္ဘာကြီးသည် ဦးသိန်းစိန်၏ မဟာဗျူဟာကို ရိပ်မိအောင် မကြိုးစားခဲ့ဘဲ အသတ်ခံလူ ၁၀-ယောက်၏ ကြည့် မကောင်း သော အလောင်းများကို ဂရုဏာ မျက်လုံး များနှင့် ကြည့်ရှု ခဲ့၏။ ကမ္ဘာသူ ကမ္ဘာသား များ၏ ဂရု ဏာ စောဒက တက်သံတွေ ဦးသိန်းစိန် နားထဲ ၀င်လာသော အခါ ဦးသိန်းစိန်က လူသတ် သမား များကို စုံ စမ်း ရှာဖွေရေးအဖွဲ့ ဆိုပြီး ကော်မရှင် တစ်ရပ် ဖွဲ့စည်း ပေးခဲ့သည်။ ဘုမသိ ဘာမသိသော ကမ္ဘာကြီး ကလည်း ဦးသိန်းစိန် အစိုးရကို လက်ခုပ် သြဘာ ပေးခဲ့ကြ၏။ ကိုယ်တိုင် လူသတ် သမား ခေါင်းဆောင် ကြီး ဖြစ်နေ သော ဦးသိန်းစိန်က ၎င်း၏ လူသတ်ဂိုဏ်း လုပ်ဖော် ကိုင်ဖက် များကို အမှန် တကယ် ဖော် ထုတ် အရေးယူ မလားဟု သံသယ ၀င်ခဲ့သော သူများသည် ဤကမ္ဘာပေါ်၌ ရိုဟင်ဂျာ လူမျိုးမှအပ ဘယ်သူမှ မဖြစ်ခဲ့ပေ။ အဘယ်ကြောင့် ဆိုသော် တစ်ခါ သေဖူး ပျဉ်းမနိုးဘဲ မဟုတ်လား။ ရိုဟင်ဂျာ များ သည် အခါခါ သေနေရ သောကြောင့် ဖြစ်သည်။ 

ဘာသာ တရား အားထုတ်သော အပြစ်မဲ့ ပြည်သူ ၁၀-ဦးကို ရက်စက်စွာ သတ်ဖြတ် ခြင်းနှင့် တစ်ပြိုင်နက် ချက်ချင်း ဆူပူ အုံကြွ လာအောင် ရိုဟင်ဂျာ များကို နိုးဆွပေးရန် လုပ်ကြံ နေသော ဦးသိန်းစိန်၏ မဟာ ဗျူဟာ သည် ၁၀-ရက် အထိ အကောင် အထည် ပေါ်မလာပေ။ ဖိနှိပ်မှု မျိုးစုံ ခံနေ ခဲ့သော ရိုဟင်ဂျာ များမှာ ခံနိုင် ရည်က အတိုင်းထက် အလွန်ကို ရှိနေသော ကြောင့် ဖြစ်သည်။ ၁၀-ရက် အထိ ကြန့် ကြာ နေသော ဦးသိန်းစိန်၏ မဟာ ဗျူဟာကို ဦးသိန်းစိန်က ဇွန်လ ၈-ရက် နေ့၌ တစ်ဆင့်ထိုး အကောင် အထည် ဖော် လုပ်ဆောင် လိုက်၏။ ဤနေ့သည် ဦးသိန်းစိန် တစ်ယောက် ကမ္ဘာ့ ဇတ် ခုံ ပေါ်က နိုင်သည့် အထိ၊ ဦးသိန်းစိန်၏ ငြိမ်းချမ်း ရေးဆု ရရှိ သည့်အထိ အောင်မြင် ခဲ့သော နေ့ ထူး နေ့မြတ် ဖြစ်သည်။ ၀တ်ပြုပြီး ဗလီက ဆင်းလာသော အပြစ်မဲ့ လူအုပ်ကို ဦးသိန်းစိန်၏ မဟာ ဗျူ ဟာ ဖေါ်ဆောင်ရေး အဖွဲ့ဝင် များက အကြောင်းမဲ့ သေနတ် ပစ်ခတ် ခဲ့၍ လူအုပ်ထဲမှ ရှစ် တန်း ကျောင်း သား တစ်ယောက် ပွဲ့ချင်း ပြီး သေဆုံး သွားရှာသည်။ ခုခံ အားမရှိသော ရိုဟင်ဂျာ များသည် ဤနေ့မှ စ၍ ရခိုင် ပြည်နယ်ရှိ မြို့အနယ် နယ်၌ မျိုးတုံး ခံနေရ ပြန်ပြီးဖြစ် သည်။ ဒေါသဖြင့် လောင်ကျွမ်း နေသော မီးထဲကို မိမိ၏ အိမ် များ ခေါင်း ငုံ့ လောင်းကျွမ်း ခံနေရ၏။ ခေါင်းငုံ့လောင် ကျွမ်းခံ နေသော အိမ်ထဲ၌ မိမိ၏ သား၊ သမီးများ ပိတ်မိ ခံနေ ရ၏။ ကျန်ရစ် သူများသည် မိမိ၏ ဥစ္စာ ဓန များကို ပဓါန မထားဘဲ အသက် ကိုသာ ဆက်ဖို့ ကြိုးစား ခဲ့ သော်လည်း ဒေါသနှင့် ပေါက်ကွဲ နေသော မီးတောင်ထဲ အပစ်ခံ ရသူ တစ်မျိုး၊ ကျည်ဆံ၏ အားပြမှု ခံရသူ တစ်ပုံ၊ ချော်ရည်ထဲ မျှောပါခဲ့ ရသူ ပေါင်းများစွာ တို့သည် အားငယ်စိတ် နှင့် အသက် ဆုံးရှုံး ရလေ ၏။ ကျန်ရစ်သူ မိသားစု ၀င်များ၏ သောကကို ကမ္ဘာသူ ကမ္ဘာ သားများ နှစ်သိမ့် ပေးဖို့ ဝေးလေစွ။ ပို၍ပင် သောက တိုးစေ နေ၏။ ငြိမ်းချမ်းရေး ဆုချီးမြှင့် ခံရဖို့ လူပေါင်း များစွာ သတ်ဖို့ လိုနေပြီလား။

ကျန်ရစ်သူ ဒုက္ခသည် များထဲမှ မျက်နှာဖုံး များဖြစ် ကြသော ခေတ်ပညာ တတ်များ၊ ဘာသာရေး ဆရာများ၊ လူပျို ယောက်ျားလေး များကို မီးတောက်ထဲ အပစ် ခံဖို့ ပျက်ကွက် သည်ဆိုပြီး မီးရှို့မှု ပုဒ်မတပ်၊ ဆူပူမူကို မကူညီ ခဲ့ဘူး ဆိုပြီး ဆူပူမှု ပုဒ်မတပ်၊ ပုဒ်မ အမျိုးမျိုး၊ စွပ်စွဲချက် အဖြာဖြာ တပ်ပြီး စွဲချက် တင် လျှက် ရှေ့နေ လိုက် ခွင့်မရှိ၊ ပြန်လည် ချေပ ခွင့်မသာ၊ တရားရုံး ဆိုင်းဘုတ်ပါ တရားရုံး၌ မတရား သဖြင့် နှစ် ရှည် လများ ထောင်ဒဏ် စီရင် ချမှတ်ခဲ့ပါသည်။ မိန်းကလေး များကို အရွယ် ရောက် သည် ဖြစ်စေ၊ မရောက် သည်ဖြစ်စေ၊ ခွဲခြားရန် ပျက်ကွက် ခဲ့လျက် ဦးသိန်းစိန်၏ မဟာ ဗျူ ဟာ ဖေါ်ဆောင် ရေး အဖွဲ့ဝင် များက သူတို့၏ ဒုတိယ မယားလို၊ ပြည့်တန်ဆာ မိန်းမလို အတင်း အဓမ္မ မုဒိမ်းကျင့် ဆက်ဆံ ခဲ့ပြီး ကိုယ်ဝန် ဆောင်စေ၏။ ဖမ်းဆီး ထောင်ကျ သူများ ကို အကျဉ်းထောင် ထဲ၌ နှိပ်စက်မှု အမျိုး မျိုး ပြု လုပ် ခဲ့ရာတွင် မြေပေါ် ထမင်းဖြန့် ဝေပေးလျှက် ပါးစပ်နှင့် လျက် စား စေခဲ့ ခြင်းများ၊ ကိုယ့်အမျိုး (သား အဘ၊ညီ၊အစ်ကို)အချင်းချင်းများကိုလိင်တူဆက်ဆံစေခဲ့ခြင်းများစသည်ဖြင့်ကြားမကောင်း လောက်  အောင် ပင် နှိပ် စက် ပြုမူ ဆက်ဆံ ခဲ့၏။ ဆက်ဆံ နေဆဲပါ။

မီးတောက် ထဲက ကံထောက် လွတ်မြောက် လာသူ၊ ဓါးအောက်က၊ သေနတ် ကျည်ဆံ အောက်က သီးသီး ကလေး လွတ်မြောက် ရှင်လွတ်လာ သူများကို ယာယီ ဒုက္ခသည် စခန်း ဆိုပြီး ဦးသိန်းစိန် အစိုးရ က ကောက်ကျစ် စဉ်းလဲစွာ နှင့် တဲများ ဆောက်ပေး ခဲ့သည်။ ဤဒုက္ခသည် များကို ကမ္ဘာသူ ကမ္ဘာ သား များ အားပြခြင်း အားဖြင့် ဦးသိန်းစိန် အစိုးရ ၏ ၀င်ငွေ တိုးပွား စေ၏။ ကမ္ဘာ့ အာရုံ စူးစိုက် မှုကို ဦးသိန်းစိန် ရရှိအောင် ကြိုးစား ခဲ့၏။ ဒုက္ခသည် များ၏ ကံကြမ္မာကို ဦးသိန်းစိန်က အုပ်စိုး ထားသည်။ ဒုက္ခသည် များ၏ အရေးပေါ် ကျန်းမာရေး လိုအပ်မှုကို လျစ်လျူ ရှု လျှက်၊ တစ်ဖက် မှာလည်း ဦးသိန်းစိန်က နိုင်ငံ တကာကို ဒုက္ခသည် များအတွက် အကူ အညီလို နေသည်ဟု အလှူ တောင်းခံ ခဲ့၏။ နိုင်ငံ တကာ အလှူရှင် များ၏ အလှူငွေ များကို အငမ်း မရ လက်ခံ ယူရင်း အလှူရှင် များကို မိမိ တိုင်းပြည်သို့ ၀င်ခွင့် မပေး ခဲ့ပေ။ ဖုံးအုပ် ထားသော အမှား များကို လှန်ကြည့် မလားဟု သံသယ စိတ်နှင့် ဦးသိန်းစိန် သည် နိုင်ငံ တကာမှ လှူ ဒါန်း သော အလှူ ငွေများကို အယောင် ဆောင် ရခိုင် ဒုက္ခသည် စခန်းသို့ အပြည့် အ၀ ထောက် ပံ့ ပေး လျှက် အမှန် တကယ် ရိုဟင်ဂျာ ဒုက္ခသည် များကို အနည်း အကျဉ်း မျှသာ ပံ့ပိုး ခဲ့ပြီး ရိုဟင်ဂျာ ဒုက္ခသည် များ ကို အသက် ရှင်သန် နိုင်အောင်သာ အထောက် အပံ့ ရသော ရိုဟင်ဂျာ ဒုက္ခသည် များ ၏ နေ့ရက် များသည် အမှောင် ထဲက ငရဲပြည်လို ဖြစ်နေ၏။ ဒုက္ခသည် တွေ အသက် ရှင်သန် မှသာ ဦးသိန်းစိန် လည်း နိုင်ငံ တကာမှ အလှူငွေ ဆက်လက် ရရှိ နေမှာ ဖြစ်သည်။ (OIC အရေး မစိုက်၊ ICG သာရှိလျှင်၊ ICC ကို အရေး မစိုက် Ban ki-moon သာရှိလျှင်၊ HRW ကိုအရေး မစိုက် UN သာရှိလျှင်) ဤကဲ့သို့ သော ပြိုင်ဖက် အားများ ပိုင်ဆိုင် ထားရှိ နေသော ဦးသိန်းစိန်သည် ဒုက္ခသည် စခန်း ထဲရှိ လက်ကျန် ရှိဟင်ဂျာ များကို သတ်ဖြတ် ခြင်း အားဖြင့် ယ္ခု ချီးမြှင့်ခံ ခဲ့ရသော ICG ၏ ဆုထက် အဆပေါင်း များစွာ တန်ဖိုး ရှိသော Noble ဆုကို ရရှိဖို့ ကြိုးစား ဦးမှာ မလွှဲပင်။ ငြိမ်းချမ်းရေး ဆုချီးမြှင့် ခံရဖို့ လူပေါင်း များစွာ သတ်ဖို့ လိုနေ ပြီလား။

ပြုပြင် ပြောင်းလဲ မှုတွေ ပြုလုပ် နေသော ဦးသိန်းစိန်သည် နိုင်ငံရေး အကျဉ်းသား ဆိုပြီး လူပေါင်း ၈၀၀ -ကျော် လွတ်ပေး ခဲ့၏။ အပြန် အလှန် အားဖြင့် နိုင်ငံရေး အကျဉ်း သားများ၏ နေရာလွတ် အ ကျဉ်းထောင် ထဲ၌ အပြစ်မဲ့ ရိုဟင်ဂျာ ၁၀၀၀-ကျော်ကို ဖမ်းဆီး ချုပ်နှောင်၊ ထောင်ဒဏ် ချမှတ် ခဲ့၏။ လွတ် လပ် စွာ ပြောဆို ပိုင်ခွင့်၊ ကိုးကွယ်ခွင့်၊ ရေးသားခွင့် စသော အခွင့် အရေး အမျိုးမျိုးများ ပေးနေ ခဲ့သော် လည်း တစ် ဖက်မှာ ရိုဟင်ဂျာများ လွတ်လပ်ခွင့် မှန်သမျှကို ထိန်းချုပ် တားမြစ် နေ၏။ ရိုဟင်ဂျာ များကို အတင်း အဓမ္မအားပြရင်း မိမိနိုင်ငံမှထွက်ခွာ သွားရန်ရာဇသံ ပေးသည်နှင့် အတူ အို မင်း နေသော လှေပေါ် တွန်း ပို့ ပေးရင်း မိမိနိုင်ငံမှ ထွက်ခွာ စေ၏။ ဤကဲ့သို့ သော ပြုပြင် ပြောင်းလဲ မှုမျိုး ကို လူ့ အခွင့် အရေး ချစ် မြတ်နိုး သူတိုင်းက ကန့်ကွက် သင့်ပါသည်။ ဖေါ်ထုတ် သင့်ချိန် တန်ပြီ။

ရိုဟင်ဂျာ တစ်ဦးက “ငြိမ်းချမ်း ရေးဆု ချီးမြှင့် ခံဖို့ရာ ဒီနေ့မှ စ၍ ငါလည်း လူတွေကို သတ်နေ ဦးမှာ …. လူတွေ သတ်နေခြင်း အားဖြင့် ဦးသိန်းစိန်လို ငါလည်း တစ်နေ့နေ့ ဒီဆုရ စေရမယ် …. ထိုအချိန် မျိုးမှာ ငါ့ကို လူသတ် သမားလို့ မခေါ်တွင် စေရလို့ ကမ္ဘာကြီးကို ကြိုတင်အသိ ပေးချင်တယ် …. ICG ရဲ့ဆု ကို နောက်ထပ် ချီးမြှင့် ခံရမည့် သူက ငါသာလျှင် အစောဆုံး ဖြစ်အံ့”တဲ့။

ငြိမ်းချမ်း ရေးဆု ချီးမြှင့် ခံရဖို့ လူပေါင်း များစွာ သတ်ဖို့ လိုနေပြီး ဆိုတာကို မြန်မာ သမ္မတ ဦးသိန်းစိန်က ကမ္ဘာသူ ကမ္ဘာသား များကို သင်ခန်းစာ ပေးနေခြင်း ဖြစ်သည်။ ဦးသိန်းစိန်၏ သင်ခန်းစာ ကို အတု ယူသူ မှာ ICG က အဦးဆုံး ဖြစ်၏။

ဦးသိန်းစိန်သည် ICG မှ ICC သို့အရောက် လှမ်းနိုင် ပါစေကြောင်း ဆုတောင်း မေတ္တာ ပို့သလျှက် ….

MYARF (Maungdaw Youth Activists for Rohingyas’ Freedom)

ဌေးလွင်ဦး
RB News
8.5.2013

မြန်မာ ပြည်ထဲက အစ္စလာမ် သာသနာ ၀င်များ၊ အခြားသော ဖိနှိပ်ခံ တိုင်းရင်း သားများ၊ မတော် မတရား ခံစား နေရတဲ့ ဗမာ လူထု များ-ဟာ သမ္မတ ကိုယ်တိုင် ဦးဆောင်တဲ့ မင်းမဲ့ ရာဇ၀တ် ဂိုဏ်းကြီးရဲ့ ဆူ ပူ သောင်း ကျန်းမှု လုယက် သတ်ဖြတ်မှု၊ ဖျက်ဆီး ရမ်းကားမှု အပေါင်းက ဘယ်တော့မှ လွတ်ပါ့ မလဲလို့ ရင်တ မမနဲ့ ရှိနေ ဆဲပါ။ 

လက်ရှိ အစိုးရဟာ နှစ်ပေါင်း များစွာ တိုင်းပြည်၊ အာဏာ၊ စစ်တပ်၊ တိုင်းပြည်ရဲ့ သယံဇာတ၊ လူများစု ကိုး ကွယ်တဲ့ ဘာသာ တို့ကို မောင်ပိုင်စီး ထားပြီး တိုင်းပြည် အတွင်း ရမ်းချင် သလို ရမ်းကား ခဲ့တယ်။ တိုင်း ပြည်တွင်းက ပညာရေး စနစ် ကိုလည်း အပြီး အပိုင် ဖျက်ဆီး ခဲ့ပြီး- အတွေး အခေါ် မပါတဲ့ ဆိုင်းဘုတ် လောက်သာ ဖတ်နိုင်တဲ့ ပညာရေး စနစ်နဲ့ လူငယ် မျိုးဆက်ကို ဆိုးမွေ တွေပေး ခဲ့ တယ်။ နောက်ဆုံး ထွက်သက်မှာ မျက်ကန်း အယူသည်း ၀ါဒကို ဘာသာ တစ်ခု အဖြစ် မှိုင်းတိုက်ပြီး- ဘာသာ မတူသူတွေ အကြား ကြီးမားတဲ့ ရန်စကို ပနက်ရိုက် ပေးနေ ပါတယ်။ 

ကျုပ်တို့ မြန်မာ မွတ်ဆလင် တွေဟာ မဆိုင် သူကို မထိ စေဘို့ နည်းမျိုး စုံနဲ့ သည်းခံ ပေးခဲ့တယ်။ တိုင်း ပြည် အပေါ် ငဲ့ညှာပြီး ပြုပြင် ပြောင်းလဲရေး ပျက်စီး လေမလားလို့ စဉ်းစား ပေးခဲ့တယ်။ အရာရာကို ဥပဒေ ဘောင်တွင်းက ဖြစ်စေဘို့- ဥပဒေနဲ့ ဆောင်ရွက်မှု အချိန် တစ်ခုကို ပေးဆပ် ခဲ့တယ်။- 

အခု အချိန်ဟာ သွေးတစ် စက်ချင်း အတွက် လျှော်ကြေး ပြန်တောင်း တော့မယ့် ကာလပါ။ ဒါပေမယ့် နိုင်ငံ တစ်ကာရဲ့ ထောက်ခံမှုနဲ့ ဥပဒေ ဘောင်တွင်း ကပဲ ဖြစ်စေ ရမယ်။ ကျုပ်တို့က အာဏာကို မလိုချင် ဘူး၊ မြန်မာပြည် ကွဲထွက် သွားစေမယ့်- သီးခြား မြေမလို ချင်ဘူး-။ အမှန် တရားကို ကြိုက်ပြီး ဖိနှိပ် ခံနေရ တဲ့ မြန်မာ ပြည်သူ ညီအစ်ကို မောင်နှမ အားလုံးနဲ့ တန်းတူ ညီမျှ- အေးတူ ပူမျှပဲ လိုအပ် ပါတယ်။ 

မောဟ အမှောင် စီးပြီး- ကိုယ်ဘာတွေ လုပ်လို့ လုပ်မိ နေမှန်း မသိတဲ့ လူဆိုး လူမိုက် တစ်စု ဆီက သူတို့ လုပ်ခဲ့ သမျှ၊ လုပ်နေ သမျှ၊ ကြံနေ သမျှ- ညီမျှတဲ့ လျှော်ကြေး ကိုပဲ ယူမှာပါ။ သမ္မတ ရာထူးကို ရယူထား ပြီး ကမ္ဘာကို မျက်နှာ ချိုသွေး ပတ်လိမ်တဲ့ အမှုကို သမ္မတ ကိုယ်တိုင် ရှင်းရမှာ ဖြစ်သလို-၊ မတရား သဖြင့် လုပ်ကြံ ဖန်တီး ရေးသား ဖြန့်ဝေ ခဲ့တဲ့ သတင်း ကျင့်ဝတ် ပျက်သူ များလည်း ကိုယ့်ဒဏ်ကို ကိုယ်ခံ ရ စေ ပါမယ်။ 

မြန်မာပြည်က ရိုဟင်ဂျာတွေကို အာဏာသုံး သမိုင်းလိမ်ပြီး ထွက်ပေါက်ပိတ် CAMP တွေထဲမှာ ထားခဲ့ သလို-၊ အဲ့ဒီ ရာဇ၀တ် ကောင်တွေလည်း မြန်မာပြည် ဆိုတဲ့ CAMP ထဲမှာပဲ နေစေရပါမယ်။ မြန်မာပြည် အ၀ှမ်းမှာ မွတ်ဆလင် များကို ကြောက်ရွံ့ သွားအောင် ဖန်တီး ခဲ့သူများ-၊ အိပ်မပျော် စေအောင် ဖန်တီး ခဲ့သူများ လည်း- အလားတူ တန်ပြန် ခံစားနေ စေရပါမယ်။ ကိုယ့်ကိုယ်ကို လိမ်လို့မရတဲ့ ရာဇ၀တ်မှု အ တွက် ဘယ်နေ့ငါ့အလှည့်လဲ ဆိုတဲ့ ခံစားချက်တွေနဲ့ နှလုံးရောဂါတွေဖြစ်သွား စေရပါမယ်။ မွတ်ဆလင် မိသားစုတွေ ပျက်စီး နစ်နာ ခဲ့ရသလို- ငါ့မိသားစု တွေလည်း ပျက်စီး ရတော့ မှာပါလားဆိုတဲ့ အသိနဲ့ တစ္ဆေ ခြောက်သလို ခြောက်ခံ စေရ ပါမယ်။ 

ဘယ်လောက် ရာထူး ကြီးကြီး မိမိ လုပ်ခဲ့တဲ့ အလုပ် အတွက် ဘယ်လို ပေးဆပ် ရတယ်- ဆိုတဲ့ အဖြေကို ကြုံတွေ့ ရမှာ ဖြစ်သလို-၊ ငါ လုပ်ခဲ့တာ ဘယ်သူမှ မသိ ပါဘူး ဆိုပြီး ပုန်းကွယ်ဘို့ ကြိုးစား သူတွေဟာ လည်း ပြေးမလွတ်ဘဲ အမှုပတ် စေရ ပါမယ်။ 

ရာဇ၀တ် ကောင်များ ဘက်က ရာဇ၀တ်မှု အတွက် မကြောက် မရွံ့ နောက်မဆုတ် တမ်း ကျူးလွန် ခဲ့သလို ကျုပ်တို့ ဘက်ကလည်း ရာဇ၀တ် ကောင်တွေကို ပညာပေးဘို့- မကြောက် မရွံ့ နောက်မဆုတ် တမ်း ဘယ်လို ပြင်ဆင် ခဲ့သလဲ-၊ ဘယ်လို ပြင်ဆင် နေသလဲ- လက်တွေ့ မြင်ရ မှာပါ။ မြန်မာ အစိုးရ ပိုင်းနဲ့ ရာဇ ၀တ်ကောင် များဟာ လိမ်တဲ့ ပညာ၊ ယုတ်တဲ့ ပညာ၊ မျက်နှာ ပြောင်တိုက်တဲ့ ပညာနဲ့ သူတောင်း စား လို ငွေမက်တဲ့ ပညာကလွဲ ဘာဆိုဘာမှမြင် တတ်သူတွေ မဟုတ်ဘဲ၊ အထူးအံ့သြစ ရာကောင်း လောက်အောင် ကိုယ့်သေတွင်း ကိုယ်ဆက် ဆင်းခဲ့တဲ့ အတွက်၊ ဆက်ဆင်း နေတဲ့ အ တွက် ကျေးဇူး တင်စရာ ကောင်းလောက်အောင် ကျုပ်တို့ ဘက်က အလုပ် တွေကို လွယ်ကူ အဆင်ပြေ သွားစေ ခဲ့ပါ တယ်။ သွေးတစ်စက် ချင်းအတွက် လျှော်ကြေး ပြန်ရ စေအောင် ဖန်တီး ပေးနေ သလား လို့ တောင် ထင် မှတ်စရာ ကောင်းလှ ပါတော့တယ်။ နောင်လာ နောက်သားတွေ ဒီလို အမှားမျိုး မကျူးလွန် ရဲအောင် တော့ ဆုံးမရ တော့မှာပါ။ 


ဌေးလွင်ဦး 
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ 
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့ 
အမေရိကန်ပြည်ထောင်စု 

ဦးဦးမှော်ဆရာ
4.5.2013

လူတစ်ယောက် အတွက် အခက်ခဲဆုံး အလုပ် တွေထဲမှာ လျို့ဝှက်တဲ့ စကားကို ထိန်းသိမ်း ရတဲ့ အလုပ် လည်း ပါတယ်။ ဒါကြောင့် အကြောင်း အရာတစ်ခုနဲ့ ပက်သက်ပြီး လူအများ ကြားထဲ ပြန့်သွား စေချင်ရင် လူတစ်ယောက်ကိုသာ တိုး တိုး  လေး  ပြောလိုက်.. နောက်နေ့ လူ အယောက် တစ် ထောင် လောက်က အဲဒီ အကြောင်း တစ်ယောက်ကို တစ်ယောက် တိုးတိုး လေးတွေ ပြော နေကြ လိမ့်မယ်။ ဒါထုံးစံ တစ်ခု ပါပဲ။

အစိုးရနှင့် နီးစပ်သော ပုဂ္ဂိုလ် တစ်ဦးက သူနဲ့ ရင်းနှီးတဲ့ မိတ်ဆွေ တစ်ဦးကို ဒီလို သတိပေး စကား ပြောခဲ့ တယ်လို့ ရေးထား တာကို လွန်ခဲ့တဲ့ နှစ်ရက် လောက်က ဖတ်လိုက် ရတယ်။ 

“မကြာခင် မွတ်စလင်မ်တွေ သွေးချောင်း စီးစရာ ရှိနေ ပါတယ်တဲ့။ သမ္မတကြီးက ကိုယ်တိုင် နှစ်လိုခြင်း မရှိသော်လည်း တားလို့ရတဲ့ အနေအထားမှာ မရှိကြောင်း၊ သူကိုယ်တိုင်လည်း ဘေးကြပ် နံ ကြပ်  ဖြစ်နေ ကြောင်း ပြောပြ ပါတယ်” 

ဒါကို ဖတ်ရတော့ စကားပုံ တစ်ခု သတိရ မိတယ်။ ခပ်တိုတိုပဲ.."ချေအီး ချေ လန့် " တဲ့။ သူ ပေါက် လိုက် တဲ့ အီးအသံကျယ် လွန်းလို့ သူဟာသူ ပြန်လန့် တာကို ပြောတာ..။ ကိုယ့်အပြစ် တွေကို ကိုယ်ပြန် လန့် နေ တာကို ဆိုလို ချင်တာပါ။

နောက် တဖက်က တွေး ကြည့်ရင် လက်ခံ နိုင်စရာ မရှိတဲ့ ဆင်ခြေ တစ်ခုကို ဖေါ်ညွှန်း ထားတာပေါ့။ 

အစိုးရနဲ့ နီးစပ်သော ပုဂ္ဂိုလ် တစ်ဦး တစ်ယောက် ဆီက ဒီလို သတိပေး တယ်လို့ သိရတော့ မွတ်ဆ လင် တွေအတွက် စိုးရိမ်ဖေါ် ရတယ် ဆိုပြီး ၀မ်းသာ စရာပဲ ပေါ့ဗျာ။ ဒါပေမဲ့ လက်တစ် ဆုပ်စာ လူတစ်စု က နိုင်ငံသား မွတ်ဆလင် တွေကို အကြမ်းဖက် သတ်ဖြတ် နေတာကို အစိုးရက တားဆီးလို့ မရနိုင်တဲ့ အနေ အထား ပါလို့ ထုတ်ပြော တာကို ဘ၀င် မကျ ဖြစ်မိတယ်။ 

ခုနက ကျနော် ပြောတဲ့ စကားပုံ ထဲကလို သူ လေလည်တဲ့ အသံ သူပြန်လန့် တယ် ဆိုတာ ကိုတော့ လက်ခံ နိုင်စရာ မရှိဘူး။ အဲဒီ ပုဂ္ဂိုလ်သတိပေးတဲ့အတိုင်း ပြည်ပကိုခန ရှောင်နေရလောက်အောင် ငွေကြေး တတ်နိုင်တဲ့ မွတ်ဆလင် မြန်မာ ပြည်မှာ ဘယ်နှယောက် ရှိမလဲ တွေးကြည့်ရင် ဒါဟာ မဖြစ် နိုင်တဲ့ အကြံ ပေးမှု တစ်ခုပဲ။နောက်ပြီး ငွေကြေး တတ်နိုင်ပြီး အဆက် အသွယ် ကောင်းကောင်း ရှိသူ တွေ က ဖြစ်လာမဲ့ အခြေ အနေကို ရှောင်သွား ကြပြီ ဆိုပါတော့။ ကျန်ခဲ့တဲ့ မွတ်ဆလင် အများစု အတွက် ကျရောက် လာမဲ့ သွေးချောင်း စီးမှုမှာ ပိုပြီး အကာ အကွယ်မဲ့ သွားစရာ ရှိတယ်။ နောက်ပြီး ဒီသ တင်း ကြောင့် မွတ်ဆလင်တွေ ပိုပြီး လုံခြုံရေး သတိနဲ့ နေထိုင်တဲ့ အခါ ဆူပူ အကြမ်း ဖက်ဖို့ ကြိုး စား နေ တယ် ဆိုတဲ့ ခေါင်းစဉ် အောက်ကို ရောက် သွားနိုင် ပါတယ်။ 

သူ့စကား ကိုကြည့်ရင် ဖြစ်နေတဲ့ ပြဿနာ တွေမှာ သမ္မတ ဦးသိန်းစိန် ရဲ့ ပယောဂ မပါဘူးလို့ မွတ်ဆ လင် တွေ စိတ်ထဲ လက်ခံ လာအောင် မတ်ဆေ့ခ်ျ ပေးချင် ပုံရတယ်။ ရေးထားတာ ဖတ်ရ သလောက် စ ကား အရ တွေးကြည့် တာပါ..။ တကယ် တမ်းပြော သင့်တာက " ခင်ဗျားတို့ ကိုယ့် လုံခြုံရေး ကိုယ် သေ ချာ ဂရုစိုက်၊ အစိုးရ လုံခြုံရေး တွေကို လည်း သိပ်အား မကိုးနဲ့။ ဖြစ်လာရင် မခံနဲ့ တော့ ၊ ပြန် သာချ၊ နောင် ကိစ္စ နောက်မှ ကြည့်ရှင်း၊ သမ္မတ ကိုယ်တိုင် လုံးဝ လက်မခံတဲ့ ဒီအကြမ်း ဖက်မှု တွေမှာ ကိုယ့်ကိုယ်ကို ကာကွယ် တဲ့အနေနဲ့ ပြန်ခုခံ လို ဖြစ်လာ မဲ့ ကိစ္စတွေ အတွက် ကျနော် တာဝန် ယူတယ်။ ခင်ဗျားတို့ အနီး ၀န်းကျင်မှာ တစ်ခုခု ဖြစ်လာရင် ကျနော့် ဆီကို ဖုန်း အမြန် ဆက်သွယ်ပါ " .. ဒါမျိုး ပြော တာ ဆိုရင်တော့ အဲဒီ စကားက reliable speech လို့ မှတ်ယူ လို့ရတယ်။

အစိုးရ တိုင်းမှာ အတွင်း ဖိအား ဆိုတာ ၇ှိနိုင် ပါတယ်။ ဒါပေမဲ့ ကျနော့် သက်တမ်း တလျောက်မှာ လူပေါင်း သိန်းချီ လမ်းမ ပေါ်ထွက်ပြီး တရား မျှတ မှုကို တောင်းဆို ဆန္ဒပြ ခဲ့တဲ့ အဖြစ် အပျက် ကြီးတွေ အများကြီး ကြုံတွေ့ ဖူးတယ်။ အဲဒီ အရေးခင်း တွေတုန်းက တစ်ရက်၊ နှစ်ရက် အတွင်း အပြတ် နှိမ်နှင်း ပြခဲ့တာ ယခင် စစ်အစိုးရ တဖြစ်လဲ ခုလက်ရှိ အရပ်သား အစိုးရ ထဲက ပုဂ္ဂိုလ် တွေပါပဲ။ မကြာခင်က လက် ပတောင်း တောင်မှာ အကြမ်း မဖက်ဘဲ ဆန္ဒပြတဲ့ ဘုန်းကြီး တွေကို ဒဏ်ရာ ရအောင် အကြမ်း ဖက်ဖြို ခွင်း ခဲ့တာ လည်း ဒီအစိုးရ ပါပဲ။ ဒီတော့ စဉ်းစား စရာ ရှိတာက ယခင် ပြည်သူ တစ်ရပ်လုံး တောင်းဆို ဆန္ဒပြ ခဲ့တာ တွေကို နှိမ်နှင်း ခဲ့စဉ်က အစိုးရ ကြုံတွေ့ ခဲ့ရနိုင်တဲ့ ဖိအား တွေထက် ခုဖြစ်နေတဲ့ မွတ်ဆ လင် တွေ ကို အကြမ်းဖက် သတ်ဖြတ်မှု တွေကို နှိမ်နှင်း တဲ့အတွက် ကြုံရ နိုင်တဲ့ ဖိအား ပေးမှု တွေဟာ ပိုများ ဆိုးရွား ပြင်းထန် နေလို့လား .. 

ခု တကယ့်ကို တကယ့် ရာဇ၀တ် မှုကြီး တွေကို ကျတော့ တားမရ နိုင်တဲ့ အနေ အထားမှာ ရှိတယ်လို့ ပြောလာတော့ အဲဒီ စကားကို ရှင်းရှင်း လင်းလင်း နားလည် မိတာက "မွတ်ဆလင် သုတ် သင် ရေးတွေ ဆက်ဖြစ် လိမ့်ဦးမယ်။ ဒါပေမဲ့ ဒီပြဿနာ တွေမှာ သမ္မတ ဦးသိန်းစိန်ရဲ့ ပယောဂ မပါဘူး မှတ်ပါ။ ဦးသိန်းစိန် ကိုယ်တိုင်လဲ မွတ်ဆလင် တွေအပေါ် ဒီလို အနိုင် ကျင့် သတ်ဖြတ် နေတာ တွေနဲ့ ပက်သက်ပြီး စိတ်မချမ်း မသာ ဖြစ်နေ ရတယ်" .. လို့ ဂရုဏာ သက်ဖွယ် မတ်ဆေ့ခ်ျ တစ်ခုကို ဖြန့် လိုက် တာပါပဲ။
Rohingya Exodus