မင်းသိန်း
RB News
8.5.2013
မနေ့က (မည်သည့် ဘာသာဝင် မဆို ဗလီများ အတွင်း ၀င်ရောက် လေ့လာ ခွင့်ပြု) ဆိုသော ခေါင်းစဉ်ဖြင့် သတင်း တစ်ပုဒ် ဖတ်လိုက် ရပါသည်။ ဒီနေ့ ဗလီထဲမှာ ဘုန်းတော်ကြီး တချို့နှင့် မွတ်စလင် တွေတွဲရိုက် ထားတဲ့ ဓါတ်ပုံ တွေ့လိုက်ရတော့ စိတ်ထဲမှာ အတိုင်း မသိ ကြည်နူး မိတယ်။ အမှန် တကယ် ကျွန်တော်တို့ စည်းကမ်း တကျ ဗလီတွေ အတွင်း မည်သူ့ကို မဆို ၀င်ရောက် ကြည့်ရှု ခွင့်ပေးသင့် တာကြာ ပါပြီ။ ဒီစကားကို ဒီလို နိုင်ငံရေး အခြေ အနေ မျိုးမှာ မွတ်စလင် တချို့ နှစ်သက် လက်ခံ နိုင်မည် မဟုတ်ပါ။ ထို မွတ်စလင် ညီနောင် များအားလည်း အပြစ် မဆို ထိုက်ပေ။ တခြား ကွဲပြားသော အမြင်များ အား လည်း မြန်မာ - မွတ်စလင် ထုအား ချပြသင့် ပေသည်။ မြန်မာ အစိုးရ အဆက်ဆက်၏ မွတ်စလင် များ အပေါ် ထားရှိသော သဘောထား အမှန်၊ နိုင်ငံရေး သမား များ၏ စိတ်နေ စိတ်ထား အမှန်၊ မွတ်စလင် မဟုတ်သော တခြား လူ့အဖွဲ့ အစည်း များ၏ သဘောထား အမှန် များကို မြန်မာ - မွတ်စလင်ထု အနေ ဖြင့် လေ့လာ၊ သုံးသပ်ပြီး အခြေ အနေ မှန်ကို ရဲရဲ ၀ံ့ဝံ့ လက်ခံ သင့်ပေသည်။
မြန်မာ နိုင်ငံ အတွင်း နေထိုင် ကြသော မွတ်စလင် များအနေဖြင့် ရှေ့ခရီးတွင် မိမိ တို့၏ နေမှု၊ ထိုင်မှု စ သည့် အခြေ အနေ အရပ်ရပ်အား သတိ ရှိရှိ အမျှော် အမြင် ကြီးကြီးဖြင့် လျှောက်လှမ်း သင့်ပေသည်။ လူမျိုး ကြီးဝါဒ အား လက်ကိုင် ပြုထားသော လက်ရှိ အစိုးရ သော် လည်းကောင်း၊ လူ့အဖွဲ့ အစည်း အတွင်း ရှိ လူအများစု သော် လည်းကောင်း၊ မွတ်စလင် များအား မတရား အင်အားသုံး အနိုင် ကျင့်ရန် ရည်ရွယ် ချက်များ ရှိနေ ပါသည်။ ဤအခြေ အနေ မျိုးတွင် သာမန် ပြည်သူများ အနေဖြင့် မွတ်စလင် များ၏ အခြေ အနေမှန် များအား ပိုမို သိရှိ နားလည် လာနိုင်ရန် မွတ်စလင် များအနေဖြင့် ယ္ခင်ထက် ပိုမိုပြီး ပွင့်လင်း မြင်သာမှု ရှိရန် လိုအပ်လာပါသည်။ မိမိ ဆိုလို သည်မှာ ဗလီကြီး များအတွင်း ဧည့်သည် မှတ်တမ်း များထား သင့်သည်။ လာရောက် လည်ပတ်သော ဧည့်သည် များ၏ သဘောထား များအား ဗီဒီယို ရိုက်ကူး၍ မှတ်တမ်း တင်ထား သင့်သည်။ လူတစ်ယောက် သည် မိမိ ရိုးသား ပါသည်၊ မည်သူ့ ကိုမှ အန္တရာယ် မပြုပါ ဟုပြောဆိုပြီး ကားလမ်းပေါ်တွင် သွားရပ်နေရင် ကားတိုက်ခံ ရမှာ သေချာ နေပါ သည်။ မြန်မာ နိုင်ငံ၏ အခြေ အနေ သည် ကားကြီး၊ ကားငယ်များ စည်းကမ်း မဲ့ မောင်းနေ သော ရန် ကုန် လမ်းမကြီး များနှင့် တူနေ ပါသည်။ မွတ်စလင်များ အနေဖြင့် မိမိတို့ မည်သို့ပင် ရိုးရိုး သားသား လုပ်ကိုင် စားသောက် နေစေ ကာမူ ကားတိုက် မခံ ရအောင်တော့ မိမိ ကိုယ်ကို ကာကွယ် သင့် ပေသည်။

ဂျာမန် မွတ်စလင် တွေရဲ့ ဗလီတွေနှင့် ပတ်သက်ပြီး ဆောက်ရွက် ချက်တွေ ထဲမှာ ရိုးရှင်းပြီး အလွန် တရာ မှ ထိရောက်တဲ့ အတွေး အခေါ်တစ်ရပ်ကို တွေ့ရ ပါတယ်။ ဗလီရဲ့ ဧည့်ခန်း ဆောင် နံရံတွေမှာ မွတ်စ လင် တွေအပေါ် ဘာသာခြား တွေ အဓိက အထင် အမြင် လွှဲမှား နေတဲ့ အကြောင်း အရာ တွေ ကို ဖြေရှင်း ထားတဲ့ (Wallpaper) တွေကို ချိတ်ဆွဲ ထားတယ်။ ဥပမာ အားဖြင့် (ဂျီဟတ်)ဆိုတာ ဘာလဲ။ (အစ္စ လာမ် က ပြောသော အမျိုးသ္မီး အခွင့် အရေး)၊ (တခြား ဘာသာ တရားများနှင့် ပတ်သက်ပြီး ကုရ်အာန်က ဘာပြော ထားလဲ)၊ စတဲ့ ခေါင်းစဉ် တွေကို ရှင်းလင်း ထားတာ တွေ့ရ ပါတယ်။ မွတ်စလင် တွေရဲ့ ဗလီ ၀တ် ကျောင်းတော် တွေအတွင်းမှာ တရားဝင် ချိတ်ဆွဲ ထားတဲ့ စာသား တွေဟာ မွတ်စလင် တွေရဲ့ သဘောထား ခံယူချက် အမှန်တွေ ဖြစ်တယ်။ လမ်းဘေးက စကားတွေ နှင့် မွတ်စ လင် တွေကို လာမစွပ်စွဲ ပါနှင့် ဆိုတဲ့ သဘောကို ဆောင်နေ ပါတယ်။
မြန်မာ့ သမိုင်း တလျှောက် မွတ်စလင် တွေဟာ ကျရာ အခန်း ကဏ္ဍ ကနေ ပါဝင် ဆောက်ရွက် ခဲ့ကြတယ်။ အစိုးရ အဆက်ဆက် မွတ်စလင် တွေရဲ့ သမိုင်းကို ရည်ရွယ်ချက် ရှိရှိ တစ တစ ဖျောက်ဖျက် လာတဲ့ အပြင်၊ မွတ်စလင် ထုအား မြန်မာ့ လူ့အဖွဲ့ အစည်း အတွင်း ကနေ တဖြည်းဖြည်း ပထုတ် လာခဲ့တယ်။ အခု တဖန် မြန်မာ့ လူ့အဖွဲ့ အစည်းနှင့် မွတ်စလင် တွေ သဟဇာတ မဖြစ်ဘူးဆို ပြီး စွပ်စွဲ ခံလာ ရပြန်တယ်။ ကျွန်တော် တို့ မြန်မာ - မွတ်စလင် တွေဟာ အတိတ် သမိုင်းမှာ ဘယ်သို့၊ ဘယ်ပုံ စွမ်းဆောင် ခဲ့ကြသည် ဆိုတာ ထက်၊ အနာဂတ် မြန်မာ့ သမိုင်းမှာ မွတ်စလင် တွေ မိမိ နိုင်ငံ အတွက် ဘယ်လို စွမ်းဆောင် မယ် ဆိုတာက ပိုလက်တွေ့ ကျ မည်ဟု ယုံကြည် မိပါသည်။ မွတ်စလင် မဟုတ်တဲ့ နိုင်ငံ တွေမှာ မွတ်စလင် လူနည်းစု တွေအနေ နှင့် အစ္စလာမ့် အလံ တော်ကို ဘယ်လို လွှင့်ထူ နေကြ တယ်ဆို တာကို လေ့လာ၊ မှတ်သား၊ အတုယူ သင့်ကြောင်း အသိပေး အပ်ပါသည်။
ဓါတ်ပုံသတင်း
- နိုင်ငံတော်အတိုင်ပင်ခံရုံးမှ လိမ်လည်လှည့်ဖျား၍ သတင်းထုတ်ပြန်နေခြင်းကို ပြင်းထန်စွာ ရှုတ်ချခြင်း
- ကရင်ပြည်နယ် ကော့ကရိတ်မြို့ ဗလီဝတ်ကျောင်းတော်များ ဗုံးခွဲတိုက်ခိုက်ခံရ
- ဘူးသီးတောင် ဘုရားပြင်အောင်ပမှ ရာအိမ်မှူးက တဖက်နိုင်ငံတွင် ခိုလှုံနေသူနှစ်ဦး၏ နေအိမ်များကို ရောင်း၍ အာဏာပိုင်များကို ဝေစုခွဲဝေပေး
- မ.က.ဖ အဖွဲ့မှူးက NVC လက်ခံရန် စည်းရုံးဟောပြောသော်လည်း ဒေသခံရိုဟင်ဂျာများက လက်ခံရန် သဘောမတူ
- ဆန့်သောလက်များ ကွေးစေချင်
- အာရကာနစ္စတန် (Arakanistan) အပိုင်း (၁)
- ရိုဟင်ဂျာများ၏ ပိုင်ဆိုင်မှု များကို သိမ်း၍ ဘင်္ဂလီ- ရခိုင် များနှင့် ဗမာများကို ပေးအပ်
- မြို့မ ကညင်တန်း BAJ ရုံးရှေ့မှ ဖြတ်သန်း သွားလာသည့် ရိုဟင်ဂျာများ လုယက်၊ ငွေညှစ်ခံနေရ
- မြန်မာနဲ့ မြောက်ကိုရီးယား စစ်ရေးဆက်ဆံမှု ရှိနေဆဲ
- အကြမ်းဖက်သတ်ဖြတ်ခံ ပြည်သူတို့အတွက် သမိုင်းမှတ်တမ်းပြုစုရန် ကြေငြာချက်
ဂျီနိုဆိုက်ဆိုတာဘာလဲ?
ဒေါက်တာဇာနည် ရှင်းပြသည့် ရိုဟင်ဂျာ
