နောက်ဆုံးသတင်း/ဆောင်းပါးများ



RB News
20.1.2015

၁၉၇၈ ခုနှစ်ဝန်းကျင်က အစိုးရ ပညာသင်ကျောင်းများမှာ သင်ကြားတဲ့ ပထ၀ီဝင် ဘာသာရပ်မှာ မြန်မာနိုင်ငံမှာ မြေပုံမှာ ရိုဟင်ဂျာတွေ နေထိုင်တဲ့ အရပ်ဒေသကိုတောင် ထင်ထင်ရှားရှား ပြသပြီး ရိုဟင်ဂျာ ဆိုတဲ့ လူမျိုးက မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား အဖြစ် အသိအမှတ်ပြုခံ ခဲ့ရပေမယ့် ၁၉၈၂ ခုနှစ် နောက်ပိုင်းမှာ ရိုဟင်ဂျာ ဆိုတဲ့ အမည်ကို ပြောရင်တောင် အရေးယူခံရတဲ့ အခြေအနေ ဖြစ်လာခဲ့တယ်။

ပညာသင်ကြားခွင့် ကန့်သတ်၊ သွားလာ လှုပ်ရှားခွင့် ကန့်သတ်၊ ရိုဟင်ဂျာ ဆိုရင် အကျဉ်းထောင် ထဲက အကျဉ်းသားတွေ ထက်တောင် ဆိုးဆိုးရွားရွား ဆက်ဆံခံရလာတော့ ရိုဟင်ဂျာတွေ အကြားမှာ သမိုင်းကြောင်းကို ဖြန့်ဝေဖို့ အခွင့်မသာ ခဲ့ဘူး။

အင်တာနက်ဆိုတာကို ကမ္ဘာမှာ နေရာဒေသ မရွေး သုံးလို့ရနေပေမယ့်လည်း ရခိုင်ဒေသက ရိုဟင်ဂျာတွေ အနည်းငယ်သာ အခွင့်ရနေပြန်တယ်။ ဒါ့ကြောင့် အင်တာနက် သုံးနိုင်သူများက မသုံးနိုင်သူများထံ ဒီအသံဖိုင်ကို လက်ဆင့်ကမ်းပေးပါလို့ မေတ္တာရပ်ခံပါတယ်။

ရိုဟင်ဂျာ ဆိုတာ အာရ်ကာန် ဒေသရဲ့ မူလဘူတ တိုင်းရင်းသား ဆိုတာ ရဲရဲဝံ့ဝံ့ ပြောနိုင်ဖို့ မိမိတို့ရဲ့ သမိုင်းကြောင်း အမှန်ကို လေ့လာကြပါ။

ဤအသံဖိုင် ဖြစ်မြောက်လာအောင် အဖက်ဖက်မှ ကူညီပေးသူများကို RB Team မှ အထူး ကျေးဇူးတင်ပါကြောင်း။




စန္ဒာ့ဇာနည်
RB News
12.6.2013

အာရ်ကာန် နိုင်ငံသည် ရှေးနှစ်ပေါင်း ၅၀၈၄ နှစ်မှစ၍ စတင် ပေါ်ပေါက် ခဲ့သော နိုင်ငံတော် ဖြစ်သည်။ ၎င်းတွင် ခေတ် ၄-ခေတ် ဒေညာဗာတီ (ခ) ဓည၀တီ၊ ဗေဆာလီ (ခ) ဝေသာလီ၊ လေးမြို့၊ မြို့ဟောင်း (ခ) မြောက်ဦးခေတ် ဟူ၍ ခေတ် ၄-ခေတ် ပေါ်ထွန်း ခဲ့သည်။ ယ္ခုအခါ ထိုနိုင်ငံတော် ကြီး သည် မြန် မာ နိုင်ငံ၏ ပြည်နယ် တစ်ခု အဖြစ် ရပ်တည် နေရ ပါသည်။ ၎င်းပြည်သည် မြှောက်လတ္တီကျူး ၁၇ ဒီဂရီ၊ ၁၅ မိနစ် နှင့် ၂၁ ဒီဂရီ၊ ၁၁ မိနစ် အရှေ့ လောင်ဂျီကျူး ၉၂ ဒီဂရီ၊ ၁၁ မိနစ်နှင့် ၉၄ ဒီဂရီ၊ ၅၅ မိနစ်အတွင်း တည်ရှိ နေပါသည်။ နတ်မြစ်၊ မယူ (ခ) မေယုမြစ်၊ ကုလားတန် မြစ်နှင့် လေးမြို့မြစ် တို့သည် လည်းကောင်း၊ မယူတောင်တန်း၊ ဒေါလမာ (ခ) သြရမ တောင်တန်း၊ စစ်ကိုင်း တောင်တန်းနှင့် ရိုးမ တောင် တန်း တို့သည် လည်းကောင်း၊ မြောက်မှတောင်သို့ စီတန်း စီးဆင်း နေကြ သည်။ တောတောင် ၊ မြစ် ချောင်းအင်းအိုင် ပေါများသော ဒေသ ဖြစ်သည်။

သမိုင်း မပေါ်မီ ကာလ လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀-ကျော် လောက်ကပင်စ၍ ဤဒေသတွင် လူမျိုး တစ်မျိုး တည်းသာ နေထိုင် လာခဲ့သည်။ ပုံပန်း သဏ္ဍာန် အားဖြင့် အိန္ဒိယ လူမျိုးနှင့် သဏ္ဍာန် တူသည်။ ဘာသာ ယုံကြည်မှု ဟူ၍ မရှိခဲ့ပေ၊ နောက်ပိုင်းတွင် နေနှင့်လကို ကိုးကွယ် လာခဲ့ ကြသည်။ နေကို ကိုးကွယ်သော သူတို့အား “သူရိယ ၀ံသ“၊ လကို ကိုးကွယ်သော သူတို့အား “စန္ဒ၀ံသ“ ဟူ၍ ခေါ်ဝေါ် သမုတ်ခဲ့ ကြသည်။ ဓည၀တီနှင့် ဝေသာလီခေတ် တို့တွင် အုပ်ချုပ် ခဲ့ကြသော ရှင်ဘုရင် တို့၏ အမည် နာမ များကို လေ့လာ ခဲ့ပါက “စန္ဒြား“ နှင့် “သူရိယ“ဟူသော အမည် နာမများကို တွေ့နိုင်သည်။ ဤသည်မှာ စန္ဒ၀ံသနှင့် သူရိယ ၀ံသတို့၏ မျိုးနွယ်သော ရှင်ဘုရင်များ ဖြစ်ကြောင်း သေချာ လှပေသည်။ စန္ဒ၀ံသ နှင့် သူရိယ၀ံသ တို့ရှိခဲ့ဖူးသော သာဓကပင်။ ဗုဒ္ဓရှင်တော် ပွင့်တော် မူပြီး နောက်ပိုင်း ကာလတွင် ဗုဒ္ဓ ဘာသာသည် အာရ်ကာန်သို့ ရောက်လာခဲ့၍ သူရိယ၀ံသ တို့သည် ဗုဒ္ဓဘာသာကို ယုံကြည် လက်ခံပြီး ဗုဒ္ဓဘာသာ ၀င်များ ဖြစ်လာ ခဲ့ကြပါသည်။ ၎င်းတို့သည် ဗုဒ္ဓဘာသာဝင် ဘရူဝါ (ခ) မြန်မာကြီးများ ဖြစ်ဟန် ရှိသည်။ အဘယ်ကြောင့် ဆိုသော် ၎င်းတို့သည် အိန္ဒိယ လူမျိုး တို့၏ ပုံပန်း သဏ္ဍာန်၊ နွားရုပ်ပါ ရုပ်ထု တို့က သက်သေ ထူနေသည်။ စန္ဒ၀ံသတို့ မူကား ဗုဒ္ဓဘာသာကို ယုံကြည် လက်ခံခြင်း မရှိဘဲ လကိုသာ ကိုးကွယ်၍ နေခဲ့ကြသည်။

၈-ရာစုတွင် အာရဗီးယား နိုင်ငံ၌ “တမန်တော်-မူဟမ္မဒ်“၏ မြေးများနှင့် ယာဇိဒ်တို့ အာဏာလုပွဲ ဖြစ်သော “ကရ်ဘလာ“ စစ်ပွဲတွင် မြေးတော်များ စစ်ရှုံး ခဲ့သည်။ ၎င်း၏ မြေးတော် တစ်ပါး ဖြစ်သော ”ဟနီဖါး“သည် အရှေ့ဘက်သို့ ထွက်ပြေး လာရာ၌ အာရ်ကာန်ပြည်၊ မောင်တော၌ ယ္ခုအခေါ် လှဘော်ဇား (ခ) အာရဗ်ရှားဖါရာ (အာရဗ်ဘုရင်၏ ကျေးရွာ) သို့ရောက်ရှိ လာခဲ့သည်။ ဟနီဖါးသည် အနီးအနားရှိ လူများအား စည်းရုံးလျက် အစ္စလာမ် ဘာသာသို့ သွတ်သွင်း နိုင်ခဲ့၍ အင်အား အတော် အသင့် ရှိလာသော အခါ ၎င်းအရပ် တ၀ိုက် မင်းမူ နေသော လူရိုင်း ဘုရင်မ “ခါယာဖူရီ“ နှင့် စစ်ပြိုင် တိုက်ခိုက် အောင်မြင် ခဲ့ကြသည်။ ခါယာဖူရီ ဘုရင်မကို အစ္စလာမ် ဘာသာသို့ စည်းရုံး သိမ်းသွင်းပြီး ထိမ်းမြား လက်ထပ်လျက် ရသေ့တောင် မြို့နယ် အထက် နန်းရာတွင် ထီးနန်း စိုက်ထူကာ အုပ်စိုးခဲ့သည်။ ယ္ခုထက်တိုင် မယူ တောင်တန်း တစ်လျှောက်တွင် “ဟနီဖါး တောင်ထိပ်“ နှင့် “ခါယာဖူရီ တောင်ထိပ်“ ဟူ၍ ခေါ် ဆို နေကြသည်မှာ ၎င်းတို့ ရှိခဲ့ကြောင့် သက်သေ သာဓက များပင် မဟုတ်ပါလား။ တစ်ချိန်တည်း မှာပင် ကရ်ဘလာ စစ်ရှုံးသူ “အာမိရ်ဟမ်းဇား“ မှလည်း မယူမြစ် (ခ) ကုလား ပန်းဇင်း မြစ်ဖျား ရှိ ဂေါ်လောင်ဂျီ မြို့ပြ နိုင်ငံ ကလေးကို တိုက်ခိုက်သိမ်း ယူ၍ တိုင်းသူ ပြည်သား များကို အစ္စလာမ် ဘာသာသို့ စည်းရုံး ခဲ့လျက် နိုင်ငံ ထူထောင် အုပ်ချုပ် ခဲ့သည်။ ထိုမှတစ်ဆင့် ရခိုင်ပြည်မနှင့် ကူးလူး ဆက်ဆံရာမှ ရခိုင် ပြည် မရှိ စန္ဒ၀ံသ တို့သည် အစ္စလာမ်ကို ယုံကြည် လက်ခံ ခဲ့ကြသည်။ အာရဗ် ကုန်သည် များနှင့် အတူ ပါလာ ခဲ့သော အစ္စလာမ် သာသနာပြု များနှင့် သင်္ဘောပျက် အာရဗ် လူမျိုးတို့၏ သွန်သင် စည်းရုံးမှုမှ တစ် ဆင့်လည်း ယခင် မူလ ရှိခဲ့သော စန္ဒ၀ံသ လူမျိုးတို့သည် အစ္စလာမ်ကို ယုံကြည် လက်ခံကြ သည်။ သာဓက အားဖြင့် ဆိုရလျှင် ကျောက်တော် မြို့နယ် ဘောင်းတုတ် ရွာသား အားလုံး လိုလိုပင် အစ္စလာမ်ကို လက်ခံ ခဲ့ကြ၍ မူဆလင်များ ဖြစ်လာ ကြသည်။ 

ထိုစဉ်က ဤဒေသတွင် မြို့ပြနိုင်ငံ (ဂေါ်လောင်ဂျီ၊ ဓည၀တီ၊ ဝေသာလီ စသော) များသာ ရှိခဲ့ပြီး တစ်ပြည်လုံး၏ အမည် နာမ ဟူ၍ မရှိခဲ့ပေ။ အေဒီ ၈-ရာစုတွင် အာရဗ် ပထ၀ီ ဆရာ “အာလ်-ရီခုန်“ သည် ရခိုင် ပြည်၏ မြေပုံ ဆွဲရင်း၊ သူ့ အမည်နှင့် ဆင်ဆင် ရခိုင်ကို “အာရ်ကာန်“ဟု မည့်ခေါ်ရာမှ “အာရ် ကာန်“ ဖြစ်လာ ခဲ့သည်။ ယ္ခုထိတိုင် နိုင်ငံတကာ တွင် အာရ်ကာန်ဟု တွင်တွင် သုံးစွဲလျက် ရှိသည်။

ကျောက်စာ၊ ခေါင်းလောင်းစာ၊ ရုပ်ထုစာ၊ ဒင်္ဂါးစာ စသော အထောက် အထား များအရ ရခိုင်တွင် ရှိခဲ့ ဖူးသော စာပေ များကို လေ့လာလျှင် ဓည၀တီနှင့် ဝေသာလီခေတ် တို့တွင် ဗြဟမီစာ၊ သက္ကတစာ၊ သင်သက္ကရာဇ်စာ၊ နာဂရီစာ စသော စာပေများ ကိုသာ တွေ့ရသည်။ ရခိုင်စာဟု ခေါ်ဆို နိုင်သော အရေး အသား များကိုမူ အေဒီ၁၀-ရာစု လေးမြို့ ခေတ်တွင်သာ တွေ့ရသည်။ ထိုခေတ် ကာလတွင် ဟိန္နယာန ဆန်သော ဗုဒ္ဓ အယူအဆကို တွေ့နိုင်သည်။ ယခင် ဓည၀တီနှင့် ဝေသာလီခေတ် တို့တွင်မူ ဟိန္ဒူ အယူအဆ၊ မဟာယာန ဗုဒ္ဓ အယူအဆနှင့် ကျောက်စာရှိ (“အလ္လာဟု“ အရေး အသား) အရ အစ္စလာမ် အယူအဆ တို့ရှိကြောင့် တွေ့နိုင်သည်။ အစ္စလာမ် လက်ခံသူ အချင်းချင်း ထိမ်းမြား လက်ထပ်ရာမှ ရိုဟင်ဂျာ မူဆလင်များ တိုးပွား လာခဲ့ ကြသည်။

ဝေသာလီ ဘုရင် မဟာ စန္ဒြားမင်း (အေဒီ ၇၀၀-၈၀၀) လက်ထက်တွင် ဘင်္ဂလား ပင်လယ်၌ အာရဗ် ကုန်သည်များ သင်္ဘောပျက်၍ ရမ်းဗြဲသို့ ရောက်လာရာ "ရဟာမ်း"ဟု အသံပြု အော်ဟစ်၍ အကူ အညီ တောင်းခံခြင်းကို အရင်း တည်ပြီး "ရဟာမ်း လူမျိုး"၊ ထိုမှတစ်ဆင့် "ရိုဟင်ဂျာ" ဖြစ်လာသည်ဟု ၁၈၇၉-ခု ဗြီတိသျှ ဂေဇတ်တွင် ဖော်ပြထား သည်။

၁၄၀၆-ခုနှစ်တွင် အင်းဝ ဘုရင်သည် လောင်းကြက် ရခိုင် မြို့တော်ကို တိုက်ခိုက် သိမ်းပိုက် လိုက် သဖြင့် လောင်းကြက် ဘုရင် နရမိတ်လှသည် ဘင်္ဂလားသို့ ထွက်ပြေး တိမ်းရှောင်လျက် ၂၄-နှစ်တိတိ ဘင်္ဂ လား ဘုရင်ထံတွင် ခိုလှုံ နေခဲ့ ရသည်။ နရမိတ်လှသည် ဘင်္ဂလား ဘုရင်၏ အကူ အညီဖြင့် ရခိုင်ပြည် ကို ပြန်လည်၍ ၁၄၃၀-ခုနှစ်တွင် “အာလီခါန်း“ ဦးစီးလျက် တိုက်ခိုက် သိမ်းပိုက်ပြီး နရမိတ်လှကို မြို့ဟောင်း မြို့တွင် နန်းတင် ပေးခဲ့သည်။ အာလီခါန်းသည် မောင်တောမှ ဘူးသီးတောင် သို့သွားရာ ၌ ကျော်ဖြတ် ခဲ့ရသော မယူ တောင်တန်းရှိ တောင်ကြား လမ်း၊ ယခု မောင်တော- ဘူးသီးတောင် ကား လမ်းကို အာလီခါန်းတောင် ကြားလမ်း (အာလီယောင်း ငေါရ်ဒါးလား) ဟု ယ္ခုထက်တိုင် ဒေသခံ တို့ မှ ခေါ်ဆို နေကြသည်။ ထိုစစ်ပွဲတွင် နရမိတ်လှ နှင့်အတူ ထွက်ပြေး တိမ်းရှောင် ခဲ့သော မူဆလင်နှင့် ရခိုင် လူမျိုး များလည်း ပါဝင် ဆင်နွှဲ ခဲ့ကြသည်။ မူဆလင် များသည် ရွပ်ရွပ်ချွံချွံ တိုက်ခိုက် အနိုင် ယူ နိုင်ခဲ့ သောကြောင့် ၎င်းတို့အား ရခိုင်များက "ကျား" ဟုခေါ်ဆို ခဲ့ကြသည်။ စစ်ပွဲဝင် မူဆလင် များသည် စစ်ပွဲပြီး၍ ယခင် မိမိတို့ နေထိုင် ခဲ့ကြသော ရွာဟောင်းသို့ သွားရောက်ကာ မိမိတို့၏ ရွာဟောင်း များကို ပြန်လည် ထူထောင် နေထိုင်ခဲ့ ကြသည်။ နောက်ပိုင်း စစ်တိုက်ပွဲများ ဖြစ်ပွားတိုင်း ထိုမူဆလင် "ကျား" များ ကို ခေါ်ယူ တိုက်ခိုက် စေခဲ့ ပါသည်။ ထို့ကြောင့် နောင်တွင် ၎င်းမူဆလင် ကျားတို့အား "ရွာဟောင်း ကကျား" ဟုခေါ်တွင် လာခဲ့ရာမှ "ရိုဟင်ဂျာ" ဖြစ်လာခြင်း ဖြစ်သည်။ ဤအချက်ကို ဦးအောင် သာဦး ရေးသော ရခိုင် ရာဇ၀င်တွင် အတိအလင်း ဖော်ပြ ထားသည်ကို တွေ့နိုင်သည်။ ထိုစဉ်က ရခိုင်ပြည်ကို "ရိုဟင်းပြည်"၊ ၎င်း၏ မြို့တော်ကို "မြို့ဟောင်း" ဟုခေါ်ဆို ခဲ့ကြသည်မှာ ထင်ရှားသော သာဓကဖြစ်သည်။ မြို့ဟောင်းဟု ခေါ်ဆို ရာမှ တစ်ပါတီ ခေတ်မှစ၍ "မြောက်ဦး" ဟု ပြောင်း လည်း ခေါ် ဆိုလာ ကြသည်။ မြို့ဟောင်း (မြောက်ဦး) ခေတ်တွင် ရိုဟင်ဂျာ လူမျိုး များအား နန်းရင်းဝန် (မာဂန်)၊ ၀န်ကြီးများ (ဆယိဒ်မူစာ၊ မူဂျလစ်၊ ဆုလေးမာန်း)၊ စစ်သူကြီး (အရှရဗ်ခန်)၊ တရားသူကြီး စသော ရာ ထူးကြီး များတွင် ခန့်ထား ခဲ့ကြသည်။ ထို့အပြင် ရိုဟင်ဂျာ လူမျိုးများ ၀တ်ပြု ကိုးကွယ်ရန် ဗလီကြီး များကို တည်ဆောက် ပေးခဲ့သည်။ ဥပမာ- မြို့ဟောင်း (မြောက်ဦး) နန်းရာကုန်းရှိ ဗလီ၊ ဆန်ဒီခန်းဗလီ၊ မာဂျာဗလီ၊ ကျောက်တော် ပိုက်သည်ရွာရှိ ကာဇီဗလီ၊ ဘူးသီးတောင် ဘဂုံးနားရွာရှိ ဒေါရ်ဂါနှင့် သုသာန်၊ စစ်တွေမြို့ရှိ ဗုဒ္ဓမော်ဗလီ၊ မူဆဒေ၀ါန်ဗလီ စသည်တို့ ဖြစ်သည်။ ၎င်းပြင် နရမိတ်လှ မှစ၍ မင်းဆက် ၁၉-ဆက်တိတိ ရခိုင် အမည်အပြင် မူဆလင် နာမည် များကိုပါ ခံယူ ခဲ့ကြသည်။ ဤအချက် ကပင် ထိုစဉ်က ရိုဟင်း (ရခိုင်) ပြည်တွင် ရိုဟင်ဂျာ မူဆလင် အမြောက် အမြား နေထိုင်ခဲ့ကြောင့် ခိုင်မာသော သာဓက တစ်ရပ် ဖြစ်သည်။ 

၁၆၆၀-ခုနှစ်တွင် “အက်ဘာ“ ဘုရင်လွန်၍ သားများ နန်းလုပွဲတွင် ရှားရှုဇာ စစ်ရှုံးခဲ့၍ ရခိုင်ဘုရင် စန္ဒ သုဓမ္မမှ ၎င်းအား မက္ကာမြို့သို့ ပို့ဆောင် ပေးမည့် ဂတိနှင့် ရခိုင်ပြည်သို့ ရောက်လာ ခဲ့သည်။ ၃-လ လောက် အကြာတွင် ၎င်း၏ သမီးကို ရခိုင်ဘုရင်ထံ ဆက်သရန် တောင်းဆို ရာမှ တော်လှန် တိုက်ခိုက်မှု ဖြစ်၍ ရှားရှုဂျာနှင့် မိသားစု များကို သတ်ဖြတ် ခဲ့ပါသည်။ သို့သော်လည်း သူ၏ အမြှောက်တပ်၊ လေးတပ် များကိုမူ ရခိုင် စစ်တပ်တွင် ခန့်ထား ခဲ့သည်။ ၎င်းတို့ သည် ပါရှန် လူမျိုးများ ဖြစ်ကြသည်။ ပါရှား ဘာသာ စကားတွင် စစ်ကို "ရွန်" ဟုခေါ်သည်။ မြေပြင်ကို "ဂျ" ဟု ခေါ်ကြသည်။ ၎င်းတို့သည် "ရွန်ဂျ" စစ်မြေပြင် တွင် နေထိုင်သူများ ဖြစ်ကြသည်။ "ရွန်ဂျ" မှ "ရိုဟင်ဂျာ" ဖြစ်လာ ကြသည်။ ဤသည် ကိုလည်း ရခိုင် သမိုင်းတွင် အတိ အလင်း ဖော်ပြ ထားသည်။ 

၁၇၈၅- ခုနှစ်တွင်မြန်မာ ဗဒုံမင်းက ရခိုင်ပြည်ကို အပြီး အပိုင် သိမ်းပိုက် ခဲ့သည်။ ၁၇၈၅ မှ ၁၈၂၄ အ ထိ နှစ်ပေါင်း ၄၀-တိတိ အတွင်းမြန်မာများအုပ်ချုပ်ခဲ့သည်။မြန်မာ မြို့ဝန် များ၏ ဖိနှိပ်၊ နှိပ် စက် ခြင်းကြောင့် ရိုဟင်ဂျာ၊ ရခိုင် ၂-သိန်းကျော် သေကြေ ခဲ့ကြရသည့် အပြင် ရိုဟင်ဂျာ၊ ရခိုင် တ ၀က်ကျော်မှာ ဖိနှိပ် မှုကို မခံနိုင်၍ ဘင်္ဂလားသို့ ထွက်ပြေး ရသည့် အထောက် အထားများ ရှိသည်။ 

၁၉၄၈- ခုနှစ်တွင် မြန်မာ နိုင်ငံသည် အချုပ် အခြာ အာဏာပိုင် နိုင်ငံ ဖြစ်လာသည်။ ၁၉၄၇-ခု ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ရိုဟင်ဂျာ မူဆလင် လူမျိုး များအား “Union Citizenship” ပေးခဲ့ ပါသည်။ ၁၉၅၂- ခုနှစ်မှ စ၍ အမျိုးသား မှတ်ပုံတင် ထုတ်ပေး ခဲ့ရာတွင် ရိုဟင်ဂျာ မူဆလင် လူမျိုးတို့ အားလည်း ထုတ်ပေး ခဲ့ပါသည်။ ဤသည်မှာ ၁၉၄၇-ခု ဖွဲ့စည်းပုံ အခြေခံဥပဒေ အရအသိ အမှတ်ပြုခြင်း ဖြစ်သည်။ ထိုအချိန်တွင် ရိုဟင်ဂျာ များကို မူဆလင် ဟုသာ ခေါ်ဝေါ် ခဲ့ကြသည်။ ၁၉၅၈- ခုနှစ်တွင် ဦးနေ၀င်း ဦးဆောင်သော စစ်အစိုးရကို အာဏာ လွှဲအပ် ပေးခဲ့သည်။ ထိုစဉ်တွင် အစိုးရမှ မူဆလင် ဆိုသည်မှာ လူမျိုး တစ်မျိုး၏ အမည်နာမ မဟုတ်၊ လူမျိုး အမည် နာမ တစ်ခုကို သတ်မှတ် ရမည်ဟုပြောဆို လာရာမှ သမိုင်း စာ မျက်နှာကို လှန်ရှာဖွေပြီး ယခင်က ရှိခဲ့သော "ရိုဟင်ဂျာ" အမည် နာမကို အစိုးရနှင့် ပြည်သူ ပူးပေါင်း ၍ ဖော် ထုတ် ခဲ့ကြသည်။ ၎င်းရိုဟင်ဂျာ လူမျိုးကို လူသိရှင်ကြား၊ နိုင်ငံတကာ ပြည်သူ အားလုံး သိရှိအောင် ၁၉၆၁-ခု အောက်တိုဘာလမှစ၍မြန်မာ့အသံ တိုင်းရင်သား အစီအစဉ်မှ အပတ် စဉ် ကြေငြာ မောင်း ထိုးခဲ့ ကြသည်။ ၎င်းအစီ အစဉ်သည် ပါလီမန် ဒီမိုကရေစီ ခေတ် မှ တော်လှန်ရေး အစိုးရခေတ် ကာလထိ အသံ လွှင့် ခဲ့သည်မှာ နိုင်ငံတကာ သိ ဖြစ်ပါသည်။ 

သို့သော် ယ္ခုအခါ ရိုဟင်ဂျာ တို့သည် အင်္ဂလိပ် ခေတ်တွင် ခိုးဝင် လာသူ များဟု ဟစ်အော် နေကြသည်။ ၎င်းရိုဟင်ဂျာ တို့သည် မြန်မာမင်း အုပ်ချုပ်သော (၁၇၈၅- ၁၈၂၄) ခေတ်က ဖိနှိပ်မှု ဒဏ်ကို မခံမရပ် နိုင်၍ ထွက်ပြေး သူများသာ ၀င်လာ ခဲ့ခြင်း ဖြစ်သည်။ အလားတူ ရခိုင် လူမျိုး များလည်း ၀င်လာ ကြသည်ကို အဘယ်ကြောင့် မဟစ်အော် ကြသနည်း။

၁၉၆၀-ခုနှစ် လွန်ကာလ မှစ၍ ရိုဟင်ဂျာ လူမျိုး များအား လူမျိုးပြုတ် စီမံချက် “စပါယ်“၊ “နဂါးမင်း“ စသော စီမံချက်များ ချမှတ်လျက် ဆောင်ရွက် လာခဲ့ရာမှ ရှေးပဝေသဏီ၊ ဘီစီ ၃၀၇၂- ကပင် ရှိရင်းစွဲ ဖြစ်သော စန္ဒ၀ံသ၊ ရဟာမီး၊ ရွာဟောင်း ကကျား၊ ရွန်ဂျ၊ ရိုဟင်ဂျာ စသော သမိုင်း ဖြစ်ရပ်မှန် များကို မျက် ကွယ် ပြု လျက် ယာယီ ကတ်ပြား ဟူသော နိုင်ငံမဲ့သား ကတ်ပြားကို ကိုင်စေခြင်းသည် ရိုဟင်ဂျာ တို့၏ နာ ကျည်း ဖွယ်ရာ ဇတ်လမ်းပင်။

မှီငြမ်း ကိုးကားသော စာအုပ်များ 

၁။ ကျောင်းသုံး မြန်မာ ရာဇ၀င် (ဦးဘသန်း) 
၂။ ကျောင်းသုံး မြန်မာ ရာဇ၀င် (ဦးအုန်းမောင်) 
၃။ မြန်မာ ရာဇ၀င် သိမှတ် ဖွယ်ရာ အဖြာဖြာ (ဦးကြည်) 
၎။ ဓည၀တီ ရာဇ၀င်သစ် (ဆရာတော် ဦးညာဏ) 
၅။ ဓည၀တီ အရေးတော်ပုံ (ဆရာတော် ဦးညာဏ) 
၆။ မြန်မာ့ သမိုင်း (ဗိုလ်မှူး ဘရှင်) 
၇။ ဗြိတိသျှ သံဖနောင့်အောက်မှ မြန်မာနိုင်ငံ ဒုတိယတွဲ (ဦးမောင်မောင်ကြီး ဘာသာပြန် ဆိုသည်) 
၈။ ၁၉၇၅-၇၆-ရခိုင် တန်ဆောင် မဂ္ဂဇင်း အတွဲ (၁၄) မှ Dr.အေးချမ်း ဆောင်းပါး 
၉။ ၁၉၅၉-၆၀ ခုနှစ်ထုတ် ပြည်ထောင်စု မြန်မာ နိုင်ငံ တော်လှန်ရေး အစိုးရ ရှေးဟောင်း သုတေသန ညွှန်ကြား ရေးဝန်၏ နှစ်ချုပ် အစီရင်ခံစာ 
၁၀။ မြန်မာ နိုင်ငံ ပြည်ပ ကုန်သွယ်ရေး သုတေသန စာတမ်း (ဒေါ်ကြည်ဝင်း -စီးပွားရေး တက္ကသိုလ်၊ ရန်ကုန်မြို့က ၁၉၆၆-ခုနှစ် သုတေသန စာတမ်း ဖတ်ပွဲတွင် တင်သွင်းသည်) 
၁၁။ ဘုံပေါက်သာကျော်ရေး ပြည်ထောင်စုမြန်မာနိုင်ငံနှင့်ရိုဟင်ဂျာ အန္တရယ် 
၁၂။ မြန်မာ့ စွယ်စုံကျမ်း အတွဲ-၉ 
၁၃။ ဦးကျော်ငြိမ်း အနှစ်သုံးဆယ် မြန်မာ့အသံ 
၁၄။ မြန်မာ့အသံ ၂၅-နှစ်မြောက် ငွေရတု သဘင် သောတရှင် 
၁၅။ ရခိုင်ပြည် သမိုင်းနှင့် ရိုဟင်ဂျာ တို့၏ဘ၀(ဗိုလ်မှူးထွန်းကျော်ဦး၊ လေ တပ်ငြိမ်း) 
၁၆။ ပဏ္ဍိတ ဦးသာထွန်းအောင် မြို့ဟောင်းမြို့၏ ရခိုင် မဟာ ရာဇ၀င်တော်ကြီး 
၁၇။ ဦးဘသာ(M.A-တာဟဲရ်) ၏ ရိုဟင်ဂျာနှင့် ကမန်သမိုင်း (၁၉၆၄) 
၁၈။ ဦးစံသာအောင်(အ.ဆ.ည ညွှန်ကြားရေးမှူးချုပ်) ရခိုင်ဒင်္ဂါးများ ၁၉၇၉ 
၁၉။ ဦးထွန်းလှဖြူ၏ ရခိုင် တိုင်းရင်းသား လူမျိုးစုများ (၁၉၈၁) 
၂၀။ ဗိုလ်မှူး ဘရှင်၏ အနော်ရထာ အယင်က မြန်မာနိုင်ငံ 
၂၁။ Burma outpost by Antony Irwin 
၂၂။ Burma by D.G.E.Hall 
၂၃။ History of Burma by G.E.Harvey 
၂၄။ A history of South East Asia by D.E.G.Hall 
၂၅။ A short history of Muslims of Arakan and Burma by M.K. Rahman (in Urdu) 
၂၆။ Akyab District Gasetteer compiled by R.B.Smart 
၂၇။ British Burma Administration Report (1970-71) and Minority Problems in South East Asia by Virginia Thomsom 
၂၈။ In to Hidden Burma (မော်လစ်ကော်လစ်ရေး) 
၂၉။ Bernier Troubles In The Moghul Empire, AD (1656-1668) Trans; A. Constable, Oxford Press 1916 
၃၀။ Pamela Gutman, Ancient Arkan; Australia Nation University 1976 
၃၁။ Moshe Yegar, The Muslim of Burma 1972 
၃၂။ The History of Burma, Sir Ather Phyer


ဌေးလွင်ဦး
RB News
13.5.2013

ရခိုင်နယ်ရှိ အစ္စလာမ် သာသနာကို သက်ဝင် ယုံကြည်တဲ့ မွတ်ဆလင် သာသနာ ၀င်တွေကို အုပ်စု သုံးစု အဖြစ် တွေ့နိုင် ပါတယ်။ 

(၁) ရိုဟင်ဂျာ လူမျိုး အစ္စလာမ် သာသနာ ၀င်များ 
(၂) ကမန် (ရခိုင် တပ်မတော်မှ ဆင်းသက် လာတဲ့ မျိုးဆက်) အစ္စလာမ် သာသနာ ၀င်များ 
(၃) ရခိုင် ဧရိယာ အတွင်း ဗမာ မျိုးဆက် အစ္စလာမ် သာသနာ ၀င်များ ဖြစ်ပါတယ်။
ရခိုင် နယ်ကြီး ထဲမှာ ရိုဟင်ဂျာ လူမျိုးဟာ မူလ ဘူတ လူမျိုး ဖြစ်ပြီး-၊ သူတို့ဟာ အေဒီ ၈ ရာစု လောက်မှာ အစ္စလာမ် သာသနာ ကို စတင် လက်ခံ ခဲ့ပြီး- အေဒီ ၁၁ ရာစု လောက် မှာမှ လူမျိုး စုလိုက် အစ္စလာမ် သာ သနာ ထဲကို အလုံး အရင်းနဲ့ လက်ခံ သွားသူ များဖြစ် ခဲ့တယ်။ ရှေးဦး ရခိုင် နယ်က မင်းဆက် များဟာ ရို ဟင်ဂျာ များ ဖြစ်ပြီး-၊ မင်းစဉ် မင်းဆက် တို့ရဲ့ အမည် နာမများ၊ ဘုရင့် သမိုင်း မှတ်တမ်း ကျောက်စာ များ ကို ရိုဟင်ဂျာ ဘာသာ စကားနဲ့ ရေးထိုး မှတ်တမ်း တင်ခဲ့ခြင်း ဖြစ်တယ်။ 

ကမန် လူမျိုးစု အဖြစ် ဖြစ်တည် လာတဲ့ လူမျိုး ထဲမှာ မွန်ဂို စစ်သည်များ၊ မူလ ဘူတ ရိုဟင်ဂျာ များ၊ ရှေးဦး ဗမာ မျိုးနွယ် ရခိုင် သားများ ရောနှော ပါဝင် ခဲ့ပါတယ်။
ရခိုင် ဒေသဟာ မကြာခဏ ဆိုသလို ဗမာ များနဲ့ သီးခြား နေထိုင် ခဲ့ပြီး၊ ကိုယ်ပိုင် ထီးနန်း ကိုယ်ပိုင် တပ် များနဲ့ ရပ်တည် ခဲ့ပါတယ်။ ဒါကို ဗမာ လူမျိုးစု ကြီးက မကြာခဏ ၀င်သိမ်းပြီး ဗမာ အင်ပါယာ ထဲမှာ သွပ်သွင်း ခဲ့ပါတယ်။ ဗမာ အင်ပါယာ ထဲမှာ သွပ်သွင်း ခံရတိုင်း ဗမာ စစ်တပ်နဲ့ ဗမာ အုပ်ချုပ် သူများ အ လုံး အရင်းနဲ့ ရခိုင် နယ်ထဲမှာ အခြေချ စေခဲ့ ရာက-၊ ဗမာမျိုး နွယ်များ၊ ဗမာနဲ့ မူလ ဘူတ ရိုဟင်ဂျာ ကပြား များ (ထိုစဉ်က ရိုဟင်ဂျာ များဟာ ဗုဒ္ဓ ဘာသာများ ဖြစ်ခဲ့လို့ ခွဲခြားမှု မရှိခဲ့ပါ၊) ဟာ ရခိုင် ဒေသ မှာ မွေးဘွား ကြီးပြင်း ခဲ့ရာက မျိုးဆက် ကြာသော် ရခိုင်သား ဆိုပြီး ဖြစ်လာ ခဲ့ပါတယ်။ (ရခိုင် လူမျိုး မဟုတ်ပါ။ ရခိုင် ဒေ သမှာ မွေးဘွားတဲ့ လူ လို့ပဲ အဓိပ္ပါယ် ဖြစ်ပါတယ်။) ရခိုင် သားများဟာ ဗမာ လူမျိုး နွယ် များ ဖြစ် ပေမယ့်-၊ ဗမာ့ နန်းစဉ် နန်းဆက် သဘာဝ အလျှောက် သားအဖ ချင်းတောင် ထီးနန်း လုခဲ့ သ လို-၊ နယ် ခြား ရေခြား လို ဖြစ်နေတဲ့ ရခိုင်သား တို့ဟာ ဗမာက သီးခြား ထွက်ပြီး အချုပ် အခြာ ထူထောင် လိုစိတ် အမြဲရှိ နေခဲ့ ပါ တယ်။ အချုပ် အခြာပိုင် ဒေသ ဖြစ်တဲ့ အလျှောက် ကိုယ့်ဘက်က အားသာရင် သာသလို နယ်မြေ ချဲ့ချင် စိတ်များ လည်း ရှိနေ ခဲ့ပါတယ်။ 

ရခိုင်ဟာ ကိုယ်ပိုင် ထီးနန်းနဲ့ နေခဲ့စဉ် ကိုယ်ပိုင် တပ်တွေ ရှိနေ ခဲ့ပါတယ်။ ဒီမှာ မြင်းတပ်၊ ဆင် တပ်၊ ခြေ လျှင်တပ်၊ လေးတပ် (ဒူးလေး စစ်တပ်) တို့ ရှိခဲ့ ပါတယ်။ စစ်တပ်ဖြစ်တဲ့ အတွက် တပ်တစ်ခု ချင်း စီမှာ နိုင်ငံ တစ်ခုအတွင်း ရှိသမျှသော လူမျိုးမှ စစ်သားတို့ ပါဝင်ခဲ့ပါတယ်။ ဒါကြောင့် ကမန်ခေါ် လေးတပ် ထဲ မှာ လူမျိုးစုံ ရှိခဲ့ပါတယ်။ ကမန်ခေါ် ဒူးလေး တပ်ရဲ့ စစ်ပညာကို မွန်ဂို စစ်သား များက သင်တန်း ပို့ ချ ပေးပြီး မွန်ဂိုတို့ အုပ်ချုပ်တဲ့ ဘင်္ဂလားနဲ့ ရခိုင် နယ်မြေ ထိစပ် နေတဲ့ အတွက် အပြန် အလှန် ဆက် ဆံ ရေး များလည်း ရှိခဲ့ ပါတယ်။ ဒါကြောင့် ဒူးလေး တပ်မှာ မွန်ဂို စစ်သည် တွေလည်း ၀င်ရောက် အမှု ထမ်း ခဲ့ပါ တယ်။ မွန်ဂို စစ်သင်တန်း ဆရာ များက အစ္စလာမ် သာသနာ ၀င်များ ဖြစ်ပြီး သူတို့ ရဲ့ ဟောပြော မှု ကျင့် ဆောင်မှု များကို သဘော တွေ့က စစ်သား တစ်ချို့ အစ္စလာမ် ဘက်ကို ကူးပြောင်း ကြပါတယ်။ စစ်သား တစ်ချို့ ဆိုတာမှာ မွန်ဂို စစ်သည်များ၊ ရိုဟင်ဂျာ စစ်သည်များ၊ ဗမာ မျိုးနွယ် ရခိုင်သား စစ်သည် များထဲက ဖြစ်ခဲ့ ပါတယ်။ သူတို့ဟာ စစ်သားများ ဖြစ်တဲ့ အလျှောက် တာဝန် ကျရာ အရပ်မှာ အိမ်ထောင် ကျခဲ့တာ များပြီး အထူး သဖြင့် ရခိုင် သူများနဲ့ အိမ်ထောင် ကျကာ အစ္စလာမ် သာသနာ ရပ်ဝန်း ကျယ်ပြန့် လာခဲ့ ပါတယ်။ စစ်မှုထမ်း တို့ သဘာဝ ထီးနန်းက ချမှတ်တဲ့ တရားဝင် ဘာသာ စကား (ရှေးဟောင်း ဗမ စကား) ကို ပြောဆို ရာက သူတို့ ရဲ့ ဘိုးဘွား ဘာသာ စကား မွန်ဂိုတို့ ပြောတဲ့ ဖာရ်စီ စကား၊ ရိုဟင်ဂျာ စကားတွေ ပျောက်ဆုံး လာကာ- ရှေးဟောင်း ဗမာစကား (ယခု ရခိုင်များ ပြောနေသော စကား) ကိုသာ ပြောဆို သူများ ဖြစ်သွား ခဲ့ပါတယ်။ (ကမန်လို့ ခေါ်တဲ့ ရခိုင် ဘုရင် များရဲ့ လေးတပ်မတော် သား အားလုံး အစ္စလာမ် သာသနာ ၀င်များ ဖြစ်သွားခြင်း မဟုတ်ပါ။- ကမန် စစ်သား များထဲမှာ အစ္စလာမ် သာသနာဝင် မဟုတ်သူ များလည်း များစွာ ရှိနေကြောင်း သမိုင်း အထောက် အထားတွေ များစွာ ရှိနေ ပါတယ်။) 

တတိယ အနေနဲ့ ရခိုင် ဒေသ ဗမာ မျိုးနွယ် အစ္စလာမ် သာသနာ ၀င်များကို သံတွဲ နယ်ရဲ့ တောင် ပိုင်း မှာ တွေ့ ရပြီး- အလွန် လူနည်း စုလေး ဖြစ်ပါတယ်။ ဒီနေရာမှာ ဆိုလိုတဲ့ ဗမာ မျိုးနွယ် ဆိုတာ က ရှေး ဦးက ရခိုင် နယ်ကို ရောက် လာပြီး ရခိုင် သားလို့ ခံယူ သွားတဲ့ ရှေးဦး ဗမာ မျိုးနွယ် များကို ဆိုလိုခြင်း မဟုတ်ပါ။ ရခိုင် ဒေသကို နောက်ပိုင်းမှ ဗမာများ ၀င်သိမ်းစဉ် ဗမာ စစ်သည် များထဲမှ ပါလာခဲ့တဲ့ ဗမာ မွတ်ဆလင် စစ်သား များထဲက တစ်ချို့ရဲ့ သား သမီး များကို ဆိုလိုခြင်း ဖြစ်ပါတယ်။ သူတို့ဟာ ဒီနေ့ထိ ဗမာ စကားကို သာ ပြောဆို မြဲ ဖြစ်ပြီး၊ သူတို့ စကား ထဲမှာ နန်းသုံး စကား တစ်ချို့လည်း ရှိနေ ဆဲပါ။ ၁၉၈၂ ခု ထိ ဗမာ မျိုး နွယ် အစ္စလာမ် သာသနာ ၀င် အိမ်ခြေ ၅၀ လောက် ကျန်ရှိ နေခဲ့ပြီး-၊ ၂၀၁၃ ခု (လက်ရှိ အချိန်) မှာတော့ အများဆုံး အိမ်ခြေ ၂၀ လောက်ပဲ ကျန်တော့မှာ ဖြစ်ပါတယ်။ ဒီလို လျှော့ပါး သွားရ တာကဖိအား အမျိုးမျိုး ကြောင့်သော် လည်းကောင်း၊ ပတ်ဝန်းကျင် နီးစပ်မှု  ကြောင့်သော် လည်းကောင်း ဗုဒ္ဓ ဘာသာ ထဲကို ကူးပြောင်း သွားတာ ရှိသလို-၊ သံတွဲ မြို့ရဲ့ မြောက်ပိုင်းမှာ ရှိတဲ့ ရခိုင် တိုင်းရင်း သား မွတ် ဆလင် များနဲ့ အိမ်ထောင်ပြု ပြောင်းရွှေ့ သွားတာ မျိုးလည်း ရှိပါတယ်။
 
ဒီနေရာမှာ သံတွဲ မြို့ပေါ်နဲ့ မြောက်ပိုင်း ကျေးရွာ များက မွတ်ဆလင် များနဲ့ ပတ်သက်ပြီး အလျှဉ်း သင့်လို့ တင်ပြဘို့ ရှိနေ ပါတယ်။ သူတို့ဟာ သူတို့ကိုယ် သူတို့ ရခိုင် လူမျိုး အဖြစ်သာ ဘိုးစဉ် ဘောင်ဆက် သိ မှတ် ပါတယ်။ ဒါပေမယ့် ၁၉၉၀ ၀န်းကျင် လောက်မှာ ကမန် သမိုင်း ပညာရှင် များက သူတို့ကို ကမန် မျိုး နွယ် အဖြစ် သတ်မှတ်ဘို့ ကြိုးစား လာခဲ့ ပါတယ်။ သူတို့ ကိုယ်တိုင်က မနှစ်မြို့ ခဲ့ပါ။ သူတို့ သမိုင်း ကို မျိုး ရိုး လိုက်ပြုစု ထားတဲ့ ပညာတတ် တစ်ဦးက မျိုးစဉ် မျိုးဆက်ကို ကျွန်တော့ကို ပြခဲ့ ပါတယ်။ ဒီမျိုးဆက် ဟာ သူဌေး ချောင်း ကျေးရွာ အုပ်စုမှာ သြဇာ ရှိပြီး မိသားစု ကြီးတဲ့ ဆွေမျိုး အုပ်စု ကြီးပါ။ သူ စာရင်း ပြုစု တာက ၁၉၇၃ ခုနှစ်မှာ ဖြစ်ပြီး ထိုစဉ်က အသက် ၇၀ ကျော်ပြီ ဖြစ်တဲ့ သူ့အဖိုး အပါ အ၀င် ရှေး မှီ လူကြီး များ ဆီက စုံစမ်း ခြင်းများ ဖြစ်ခဲ့တယ်။ အဲ့ဒီ မျိုးစဉ် အရ သူတို့ဟာ ဒီမတိုင်မှီ လေး ဆက်က မာန်အောင် ကျွန်း က ပြောင်းရွှေ့ လာခဲ့ သူများ ဖြစ်ကြောင်း သိရပါတယ်။ သံတွဲမြို့ မြောက်ပိုင်း မွတ်ဆလင် တွေရဲ့ ရုပ် ရည် များ ဟာ ဥရောပ ကပြား များနဲ့ ရုပ်ဆင်ပြီး-၊ များသော အားဖြင့် အသားဖြူ၊ အရပ်မြင့်၊ လူကိုယ် ကြီးထွား သူများ ဖြစ်ကြောင်း ကို သတိ ထားမိ ပါတယ်။ နောက်ပိုင်းမှာ ဒေသခံ ရခိုင်သား၊ သံတွဲ တောင် ပိုင်းမှ ဗမာ မွတ်ဆလင် များနဲ့ ကပြား ဖြစ်သွား သူတစ်ချို့ တစ်ဝက် လောက်သာ အသားရောင် အညို ဘက်ကို ပြောင်းသွား ပေမယ့်-၊ အခု အချိန်ထိ ဥရောပ ကပြားရုပ် အများ အပြား ကျန်ရှိ နေပါ သေးတယ်။ ဒါကြောင့် သူတို့ဟာ ကမန် တပ်ထဲက မွန်ဂို ကပြားများ ဖြစ်နိုင် သလို၊ မာန်အောင် ကျွန်းဘက်က ဒါ့ခ်ျ ကပြား များလည်း ဖြစ်နိုင်ခြေ ရှိပါတယ်။ (သေ ချာတဲ့ သုတေသန မပြုလုပ် ရသေးပါ။) အစ္စလာမ် သာ သနာ ၀င်တွေ ဖြစ်လို့ ကမန် မျိုးနွယ် စုလို့ သတ်မှတ် ဘို့ များနိုင် ပေမယ့်-၊ သံတွဲ မြို့ကို အစ္စလာမ် သာသ နာ ရောက် လာပုံမှာ ရခိုင် မြောက်ပိုင်းနဲ့ မတူ ထူးခြားတဲ့ ၀ိသေသ တွေ ရှိနေ သေးတယ် ဆိုတဲ့ အခြား တစ်ချက်ကလည်း ရှိနေပြန် ပါတယ်။ ပါရှန်း သာသနာပြုများ သံတွဲနယ်ကို ရောက်ခဲ့ကြောင်း သက်သေ တွေရှိ သလို၊ သံတွဲမြို့ရဲ့ ယခင်က ရွက်လှေ ဆိပ်ဟောင်း ရွှေကျောင်း ပြင် ဆို တဲ့ နေ ရာမှာ ရှေးဟောင်း ပါရှန်း လက်ရာ အစ္စလာမ် ဂူဗိမာန် ဟောင်းတွေ ရှိနေပါ တယ်။ သမိုင်း ဖျောက်ခံ ရတဲ့ အစိုးရ အဆက်ဆက် အောက်မှာ သမိုင်းတွေ ပျောက်ဆုံး ကုန်ပြီ ဖြစ်ပေမယ့်-၊ သမိုင်း ဆိုတာ ရှာလေ တွေ့လေ ဆိုတဲ့ သီအိုရီ ကိုတော့ အားကိုး မပျက်နိုင်ပါ။ 


ဌေးလွင်ဦး 
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ 
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့ 
အမေရိကန် ပြည်ထောင်စု

မောင်အာသာ 
RB သမိုင်း 
24.4.2013 

(အာရ်ကာန် သမိုင်းစဉ် အပိုင်း (၁) ကို ဤနေရာတွင် http://goo.gl/Wyr22 ဖတ်ရှုရန်) 

ရခိုင် တယူသန် များ၏ ထင်ရာစိုင်းမှု (မှ အဆက်) 

မည်သို့ပင် ဖြစ်စေ ကာမူ ၁၉၇၅ - ၇၆ ရခိုင် တန်ဆောင် မဂ္ဂဇင်း အတွဲ ၁၄ တွင် ဒေါက်တာ အေးချမ်း (ယခင် ဦးအေးချမ်း) က 

“၁၀ ရာစုနှစ် မတိုင်မှီ ကျောက်စာများ အားလုံးမှာ သက္ကဋ္ဌ၊ ပါဠိစာပေ၊ နာဂရီ စသော အိန္ဒိယန်း စာပေ များနှင့် သာဖြစ်သည်။ အုပ်ချုပ်သည့် လူတန်းစား တစ်ခုတည်း မဟုတ်ဘဲ ၎င်းတို့၏ အုပ်ချုပ် ခံ ပြည် သူ ပြည်သား များသည်လည်း ထိုစာပေ များကိုသာ သုံးစွဲခဲ့ ကြသည်။ မြန်မာ ကျောက်စာ များကို ၁၀ ရာစုနှစ် နောက်ပိုင်း မှသာ ရှာဖွေ တွေ့ရှိခဲ့ ရသည်။ သာဓက အားဖြင့် ဒေသရာဇာ ကျောက်စာ၊ ဤသည်မှာ ရုတ်တရက် ပြောင်းလဲခြင်း ဖြစ်သည်။  ၁၀ ရာစု အစောပိုင်း နှစ်များ အတွင်း အာရ်ကာန်၌ လျင်မြန်၍ အလွန် အရေး ပါသော နိုင်ငံရေးနှင့် ယဉ်ကျေးမှု ပြောင်းလဲ ခဲ့မှု များရှိ နိုင်သည်။ ထို့ကြောင့် ယနေ့ ရခိုင် များသည် ၁၀ ရာစုနှစ် မတိုင်မှီက အခြေချ သူများ ဖြစ်သည်ဟု အတိအကျ ပြောနိုင်ရန် ခဲယဉ်း လှပေ သည်။ ဤအကြောင်း အရာသည် လာမည့် မျိုးဆက်များ သုတေသီ များမှ သေချာ ရှင်းလင်း ရမည့် အကြောင်း အရာ တစ်ခု အဖြစ် ကျန်ရှိ နေသည်။” ဟူ၍ ဖော်ပြ ခဲ့သည်။ 

၁၀ ရာစုနှစ် မတိုင်မှီ အခြေချ နေထိုင် ခဲ့ကြ သူများသည် Tibeto-Burman အနွယ်ဝင် ဖြစ်သည့် ယနေ့ ရခိုင် လူမျိုး များ မဟုတ်ကြောင်း နားလည်ရန် အတွက် အထက်တွင် ဖေါ်ပြ ထားသော ဒေါက် တာ အေး ချမ်း တစ်ဦးတည်း၏ ပြောဆိုချက်သည် ဦးနှောက်မှန်သူ တစ်ယောက် အတွက် လုံလောက်မည် ဟုယူဆ ပါသည်။ ပြောချင် သည်မှာ ၎င်းအိန္ဒိယန်း များသည် ယနေ့ ရိုဟင်ဂျာ များ၏ ဘိုးဘေး ဘီဘင် များ ဖြစ်ကြ သည် ဆိုသည်ပင်။

ပိုမို၍ ရှင်းလင်းရန် Maurice Collis ပြောခဲ့သည့် ၁၀ ရာစုနှစ် ၀န်းကျင်တွင် အာရ်ကာန် ဒေသ၌ ဖြစ်ပျက် ခဲ့သည်မှာ -- 

“ယနေ့ အာရ်ကာန် မြောက်ပိုင်း ဒေသဟု အသိများသော နယ်မြေသည် ၈ ရာစု မတိုင်မှီ ဟိန္ဒူ မင်းဆက်များ အုပ်ချုပ် ခဲ့သော နယ်မြေ တစ်ခု ဖြစ်သည်။ အေဒီ ၇၈၈ တွင် ဝေသာလီ မြို့ကို တည်ထောင် ခဲ့သော “ချာန်ဒရာ” ဟု အသိ များသည့် မင်းဆက် များ၏ နန်းဆက် အသစ်သည် အေဒီ ၉၅၇ တွင် မွန်ဂိုလီယန် များ၏ ကျူးကျော်မှု ကြောင့် အဆုံး သတ်ခဲ့ ရလေသည်။” (Maurice Collis, Arakan's Place in the Civilization of the Bay, စာမျက်နှာ ၄၈၆) *** 

မည်သို့ပင် ဆိုစေကာမူ ဘင်္ဂလား ဒေ့ရှ် နိုင်ငံတွင် နေထိုင်သော ရခိုင် ပညာရှင်များ ဦးဆောင်၍ တည်ထောင် ထား သည့် Narinjara သတင်း အေဂျင်စီ၏ သမိုင်း ကဏ္ဍတွင် “ယနေ့ ရခိုင် များ၏ ဘိုးဘေး ဘီဘင် များသည် ၉ ရာစုနှစ် အတွင်းတွင်သာ မြန်မာ လူမျိုး များ၏ ရှေ့ပြေးများ အဖြစ် ၀င်ရောက် လာကြခြင်း ဖြစ်သည်” ဟုရေးသား ထားသည်ကို ၀မ်းမြောက် ဖွယ်ရာေ တွေ့ရသည်။ http://goo.gl/7lwvF

သို့တိုင်အောင် ယနေ့ခေတ် ရခိုင် သမိုင်း စာရေးဆရာ တစ်ချို့သည် အထောက် အထား မခိုင်လုံဘဲ ရခိုင် များသည် Indo-Aryan များဖြစ်သည်ဟု ပြောဆို ရေးသားမှုများ ရှိနေသည်။ ၎င်းအဆိုနှင့် ဆန့်ကျင်၍ ရခိုင် ၀ါရင့် နိုင်ငံရေး သမားနှင့် သမိုင်း ပညာရှင် ဦးလှထွန်းဖြူမှ “ရခိုင်နှင့် ဗမာ တို့သည် သွေးနှင့် ကိုးကွယ်သည့် ဘာသာ ရင်းချာမှု ရှိသည်” ဟု ပြောခဲ့သည်။” ၎င်း၏ ပြောဆို ချက်ကို အထောက် အထား ခိုင် လုံ စေ ရန် မြန်မာ ဆိုရိုး စကား တစ်ခုကို ကိုးကား၍ “ဗမာ၊ ဗရန်၊ ရခိုင်၊ ရော်နှင့် ထားဝယ် …. စသည် တို့သည် အုပ် စု ခုနှစ်မျိုး ဖြစ်သော်ငြားလည်း ဗမာ လူမျိုး များသာ ဖြစ်သည်” ဟုဖော်ပြ ခဲ့သည်။ (အာရ်ကန် သမိုင်း၊ ဆောင်းပါးများ စုစည်းမှု၊ ဦးမင်းလွင် ထုတ်ဝေသည်) 

လက်လွတ် စပယ် ပြောဆိုချက် များကို ချေပခြင်း 

ယခု အချိန်ထိ ရခိုင် ခေါင်းဆောင် များသည် မိမိတို့၏ အကျိုးကို မျှော်ကိုး၍ အခြေ အမြစ်မဲ့စွာ ရခိုင် များသည် Indo-Aryan မူရင်း ဇစ်မြစ်မှဖြစ်သည်ဟု ပြောဆို နေသည်များ ရှိနေသည်။ ထိုတစ် ကိုယ် ကောင်းဆန် ရခိုင် ခေါင်းဆောင် များသည် အစာပိုင်း အိန္ဒိယန်း လူမျိုး အာရ်ကာန် ဘုရင်များနှင့် ဆက်နွယ်မှု ရအောင် ရည်ရွယ်ပြီး ထိုကဲ့သို့ အာရီယန် သွေးများမှ ဖြစ်သည်ဟု ကြံစည် ပြောဆိုနေမှု များကြောင့် နောက်ဆုံးတွင် အရှက်တကွဲ ဖြစ်ပြီး ပုန်းခို စရာနေရာ ရှာတွေ့မည် မဟုတ်ပေ။ 

မျိုးရိုး ဇီဝနှင့် ဆိုင်သော စမ်းသပ်မှုများ ဖြစ်သည့် mtDNA and Y-DNA Tests များပြုလုပ်၍ ရခိုင်များ၏ မူရင်း ဇစ်မြစ်ကို အတည်ပြုခြင်း အားဖြင့်သော် လည်းကောင်း၊ အာရ်ကာန် ရှေးဟောင်း နေ ရာ ဒေသ များ တွင် သုတေသန အပြင်း အထန် ပြုလုပ်၍သော် လည်းကောင်း၊ ပညာရှင်များ အနေနှင့် သုတေသနမှ ရှာဖွေ တွေ့ ရှိ ထားချက် များကို ပွင့်လင်း ရိုးသားစွာ ဖော်ထုတ် ပြ၍ သော်လည်းကောင်း၊ ရခိုင် တယူသန် ပညာရှင် များ ၏ လိမ်ညာထားချက် များကို သိရှိ နိုင်မည့် အပြင် အာရ်ကာန် ဒေသတွင် ရှိသော လျှို့ဝှက် ချက် ပေါင်း များစွာ ကိုလည်း သိရှိ နိုင်မည် ဖြစ်သည်။ သို့သော် ရိုဟင်ဂျာ လူမျိုးများကို ယခု ကဲ့သို့ ဘေး ဖယ် ထားခြင်းတွင် နိုင်ငံတော် အစိုးရနှင့် ပြည်ပမှ အင်းအားကြီး နိုင်ငံများလည်း ပါ ၀င် နေခြင်းကြောင့် ယခု ကဲ့သို့ အကြံပြု ပြောဆိုခြင်းများ မကြာမီ အချိန် အတွင်း ဖြစ်ပေါ်လာ နိုင်စရာ အခြေ အနေ မရှိပေ။

ဤသည်နှင့် အာရ်ကန် ဒေသ၏ မူရင်း ဌာနေ လူမျိုး များသည် Indo-Aryan (အိန္ဒိယန်းများ) ဖြစ်ကြောင်း၊ Mongoloid Tibeto-Burman ဖြစ်သည့် ရခိုင် များသည် စီအီး ၉၅၇ တွင်သာ ကျူးကျော် နေထိုင် လာခြင်း ဖြစ်ကြောင်း သက်သေ အထောက် အထား ပေါ်လွင် နေပြီ ဖြစ်သည်။ အကယ်၍ ရိုဟင်ဂျာ များ ကို ဗြိတိသျှ ကိုလိုနီခေတ်တွင် ၀င်ရောက် လာသော တရားမ၀င် ဘင်္ဂလီ အခြေချ သူများဟု ဆိုရလျှင်၊ အာရ် ကန် ဒေသ၏ မူရင်းဌာနေ လူမျိုး  ဖြစ်သော Indo-Aryan များ၏ မျိုးနွယ်များ ယနေ့ အဘယ် သို့ ရောက်ရှိသွား သနည်းဟု မေးခွန်း ထုတ်ရမည်မှာ မလွဲဧကန်ပင်။ စီအီး ၉၅၇ တွင် Mongoloid Tibeto-Burman များ အာရ်ကန် ဒေသသို့ ကျူးကျော် ၀င်ရောက် ပြီးနောက် Indo-Aryan များကို မျိုးပြုတ်အောင် သတ်ဖြတ် ခဲ့သည် ဟူ၍လည်း သမိုင်း မှတ်တမ်း များလုံးဝ မရှိပေ။ ထို့ကြောင့် Indo-Aryan များ၏ ထီး နန်းကို Tibet-Burman များ လုယူ ခဲ့ပြီးနောက် Indo-Aryan များ သာမန် အရပ်သားများ ကဲ့ သို့ နေထိုင် လာခဲ့ကြသည်ကို နားလည်ရန် ခဲယဉ်းမည် မဟုတ်ပေ။ အလားတူ သမိုင်း အမှန်ကို အမြစ်ပြတ် ဖျက်ဆီး လိုစိတ် မဟုတ်ဘဲ အမှန်ကို အမှန် အတိုင်း ပြောဆိုသည် ဖြစ်လျှင် ရိုဟင်ဂျာ များသည် အာရ်ကာန် ဒေသ မူရင်း ဌာနေ Indo-Aryan များ၏ စစ်မှန်သော မျိုးနွယ်များ ဖြစ်သည်ကို သင့်မှာ ၀န်ခံရ ခက်မည် မဟုတ်ပေ။

ဘာသာရေး အခြေခံ စောဒက တက်ချက်များ 

သည့်အပြင် အတ္တ ကြီးသော ရခိုင် တယူသန် ပညာရှင် များသည် ၁၀ ရာစုနှစ် မတိုင်မှီ Indo-Aryan ဘုရင် များနှင့် လူမျိုး တို့သည် ဟိန္ဒူ၊ ဗုဒ္ဓ ဘာသာဝင် များဖြစ်ခဲ့သည် ဟူသော အချက်ကို အခြေခံ ၍ စောဒက တက၊် မိမိတို့၏ လူမျိုး အဖြစ် အသွင် ဖန်တီးရန် အချည်းနှီး ကြိုးစားနေ ကြသည်။ အောက်ဖော်ပြပါ အတိုင်း ဖတ်ရှုပါ။ 

အာရ်ကန် ဒေသ၏ အစောဆုံး သမိုင်း အစဦးသည် ကုလားတန်နှင့် လေးမြို့ မြစ်များ၏ အောက်ခြေကို ပိုင်းခြား ပေးသည့် တောင်တန်း များကို အခြေခံသည်။ အဆိုပါ တောင်တန်း များတွင် အိန္ဒိယ နိုင်ငံ မှ တောင်တန်းသားများ အခြေချ နေထိုင်ပြီး ၎င်းတို့ကို အုပ်ချုပ်သည့် အကြီး အကဲ များသည် Kapilavastu ကို အုပ်ချုပ်သူ များနှင့် ဆက်နွယ်မှု ရှိခဲ့သည်။ 

၎င်းတို့ကို ရှေးဟောင်း ဟိန္ဒူ အသိုင်း အ၀ိုင်း များ၏ အစဉ် အလာ အတိုင်း လူတန်းစား လေးရပ် ခွဲခြား ထားသည်။ ဘုရင်များနှင့် ဘရင်ဂျီ တို့သည် Vedas ဘာသာရပ် သုံးရပ်ကို လေ့လာ သင်ယူ သင်ကြားခဲ့ ကြသည်။ မြစ်များ၊ တောင်တန်းများ၊ မြို့များ အမည် များသည် အာရီယန် မူရင်း ဇစ်မြစ် အမည် များ ဖြစ် ကြသည်။ ဘုရင်နှင့် ဘုရင်မတို့၏ ဂုဏ်အမည် များသည် အိန္ဒိယမှ Solar နှင့် Lunar နန်းဆက် များနှင့် ဆက်နွယ် နေသည်ကို အဆိုပြု နေသည်။ (Dr. Emil Forchhammer, ရခိုင်သမိုင်းဆိုင်ရာ အစီရင်ခံစာ၊ စာမျက်နှာ ၁) 

အထက်တွင် *** ဖြင့်ဖော်ပြ ခဲ့သည့်Maurice Collis ပြောဆို ခဲ့သည့် အထောက် အထား များကို ပြန်လည် ရည်ညွန်းပါ။ ပြီးနောက် အောက်ပါ အထောက် အထားကို ဆက်ဖတ်ပါ။ 

…“Chandra ဘုရင် များသည် ဗုဒ္ဓ ၀ါဒကို ထိန်းသိမ်း သူများ ဖြစ်ပြီး၊ မဟာမုနိ ဘုရား ဗိမာန် ကို စောင့်ရှောက်အမွှမ်းတင်ထားခဲ့ကြသည်။၎င်းတို့၏ပိုင်နက်နယ်မြေသည်စစ်တကောင်း ဒေသ မြောက်ပိုင်း (ယခင်က Chatigrama ဟုအမည်ရှိ) အထိချဲ့ ခဲ့သည်။ ၎င်းမဟာမုနိ ဘုရား ဗိမာန်မှ ကောက်ယူ နားလည် နိုသည်မှာ Wesali (Vaishali) သည် အရှေ့ဘက် ကျသော ဟိန္ဒူ Bengal ၏ ထီးနန်း တစ်ခု ဖြစ်ခဲ့ပြီး မဟာယန ဗုဒ္ဓ ဘာသာကို လည်း ကျင့်သုံးခဲ့ပြီး ၎င်းအစိုး ရနှင့် ပြည်သူ များ နှစ်မျိုး စလုံးသည် အိန္ဒိယန်း လူမျိုး ထဲမှ ဖြစ်သည်။ ယင်းအချိန် အထိ မွန်ဂိုလီယန်များ စုပြုံ ၀င်ရောက် လာခြင်း မရှိပေ။ (Maurice Collis, Arakan's Place in the Civilization of the Bay, စာမျက်နှာ ၄၈၆) 

ထို့ကြောင့် အထက်ပါ သက်သေ အထောက် အထားများ အရ ၁၀ ရာစုနှစ် မတိုင်မီ အာရ်ကာန် ဒေ သ၌ နေထိုင် ခဲ့သူ များမှာ ဟိန္ဒူ၊ ဗုဒ္ဓနှင့် နတ် ကိုးကွယ်သည့် အယူ ၀ါဒီ နောက်လိုက် များဖြစ်ကြ သည်ဟု ဆိုရပါမည်။ သို့သော်ငြားလည်း တစ်ကိုယ် ကောင်းဆန်သည့်ရခိုင်သမိုင်းပညာရှင်များသည် အောက်ဖော်ပြ ပါ အချက် အလက် များကို ၀န်ခံရန် ပျက်ကွက် နေကြသည်။ 

(၁) ထိုအချိန်က ဟိန္ဒူ၊ ဗုဒ္ဓ၊ နတ်ကိုးကွယ်သည့် သူများသည် အိန္ဒိယန်းများ (ယနေ့ ရိုဟင်ဂျာ များကဲ့သို့) သာဖြစ် ကြပြီး၊ Mongoloid Tibeto-Burman (ယနေ့ ရခိုင်များ ကဲ့သို့) မဟုတ်သည်ကို ဖော်ပြရန်။ 

(၂) ၁၀ ရာစုနှစ် မတိုင်မှီ အာရ်ကာန် ဒေသတွင် ထွန်းကား ခဲ့သော ဗုဒ္ဓ၀ါဒမှာ မဟာယန ဖြစ်ပြီး၊ ယနေ့ ရခိုင်များ ကိုးကွယ် ယုံကြည်သည့် ထေရ၀ါဒ (သို့မဟုတ် ဟီနာယန) မဟုတ်သည်ကို ရေးသားရန်။ 

ဆက်လက်ဖော်ပြပါမည်။

မောင်အာသာ
RB သမိုင်း
6.4.2013

Proto-Australoid Negritos (သို့) အာရ်ကာန် ဒေသ၏ ရှေးအကျဆုံး လူမျိုး 

သမိုင်း ပညာရှင် များ၏ အဆိုအရ အာရ်ကာန်ဒေသတွင် အစောဆုံး ရောက်ရှိ အခြေချ ခဲ့သော ကျောက်  ခေတ် နှောင်းပိုင်း Proto-Australoid များကို Negritos ဟုခေါ်သည်။ ထိုသူတို့သည် အသားမဲ ကြပြီး၊ ယခု ကပ္ပလီကျွန်းစု များရှိ မူလ ဘူတ လူမျိုးများနှင့် ဆင်တူသော လူမျိုးများ ဖြစ်ပြီး၊ ၎င်း တို့ကို လူသား စားသူများဟု အဓိပ္ပာယ် ရသော Rakhasha (ပါဠိ) သို့မဟုတ် Rakhshasa (Sanskrit) ဟူ၍လည်း သိခဲ့ကြသည်။ သို့သော်ငြားလည်း သမိုင်း ပညာရှင်များ၏ သုံးသပ်ချက်အရ အာရ်ကာန် ဒေ သတွင် ၎င်းတို့ တည်ရှိခဲ့မှုကို ရှေးဟောင်း သုတေသနဆိုင်ရာ အကြွင်းအကျန် ရှားပါး မှုကြောင့် သက်သေ ပြရန် လွန်စွာ ခဲယဉ်း ပေသည်။ ထို့ကြောင့် ဤအကြောင်း အရာကို ဆွေးနွေး ရန် မ လိုတော့ပေ။ 

Indo-Aryans (သို့) အာရ်ကာန် ဒေသရှိ အစောပိုင်း လူမျိုးများ 

ပထမဆုံး အာရ်ကာန် လူမျိုး ဘုရင်များသည် Ganges ချိုင့်ဝှမ်းမှ Indo-Aryans များဖြစ်သည်။ (ရှေးဟောင်း အာရ်ကာန် လူမျိုး သမိုင်း မှတ်တမ်း) 

Indo-Aryan လူမျိုး များသည် ယနေ့ ရခိုင်များ ဟုခေါ်သော မြန်မာ အဆက်အနွယ်များ မရောက်မှီ ရာစုနှစ် တစ်ခုပြီး တစ်ခု၊ နန်းဆက် အုပ်ချုပ် ခဲ့သည်။ (Maurice Collis နှင့် ဦးစံရွှေဘို Into hidden Burma Chapter, Arakan) 

Indo-Aryan လူမျိုး၊ မြို (ခမီ) လူမျိုး နှင့် သက် (စက်) လူမျိုး တို့သည် ဘီစီ ၃၃၂၃ မတိုင်မီကပင် ဒွါရ၀တီ၊ ဓည၀တီ မြို့တော်တို့ကို တည်ထောင်ပြီး အခြေချ နေထိုင် ခဲ့ကြောင်း။ (ဇာလုပ် ကတ်ဖို့လေး - စံကျော်ထွန်း (မဟာဝိဇ္ဇာ) - စာမျက်နှာ ၈၁) 

Negriots ပြီးနောက် ရှေးဟောင်း သုတေသန ဆိုင်ရာ သက်သေ အထောက် အထားများ အရ Indo-Aryan တို့သည် အာရ်ကာန် ဒေသ၌ ဒုတိယ အစောဆုံး အခြေချ ခဲ့သူများ ဖြစ်ကြပြီး၊ ၎င်းနောက် သက်နှင့် ခမီ များဖြစ် ကြသည်။ (ခမီနှင့် သက်တို့သည် တောင်တန်း ဒေသများနေ လူမျိုးနွယ် စုများဖြစ်ပြီး ၎င်းတို့၏ အဆက် အနွယ်ကို တောင်တန်း ဒေသများတွင် ယခု အချိန်ထိ ရှာဖွေ တွေ့ရှိနိုင် ပါသည်။) ၎င်း Indo-Aryan များသည် အဘယ် သူများနည်း။ ရှေးဦးစွာ Indo-Aryan အသုံးအနှုံးကို အနက် အဓိပ္ပာယ် ဖွင့်ဆို ရမည်။ 

http://bit.ly/2tD2Dd တွင် Indo-Aryan သည် အိန္ဒိယ တိုက်ငယ် အတွင်း ဟင်ဒီ၊ ဘင်္ဂလီ၊ ပန်ဂျာဘီ အစ ရှိသည့် ဘာသာ စကား အပါအ၀င် Indo-European ဘာသာ စကား ပြောဆို ကြသော သူများကို ခေါ်ဆိုသည်ဟု အဓိပ္ပာယ် ဖွင့်ဆို ထားသည်။ ယေဘုယျ အားဖြင့် Indo-Aryan များသည် Dravidians (တောင်ပိုင်း အိန္ဒိယန်း) များမှအပ ကျန်သည့် အိန္ဒိယန်းများ ဖြစ်ကြသည်။ သို့ဖြစ်ပါ၍ ယနေ့ အာရ်ကာန်ဒေတွင် Indo-Aryan ၏မျိုးရိုး စဉ်ဆက် များမှာ ရိုဟင်ဂျာများမှ တစ်ပါး အခြား လူမျိုး တစ်မျိုး ဖြစ်စရာ အကြောင်း လုံးဝ မရှိပေ။ 

အာရ်ကာန် ဒေသတွင် အေဒီ ၁၀ ရာစု မတိုင်မီတွင် အိန္ဒိယန်း လူမျိုးများ၊ အိန္ဒိယန်း ယဉ်ကျေးမှု များနှင့် စာပေ များကိုသာ ရှာဖွေ တွေ့ရှိခဲ့ ရသည်။ မြန်မာနှင့် မြန်မာ အဆက်အနွယ် တို့၏ ယဉ်ကျေးမှုကို ၁၀ ရာစု နောက်ပိုင်းမှ သာလျှင် ရှာဖွေ တွေ့ရှိခဲ့သည်။ (H. W. Wilson; the history of Indian people, စာမျက်နှာ ၁၈၉ - ၂၀၄) 

အာရ်ကာန် ဒေသတွင် ၁၀ ရာစု မတိုင်မီ နေထိုင်ခဲ့သော လူမျိုးများနှင့် လူမှု အဖွဲ့အစည်း များမှာ အိန္ဒိယန်းများ ဖြစ်ကြသည်။ (Gordon H. Luce; Early Burma Pre-Bagan) 

[အာရ်ကာန် ဒေသ၏ နန်းဆက် သမိုင်းများကို သမိုင်း ပညာရှင်များ ပြောကြားချက်အရ ၉၅၇ CE မတိုင်မီ ဓည၀တီ (ကာလပိုင်းခြား ၃ ပိုင်း) နှင့် ဝေသာလီ နန်းဆက် များနှင့် ၉၅၇ CE နောက် လေးမြို့နှင့် မြောက် ဦး တို့တွင် ထင်ရှားသော ထီးနန်းများ တည်ရှိခဲ့သည်။ (အသေးစိတ် ကို နောက်ပိုင်း တွင် ရေးသေား ဖော်ပြ ပါမည်။)] 

ယနေ့ အာရ်ကာန် ဒေသတွင် ရိုဟင်ဂျာနှင့် ရခိုင် ဟူသော လူမျိုးစု နှစ်စု ရှိသည်။ ၎င်းတို့ အနက် မည်သည့် လူမျိုးစုသည် အာရ်ကာန် ဒေသတွင် လူမျိုးစု၊ ယဉ်ကျေးမှု၊ ဘာသာ စကားတို့ဖြင့် အစောဆုံး လွှမ်းမိုး အုပ်ချုပ် ခဲ့သည့် Indo-Aryan (အိန္ဒိယန်း) များ၏ အဆက် အနွယ်များ ဖြစ်နေကြ သနည်း။ ဤမေး ခွန်း ကို ဖြေကြား ရာတွင် မလို မုန်းတီး မှုကို ဖယ်ရှား၍ ရိုးသားစွာ ဖြေဆိုရန် လိုအပ် ပေသည်။ 

ရခိုင်များ၏ မူရင်းဇစ်မြစ် 

ရခိုင်များနှင့် ဗမာများသည် တူညီသော လူမျိုးများ ဖြစ်ကြသည်။ ရခိုင်များသည် ရှေးဦးဗမာ များ ပြောဆိုခဲ့ သည့် စကားကို ပြောဆို ကြသည်။ ပိုမို အရေးကြီးသည်မှာ ၎င်းတို့၏ ကိုးကွယ်သည့် ဘာသာလည်း တူညီသည်။ (ဒေါက်တာ ထင်အောင်၊ Burma before AD 1280; ၂၀၀၃ ခုနှစ်တွင် ဦးအောင်သန်း အင်္ဂလိပ် ဘာသာပြန်သည်။ စာမျက်နှာ ၄၀) 

ရခိုင်သည် ဗမာလူမျိုးစုဝင် တစ်ခုဖြစ်သည်။ ရခိုင်တို့၏ အစောပိုင်း စာပေများကို ဗမာ ဘာသာဖြင့် ရှာဖွေ တွေ့ရှိ ခဲ့သည်။ (ဒေါက်တာ သန်းထွန်း၊ အသက် ၈၀ နှစ်ပြည့် သတင်းလွှာ) 

ယခု အင်အားကြီး လွှမ်းမိုး နေသော ရခိုင် များသည် အာရ်ကာန် ဒေသသို့ ၁၀ ရာစု နောက်ပိုင်းတွင် ၀င်ရောက် လာသော တိဘက် - ဗမာ မျိုးနွယ်စု များအနက် ထင်ရှားသည့် အုပ်စု ဖြစ်သည်။ (Dr. Pamela Gutman, Ancient Arakan, 1976) 

ရခိုင် လူမျိုး များသည် ဧရာဝတီ အထက်ပိုင်းသို့ ရောက်ရှိ အခြေချ ခဲ့သော ဗမာများနှင့် နီးကပ်စွာ ဆင်တူသော Mongoloid မျိုးနွယ်စု များမှ ဆင်းသက် လာသူများ ဖြစ်ကြသည်မှာ သံသယ ၀င်စရာ ပင်မရှိပေ။ ၎င်းတို့သည် ယခု မြန်မာ စကားနှင့် ကွဲပြား ခြားနားသော အသုံးအနှုန်း၊ စကားသံ အချို့များမှ အပ တူညီသော မြန်မာ စကားကိုသာ ပြောဆို ကြသည်။ (History of Burma, Lieut. General Sir Aurthur P. Phayre, စာမျက်နှာ ၄၁၊ ၁၈၈၃) 

ထို့အပြင် ထင်ပေါ် ကျော်ကြားသော ပညာရှင်များမှ ရခိုင်များ၏ မူရင်း ဇစ်မြစ်ကို ရေးသား ဖော်ထုတ် ထားသော သက်သေ အထောက် အထား အများ အပြား ရှိသော်ငြားလည်း အထက်တွင် ရည်ညွန်း ထားသည့် အထောက် အထား များမှာ ဤအကြောင်း အရာအတွက် လုံလောက်ပြီ ဟုထင်ပါသည်။ သို့ပေမယ့်လည်း ယခု အချိန်ထိ ရခိုင် များသည် Indo-Aryan များမှ ဖြစ်သည် သို့မဟုတ် ၁၀ ရာစု မတိုင်မီ စိုးစံခဲ့သော အိန္ဒိယ မင်းဆက်များမှ ဖြစ်သည်ဟု ဆိုချင် ပါသလား? သို့တိုင်အောင် တစ်ယူသန် ရခိုင် ပညာရှင် များက ရှက်ဖွယ် လိလိ ထင်ရာစိုင်း၍ ရခိုင် တို့သည် ၁၀ ရာစု မတိုင်မီ ထီးနန်း စိုးစံခဲ့သော Indo-Aryan များမှ ဆင်းသက် လာသော မျိုးနွယ်စု ဖြစ်သည်ဟု ပြောဆို ကြသည်။ ဥပမာ အချို့ကို အောက်တွင် ဖော်ပြ ထားသည်။ 

ရခိုင် တယူသန် များ၏ ထင်ရာစိုင်းမှု 

ရခိုင် လူမျိုး များသည် ရှေးဦးပိုင်း ကာလတွင် အိန္ဒိယ ဘာသာကို ရေးသားခဲ့ ကြသည်ဟု ထင်ရသည်။ (ဝေသာလီခေတ် အနန္ဒ စန္ဒရ ကျောက်စာ၊ ဦးစံသာအောင် - စာမျက်နှာ ၁၂) 

သူတို့၏ သမိုင်း အထောက် အထားများသည် မှတ်တမ်းများ ကဲ့သို့ မူရင်း ဇစ်မြစ် မှတ်တမ်း စစ်စစ်များ မဟုတ်ဘဲ ရာစုနှစ်ပေါင်း များစွာ အကြာတွင် ဟုတ်သယောင်ယောင် ကြံရာလိုက် လုပ်ထားခြင်း များသာုဖြစ်သည်။ ယခုအခါ ထိုသူ တို့သည် ဘီစီအီး ၅၀၀၀ ကတည်းပင် နိုင်ငံတွင်း၌ ရှိနေ သယောင် ဖော်ပြနေ ကြသည်။ အိန္ဒိယ ထီးနန်းများ ဖြစ်သော ဓည၀တီနှင့် ဝေသာလီ တို့ကိုလည်း ၎င်းတို့၏ လူမျိုးများ ထီးနန်းများ အဖြစ် ပြင်းထန်စွာ ပြောဆိုနေ ကြသည်။ (Noel F. Singer’s Vaishali and Indianization of Arakan, စာမျက်နှာ ၁၄ , ရည်ညွန်း “ရွှေဇံ, The Golden Mrauk U, စာမျက်နှာ ၁၄၉”) 

နိုင်ငံရပ်ခြားတွင် နေထိုင်သော တယူသန် ထင်ရာစိုင်း ရခိုင်ပညာရှင် အရှင်နာယက၏ Indo-Aryan ဖြစ်ကြောင်း ပြောဆိုရန် ကြံစည် အားထုတ် နေမှုကိုလည်း ဥပမာ တစ်ခု အဖြစ် အောက်တွင် ဖော်ပြ ထားသည်။ 

Indo-Aryan များသည် အာရ်ကာန် ဒေသသို့ ပြောင်းရွှေ့ မလာခင် အရှေ့အိန္ဒိယမှ Mongoloid အနွယ်ဝင် များနှင့် လက်ထပ်၍ ရောထွေး လာခဲ့သည်ဟု ယူဆရသည်။ http://bit.ly/10eZtIL

ဤသည်မှာ ယင်းသူတို့ တွေးတော ကြံစည် ကြခြင်းပင် ဖြစ်သည်။ထို့ကြောင့် ယုတ္တိမရှိ အခြေ အမြစ် မရှိ ကြံစည် အားထုတ်ခြင်းပင် ဖြစ်သည်။ အကယ်၍ ထိုကဲ့သို့ ပြောဆိုနေ မှုများကို အမှန်ဟု ယူဆ ရလျှင် မေး ခွန်းပေါင်း များစွာ မေးမြန်း ရန်ရှိပြီး ၎င်းတို့ကို ဖြေဆိုပေး ရမည် ဖြစ်သည်။ ၎င်းမေးခွန်း တို့မှာ- 

အိန္ဒိယ ဘာသာ စကား ပြောဆို နေသည့် ရခိုင်များ ၁၀ ရာစု နောက်ပိုင်းတွင် ရုတ်တရက် မည်ကဲ့ သို့ မေ့ပျောက်ခဲ့ပြီး Tibeto-Burman မူရင်း ဇစ်မြစ်မှ ဖြစ်သော ဘာသာ စကား တစ်ခုကို စပြောနေ ခဲ့ရ သနည်း။ ထီးနန်း စိုးစံ ခဲ့သည့် အိန္ဒိယန်း ဘုရင်များ၏ အိန္ဒိယန်း အမည် များကို တိဘက်-မြန်မာ အမည် များသို့ ပြောင်းရန် အဘယ် အကြောင်းအရာက ဦးတည်ပေးခဲ့ သနည်း။ (ဥပမာ အားဖြင့် အစောဆုံး ထီးနန်း စိုးစံခဲ့သည့် “Chandra” အမည်)။ ထို့အပြင် အိန္ဒိယန်း များနှင့် တူညီ ခဲ့သော ရခိုင် လူမျိုး များ၏ ရုပ်ပုံ သဏ္ဍန်သည် ရုတ်တရက် အားဖြင့် မည်ကဲ့သို့ ကွဲပြားသွား သနည်း။ မေးခွန်း များစွာ ရှိပါသည်။ ထိုအရာ များသည် Missing-Link ခေါ် ဆက်စပ်မှု ပျောက်ဆုံး နေခြင်း ဖြစ်သည်။ 

ရခိုင် များသည် တခါတရံတွင် Tibeto-Burma အုပ်စုဟု ပြောဆို ကြပြီး တခါတရံတွင် Indo-Aryan မျိုးနွယ်ဟု ပြောဆို ကြသည်။ မတူညီ ကွဲလွဲရာ နှစ်မျိုးကို ပြောလေ့ ရှိသည်။ ရယ်မောဖွယ် တစ်ခု မဟုတ် သလော။ ဖြစ်နိုင်ချေ အားဖြင့် မူရင်း ဇစ်မြစ်နှင့် ၎င်းတို့ ကိုယ်ကို ၎င်းတို့ ဆက်နွယ်မှု မပြတ်စေရန် Tibeto-Burman များဟု ပြောဆိုလေ့ ရှိသည်။ အစောပိုင်း ရခိုင် သမိုင်း မှတ်တမ်း များတွင်လည်း Tibeto-Burman အနွယ်ဝင် များဟု ပြောဆို ခဲ့သည်။ အခြား တစ်ဖက်တွင် Mongoloid အနွယ်ဝင်များ ဖြစ်သည် Tibeto-Burman ရခိုင်များ ကျူးကျော် ၀င်ရောက် မလာမှီ အချိန်ထိ လူနေမှု ပတ်ဝန်းကျင် ဒေသကို ခမ်းနားခမ်း ညားစွာအုပ်ချုပ်ခဲ့သော လူမျိုးများနှင့်ဆက်နွယ်ရန်အတွက် Indo-Aryan များဟု ပြောဆိုသည် မှာ ဖြစ်နိုင်ချေရှိသည်။ 

စိတ်ဝင်စား ဖွယ်ရာ မေးခွန်း တစ်ခုမှာ “ဗမာများနှင့် ရခိုင်များမှ ရိုဟင်ဂျာများ၊ ဘင်္ဂလီများ၊ အိန္ဒိယန်းများနှင့် ပါကစ္စတန်များကို မည်ကဲ့သို့ ခေါ်သည်ကို သိပါသလော”။ မြင့်မြတ်သော လူမျိုးဟု မူရင်း အဓိပ္ပာယ် ရသည့် “ကုလ” ဟူသည့် ဝေါဟာရကို အိန္ဒိယန်းများ အတွက် နှိမ့်ချရန် သဘောဖြင့် သုံးစွဲ နေခြင်း မဟုတ်လော။ ရခိုင် များသည် Indo-Aryan (အိန္ဒိယ မူရင်း ဇစ်မြစ်) အနွယ်ဝင် များဟု မှတ်ယူလျှင် ထိုသူ များသည်လည်း “ကုလ” များပင် ဖြစ်ကြသည်။ ရခိုင် များသည်ပင် ကုလား ဖြစ်လျှင် အဘယ်ကြောင့် အခြားသူများ (ရိုဟင်ဂျာများ) ကို ကုလားဟု ခေါ်နေကြ သနည်း။ နောက်တနည်း အားဖြင့် ရခိုင် များသည် မိမိတို့ကိုယ် မိမိ ကုလား များဟု ခေါ်ကြ သလား။ ဗမာများမှ ရခိုင်များကို ကုလားဟု ခေါ်ကြသလား။ စင်စစ် အားဖြင့် ရခိုင်များကို မည်သူ များက “ကုလားများ” ခေါ်ကြ သနည်း။ စဉ်းစား စရာပင်။ 

ဆက်လက် ဖော်ပြ ပါမည်။

နေဆန်းလွင် 
RB News 
15.3.2013 

Francis Buchanan ရဲ့မှတ်တမ်းနဲ့ ပတ်သက်ပြီး လူအတော် များများက ပြောဆို ရေးသားခဲ့တာ တွေ အ များကြီး ရှိပါတယ်။ သို့ပေမဲ့လည်း လိုအပ်တယ် ထင်လို့ Buchanan ရဲ့မှတ်တမ်းနဲ့ ပတ်သက်ပြီး ဆက်နွယ် တာတွေ စာဖတ်သူများ ဗဟုသုတ ရဖို့ရေးသား လိုက်ပါတယ်။ 

Francis Buchanan ဆိုတာ ဘယ်သူလဲ? 

Dr. Francis Buchanan ဟာ စကော်တလန် လူမျိုး ဆရာဝန် တစ်ယောက်ပါ။ ၁၇၆၂ ခုနှစ် မှာ မွေးဖွား ခဲ့ပြီး University of Edinburgh မှာ ဆေးပညာ ဆည်းပူးခဲ့သူ ဖြစ်ပါတယ်။ သူက အိန္ဒိယ နိုင်ငံ Bengal Medical Service မှာ ၁၇၉၄ ကနေ ၁၈၁၅ အထိ တာဝန် ထမ်းဆောင် ရင်းနဲ့ ယခု ရခိုင် ပြည်နယ် လို့ လူအသိ များနေတဲ့ အာရ်ကာန် ဒေသကို ရောက်ရှိခဲ့တယ်။ “A Comparative Vocabulary of some of the languages spoken in the Burma Empire” စာအုပ်ကို မှတ်တမ်း အနေနဲ့ ရေး သားခဲ့ တာ ဖြစ်ပါတယ်။ 

Buchanan မှတ်တမ်းထဲက Rooinga 

The first is that spoken by the Mohammedans, who have been long settled in Arakan, and who call themselves Rooinga, or natives of Arakan

ဘာသာပြန် - ပထမ ဘာသာ စကား ကတော့ အာရ်ကာန်မှာ အချိန် ကြာမြင့်စွာ အခြေချ နေထိုင် လာခဲ့ပြီး မိမိကိုယ် မိမိ ရိုအင်ဂါ (သို့မဟုတ်) အာရ်ကာန် ဇာတိ ချက်မြှပ် လို့ပြောကြတဲ့ မိုဟာမတ်ဒန်တွေ ပြောတဲ့ စကားဘဲ ဖြစ်ပါတယ်။ 

ဒါကတော့ Buchanan ရဲ့ စာအုပ် စာမျက်နှာ ၂၃၇ မှာ ရေးထားတာပါ။ 

မိုဟာမတ်ဒန်ကို မြန်မာလို မဟာ မေဒင်လို့ နောက်ပိုင်းသုံးတာ တွေ့ရပါတယ်။ 

ဒီမှာ အရေး ကြီးဆုံး အချက်က မိုဟာမတ်ဒန် (သို့) မြန်မာလို မဟာမေဒင်ဆိုတာ အစ္စလာမ်ဘာသာ ၀င်တွေ ကို ဆိုလိုတာဘဲ ဖြစ်ပါတယ်။ 

ရခိုင် လူမျိုး သမိုင်း ပညာရှင် ဒေါက်တာ အေးချမ်းက မတ်လ (၁၄) ရက်နေ့ ရန်ကုန် MICT Park မှာ ပြု လုပ် ခဲ့တဲ့ Seminar မှာ “ဒီလူတွေ မွတ်စလင် ဖြစ်တယ် ဆိုတာ ဘယ် စာမျက်နှာမှာ ပါလဲ” ဆိုပြီး စော ဒက တက်ပါတယ်။ ရိုအင်ဂါ လို့ရေးထား တာလည်း ရခိုင် လူမျိုးကို ရည်ညွန်း တာလို့ ပြောဆို သွားပါတယ်။ 

အဲဒီတော့ ဒေါက်တာ အေးချမ်းကို ကျွန်တော် ပြောချင်တာက - 

Dr. Francis Buchanan ရေးထားတဲ့ Mohammedans (မြန်မာလို မဟာမေဒင်) ဆိုတာ ယနေ့ ရခိုင် ပြည်နယ်မှာ အစ္စလာမ် ဘာသာ ကိုးကွယ်တဲ့ ရိုဟင်ဂျာ လူမျိုးကို ရည်ညွန်း ခြင်းသာ ဖြစ်ပါတယ်။ 

ယနေ့ ရခိုင် ပြည်နယ်မှာ ဗုဒ္ဓ ဘာသာ ကိုးကွယ်တဲ့ ရခိုင် လူမျိုး (ယခင်က မော့ဂ် လူမျိုး) အကြောင်း ကို Dr. Francis Buchanan က သူ့ရဲ့ မှတ်တမ်းမှာ စာမျက်နှာ ၂၂၃ ကနေ ၂၂၆ အထိ Yakain (သို့မဟုတ်) Mug ဆိုပြီး သေသေ ချာချာ ရှင်းရှင်း လင်းလင်း ရေးထား ပါတယ်။ 

(ဤဆောင်းပါး အောက်တွင် ပါသော Scribd ၌ တင်ထားသော PDF ဖိုင်တွင် ကြည့်ရှူ နိုင်ပါသည်) 

အဲဒီတော့ ဒေါက်တာ အေးချမ်းအနေနဲ့ Rooinga ဆိုတာ ရခိုင် လူမျိုး ကိုရည်ညွန်းပြီး ရေးထားတာ လို့ နား မလည်တဲ့ သူတွေကို လိမ်ညာ ပြောဆို နေခြင်းကို ပညာရှင် တစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ထိန်း သိမ်းသောအားဖြင့် ရပ်တန့်ဖို့ လိုပါလိမ့်မယ်။ 

Buchanan မှတ်တမ်းထဲက ရိုဟင်ဂျာ စကား 

Buchanan ရဲ့မှတ်တမ်းက အဓိက အားဖြင့် ဘားမား အင်ပါယာ အတွင်းမှာ ပြောဆိုတဲ့ ဘာသာ စ ကား တွေကို မှတ်တမ်း တင်ထားခြင်း ဖြစ်ပါတယ်။ 

အဲဒီ မှတ်တမ်းထဲမှာ ယနေ့ ရိုဟင်ဂျာ လူမျိုး (အစ္စလာမ် ဘာသာဝင်၊ မွတ်စလင်) တွေ ပြောနေတဲ့ စ ကား ကို စာမျက်နှာ ၂၃၈  မှာ မှတ်တမ်းတင် ထားသလို ယနေ့ ရခိုင် လူမျိုး (ဗုဒ္ဓဘာ သာ ၀င်)  တွေ  ပြောနေတဲ့ စကား ကိုလည်း စာမျက်နှာ ၂၂၄ မှာ သီးခြား မှတ်တမ်း တင်ပါတယ်။ 

မှတ်တမ်း တင်ထားတဲ့ ရိုဟင်ဂျာ စကား တွေကတော့ - 

(၁) Bel - နေ 
(၂) Sawn - လ 
(၃) Tara - ကြယ် 
(၄) Kool - ကမ္ဘာ 
(၅) Pannae - ရေ 
(၆) Auin - မီး 
(၇) Sheel - ကျောက်ခဲ 
(၈) Bau - လေ 
(၉) Jorail - မိုး 
(၁၀) Manush - အမျိုးသား (လူ) 
(၁၁) Meealaw - အမျိုးသမီး 
(၁၂) Gourapa - ကလေး 
(၁၃) Mata ­- ဦးခေါင်း 
(၁၄) Gall - ပါးစပ် 

မှတ်တမ်း ထဲမှာ ပါတဲ့ အဲဒီစကားတွေက ယနေ့ ရခိုင် ပြည်နယ်မှာ ပြောတဲ့ ရိုဟင်ဂျာ စကား ဟုတ်/မဟုတ် ရခိုင် ပြည်နယ်ကို သွားပြီး မည်သူ မဆို လေ့လာ နိုင်ပါတယ်။ 

ရိုဟင်ဂျာ စကားက ဘင်္ဂလီ စကားလား 

Buchanan ရဲ့မှတ်တမ်း ကို ၁၇၉၉ ခုနှစ်မှာ ပြုစုခဲ့တဲ့ အတွက် ယနေ့ ရခိုင် ပြည်နယ်မှာ ရှိတဲ့ ရိုဟင်ဂျာ လူမျိုးက ဗြိတိသျှ ကိုလိုနီ မတိုင်မှီ ကတည်းက ရှိနေတယ် ဆိုတာ ဗြောင်လိမ်ပြီး ငြင်းနေမယ် ဆိုရင် တော့ ရပါတယ်။ ဒါပေမဲ့ Buchanan ရဲ့မှတ်တမ်းကို ဘယ်သူ့မှ ဖျောက်ပစ်လို့ ရမှာ မဟုတ်ဘူး။ 

ရိုဟင်ဂျာဆိုတာဘင်္ဂလီတွေပါလို့ ပြောနေသူ တွေကတော့ အများကြီးပါ။ ဘယ်သူတွေဘယ်လိုဘဲ ပြော  ပြော ရိုဟင်ဂျာ ဆိုတာ ဘင်္ဂလီ မဟုတ်ဘူး။ ရခိုင် ပြည်နယ်မှာ ရိုဟင်ဂျာ တွေနဲ့ အချိန် ကြာကြာ နေဖူးသူ တစ်ယောက်က ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ခဏလောက် ရောက်ဖူးရင် ခွဲခြားလို့ ရမှာပါ။ 

ရိုဟင်ဂျာ စကားကို ဘင်္ဂလီတွေ နားမလည် သလို ဘင်္ဂလီ စကားကိုလည်း ရိုဟင်ဂျာ တွေနားမလည် ပါ။ ဘင်္ဂလားဒေ့ရှ် စစ်တကောင်း ဒေသမှာ ပြောတဲ့ စကားက ရိုဟင်ဂျာ စကားနဲ့ တူတယ် -စစ်တကောင်း သားတွေလို့လည်း စွပ်စွဲမှု တွေရှိ ပါတယ်။ ကျွန်တော် သေချာ ပြောပါမယ်။ စာရေး နေတဲ့ ကျွန်တော် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ရောက်ဖူး ပါတယ်။ ကိုယ်တိုင် ရိုဟင်ဂျာ ဖြစ်လို့ ရိုဟင်ဂျာနဲ့ ဘင်္ဂလီ ဘာတွေ ကွာလဲ ဆိုတာ ကိုယ်တိုင် သုတေသနတွေ အများကြီး လုပ်ခဲ့ပါတယ်။ 

ဗမာ စကားနဲ့ ရခိုင် စကား တူသလား? 

တကယ်တော့ လုံးဝ မတူပါဘူး။ ဥပမာ ပြပါရစေ - 

- ရခိုင်လို “ဇာလား ဖို့လေ” အဲဒါကို ဗမာလို ဘာသာပြန် ရင် “ဘယ်သွား ဖို့လဲ”

- ရခိုင်လို “သူပုန် ပီးလေ” အဲဒါကို ဗမာလို ဘာသာပြန် ရင် “ဆပ်ပြာ ပေးလေ”

အဲဒီလိုပါဘဲ။ ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်း ဒေသမှာ သုံးတဲ့စကားနဲ့ ရိုဟင်ဂျာစကား အဲဒီလို ကွဲပြား ပါတယ်။ 

- ရိုဟင်ဂျာလို “ဂေါ်မ် အာစောနဲ” အဲဒါကို စစ်တကောင်း ဒေသမှာ “ဘာလော အာစန်” ဗမာလို ဘာသာပြန် ရင်တော့ “နေကောင်းလား” 

- ရိုဟင်ဂျာလို “ကီရာန် ဒေါ်ရ်” အဲဒါကို စစ်တကောင်း ဒေသမှာ “ကီဖာဂိုက် သိုလိုက်ဂ် ဂေါ” ဗမာလို ဘာသာပြန် ရင်တော့ “ဘာချက်နေလဲ” 

အဲဒီလို ကွာပါတယ်။ ဗမာ စကားနဲ့ ရခိုင် စကားမှာ အချို့ တူညီ တာရှိ သလို ရိုဟင်ဂျာ စကားနဲ့ စစ်တ ကောင်း ဒေသ စကားမှာလည်း တူညီတာ တွေရှိ ပါတယ်။ 

အဲဒီတော့ ပြောချင်တာက ရိုဟင်ဂျာ ဆိုတာ ရိုဟင်ဂျာ ပါဘဲ။ ဒေါက်တာ အေးချမ်းရဲ့ ပုဂ္ဂလိက အခွင့် အရေးအရ ရိုဟင်ဂျာကို လက်မခံဘူးလို့ ပြောပိုင်ခွင့် ရှိပါတယ်။ ဒါက Freedom of Expression ပါ။ ကျွန်တော်လည်း ရခိုင်ကို လက်မခံဘူး - မော့ဂ် ကိုဘဲ လက်ခံတယ်လို့ ပြောချင်ရင် ပြောလို့ ရပါတယ်။ ဒါပေမဲ့ ရခိုင်တွေက မော့ဂ်လို့ ခေါ်တာ မကြိုက်တဲ့ အတွက် ကျွန်တော် မခေါ်ဘူး။ ဒါကတော့ လူမျိုးစု တစ်စုရဲ့ ဆန္ဒကို ကျွန်တော် လေးစားလို့ပါ။ 

သို့သော် ရှိတဲ့မှတ်တမ်းကို လိမ်ညာ ၀ါဒဖြန့်တာ ကတော့ ပါရဂူဘွဲ့ရ ပါမောက္ခ တစ်ယောက် အနေနဲ့ ရှက်သင့် ပါတယ်။



မဟာမင်းခန့်
RB News

မြောက်ဦးခေတ်တွင် နန်းတွင်းရှိ မွတ်ဆလင် ၀န်ကြီးများသည် နန်းတက်မည့် အာ(ရ်)ကန်မင်း များအတွက် အကောင်းဆုံးမွတ် ဆလင်ဘွဲ့ ထူးဂုဏ်ထူးများကို နန်းတွင်း အဓိက လုပ်ငန်းဆောင်တာ တစ်ခုကဲ့သို့ လုပ်ဆောင်ပေး ခဲ့ရသည်။ မင်းတို့သည်လည်း ရိုဟင်ဂျာ ကဗျာဆရာ၊ စာရေးဆရာများကို ပညာရည်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ရိုဟင်ဂျာယဉ်ကျေးမှု ထွန်းကားဖြစ်မြောက်ရေးဆိုင်ရာ စာအုပ်စာပေ အရေးအသားများ ထွန်းကား လာရေးအတွက် အစဉ်အားပေးထောက်ခံခဲ့သည်။ နန်းတွင်း ထင်ရှားကျော်ကြားသော မွတ်ဆလင် ၀န်ကြီးအ ချို့မှာ ‘Sulaiman, Mujallis, Syed Mussa, Ashraf Khan’ တို့ဖြစ်ကြသည်။ ‘Magan’ သည်လည်း စန္ဒာသုဓမ္မ (၁၆၅၂-၁၆၈၄) လက်ထက် ၀န်ကြီးချုပ်ဖြစ်ခဲ့သည်။ Magan ၀န်ကြီးချုပ် က `ရှားရှုဂျား´ ပုန်ကန်မှုနှင့် ပတ်သက်၍ ဘက်လိုက်မှု မရှိခဲ့သောကြောင့် သူ၏ အလိမ္မာကျော်ကြားမှုနှင့် စပ်လျဉ်း၍ အာ(ရ်)ကန်ဒေသခံတို့သည် ချီးကျူးမကုန်ဖြစ်ခဲ့သည်။ Magan သည် ရှားရှုဂျား´အား ပုန်ကန် ရန်အား မပေးခဲ့သည့်အပြင် သူ့ဘက်မှ ဘက်လိုက်ခြင်းလည်း မပြုလုပ်ခဲ့ပါ။ မြောက်ဦးခေတ် အာ(ရ်) ကန်မင်းတို့သည်လည်း `ရိုဟင်ဂျာ´ကဗျာဆရာများ၊ စာရေးဆရာများအား စာပေပညာ ဗဟုသု တစာအုပ် စာပေများကို ရေးသားရန် အားပေး အားမြောက်ပြုခဲ့ရာ ထင်ရှားသော “Daulat Quazi” နှင့် “Syad Shah Alawl” တို့သည် နန်းတွင်းကဗျာဆရာများဖြစ်သည်။ “Daulat Quazi”သည် ဘာသာ စကားကျွမ်း ကျင်သူတစ်ဦးဖြစ်ပြီး၊ ဘာသာစကားတစ်ခုမှ အခြားဘာသာစကားတစ်ခုသို့ လျင်မြန်စွာ ကူးလူး ဆက်ဆံပြောဆို တတ်သော အတတ်ပညာရှင် တစ်ဦးအဖြစ်ထင်ရှားသည်။ သူသည် ``အရဗီ၊ ပါရှန်းနှင့် သက္ကတ´´ဘာသာတို့ကို တစ်ဘက် ကမ်းရောက်အောင် ကျွမ်းကျင်သည်။ “Daulat Quazi”၏ စာပေ ပညာဗဟုသုတ ကြွယ်ဝချမ်းသာမှုကြောင့် ရိုဟင်ဂျာ ဘာသာစကား၊ ကဗျာ၊ စာပေရေးရာ၊ ယဉ်ကျေး မှု ထွန်းကားပြန့်ပွားရေးအတွက် ကြီးမားသော အင်အားတစ်ရပ်ဖြစ်ခဲ့သည်။ သူသည် စိတ်ခံစား ချက် အပြည့်ဖြင့် သီကုံးထားသော (၁၂)လရာသီကဗျာများကို ရေးသားပြုစုခဲ့သည်။ ၄င်းသီချင်း များကို ရိုဟင်ဂျာ ဘာသာစကားဖြင့် ‘Baramasha’ ဟုခေါ်ဆိုပြီး တန်ဖိုးမဖြတ်နိုင်သော စိန်လုံးပုလဲလုံး ကဲ့သို့ နန်းတွင်းရတနာများဖြစ်ခဲ့သည်။ 

ရိုဟင်ဂျာ လူမျိုးတို့သည် အစ္စလာ့မ် အဆုံးအမနှင့် ၄င်းအပေါ် အခြေခံသော လူမှုဆက်ဆံရေး ယဉ်ကျေးမှု အပေါ်တွင် ဘ၀ရပ် တည်နေပြီး၊ စီးပွားရေး၊ လူမှုရေး၊ ကူးလူးဆက်ဆံရေးစသည်ဖြင့် အရေးဟူသမျှသည် တစ် ခုနှင့် တစ်ခု ဘာသာရေးအပေါ် အခြေခံသော အပြန်အလှန် ကူးလူးဆက်ဆံခြင်းစနစ်ကို အခြေခံဖွဲ့ စည်းထားသည်။ ရိုဟင်ဂျာတို့သည် အများစုပေါင်းဝတ်ပြုကြသည်။ ဘာသာရေး ၀တ်ပြုဆုတောင်း ပွဲများသည် ရိုးရှင်းလွယ်ကူပြီး၊ Symbolism (ခ) ပုံဖော်ရေးဆွဲသော အနုပညာအယူဝါဒနှင့် idolism (ခ) ရုပ်တုကိုး ကွယ်မှုတို့ကို လုံးဝခွင့်မပြုပေ။ ရိုဟင်ဂျာတို့သည် လူပုဂ္ဂိုလ် ကိုးကွယ်သော အယူဝါဒကို လုံးဝ ဆန့်ကျင် သူများဖြစ်ကြသည်။ သူတို့သည် ဘာသာတရားကို အလွန်ကိုင်းရှိုင်း ကိုးကွယ် ကြိုးပမ်းအား ထုတ်သော သူတော်စင်များ ကိုကား အလွန် ရိုသေ ချစ်မြတ်နိုးလေ့ ရှိသည်။ ထိုသို့သော ပုဂ္ဂိုလ် များ သေဆုံးသောအခါတွင် ၄င်းတို့၏ ဂူ(သို့မဟုတ်) ၄င်းပတ်ပတ်လည်ကို ခိုင်ခန့်သော အကာအရံ များဖြင့်  ဆောက် လုပ် ၍ ဘာသာရေး ပွဲတော် အနေနှင့် မဟုတ်သော်လည်း တစ်ခါတစ်ရံ ဂုဏ်ပြုအပ်ခြင်း ငှာ ပွဲ လမ်း သဘင် များ ကျင်းပလေ့ရှိသည်။ ယခုအချိန်တွင် မရှိသလောက်ဖြစ်နေပါပြီ။ 

အာရေဗျ တိုင်းပြည်များနှင့် ပါရှန်းနိုင်ငံတို့တွင် ရေးသား သုံးစွဲခဲ့သော Nask (or) Nasktalik အက္ခရာ တို့ သည် ရိုဟင်ဂျာ တို့၏ စာပေရေးရာ ယဉ်ကျေးမှုကို လွှမ်းမိုးခဲ့သည်။ အာရေဗျ ဘာ သာဖြင့် ရေးသားသော ကိုရမ် ကျမ်းတော်မြတ်နှင့် အခြားအစ္စလာမ်ဘာသာသာ သနာဆိုင်ရာစာအုပ် စာပေများကို ရေးသားပြုစုရာ တွင် သုံးနှုန်းခဲ့သော Nask အက္ခရာများကို ရိုဟင်ဂျာတို့သည် စာပေရေးရာပြုစုရေး သားရာတွင် သုံးနှုန်းခဲ့သည်။ Floral designs (ခ) ပန်းအလှပုံစံဒီဇိုင်းမျိုးစုံဖြင့် မျက်စိပသာဒရှိအောင် မှန်တံခါးဘောင် များတွင် ရေးဆွဲ ထားသော ရိုဟင်ဂျာ လက်ရေးလှ စာပေများသည် ရိုဟင်ဂျာ များနေ ထိုင် ရာ နေရာများတွင် ယခုတိုင်ရှားရှားပါးပါးတွေ့ရှိနိုင်သည်။ 

ဂီတရေးရာတွင်လည်း ရိုဟင်ဂျာ တို့သည် ကိုယ်ပိုင်သံစဉ် Batali ကို တီထွင်နိုင်ခဲ့သည်။ ၄င်း Batali သည် ကျေးလက်တော ရွာနေ တေးကဗျာဆိုသူတို့၏ သံစဉ်သာဖြစ်သည်။ ၄င်းတို့ထဲမှ ပမာပြရလျှင် ဘူးသီးတောင်မြို့နယ်မှ ဦးအလီမိုဒ္ဒိန်သည် ၀မ်းနည်းကြေ ကွဲဖွယ်ရာ တေးကဗျာများကို လှပတန် ဆာဆင်ဆိုတတ်သဖြင့် သောတဆင်ကြားရသူအပေါင်းတို့ မျက်ရည်သွင်သွင် ဖြစ်ခဲ့ရသည်ဟု ဆိုသည်။ Zari (ခ) အလွမ်းသီချင်း များသည်လည်း ကျေးလက်နေပြည်သူပြည်သားတို့အတွက် အလွန်သာယာ ချမ်းမြေ့ဖွယ်ရာ သီချင်း များဖြစ်သည်။ အထက်ဖော်ပြပါ Baromasha, Batali နှင့် Zari တို့သည် ကျေး လက်နေ ရိုဟင်ဂျာ လူမျိုးတို့အတွက် ယခုခေတ် စင်တင်တေးဂီတကြီးများသဖွယ် တိုင်းရင်းသား လူမျိုးတို့၏ ယဉ်ကျေး မှုကို ထင်ဟပ်ပေါ်လွင်စေသော ပြဇာတ် များဖြစ်ခဲ့ကြ သည်။ ခေတ်အဆက် ဆက် က ရိုဟင်ဂျာ ယဉ်ကျေးမှုပြ ဇာတ်များကို ကျေးရွာများရှိ ရွာပြင်ပ ရိုးပြတ်လယ်ကွင်းပြင်များတွင် ကျင်းပလေ့ရှိသည်။ ရိုးရာပြဇာတ်များကို အထူးသဖြင့် လယ်သမားများ စပါးရိတ်သိမ်းပြီးချိ န်နှင့် ကျေးရွာ သူကျေးရွာ သားများ နှစ်စဉ်ပျော်ရွှင် ချမ်းမြေ့နိုင်ရန် ညအချိန်တွင် ကျင်းပလေ့ရှိပြီး၊ ပတ်ဝန်းကျင်ကျေး ရွာမှ ဒေသခံပြည်သူတို့သည် တစ်ပျော်တစ်ပါး လာရောက်ကြည့်ရှုခဲ့ကြသည်။ အာရ် ကန်ဒေသတွင် အစောပိုင်းကာလများ၌ Qasidas (ကစီဒါ) သီဆိုခြင်းများ အလွန်ခေတ်စားခဲ့သည်။ ထင်ရှားသော ကစီဒါ ဆိုသူအချို့မှာ Alawal, Daulat Qazi, Shujah Qazi တို့အပြင် အခြားနာမည်ကြီး ကဗျာ စာဆိုများ လည်းရှိခဲ့သည်။ အာရ်ကန်မင်းများ၏ နန်းတွင်း အခမ်းအနားများတွင် သဘာပတိ ပြုလုပ်ရာ၌ သူတို့အတွက် ကစီဒါသီဆိုပေးခဲ့ရသော အစီအစဉ်ရှိခဲ့ပြီး၊ ၄င်းသီဆိုမှုများအတွက်လည်း ဘုရင့်နန်းတော်မှ ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ခြင်းများရှိခဲ့သည်။ 

နိဂုံးချုပ်အနေဖြင့် တင်ပြရလျှင် ရိုဟင်ဂျာလူမျိုးတို့သည် ကမန်လူမျိုးမဟုတ်သကဲ့သို့ ဘင်္ဂလီလူမျိုးလည်း မဟုတ်ပါ။ ဆန့်ကျင် ဖက်အမြင်အုပ်စုများ ပြောဆိုတင်ပြနေသကဲ့သို့ မနေ့တစ်နေ့ကမှ ဘင်္ဂလားဒေ့ရှ့်မှ လာရောက်နေထိုင်ခဲ့သော လူမျိုးတစ်မျိုးလည်းမ ဟုတ်ပါ။ မြန်မာနိုင်ငံတိုင်းရင်းသား  ရိုဟင်ဂျာ လူမျိုးတို့ သည် အာ(ရ်)ကန် (ရခိုင်)ဒေသ တွင် ရှေးပဝေသဏီက အထူးသဖြင့် (၁၀)ရာစုမ တိုင်မီကပင် မှီတင်းနေထိုင်လာခဲ့သော (ဘင်္ဂလီ-ဟိန္ဒူဘာသာကိုးကွယ်သော)လူမျိုး နောင်တွင် (ဘင်္ဂလီ-ဗုဒ္ဓဘာသာ ကိုးကွယ်သော) လူမျိုးနှင့် ၁၀ ရာစုမတိုင်မီနှင့် ၄င်းနောက်ပိုင်းရောက်ရှိလာခဲ့သော အစ္စလာမ်ဘာသာ ကိုးကွယ်သည့် အာရဗ်၊ ပါရှန်၊ မဂိုလ်နှင့် ပထန်လူမျိုး တို့၏ ဘာသာ၊ စကား၊ ယဉ်ကျေးမှု များ ရောနှောပေါင်း စပ်ဖြစ်ထွန်းလာခဲ့သော ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှုအနုပညာ၊ ကိုယ်ပိုင် ဘာသာ စကားတို့ကို သီးခြားလွတ်လပ်စွာ ပိုင်ဆိုင်သောလူမျိုးတစ်မျိုးဖြစ်သည်။ 

ယခုအခါ ရိုဟင်ဂျာ တို့သည် အာ(ရ်)ကန်(ရခိုင်)ဒေသတွင် ရခိုင်(ဗုဒ္ဓဘာသာကိုးကွယ်သောလူမျိုး) တို့နှင့် သီးခြားစီ အတူတကွ နေထိုင် လျှက်ရှိပြီး၊ ရိုဟင်ဂျာတို့၏ အထွေထွေလူ့အခွင့်အရေးများကို ချိုးဖောက် ခံနေရခြင်းကြောင့် ကမ္ဘာ့မိသားစု တစ်ရပ်လုံးက ၀ိုင်းဝန်း ကယ်တင်ပေးနေသည့် အချိန်အခါ လည်းဖြစ် သည်။ ထို့ကြောင့် တိုင်းရင်းသား ရိုဟင်ဂျာ လူမျိုးတို့သည် ခေတ်သစ်မြန်မာ့ လူ့ဘောင်စနစ် တစ်ခုအတွက် စိတ်ဝင်စားစရာ လူမျိုးတစ်မျိုးဖြစ်နေကြောင်း တင်ပြလိုက်ရပါသည်။ 

"ရိုဟင်ဂျာထုတစ်ရပ်လုံး ဗဟုသုတအဖြာဖြာ တိုးပွားကြပါစေ။"


မေယုမျိုးအောင်
RB News
1.3.2013

ရိုဟင်ဂျာလူမျိုးများကို မြန်မာနိုင်ငံ၏ ပထမဦးဆုံး သမ္မတစ၀်ရွှေသိုက်မှ အသိ အမှတ်ပြု ခဲ့ပြီး ဖြစ် ပါ သည်။ နိုင်ငံတော် ၀န်ကြီးချုပ် ဦးနု၊ ကာကွယ်ရေးဝန်ကြီး ဦးဘဆွေနှင့် ၀န်ကြီးအဖွဲ့ ဆုံးဖြတ်ချက် အ ရ မေယုနယ်ခြား ခရိုင်တွင် နေထိုင်သော လူနည်းစု ရိုဟင်ဂျာ တိုင်းရင်းသားအဖြစ် သတ်မှတ်၍ ရိုဟင်ဂျာ တိုင်းရင်းသား ဘာသာ အစီအစဉ်ကို (၁၉၆၁ ခုနှစ်၊ မေလ၊ ၁၅) ရက်နေ့မှစ၍ မြန်မာ့ အသံတိုင်း ရင်းသား ဘာသာ အစီအစဉ်မှ အသံလွှင့်  ခွင့်ပြုခဲ့ပါသည်။ ပြန်ကြားရေး နှင့် အသံလွှင့် ဦးစီး ဌါနထုတ်နှစ် (၃၀)မြန် မာ့ အသံစာအုပ်စာမျက်နှာ(၇၁) တွင် တရားဝင်ဖော်ပြထား ပါသည်။ 

(၂၅.၉.၁၉၅၉) ရက်နေ့တွင် နိုင်ငံတော် ၀န်ကြီးချုပ် ဦးနု၏ မြန်မာ့  အသံမှ အသံလွှင့် မိန့်ခွန်းတွင် ဘူး သီးတောင်မောင်တောနယ်တွင် နေထိုင်ကြသောပြည်ထောင်စု သားများမှာ များသောအား ဖြင့် ရိုဟင်ဂျာ မူစလင် များဖြစ်ကြောင်း မိန့်ကြားခဲ့သကဲ့သို့ ကာကွယ်ရေးဝန်ကြီး ဦးဘဆွေကလည်း (၃-၁၁-၁၉၅၉)နှင့် (၄-၁၁-၁၉၅၉)နေ့များတွင် မောင်တော ဘူးသီးတောင် လူထုအစည်း အဝေးတွင် ရိုဟင်ဂျာ တိုင်းရင်းသား များသည် အခြားသော တိုင်းရင်းသား များနှင့် တန်းတူနှစ်ပေါင်း များစွာအ တူ နေထိုင် ခဲ့ကြောင်း ရာဇ၀င် အထောက် အထားများနှင့်တကွ မိန့်ကြားဟောပြောခဲ့ပါသည်။ 

ကာကွယ်ရေးဝန်ကြီး ဌာနပညာရေးနှင့် စိတ်ဓာတ်ရေးရာ ညွှန်ကြားရေးမှူးရုံးမှ ၁၉၆၁ နှစ် တွင် ထုတ်ဝေခဲ့သည့် တပ်မတော်ခေတ်ရေး စာစောင်များအနက် (၈.၈.၆၁)နေ့ထုတ်အတွဲ ၁၂၊ အမှတ် (၉)စာစောင် တွင် ''ပျောက်ဆုံးနေသော ညီအစ်ကိုတစ်ဦးကို ရှာတွေသည့်ပမာနှယ်'' ခေါင်းစဉ်ဖြင့် ဘူးသီးတောင်မောင်တောတွင် ရိုဟင်ဂျာလူမျိုး (၉၇%)ရှိကြောင်း ဖော်ပြပါရှိပါသည်။ 

မေယုရှေ့ရေးစာအုပ်တွင် (၁၉၆၁)ခုနှစ်၊ နိုဝင်ဘာလ၊ (၁၅)ရက် မေယုနယ်ခြားခရိုင် မောင် တောမြို့၌ဒု-ကာကွယ်ရေးဦးစီးချုပ် (ကြည်း)ဗိုလ်မှူးချုပ်အောင်ကြီး၊ ဒု-ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်မှူးချုပ် သန်းဖေနှင့် နယ်ခြားဒေသ အုပ်ချုပ်ရေး အရာရှိချုပ် ဗိုလ်မှူးကြီးစောမြင့် မိန့်ကြား ချက်များတွင် မေယု နယ်ခြား ခရိုင်ရှိ ရိုဟင်ဂျာ တိုင်းရင်းသားလူမျိုးများ၏ စီးပွားရေး၊ ပညာရေး၊ လူမှုရေးနှင့်ဘာသာရေး တို့ကို ဆောင် ရွက်ရန် ဖော်ပြ ထားကြောင်း လေ့လာသိရှိနိုင်ပါသည်။ 

ဗဟိုအစိုးရ ဆုံးဖြတ်ချက်နှင့် အညီ မေယုနယ်ခြား ခရိုင်အုပ်ချုပ်ရေးရုံးမှ ရိုဟင်ဂျာလူမျိုးများမှာ တိုင်းရင်းသား လူမျိုြး ဖစ်ကြောင်း(၂၀.၁၁.၁၉၆၁)ခုနေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။ 

မြန်မာ့အသံ (၂၅)နှစ်မြောက် ငွေရတု သဘင်စာအုပ် အဖြစ်(၁၉၇၁)၊ ဖေဖော်ဝါရီလတွင် ထုတ်ဝေခဲ့ရာ '' ရိုဟင်ဂျာ ဘာသာ''ဖြင့် အသံလွှင့် ခဲ့ကြောင်း ဖော်ပြပါရှိပါသည်။ 

မြန်မာသမိုင်းဖြစ် ရပ်မှန်များ (၁၉၅၈-၁၉၆၂) မြန်မာ့နိုင် ငံရေး မြန်မာ့ သမိုင်းဖြစ် မှန်များ စီစစ်ရေးအဖွဲ့က စီစစ်ပြီး(၁၉၉၁ )နှစ်ထုတ်ဝေ ခဲ့ရာတွင်လည်း ရိုဟင်ဂျာ လူများနှင့်ပတ်သက်၍ ရန်ကုန် တက္ကသိုလ် ရိုဟင်ဂျာ အသင်းမှ ကိုယ်စားလှယ်များနှင့် ရခိုင်ပြည်နယ်ပေး သင့်မပေး သင့် ဆွေးနွေး ခဲ့ကြောင်း ဖော်ပြ ပါရှိပါသည်။ 

မြန်မာ့စွယ်စုံကျမ်းအတွဲ(၉) ၁၉၆၄ ခုနှစ် ထုတ်စာမျက်နှာ (၈၉၉၀) တွင်  မေယုနယ်ခြားခရိုင်၊ ဘူးသီး တောင်မောင်တော တွင် ရိုဟင်ဂျာလူမျိုး (၇၅%) ရှိကြောင်း ဖော်ပြထားပါသည်။ 

(၂၀-၂-၂၀၁၃)နေ့တွင် လ၀က ဒုဝန်ကြီး ဦးကျော်ကျော်ဝင်းမှာ ၁၉၇၃ နှင့် ၁၉၈၃ နှစ် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာကို မှတ်တမ်းတ င်ထားခြင်း မရှိကြောင်းပြော ဆိုခဲ့ပါသည်။ ရိုဟင်ဂျာ များ အစဉ်အဆက် ရိုဟင်ဂျာရေး ရန် တောင်းဆိုသော်လည်း လ၀က၀န်ထမ်းအချို့မှ ရိုဟင်ဂျာလို့ ဖော်ပြ ရန် ၀န်လေးနေ ခဲ့ပါသည်။ 

မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိသည်မှာ နှစ်ပေါင်း (၆၀)ကျော်ပြီဖြစ်ပါသည်။ လွတ်လပ်ရေး ရရှိပြီး အစိုးရ အဆက် ဆက်ပြောင်းသော်လည်း ပြောင်းလဲခြင်းနှင့် အတူ အခြား ၀န်ကြီးဌါနများမှ ရိုဟင်ဂျာ အကြောင်းရေး မှတ်ခြင်း များ ရှိကြောင်း လ၀က ဒု-၀န်ကြီးမှ မပြောဘဲ လိုရာဆွဲပြောဆို သွား သည်ဟု ခံစားမိပါသည်။ ယခင် အစိုးရ အဆက်ဆက် ရိုဟင်ဂျာလူမျိုးဟု ဖော်ပြထားသော မှတ်ပုံတင်နှင့် သန်းခေါင် စာရင်းများ၊ ရိုဟင်ဂျြာ ပည်သူ လက်ထဲတွင် အများအပြား ရှိနေကြောင်း တင်ပြအပ်ပါသည်။ 


မေယု-မျိုးအောင် 
၁၂/မဂဒ (နိုင်) ၀၉၈၃၃၈ 
၂၅၊ (၄)လွှာ(ဒီ)၊ (၁၃၆)လမ်း 
မအူကုန်း၊ တာမွေ 
ဖုန်း-09 43189687
မဟာမင်းခန့်
RB News

ရိုဟင်ဂျာ လူမျိုးတို့သည် မြန်မာနိုင်ငံ လွတ်လပ်ရပြီး  နောက်ပိုင်း ဒီမိုကရေစီ အစိုးခေတ်တွင် အမျိုးသား အခွင့် အရေးများကို အထိုက်အလျောက် ရရှိခံစား ခဲ့ရသည်။ 

(၁) ရိုဟင်ဂျာ အမျိုးသားများအား ၁၉၅၁ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံ တိုင်းရင်းသား (မြန်မာနိုင်ငံသား) အဖြစ် အမျိုးသားမှတ်ပုံ တင်ကဒ်ပြားများထုတ်ပေးခဲ့သည်။ 

(၂) ၁၉၅၄ ခုနှစ်၊ စက်တင်ဘာလ၊ (၂၅) ရက်နေ့ ည (၈း၀၀)နာရီအချိန် နိုင်ငံတော်ဝန်ကြီး ချုပ်ဦးနု၏ အသံလွှင့် မိန့်ခွန်းတွင် `မောင်းတောနှင့် ဘူးသီးတောင်မြို့နယ် များတွင် လူများစု အဖြစ်နေ ထိုင်လျှက် ရှိသော ပြည်ထောင်စုသားများသည် များသော အားဖြင့် ရိုဟင်ဂျာ အမျိုးသား များဖြစ်ကြသည်´ ဟု ရိုဟင်ဂျာဟူုသောနာမည်အားတရားဝင် မြန်မာသိ၊ကမ္ဘာသိအသိအမှတ်ပြုကာထုတ်ဖော်ပြောကြားခဲ့သည်။ 

(၃) နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ၀န်ကြီးဖြစ်ခဲ့သူ ဦးဘဆွေ၏ ၁၉၅၉ ခုနှစ်၊ နိုဝင်္ဘာလ (၃၊ ၄)ရက်နေ့များတွင် ဘူးသီးတောင်နှင့် မောင်းတော လူထု အစည်းအဝေးများ၌ ဟောပြောခဲ့သော မိန့်ခွန်း မှာ ``ရိုဟင်ဂျာများသည် ကချင်၊ ကရင်၊ ကယား၊ ရှမ်း၊ မွန်၊ ချင်း၊ ရခိုင်များကဲ့သို့ တိုင်းရင်းသား လူမျိုးစု တစ်စု ဖြစ်သည်´´ ဟူ၍ ဖြစ်သည်။ 

(၄) နိုင်ငံတော် ၀န်ကြီးချုပ် လက်အောက် နယ်ခြားဒေသ အုပ်ချုပ်ရေးရုံး ကြေငြာချက် ရက်စွဲ (၂၀-၁၁-၆၁) ရက်နေ့တွင် မေယုဒေသ အတွင်းနေထိုင်ကြသူ များသည် တိုင်းရင်းသား ရိုဟင်ဂျာ လူမျိုးများဖြစ်ကြောင်း ပါရှိသည်။


(၅) ၁၉၆၁ ခုနှစ် မေလ (၁၅) ရက်နေ့မှစ၍ ၁၉၆၅ ခုနှစ် မတ်လအထိ မြန်မာ့အသံ တိုင်းရင်းသား လူမျိုး များ ဘာသာ စကား အစီအစဉ်တွင် (၁၀)မိနစ်ကျစီ တစ်ပတ်လျှင် (၃)ကြိမ်၊ ညနေ ၅း၃၀နာရီတွင်ရိုဟင်ဂျာ ဘာသာ စကားဖြင့် အသံလွှင့်ခွင့်ပေးခဲ့သည်။ 

(၆)စာပေဗိမာန်ထုတ်၊ မြန်မာ့ စွယ်စုံကျမ်း၊အတွဲ(၉)၊ စာမျက်နှာ(၈၉၉၀)တွင် ရခိုင်တိုင်း မြောက် ပိုင်း မေယု ခရိုင် တွင် လူဦးရေ (၅၀၀၀၀၀)ငါးသိန်းခန့် ရှိပြီး၊ (၇၅%)သည် ရိုဟင်ဂျာ လူမျိုး များဖြစ်ကြ သည်ဟူ၍ အကျယ်တစ် ၀န်း  ရေးသား  ဖေါ်ပြထားသည်။ 

(၇) ကာကွယ်ရေးဋ္ဌါနမှ ထုတ်ဝေသော တပ်မတော်ခေတ်ရေး စာစောင် အတွဲ(၁၂)၊ အမှတ်(၆)၊ (၁၈-၇-၆၁) နှင့် (၈-၈-၆၁) နေ့ထုတ် အတွဲ (၁၂)၊ အမှတ် (၉)တို့တွင် `မေယုခရိုင်၊ မောင်းတော၊ ဘူးသီးတောင်၊ ရသေ့တောင် အနောက်မြောက်မြို့နယ်များတွင် အများစုအားဖြင့် ရိုဟင်ဂျာများနေ ထိုင်ကြပြီး၊ လူနည်း စုအားဖြင့် ရခိုင်၊ ဒိုင်းနက်၊ မြူခမီ စသော လူနည်းစုများစွာ ပါဝင်နေထိုင်ကြသည့် ခရိုင်ဒေသ တစ်ခု ဖြစ်ပါသည်´ ဟူ၍ ဖေါ်ပြပါရှိသည်။


(၈) ယခင်ဒု-ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဗိုလ်မှူးချုပ်အောင်ကြီး၏ (၈-၇-၆၁) ခုနှစ် မူဂျာဟစ်များ အလင်း ၀င်သော အခမ်းအနားတွင် ပြောကြားသော မိန့်ခွန်း၌ ``ကျွန်ုပ်တို့ ဒီခရိုင်မှာ နေထိုင် တဲ့လူတွေကို ရိုဟင်ဂျာလို့ခေါ်ပါတယ်။ မေယုခရိုင်၏ အနောက်ဘက်တွင် ပါကစ္စတန် (ယခုဘင်္ဂ လားဒေရှ့်) ရှိပြီး မွတ်ဆလင် များနေကြပါတယ်။ အနောက်ဘက် မှာနေသူများကို ပါကစ္စတန် ဟုခေါ်ပြီး၊ အရှေ့ဘက်မြန် မာပြည် မှာ ရှိသူများကို ရိုဟင်ဂျာလို့ခေါ်တယ်။ မြန်မာ၊ ပါကစ္စတန် နယ်စပ် တစ်ခု တည်းမှာသာ လူမျိုး တစ်မျိုး တိုင်းပြည်ခြား၍ နေကြသည်မဟုတ်၊ တရုတ်နှင့် ဆက်စပ်နေသော နယ်စပ် တွင်လည်း ဤသို့ လူမျိုး ချင်း ဆက်စပ်နေကြ သည်။ ဥပမာ- ကချင်မှာ လီဆူး၊ အီကော၊ လ၀ စသည့် လူမျိုးများရိုသလို တရုတ်ပြည် တွင်လည်း ၄င်းလူမျိုးများရှိသည်။ ထိုနည်းတူ မြန်မာပြည်တွင်းရှိ ရှမ်းလူမျိုး များရှိသလို တရုတ်ပြည် တွင်လည်း `တိုင်´ဆိုသော ရှမ်းလူမျိုးများရှိကြပါသည်။ မြန်မာပြည်တွင် မွန်၊ ကရင်၊ မလေးရှိ သလို ယိုးဒယားဘက်တွင်လည်း ထိုလူမျိုးများရှိကြပါသည်။ အိန္ဒိယ-မြန်မာ နယ်စပ် တွင် လည်း ချင်း၊ လီရှော၊ နာဂလူမျိုးများ မြန်မာနိုင်ငံထဲမှာ ရှိသကဲ့သို့ အိန္ဒိယနိုင်ငံမှလည်း ရှိကြသည်။ အဲဒီတော့ ဒီနေ့ အချိန်က စပြီးတော့ ကျွန်တော်ပွင့်ပွင့်လင်းလင်း ပြောချင် တယ်။ မေယု ခရိုင် ကို  ပြည်ထောင် စုထဲမှာ ရှိတဲ့ လူနည်းစု တစ်စုလိုပဲ သဘောထားမယ်။ အဲဒီတော့ အရင်တုန်းက ကျွန်တော် တို့မှားခဲ့တာ တွေ တွေ့ရင် ခင်ဗျားတို့ အားလုံးမေ့ ကြ၊ ဒီအချိန်ကစပြီး ခင်ဗျား တို့ မေယု ခရိုင်က လူတွေဟာ တို့ဗမာပြည်ထောင် စုသား၊ တို့ ဗမာပြည် ထောင်စုထဲက လူမျိုးစု တစ်စုလို့ သဘော ထားကြပါ။….´´ စသည်ဖြင့် အကျယ် တ၀င့် ရှင်းလင်းပြောကြားခဲ့သည်။
(၉) ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် ပညာရေးဝန်ကြီးဋ္ဌါနမှ (၁၉၇၈) ခုနှစ် ထုတ် မြန် မာနိုင်ငံအထက်တန်း ပထ၀ီဝင်ဖတ်စာအုပ် စာမျက်နှာ (၈၆)တွင် တိုင်းရင်း သား လူမျိုး များ ပြန့်နှံ့နေ ထိုင်ကြပုံကို ပြရာတွင် ရခိုင်ပြည်မြောက်ပိုင်းဒေသကို `ရိုဟင်ဂျာ´များနေထိုင် ရာဒေသ အဖြစ် ပြသထား သည်။ 

(၁၀) ရန်ကုန်တက္ကသိုလ်တွင် တိုင်းရင်းသား လူမျိုးစုများလူမျိုးအလိုက် အသင်းအဖွဲ့များ မှတ်ပုံတင်ခွင့် ရှိခဲ့ရာ ၁၉၅၉-၆၀ စာသင်နှစ်အတွက် စာအမှတ် ၁၁၃/၅၉၊ နေ့စွဲ- ဒီဇင်္ဘာလ (၃) ရက်၊ ၁၉၅၉ ခုနှစ်ဖြင့်လည်းကောင်း၊ ၁၉၆၀-၆၁ ခုနှစ်အတွက် စာအမှတ် RG-7/60, နေ့စွဲ- ၁၉၆၀ခုနှစ်၊ စက်တင်္ဘာ (၁၇) ရက်နေ့စွဲဖြင့် လည်းကောင်း မှတ်ပုံတင်၍ ရိုဟင်ဂျာကျောင်းသားသမဂ္ဂအသင်းကို ဖွဲ့စည်းခွင့် ရရှိခဲ့သည်။ 

(၁၁) ၁၉၆၀ ပြည့်နှစ်တွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ရိုဟင်ဂျာရိုးရာယဉ်ကျေးမှုပြပွဲကို သိမ်ဖြူ အား ကစားပြိုင်ဝင်း အတွင်း ကျင်းပပေးခဲ့ရာ ရိုဟင်ဂျာယဉ်ကျေးမှုပြပွဲတစ်ခုဖြစ်သော `ကျင်´ပွဲ ကို ပြ သခွင့် ရရှိခဲ့သည်။ 

ဦးနေ၀င်း အစိုးရ လက်ထက်မှ စ၍ ရခိုင်အစွန်းရောက်များနှင့် အစိုးရမှအာဏာရှိသူများက ရိုဟင်ဂျာ များအား ရည်ရွယ်ချက်ရှိရှိဖြင့် နည်းမျိုးစုံသုံးကာ ခိုးဝင်လာသူများဖြစ်အောင်စီမံကိန်းချမှတ် အကောင် အထည်ဖော် လာခဲ့ရာ `န၀တ´ နှင့် `နအဖ´ စစ်အစိုးရ၏ လက် ထက်တွင် နှစ်ပေါင်း၂၀ ကျော် သံလက် သီးအောက် တွင် နည်းပေါင်းစုံဖြင့် အရှိန်အဟုန်ပြင်းစွာ နှိပ်စက်ကလူပြု လူ့အခွင့်အရေး မြောက်မြားစွာ ချိုးဖောက်နှိပ် စက်ကြသဖြင့် ရိုဟင်ဂျာ လူမျိုးများသည် အလွန်ဒုက္ခ ရောက်နေကြသည်ကို ကမ္ဘာက ပါ တွေ့နေရသည်။ သို့သော် ရိုဟင်ဂျာ များသည် မနေ့ တစ်နေ့ကမှ ဘင်္ဂလားဒေရှ့်နိုင်ငံမှ ခိုးဝင်လာသော ဘင်္ဂလီများ မဟုတ် ကြောင်းကို သမိုင်းက သက် သေထူနေပေသည်။ 

ရိုဟင်ဂျာ ဘာသာစကားသည် `အာရေဗျစကား၊ ပါရှန်းစကား၊ အု(ရ်)ဒူစကား၊ ဘင်္ဂလီစကားနှင့် ရခိုင် ဘာသာစကား´တို့ အားပေါင်းစပ်ဖြစ်ပေါ် လာသော စကားရပ် တစ်ခုပင်ဖြစ်သည်။ ဤသို့ ရောနှောပေါင်း စပ်ပေါ် ထွန်းလာသော စကားဖြစ်ရခြင်းမှာ ရိုဟင်ဂျာ တို့သည် နယ်စပ်ဒေသမှ တိုင်းရင်းသား များ ဖြစ်သော ကြောင့် ပင်ဖြစ် သည်။ နယ်စပ်ဒေသနေ ရိုဟင်ဂျာကဲ့သို့ အခြား နယ်စပ်ဒေသများမှ တိုင်း ရင်း သား များစွာတို့သည်လည်း ထိုနည်း အတိုင်းပင် တစ်ဘက်နိုင်ငံမှ ကူးလူးပေါ်ထွန်း လာသော အရော အနှောဘာသာ စကားများကို ယနေ့မြန်မာ တိုင်းရင်းသား များနေထိုင်ရာ(နယ်စပ်)တို့တွင် အထင် အ ရှားတွေ့မြင်နိုင်သည်။ ရိုဟင်ဂျာ ဘာသာစကားသည် အခြားမြန်မာ တိုင်းရင်းသား ဘာသာစကားများနှင့် လုံးဝခြားနားနေသည်မှာ အကြောင်းရှိသည်။ ရိုဟင်ဂျာတို့သည် ၄င်းတို့၏ဘိုးဘွားဘီဘင်များသည် အစ္စလာမ် ဘာသာဝင် များဖြစ်သည့် အားလျော်စွာ နေ့စဉ်ဘ၀ဖြစ်စဉ်များတွင် ဘာသာတရား၏ အဆုံး အမအောက်တွင် တည်ရှိနေသည်က တစ်ကြောင်း၊ လူပုဂ္ဂိုလ်တစ်ဦးချင်းအလိုက် လူမှု ဘ၀ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များတွင် အစ္စလာ့မ် ထုံးထမ်းစဉ်လာအရ ကျင့်သုံးနေရသည်က တစ်ကြောင်းတို့ကြောင့် ရိုဟင်ဂျာတို့၏ စာပေ ယဉ်ကျေးမှုနှင့် အနုပညာ အရပ်ရပ်တွင် `အရဗီ´စာပေ၏ အခန်းကဏ္ဍသည် အလွန် သက်ဝင် လျှက်ရှိသည်။ လွန်လေပြီးသော ရာစုနှစ် များစွာကတည်းကပင် ရိုဟင်ဂျာ ကဗျာဆရာ များနှင့် စာရေး ဆရာတို့သည် အလွန်ထင် ရှားကျော်စောစွာ တည်ရှိခဲ့သော ရိုဟင်ဂျာစာပေ ယဉ်ကျေးမှုများ ကို ပြောင်မြောက်အောင် ရေးသား ထွန်းကားနိုင်ခဲ့သည်။ `အရဗီ´ အက္ခရာဖြင့် ရေး သားသော ရိုဟင်ဂျာ တို့၏ စာပေ အရေး အသားသည် ``အရဗီ၊ ပါရှန်း၊ အူရ်ဒူ´´ ဘာသာ စာပေတို့နှင့် စကား လုံးအသုံး အနှုန်းရွေး ချယ်မှုအရာတွင် အထိုက် အလျောက် သက်ရောက်မှုရှိသဖြင့် ``အရဗီ၊ ပါရှန်း၊ အူရ်ဒူ´´ စာပေတစ်ခု ခုကို ဖတ်တတ်သူ မည်သူမဆို `ရိုဟင်ဂျာ´စာပေကို လွယ်လင့်တကူ ဖတ်ရှုနိုင်သည်။

ဌေးလွင်ဦး
RB News
25.1.2013

ကျွန်တော်ပြောခဲ့သမျှ စကားတွေထဲမှာ ၁၉၈၂ ခု နိုင်ငံသား ဥပဒေကို ကန့်ကွက်တယ်၊ ဖျက် သိမ်းပေးပါလို့ တောင်းဆိုခဲ့တာ တစ်ခါမှ မရှိသေးပါ။ နိုင်ငံတိုင်းမှာ ဥပဒေ ဆိုတာ ရှိတယ်။ အဲ့ဒီ ဥပဒေကို ချမှတ်တဲ့ လူတွေ ရော-၊ အများပြည်သူတွေကပါ- အဲ့ဒီ ဥပဒေကို လိုက်နာဘို့သာ လိုပါတယ်။ ဒါကြောင့် ဥပဒေနဲ့ ကန့်သတ်ပြီး တိုင်းရင်းသား နိုင်ငံသား သတ်မှတ်မယ့် ကိစ္စရပ်ကို ကျွန်ုပ်တို့ ဘက် မှ ကြောက်နေစရာ၊ ကန့်ကွက်နေစရာ မလိုပါ။ 

၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ--၊ လူတစ်ဦးဟာ မြန်မာနိုင်ငံထဲမှာ မျိုးစဉ်မျိုးဆက်အားဖြင့် ၁၈၂၃ မတိုင် မှီ ကတည်းက ရှိနေတဲ့ လူ၊ လူမျိုးဖြစ်ရင် အဲ့ဒီ လူ၊ လူမျိုးကို တိုင်းရင်းသား အဖြစ် အသိအမှတ်ပြုရမယ်။ တိုင်းရင်း သား မိဘက ဆင်းသက်လာသူဟာ နိုင်ငံသား ဖြစ်ခွင့်ရှိတယ်။ အမိဘက်မှ ဖြစ်စေ၊ အ ဘ ဖြစ်မှ ဖြစ်စေ တိုင်းရင်းသား တစ်ဦးဦး ဖြစ်ခဲ့ရင် အဲ့ဒီလူဟာ  လည်း နိုင်ငံသား ဖြစ်ခွင့် ရှိ တယ်-၊ နိုင်ငံသား တိုင်းဟာ နိုင်ငံသား ကာကွယ်စောင့်ရှောက်မှုများ ဥပဒေ အောက်မှာ ဥပဒေရဲ့ အကာအကွယ်ကို အပြည့်အ၀ ရရှိစေရပါမယ်။ ဒီ ဥပဒေဟာ ရခိုင်နယ်က အစ္စလာမ် သာသနာ ကိုးကွယ်တဲ့ ရိုဟင်ဂျာများ၊ ကမန်များ၊ ရခိုင်တိုင်းရင်းသား အစ္စလာမ် သာသနာဝင်များ နဲ့ မြန် မာနိုင်ငံ အ၀ှမ်းနေအစ္စလာမ်သာသနာဝင်အများစုကြီးအတွက်ထိခိုက်နစ်နာစရာမရှိပါ။ဒါပေမယ့်--၊  မြန်မာ့သမိုင်းကို အမှန်- အမှန်အတိုင်း ဖေါ်ဘို့ပဲ လိုပါတယ်။ 

- ကိုလံဘတ်က အမေရိကတိုက်ကို “ရှာဖွေတွေ့ရှိသူ” ဖြစ်တယ်လို့ ကျွန်တော်တို့ ဘ၀ တစ်လျှောက်လုံး ကမ္ဘာ့ သမိုင်းပြဌာန်းချက်မှာ သင်ခဲ့ရတယ်၊ သိခဲ့ရတယ်။ အမေရိ ကန်ပြည်ထောင်စု အပါအ၀င် ကမ္ဘာ့နိုင်ငံတိုင်းက လည်း ဒီအတိုင်း ပဲ ရေးသား မှတ်တမ်း တင်ခဲ့ကြတယ်။---၊ ဒါပေမယ့် ဒီနေ့မှာ ကိုလံဘတ်သည် အမေရိကတိုက်အား ကျူးကျော် ၀င်ရောက်သူ Invader ဖြစ်တယ်၊ သူမတိုင်မှီ ကတည်းက အမေရိကတိုက်မှာ လူသားတွေ ရှိပြီး ဖြစ်တယ်-၊ အဲ့ဒီ Native လူမျိုးတွေက မျိုးမပြုတ်ဘဲ ရှိနေတယ်။ ဒီတော့ သမိုင်းမှန်က မဟာဥရောပလူမျိုးကြီးတို့ရဲ့ သမိုင်းမှိုင်းတိုက်မှုကို အရောင်ပြယ်စေခဲ့ တယ် ဆိုတာပါပဲ။ အမေရိကန် ပြည်ထောင်စု ကိုယ် တိုင် က ကျောင်းသုံး သမိုင်းမှာ ကိုလံဘတ်သည် ကျူးကျော် ၀င်ရောက် လာ သူ ဖြစ်တယ်လို့ ပြုပြင်ပြဌာန်းခဲ့တာ ဆယ်စုနှစ် ကျော်လာပါပြီ။ သမိုင်းဆိုတာ ဖုံးလို့ လုံနိုင်တဲ့ အရာ မဟုတ်ပါ။ 

မြန်မာပြည်မှာ ဗမာလူမျိုးစုကြီးက မွန်တွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်။ ဗမာအင်ပါယာကို ထူထောင် ခဲ့တယ်- အောက်မြန်မာပြည်က မွန်တွေ အများစုကြီး မွန်စကားပျောက်ကာ ဗမာစကားကို ပြောပြီး ဗမာတွေ ဖြစ်ခဲ့ရ တယ်- ဒါဟာ သမိုင်းမှန်ဖြစ်ရပ်ပါ။ အဲ့သလို ဗမာတွေက မွန်တွေကို တိုက်ခိုက် သိမ်း ပိုက်ခဲ့တယ် ဆိုတဲ့ အကြောင်းပြချက်ကြောင့် ဗမာတွေ သိက္ခာကျသွားခြင်း မရှိပါ။ မြန်မာ့သမိုင်းမှာ ရှမ်း၊ ဗမာ၊ မွန် ဆိုတာများက သူတစ်ပြန်ကိုယ်တစ်ပြန် တိုက်ခိုက်ပြီး နန်းလုခဲ့ကြတာပါပဲ။ အဲ့ဒီ ခေတ် ကာလက မြန်မာ့သမိုင်းမှာ လူမျိုး အင်အားစု ကြီးတဲ့ အုပ် စုက နိုင်ငံတော်ရဲ့ အာဏာကို ရယူ တဲ့ ခေတ် ကာလသာ ဖြစ်ခဲ့ပါတယ်။ လူမျိုးကို ပါတီ တစ်ခုလိုသာ မြင်ယောင်နိုင်ဘို့ လိုပါမယ်။ ဘယ် လိုဖြစ်ဖြစ် နှစ်ပေါင်းတစ်ထောင်လောက် ဗမာလက်အောက်မှာ နေနေရပေမယ့်-၊ မွန် ဆိုတာ ပျောက် သွားခြင်း မရှိသေးတော့-၊ မွန်သမိုင်းဟာ ပေါ်လာတာပါပဲ။ 

ရခိုင်သမိုင်းကို ပြည်ကြည့်ရင်- လက်ရှိ ရခိုင်လို့မိမိကိုယ်မိမိ ခေါ်နေတဲ့ လူမျိုးစုက ပျူ၊ ဗမာများသာ ဖြစ်ခဲ့ပါ တယ်။ အေဒီ ၁၁ ရာစု မြန်မာအင်ပါယာ ထူထောင်ပြီးကတည်းက ရခိုင်နယ်ကို အုပ်ချုပ်ဘို့ မင်းအဆက်ဆက် ဗမာဘုရင်တွေဆီက တောင်းခံခဲ့ရပါတယ်။ တစ်ခါတစ်ရံ မြန်မာအင်ပါယာက မင်းဆက် အပြောင်းအလဲဖြစ်ခိုက် ရခိုင်ကို ပို့ထားတဲ့ ရခိုင်နယ်ခံမင်းဆက်များရဲ့ သားစဉ်မြေးဆက် အင်အားကောင်းလာခိုက်နဲ့ တိုက်ဆိုင်တော့မှ ဗမာများကို တစ်သီးတစ်ခြား အာခံတဲ့သဘော- ငါ့နယ်၊ ငါ့မြေ၊ ငါ့မင်းငါ့ချင်းနဲ့ အုပ်ချုပ်တာလို့ ပြောဆိုခဲ့တဲ့ အဖြစ်က မပိုခဲ့ပါ။ (ဒါက ဗမာပြည်မထဲမှာလည်း နန်းတွင်း ပဋိပက္ခတွေ ဖြစ်ခဲ့တာပဲ)။ 

ရခိုင်ဒေသကို ရှေးဦးဗမာများ စရောက်ခဲ့တာ ၇ ရာစုလောက်မှ ဖြစ်ခဲ့ပါတယ်။ ဒီမတိုင်မှီ ပျူလူမျိုးများက ဘီစီ ၃ ရာစုလောက်က စတင်ရောက် ခဲ့နိုင်ပါတယ်။ ရခိုင်ရိုးရဲ့ အနိမ့်ပိုင်း သံတွဲနယ်ဟာ သီးခြားလွတ် လပ်တဲ့ နေရာ ဒေသတစ်ခု ဖြစ်ခဲ့ပါတယ်။ ရှေးဦးရောက်လာတဲ့ ပျူများ၊ ဗမာများက ရခိုင်မြောက် ပိုင်းကို အေဒီ ၇ ရာစုလောက် မှာသာ စတင်ထိုးဖေါက်နိုင်ခဲ့ကြောင်း ရခိုင်ကျောက်စာပါ အသုံးအနှုန်း၊ စာပေများက သက်သေဖြစ်နေပါတယ်။ ရခိုင်မင်း အာနန္ဒစန္ဒြအမည် ခံထားတဲ့ ကျောက်စာများကို မှတ်တမ်း တင်ခဲ့တာ- အေဒီ ၇၂၀ ရဲ့ ရှေ့နောက် နှစ် ၂၀၀ လောက်စီ ဖြစ်ခဲ့တယ်။ နောက်အကျဆုံး အေဒီ ၉၀၀-၊ ၁၀၀၀ လောက်မှာမှ မြန်မာအက္ခရာနဲ့ ဆင်တူတဲ့ စာများကို စတင်ရေးသားခဲ့ပါတယ်။ ဒီမတိုင်မှီ ကျောက်စာ အားလုံးကို နာဂရီ (ရှေးဟောင်း မာဂဓ အင်ပါယာသုံး ဘင်္ဂလီ) စာနဲ့ပဲ ရေးထိုး ခဲ့ပါတယ်။ 

စာလုံး အက္ခရာတူညီခြင်းကို ပြောဆိုခြင်းမဟုတ်ပါ။ အာနန္ဒစန္ဒြကျောက်စာမူရင်းကို နာဂရီစာ မူရင်းအသံနဲ့ ဖတ်လိုက်တဲ့ အခါ- စာတစ်ကြောင်းလုံးရဲ့ ၇၅ ရာနှုန်းက လက်ရှိ ရိုဟင်ဂျာစကားနဲ့ နီးစပ်တူညီနေပြီး- လက်ရှိ ရခိုင်စကားနဲ့ လုံးဝ (လုံးဝ) ဝေးကွာနေပါတယ်။ 

ဒီနေရာမှာ- သျှစ်သောင်းဘုရား ကျောက်စာတိုင်ရဲ့ မြောက်ဘက်မျက်နှာစာ အပိုဒ် ၄ လောက်ကို နမူ နာ ဖေါ်ပြပါ မယ်။--၊ (ရှေ့ဟောင်းနာဂရီ စာလုံး ကျွန်ုပ်၏ ကွန်ပြူတာ၌ font မရှိ၍ အသံထွက်ကို သာ ရေးပြပါမည်၊)
ဤစကားလုံးများကို နှိုင်းယှဉ်ကြည့်ပါ။ ရိုဟင်ဂျာ ယခုခေတ်စကားနဲ့ နာဂရီ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင် ကျော်က စာဟာ မဆိုစလောက်ပဲ ကွဲပြားပြီး ( ခူရီ = ၂၀၊ နဲ့ ၀ါရီ = ပိုကျော်သည် ဆိုတဲ့ စကားလုံးနှစ်လုံးပဲ ကွဲ ပြားတာကို တွေ့ရပါတယ်။) ရခိုင်စကားနဲ့ နာဂရီ စကားက လုံးဝ၊ လုံးဝ ကို မတူညီပါ။ 

သမိုင်းပညာရှင်တွေ၊ မနုဿဗေဒ ပညာရှင်တွေ-၊ မှန်ကန်စွာတွေးပါ။ မှန်ကန်စွာဆင်ခြင်ပါ။ ဘယ်သူတွေက လက်ရှိရခိုင်ဒေသရဲ့ မူလဘူတ လူမျိုး ဖြစ်နေပါသလဲ။ ရှေးဟောင်းရခိုင်မင်းများက သူတို့နားလည်း နားမလည်၊ သူ့တိုင်းသူပြည်သားများလည်း လုံးဝ မသိမတတ်တဲ့ စာ၊ စကားနဲ့ သမိုင်းရေးထိုးခဲ့ပါသလား။ 

သမိုင်းမှန်ကို စစ်ဆေးပြီးရင် 82 law မဟုတ်လို့- AD ၇၂၀ law ကို ပြန်လည် ပြဌာန်းရင်လည်း ရိုဟင်ဂျာတွေ ဟာ ရခိုင်နယ် မြောက်ပိုင်းရဲ့ မူလဘူတ လူမျိုးဖြစ်ပြီး- ကျန်လူများကသာ နိုင်ငံခြားသား ကျူးကျော်သူများ ဖြစ် နေပါလိမ့်မယ်။ 

အသွေးအရောင်မတူလို့၊ ကိုးကွယ်ရာ မတူလို့၊ အယူဝါဒ မတူလို့၊ အယူအဆ မတူလို့ ကြီးနိုင် ငယ်ညှင်းစိတ်နဲ့ လူမျိုးတစ်မျိုးရဲ့ သမိုင်းကို ဖျောက်ဖျက်ခြင်း၊ အတင်းအဓမ္မဖိနှိပ် မျိုးဖြုတ်ခြင်းများဟာ ပညာမဲ့ လူဆိုးလူမိုက်များ ရဲ့ အကျင့်စရိုက်သာ ဖြစ်ပါတယ်။ ယဉ်ကျေးပါတယ်လို့ မိမိကိုယ်မိမိ ဂုဏ်ယူနေတဲ့ မြန်မာလူမျိုးများ အနေနဲ့ လူ ဆိုးလူမိုက်တို့ရဲ့ အကျင့်စရိုက်များကို မခံမင်သင့်တော့ပါ။ မထောက်ခံသင့်တော့ပါ။ အမှန်ကို အမှန်အတိုင်း လက်ခံရဲတဲ့ သတ္တိရှင်များ၊ အမှန်ဘက်က ခုခံတော်လှန်ရဲတဲ့ သတ္တိရှင်များသာ ဖြစ်သင့်ပါတော့တယ်။ 

(အထူး မှတ်ချက်။- ဖေါ်ပြပါ ကျောက်စာကို ငြင်းပါ၊ ခံငြင်းပါ-၊ ငြင်းလိုသူများ အတွက် လမ်းဖွင့်ပေး ထားပါတယ်။ ကျွန်ုပ်ဘက်က ရိုဟင်ဂျာများကို နာဂရီ စာကို “အ”သုံးလုံး သင်သလို သင်ပေးလိုက်ယုံပါပဲ။ အာနန္ဒစန္ဒြ ကျောက်စာ တစ်ခုလုံးကို ရိုဟင်ဂျာ သာမန်လူတစ်ဦးနဲ့ ရခိုင်ပညာရှင် ဒေါက်တာဘွဲ့ယူသူ တစ်ဦး- လူထုရှေ့မှာ ပြိုင်ဖတ်ခိုင်းကြည့် လိုက်ရင် အဖြေပေါ်သွားပါလိမ့်မယ်) 

ဌေးလွင်ဦး 
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ 
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့ 
အမေရိကန်ပြည်ထောင်စု
Rohingya Exodus